တရုတ်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းပျက်စီးမှုတင် ဒေါ်လာ ၂.၂ ဘီလီယံကျော်ထိ ရှိ

250

ရောင်နီ (NP News) - သြဂုတ် ၃ဝ
တရုတ်နိုင်ငံ နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်တဲ့ လမ်းပျက်စီးမှုဟာ ယွမ် ၁၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံ) ကျော် ရှိခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၂၇ ရက်) မှာ ပြောကြားပါတယ်။
ပြည်နယ်၊ တိုင်းဒေသကြီးနဲ့ ခရိုင် ၂၃ ခုမှာ ရေကြီးရာသီ စတင်ချိန်မှစ ဖြစ်ပေါ်လာတဲ့ လမ်းပျက်စီး ဆုံးရှုံးမှုအတွက် ကနဦးခန့်မှန်းချက် အနေနဲ့ ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လီယန် က တွက်ချက်ပြောကြားခဲ့ ခြင်းဖြစ်ပါတယ်။
တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ဇူလိုင် ၁ ရက် ရေကြီးရာသီ တရားဝင်စတင်ချိန်မှစ နိုင်ငံ မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ စံချိန်တင်မိုးရွာသွန်းခဲ့ကာ ယခုအချိန်အထိအတွင်း အရေးပေါ်လမ်းပြုပြင်ဖို့အတွက် ယွမ်သန်း ၅၄၀ ခန့်ကို သယ်ယူပို့ဆောင်ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒေသအာဏာပိုင်တွေကို ခွဲဝေပေးထားရတယ်လို့ သိရပါတယ်။
ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အစိုးရက ယွမ်ငွေ ၅ ဒသမ ၈ ဘီလီယံ ချထားပေးခဲ့ပြီး ဖြစ်ပေမယ့် ဇူလိုင်လ တစ်လတည်းမှာတင် ရာသီဥတုကြောင့်ယွမ် ၅၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စီးပွားရေး ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ကားလမ္းပ်က္စီးမႈတင္ ေဒၚလာ ၂.၂ ဘီလီယံေက်ာ္ထိ ရွိ
ေရာင္နီ (NP News) - ၾသဂုတ္ ၃ဝ
တ႐ုတ္ႏိုင္ငံ ေနရာအႏွံ႔အျပားမွာ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ျဖစ္တဲ့ လမ္းပ်က္စီးမႈဟာ ယြမ္ ၁၆ ဘီလီယံ (အေမရိကန္ေဒၚလာ ၂ ဒသမ ၂၄ ဘီလီယံ) ေက်ာ္ ရွိခဲ့ေၾကာင္း သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာနက ဗုဒၶဟူးေန႔ (ဩဂုတ္လ ၂၇ ရက္) မွာ ေျပာၾကားပါတယ္။
ျပည္နယ္၊ တိုင္းေဒသႀကီးနဲ႔ ခ႐ိုင္ ၂၃ ခုမွာ ေရႀကီးရာသီ စတင္ခ်ိန္မွစ ျဖစ္ေပၚလာတဲ့ လမ္းပ်က္စီး ဆုံးရႈံးမႈအတြက္ ကနဦးခန႔္မွန္းခ်က္ အေနနဲ႔ ဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ လီယန္ က တြက္ခ်က္ေျပာၾကားခဲ့ ျခင္းျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံ ေရအရင္းအျမစ္ဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္အရ ဇူလိုင္ ၁ ရက္ ေရႀကီးရာသီ တရားဝင္စတင္ခ်ိန္မွစ ႏိုင္ငံ ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းမွာ စံခ်ိန္တင္မိုး႐ြာသြန္းခဲ့ကာ ယခုအခ်ိန္အထိအတြင္း အေရးေပၚလမ္းျပဳျပင္ဖို႔အတြက္ ယြမ္သန္း ၅၄၀ ခန႔္ကို သယ္ယူပို႔ေဆာင္ေရးနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနက ေဒသအာဏာပိုင္ေတြကို ခြဲေဝေပးထားရတယ္လို႔ သိရပါတယ္။
ေရႀကီးျခင္း၊ ေျမၿပိဳျခင္း၊ ငလ်င္လႈပ္ျခင္း၊ မိုးေခါင္ျခင္းတို႔ေၾကာင့္ သဘာဝေဘးအႏၲရာယ္ ကယ္ဆယ္ေရးအတြက္ အစိုးရက ယြမ္ေငြ ၅ ဒသမ ၈ ဘီလီယံ ခ်ထားေပးခဲ့ၿပီး ျဖစ္ေပမယ့္ ဇူလိုင္လ တစ္လတည္းမွာတင္ ရာသီဥတုေၾကာင့္ယြမ္ ၅၂ ဒသမ ၂ ဘီလီယံတန္ဖိုးရွိ စီးပြားေရး ဆုံးရႈံးမႈေတြျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။