နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးရေးကို ဖော်ဆောင်ရာတွင် စာရင်းပညာတတ်ကျွမ်းသူ များစွာလိုအပ်

 281

ချယ်ရီ (NP News) - စက်တင်ဘာ ၆

နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် စာရင်းပညာတတ်ကျွမ်းသည့် လူသားအရင်းမြစ်များစွာလိုအပ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။

ယမန်နေ့ (စက်တင်ဘာလ ၅ ရက်)၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (CPA) (ပထမပိုင်း) သင်တန်းအမှတ်စဉ် (၄၉) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် ယခုကဲ့သို့ စာရင်းပညာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်၍ စာရင်းပညာတတ်ကျွမ်းသူနှင့် စာရင်းပညာရှင်များ တိုးပွားစေရေးကို ဆောင်ရွက်လျက်ရှိရာ စာရင်းပညာရှင်များသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာ၌ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် စာရင်းပညာတတ်ကျွမ်းသည့် လူသားအရင်းအမြစ် များစွာလိုအပ်ကြောင်း မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌက ဆိုသည်။

သစ်လွင်မောင်မယ်တို့သည် စာရင်းပညာလောက၏ မျိုးဆက်သစ်လူငယ်များဖြစ်ပြီး နောင်တစ်ချိန် စာရင်းပညာလောကတွင် လင်းလက်တောက်ပလာမည့် ရတနာများဖြစ်သဖြင့် ပို့ချမည့်ပညာရပ်များကို အလေးအနက်ထား၍ လေ့လာဆည်းပူးကြစေလိုကြောင်း ဒေါက်တာ ခင်နိုင်ဦးက ထပ်မံပြောကြားခဲ့သည်။

ထို့ပြင် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံး၏ စာရင်းလုပ်ငန်းများတွင် Professional များအဖြစ် ရပ်တည်ဆောင်ရွက်ကြရမည့်သူများ ဖြစ်၍ အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းများသာမက ကျင့်ဝတ်သိက္ခာမြင့်မားသူများဖြစ်ရန်လည်း လိုအပ်ကြောင်း မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက တိုက်တွန်းမှာကြားခဲ့သည်။

zawgyi version

ႏိုင္ငံ့စီးပြားေရးဖြံ႕ၿဖိဳးေရးကို ေဖာ္ေဆာင္ရာတြင္ စာရင္းပညာတတ္ကြၽမ္းသူ မ်ားစြာလိုအပ္

ခ်ယ္ရီ (NP News) - စက္တင္ဘာ ၆

ႏိုင္ငံ့စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဖာ္ေဆာင္ရာတြင္ စာရင္းပညာတတ္ကြၽမ္းသည့္ လူသားအရင္းျမစ္မ်ားစြာလိုအပ္ေၾကာင္း ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္၊ ျမန္မာႏိုင္ငံစာရင္းေကာင္စီဥကၠ႒ ေဒါက္တာခင္ႏိုင္ဦးက ေျပာၾကားသည္။

ယမန္ေန႔ (စက္တင္ဘာလ ၅ ရက္)၊ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ရွိ အဆင့္ျမင့္စာရင္းကိုင္ႏွင့္ စာရင္းစစ္သင္တန္းေက်ာင္း နဝေဒးခန္းမ၌ က်င္းပသည့္ လက္မွတ္ရျပည္သူ႔စာရင္းကိုင္ (CPA) (ပထမပိုင္း) သင္တန္းအမွတ္စဥ္ (၄၉) ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံစာရင္းေကာင္စီအေနျဖင့္ ယခုကဲ့သို႔ စာရင္းပညာရပ္ဆိုင္ရာ သင္တန္းမ်ားကို ဖြင့္လွစ္၍ စာရင္းပညာတတ္ကြၽမ္းသူႏွင့္ စာရင္းပညာရွင္မ်ား တိုးပြားေစေရးကို ေဆာင္႐ြက္လ်က္ရွိရာ စာရင္းပညာရွင္မ်ားသည္ ႏိုင္ငံ့စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဖာ္ေဆာင္ရာ၌ အေရးပါသည့္အခန္းက႑မွ ပါဝင္လ်က္ရွိသျဖင့္ စာရင္းပညာတတ္ကြၽမ္းသည့္ လူသားအရင္းအျမစ္ မ်ားစြာလိုအပ္ေၾကာင္း ျမန္မာႏိုင္ငံစာရင္းေကာင္စီဥကၠ႒က ဆိုသည္။

သစ္လြင္ေမာင္မယ္တို႔သည္ စာရင္းပညာေလာက၏ မ်ိဳးဆက္သစ္လူငယ္မ်ားျဖစ္ၿပီး ေနာင္တစ္ခ်ိန္ စာရင္းပညာေလာကတြင္ လင္းလက္ေတာက္ပလာမည့္ ရတနာမ်ားျဖစ္သျဖင့္ ပို႔ခ်မည့္ပညာရပ္မ်ားကို အေလးအနက္ထား၍ ေလ့လာဆည္းပူးၾကေစလိုေၾကာင္း ေဒါက္တာ ခင္ႏိုင္ဦးက ထပ္မံေျပာၾကားခဲ့သည္။

ထို႔ျပင္ အစိုးရႏွင့္ပုဂၢလိက က႑ႏွစ္ရပ္လုံး၏ စာရင္းလုပ္ငန္းမ်ားတြင္ Professional မ်ားအျဖစ္ ရပ္တည္ေဆာင္႐ြက္ၾကရမည့္သူမ်ား ျဖစ္၍ အတတ္ပညာပိုင္းဆိုင္ရာ အရည္အခ်င္းမ်ားသာမက က်င့္ဝတ္သိကၡာျမင့္မားသူမ်ားျဖစ္ရန္လည္း လိုအပ္ေၾကာင္း ျမန္မာႏိုင္ငံစာရင္းေကာင္စီဥကၠ႒ ေဒါက္တာခင္ႏိုင္ဦးက တိုက္တြန္းမွာၾကားခဲ့သည္။

Related news

© 2021. All rights reserved.