ရွေးကောက်ပွဲကို တတ်နိုင်သမျှဝန်းရံပေးသွားမည်ဟု DKBA ဆို

773

သန်ဇင်(NP News)-စက်တင်ဘာ ၇
ပါတီစုံအထွေထွေရွေးကောက်ပွဲကို တတ်နိုင်သမျှဝန်းရံပေးသွားမည်ဖြစ်ကြေင်း ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်(DKBA) စစ်ရေးချုပ် စောစိန်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
၎င်းက ယမန်နေ့ (စက်တင်ဘာ ၆ရက်)က DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ဒေသအတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် DKBA နယ်မြေအတွင်း ရွေးကောက်ပွဲလာရောက်လုပ်မည်ဆိုပါက အတိုင်းအတာတစ်ခုအထိ ပြည်သူများကိုယ်စားလှယ် ရွေးချယ်နိုင်ရန် ပြောဆိုသွားမည်ဖြစ်ကြောင်း စောစိန်ဝင်းက ဆိုသည်။
“လက်ရှိအခြေအနေကိုဘယ်လိုပြောမလဲ ရွေးကောက်ပွဲကိုနိုင်ငံတော်ကလည်းတာဝန်ရှိတဲ့ အစိုးရအနေနဲ့ ကျွန်တော်တို့နယ်မှာလာ လုပ်နိုင်၊ လာမလုပ်နိုင်တာတော့ကျွန်တော်တို့လည်း တပ်အပ်မပြောနိုင်ဘူး။ လက်ရှိနယ်မြေဒေသအခြေအနေအရ လုပ်မယ်ဆိုရင်လည်း ဘယ်လိုပြောမလဲ လုပ်နိုင်တဲ့အတိုင်းတာတစ်ခုအထိ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့အခါကျတော့ ပြည်သူတွေကလည်းသူ့ရဲ့ကိုယ်စားပြု ကိုယ်စားလှယ်ကိုရွေးချယ်နိုင်ဖို့အတွက် ကျွန်တော်တို့ကတော့ ပြောဆိုသွားမှာပါ” ဟု DKBA စစ်ရေးချုပ်စောစိန်ဝင်းက ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲသည် ပြည်သူ့ကိုယ်စားလှယ်ရွေးကောက်တင်မြောက်သည်အခင်းအကျင်းဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့်လည်း တက်နိုင်သလောက်ဝန်းရံပေးရန် တာဝန်ရှိကြောင်း စောစိန်ဝင်းက ဆိုသည်။
“စစ်ကောင်စီကလုပ်တဲ့ရွေးကောက်ပွဲဖြစ်ဖြစ်။ ဘယ်အဖွဲ့အစည်းကလုပ်တဲ့ရွေးကောက်ပွဲဖြစ်ဖြစ် ကျွန်တော့်အမြင်ကတော့ ပြည်သူတွေ ကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ်တွေကို ရွေးထုတ်တဲ့အခင်းအကျင်းလို့ပဲကျွန်တော်မြင်ပါတယ်။ ဒီလိုပြည်သူတွေ ပြည်သူ့ကိုယ်စားလှယ် ကိုရွေး ကောက်တင်မြောက်တဲ့အခင်းအကျင်းမှာဖြစ်တဲ့အတွက်ကြောင့် ဒီဥစ္စာက တက်နိုင်သလောက် ဝန်းရံပေးဖို့ကတာဝန်ရှိတယ် ပေါ့ လေ။ အဓိကက ပြည်သူတွေရဲ့ကိုယ်စားလှယ်တွေ ဖြစ်တည်လာဖို့အတွက် ကျွန်တော်တို့မျှော်လင့်တယ်ပေါ့လေ”ဟု ၎င်းကပြောသည်။
မြဝတီမြို့ပေါ်၌ ရွေးကောက်ပွဲလာရောက်လုပ်ပါက ဖြစ်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။
“မြဝတီအနေနဲ့တော့ မြဝတီမြို့ပေါ်မှာဖြစ်နိုင်တယ်။ ဘာလို့လည်းဆိုတော့ မြဝတီမြို့ပေါ်မှာလက်ရှိ လက်နက်အဖွဲ့အစည်းနေနဲ့က PDFရှိ တယ်။ KNU/KNLA PC ရှိတယ် DKBAရှိတယ်။ ဒီအဖွဲ့အစည်းတွေကပဲ ဘယ်လိုပြောမလဲ အားလုံးနဲ့သဟဇာတငြိမ်းငြိမ်းချမ်းချမ်း နေထိုင် ပြီးတော့ အားလုံးနဲ့သဟဇာတဘယ်သူနဲ့မှ ရန်ဘက်မဖြစ်ဘူးဆိုတဲ့ဝါဒဆုတ်ကိုင်ပြီးတော့ လုပ်ဆောင်နေတဲ့အတွက် မြဝတီမြို့ ကတော့ ဖြစ်နိုင်တယ်။ လက်ရှိကျွန်တော်တို့က ဘယ်လိုပြောမလဲ စာနဲ့ထုတ်ပြန်ခြင်းမရှိဘူး။ လက်တွေ့မြေပြင်မှာ အလျင်းသင့်သလိုမျိုး တတ်နိုင်သမျှအကောင်းဆုံး ဝိုင်းဝန်းပံ့ပိုးပေးကူညီသွားမယ်ဆိုတဲ့ အတွေးမျိုးတော့ရှိပါတယ်”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကမူ DKBA စစ်ဦးစီးချုပ်စောဆန်းအောင်အနေဖြင့် နယ်မြေတည်ငြိမ်းမအေးချမ်းသည့်အတွက် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲလာလုပ်ပါက လက်ခံကျင်းပသွားမည် မဟုတ်ကြောင်း ပြောဆိုခဲ့ဖူးသည်။
ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၏ ဗဟိုအကြံပေးနှင့်ကွတ်ကဲရေးအဖွဲ့ကလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၃ရက်က လာမည့်ပါတီစုံအထွေထွေအရွေးကောက်ပွဲကိုကူညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲကို တတ္ႏိုင္သမွ်ဝန္းရံေပးသြားမည္ဟု DKBA ေျပာ
သန္ဇင္(NP News)-စက္တင္ဘာ ၇
ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို တတ္ႏိုင္သမွ်ဝန္းရံေပးသြားမည္ျဖစ္ေၾကင္း ဒီမိုကရက္တစ္ ကရင္အက်ိဳးျပဳတပ္မေတာ္(DKBA) စစ္ေရးခ်ဳပ္ ေစာစိန္ဝင္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
၎က ယမန္ေန႔ (စက္တင္ဘာ ၆ရက္)က DKBA ဌာနခ်ဳပ္တည္ရွိရာ ဆုံဆည္းၿမိဳင္ေဒသအတြင္းျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ DKBA နယ္ေျမအတြင္း ေ႐ြးေကာက္ပြဲလာေရာက္လုပ္မည္ဆိုပါက အတိုင္းအတာတစ္ခုအထိ ျပည္သူမ်ားကိုယ္စားလွယ္ ေ႐ြးခ်ယ္ႏိုင္ရန္ ေျပာဆိုသြားမည္ျဖစ္ေၾကာင္း ေစာစိန္ဝင္းက ဆိုသည္။
“လက္ရွိအေျခအေနကိုဘယ္လိုေျပာမလဲ ေ႐ြးေကာက္ပြဲကိုႏိုင္ငံေတာ္ကလည္းတာဝန္ရွိတဲ့ အစိုးရအေနနဲ႔ ကြၽန္ေတာ္တို႔နယ္မွာလာ လုပ္ႏိုင္၊ လာမလုပ္ႏိုင္တာေတာ့ကြၽန္ေတာ္တို႔လည္း တပ္အပ္မေျပာႏိုင္ဘူး။ လက္ရွိနယ္ေျမေဒသအေျခအေနအရ လုပ္မယ္ဆိုရင္လည္း ဘယ္လိုေျပာမလဲ လုပ္ႏိုင္တဲ့အတိုင္းတာတစ္ခုအထိ ဘယ္လိုလုပ္ေဆာင္ရမလဲဆိုတဲ့အခါက်ေတာ့ ျပည္သူေတြကလည္းသူ႔ရဲ႕ကိုယ္စားျပဳ ကိုယ္စားလွယ္ကိုေ႐ြးခ်ယ္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ကေတာ့ ေျပာဆိုသြားမွာပါ” ဟု DKBA စစ္ေရးခ်ဳပ္ေစာစိန္ဝင္းက ေျပာသည္။
ထို႔ျပင္ ေ႐ြးေကာက္ပြဲသည္ ျပည္သူ႔ကိုယ္စားလွယ္ေ႐ြးေကာက္တင္ေျမာက္သည္အခင္းအက်င္းျဖစ္သည့္အတြက္ ၎တို႔အေနျဖင့္လည္း တက္ႏိုင္သေလာက္ဝန္းရံေပးရန္ တာဝန္ရွိေၾကာင္း ေစာစိန္ဝင္းက ဆိုသည္။
“စစ္ေကာင္စီကလုပ္တဲ့ေ႐ြးေကာက္ပြဲျဖစ္ျဖစ္။ ဘယ္အဖြဲ႕အစည္းကလုပ္တဲ့ေ႐ြးေကာက္ပြဲျဖစ္ျဖစ္ ကြၽန္ေတာ့္အျမင္ကေတာ့ ျပည္သူေတြ ကို ကိုယ္စားျပဳတဲ့ကိုယ္စားလွယ္ေတြကို ေ႐ြးထုတ္တဲ့အခင္းအက်င္းလို႔ပဲကြၽန္ေတာ္ျမင္ပါတယ္။ ဒီလိုျပည္သူေတြ ျပည္သူ႔ကိုယ္စားလွယ္ ကိုေ႐ြး ေကာက္တင္ေျမာက္တဲ့အခင္းအက်င္းမွာျဖစ္တဲ့အတြက္ေၾကာင့္ ဒီဥစၥာက တက္ႏိုင္သေလာက္ ဝန္းရံေပးဖို႔ကတာဝန္ရွိတယ္ ေပါ့ ေလ။ အဓိကက ျပည္သူေတြရဲ႕ကိုယ္စားလွယ္ေတြ ျဖစ္တည္လာဖို႔အတြက္ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္တယ္ေပါ့ေလ”ဟု ၎ကေျပာသည္။
ျမဝတီၿမိဳ႕ေပၚ၌ ေ႐ြးေကာက္ပြဲလာေရာက္လုပ္ပါက ျဖစ္ႏိုင္ေၾကာင္းလည္း ၎ကဆိုသည္။
“ျမဝတီအေနနဲ႔ေတာ့ ျမဝတီၿမိဳ႕ေပၚမွာျဖစ္ႏိုင္တယ္။ ဘာလို႔လည္းဆိုေတာ့ ျမဝတီၿမိဳ႕ေပၚမွာလက္ရွိ လက္နက္အဖြဲ႕အစည္းေနနဲ႔က PDFရွိ တယ္။ KNU/KNLA PC ရွိတယ္ DKBAရွိတယ္။ ဒီအဖြဲ႕အစည္းေတြကပဲ ဘယ္လိုေျပာမလဲ အားလုံးနဲ႔သဟဇာတၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနထိုင္ ၿပီးေတာ့ အားလုံးနဲ႔သဟဇာတဘယ္သူနဲ႔မွ ရန္ဘက္မျဖစ္ဘူးဆိုတဲ့ဝါဒဆုတ္ကိုင္ၿပီးေတာ့ လုပ္ေဆာင္ေနတဲ့အတြက္ ျမဝတီၿမိဳ႕ ကေတာ့ ျဖစ္ႏိုင္တယ္။ လက္ရွိကြၽန္ေတာ္တို႔က ဘယ္လိုေျပာမလဲ စာနဲ႔ထုတ္ျပန္ျခင္းမရွိဘူး။ လက္ေတြ႕ေျမျပင္မွာ အလ်င္းသင့္သလိုမ်ိဳး တတ္ႏိုင္သမွ်အေကာင္းဆုံး ဝိုင္းဝန္းပံ့ပိုးေပးကူညီသြားမယ္ဆိုတဲ့ အေတြးမ်ိဳးေတာ့ရွိပါတယ္”ဟု ၎ကေျပာသည္။
ၿပီးခဲ့သည့္ ဇူလိုင္လကမူ DKBA စစ္ဦးစီးခ်ဳပ္ေစာဆန္းေအာင္အေနျဖင့္ နယ္ေျမတည္ၿငိမ္းမေအးခ်မ္းသည့္အတြက္ ၎တို႔ထိန္းခ်ဳပ္နယ္ေျမအတြင္း ေ႐ြးေကာက္ပြဲလာလုပ္ပါက လက္ခံက်င္းပသြားမည္ မဟုတ္ေၾကာင္း ေျပာဆိုခဲ့ဖူးသည္။
ကရင္ျပည္နယ္နယ္ျခားေစာင့္တပ္ (BGF) ၏ ဗဟိုအႀကံေပးႏွင့္ကြတ္ကဲေရးအဖြဲ႕ကလည္း ၿပီးခဲ့သည့္ စက္တင္ဘာလ ၃ရက္က လာမည့္ပါတီစုံအေထြေထြအေ႐ြးေကာက္ပြဲကိုကူညီေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ဖူးသည္။