ရခိုင်မှရွေးကောက်ပွဲလုပ်မည့် သုံးမြို့နယ်တွင် မဲပေးစနစ်အကြောင်း အသိပညာပေးခြင်းကို တစ်ပြိုင်နက် လုပ်မည်

335

သက်ပိုင် (NP News)စက်တင်ဘာ ၈
ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲလုပ်မည့် သုံးမြို့နယ်တွင် မဲပေးစနစ်အကြောင်း အသိပညာပေး ခြင်းကို တစ်ပြိုင်နက် လုပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက NP News သို့ ပြောသည်။
ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင် မဲပေးစက်ဖြင့် မဲပေး သည့် စနစ်ကို ပြည်သူများထံသို့ တစ်ကြိမ်စီချပြထားပြီဖြစ်ကာ ယခုလမှစတင်၍ တစ်ပတ်လျှင် နှစ်ရက် (သို့မ ဟုတ်) သုံးရက်ခန့် အသိပညာပေးခြင်းများကို မြို့နယ်သုံးခုလုံးတွင် တစ်ပြိုင်နက်တည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပြည်နယ်ရွေးကော်နဲ့ ပူးပေါင်းပြီးတော့ မဲပေးတဲ့စနစ်ကို ပြည်သူတွေကိုချပြပေးတာပေါ့။ တစ် ခေါက်ပဲ လုပ်ရသေးတယ်။ ဒီလအတွင်းမှာ လုပ်ဖို့ရှိတယ်။ သုံးမြို့နယ်လုံး တစ်ပြိုင်နက်တည်းပေါ့။ တစ် ပတ်မှာ နှစ်ရက်သုံးရက်စီ ပြည်သူတွေကို မဲပေး တာတွေ လေ့ကျင့်ပေးမှာပေါ့။ မဲပေးစက် အတွေ့ကြုံရ အောင်လေ့ကျင့်ဖို့ပေါ့နော်” ဟု ဦးလှသိန်းက ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် လုံခြုံစိတ်ချစွာဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက်ကိုလည်း ပြည်နယ်အစိုးရအနေဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး ပြုလုပ်မယ့်လူတွေရဲ့ အန္တရာယ်က ကာကွယ်ဖို့၊ ပြုလုပ် လာရင်လည်း အရေးယူဖို့အတွက် အပိုင်းတွေမှာတော့ ပြည်နယ်အစိုးရက လိုအပ်တဲ့အပိုင်းတွေ ဆောင် ရွက်ပေးရတာပေါ့နော်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲရုံတွေ၊ ပစ္စည်းတွေကို ဖျက်လိုဖျက်ဆီး မလုပ်နိုင် ဖို့၊ မဲပေးတဲ့လူတွေကို မဟန့်တားနိုင်ဖို့၊ မဲဆွယ်တဲ့ ကိုယ်စားလှယ်တွေကိုမနှောင့်ယှက်နိုင် ဖို့အတွက်ကို တော့ ပြည်နယ်အစိုးရအနေနဲ့ သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့ဖွဲ့ပြီးတော့ ဆောင်ရွက်နေတာပေါ့”ဟု ဦးလှသိန်းက ပြောသည်။
လက်ရှိရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ဆက်သွယ်ရေးလိုင်းများမှာ လုံးဝပြတ်တောက်နေ ခြင်းမျိုး မဟုတ်ဘဲ ဖုန်းလိုင်းမိသောနေရာအချို့ရှိနေကြောင်းနှင့် အုပ်ချုပ်မှုလမ်းကြောင်းအရ အဆက် အသွယ် ပြတ်တောက်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

Zawgyi Version:
ရခိုင္မွေ႐ြးေကာက္ပြဲလုပ္မည့္ သုံးၿမိဳ႕နယ္တြင္ မဲေပးစနစ္အေၾကာင္း အသိပညာေပးျခင္းကို တစ္ၿပိဳင္ နက္ လုပ္မည္
သက္ပိုင္ (NP News)စက္တင္ဘာ ၈
ရခိုင္ျပည္နယ္မွ ေ႐ြးေကာက္ပြဲလုပ္မည့္ သုံးၿမိဳ႕နယ္တြင္ မဲေပးစနစ္အေၾကာင္း အသိပညာေပး ျခင္းကို တစ္ၿပိဳင္နက္ လုပ္မည္ျဖစ္ေၾကာင္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဥပေဒခ်ဳပ္ ဦးလွသိန္းက NP News သို႔ ေျပာသည္။
ရခိုင္ျပည္နယ္ရွိ စစ္ေတြ၊ ေက်ာက္ျဖဴႏွင့္ မာန္ေအာင္ၿမိဳ႕နယ္တို႔တြင္ မဲေပးစက္ျဖင့္ မဲေပး သည့္ စနစ္ကို ျပည္သူမ်ားထံသို႔ တစ္ႀကိမ္စီခ်ျပထားၿပီျဖစ္ကာ ယခုလမွစတင္၍ တစ္ပတ္လွ်င္ ႏွစ္ရက္ (သို႔မ ဟုတ္) သုံးရက္ခန႔္ အသိပညာေပးျခင္းမ်ားကို ၿမိဳ႕နယ္သုံးခုလုံးတြင္ တစ္ၿပိဳင္နက္တည္း ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ၎ကဆိုသည္။
“ျပည္နယ္ေ႐ြးေကာ္နဲ႔ ပူးေပါင္းၿပီးေတာ့ မဲေပးတဲ့စနစ္ကို ျပည္သူေတြကိုခ်ျပေပးတာေပါ့။ တစ္ ေခါက္ပဲ လုပ္ရေသးတယ္။ ဒီလအတြင္းမွာ လုပ္ဖို႔ရွိတယ္။ သုံးၿမိဳ႕နယ္လုံး တစ္ၿပိဳင္နက္တည္းေပါ့။ တစ္ ပတ္မွာ ႏွစ္ရက္သုံးရက္စီ ျပည္သူေတြကို မဲေပး တာေတြ ေလ့က်င့္ေပးမွာေပါ့။ မဲေပးစက္ အေတြ႕ႀကဳံရ ေအာင္ေလ့က်င့္ဖို႔ေပါ့ေနာ္” ဟု ဦးလွသိန္းက ေျပာသည္။
ထို႔ျပင္ ရခိုင္ျပည္နယ္တြင္ လုံၿခဳံစိတ္ခ်စြာျဖင့္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ရန္အတြက္ကိုလည္း ျပည္နယ္အစိုးရအေနျဖင့္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
“ဒီေ႐ြးေကာက္ပြဲကို ဖ်က္လိုဖ်က္ဆီး ျပဳလုပ္မယ့္လူေတြရဲ႕ အႏၲရာယ္က ကာကြယ္ဖို႔၊ ျပဳလုပ္ လာရင္လည္း အေရးယူဖို႔အတြက္ အပိုင္းေတြမွာေတာ့ ျပည္နယ္အစိုးရက လိုအပ္တဲ့အပိုင္းေတြ ေဆာင္ ႐ြက္ေပးရတာေပါ့ေနာ္။ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ မဲ႐ုံေတြ၊ ပစၥည္းေတြကို ဖ်က္လိုဖ်က္ဆီး မလုပ္ႏိုင္ ဖို႔၊ မဲေပးတဲ့လူေတြကို မဟန႔္တားႏိုင္ဖို႔၊ မဲဆြယ္တဲ့ ကိုယ္စားလွယ္ေတြကိုမေႏွာင့္ယွက္ႏိုင္ ဖို႔အတြက္ကို ေတာ့ ျပည္နယ္အစိုးရအေနနဲ႔ သက္ဆိုင္တဲ့ပုဂၢိဳလ္ေတြနဲ႔ အဖြဲ႕ဖြဲ႕ၿပီးေတာ့ ေဆာင္႐ြက္ေနတာေပါ့”ဟု ဦးလွသိန္းက ေျပာသည္။
လက္ရွိရခိုင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕တြင္ ဆက္သြယ္ေရးလိုင္းမ်ားမွာ လုံးဝျပတ္ေတာက္ေန ျခင္းမ်ိဳး မဟုတ္ဘဲ ဖုန္းလိုင္းမိေသာေနရာအခ်ိဳ႕ရွိေနေၾကာင္းႏွင့္ အုပ္ခ်ဳပ္မႈလမ္းေၾကာင္းအရ အဆက္ အသြယ္ ျပတ္ေတာက္ျခင္းမရွိေၾကာင္း ၎က ဆိုသည္။