Emmy Awards မှာ ဝမ်ဘီလီယံပေါင်းများစွာတန်တဲ့ ဇိမ်ခံလက်ဝတ်ရတနာတွေ ဝတ်ဆင်ပြီး ပွဲတက်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင် လီဆာ

 389

ရောင်နီ (NP News) - စက်တင်ဘာ ၁၇
BLACKPINK အဖွဲ့ဝင် လီဆာ ဟာ ဝမ်ဘီလီယံပေါင်း များစွာတန်တဲ့ လက်ဝတ်ရတနာတွေ ဝတ်ဆင်ပြီး Emmy Awards ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။
အမေရိကန်၊ လော့အိန်ဂျလိစ်မြို့ရှိ၊ Peacock Theatre မှာ စက်တင်ဘာ ၁၄ ရက်ညက ကျင်းပတဲ့ ၇၇ ကြိမ်မြောက် Primetime Emmy ဆုပေးပွဲမှာ လီဆာဟာ နာမည်ကြီး ဇိမ်ခံ လပ်ဝတ်ရတနာ အမှတ်တံဆိပ် Bvlgari ရဲ့ရတာနာဖက်ရှင်တွေကို ဝတ်ဆင်ပြသခဲ့တာ ဖြစ်ပါတယ်။ ပန်းရောင်ဂါဝန်ရှည်ကြီးနဲ့အတူ Serpenti High Jewelry ဖြစ်တဲ့ ဂါနက်၊ နီလာ၊ စိန်နဲ့ တန်ဆာဆင်ထားတဲ့ လက်ကောက်၊ နားကပ်နဲ့ လက်စွပ်တွေကို တွဲဖက် ၀တ်ဆင်ခဲ့ပါတယ်။ အဲဒီပွဲမှာ သူမဝတ်ဆင်ခဲ့တဲ့ လက်ဝတ်ရတနာ စုစုပေါင်းတန်ဖိုးဟာ ဝမ်သန်းရာနဲ့ချီ ရှိနိုင်ပြီး (အမေရိကန်ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ ဝန်းကျင်ခန့်) အတွင်းရှိမယ်လို့ ခန့်မှန်းရပါတယ်။
လီဆာ ဟာ ဇိမ်ခံ လက်ဝတ်ရတနာ အမှတ်တံဆိပ် Bvlgari ရဲ့ ကမ္ဘာလုံးဆိုင်ရာ brand ambassador အဖြစ် ခန့်အပ်ခြင်း ခံထားရသူလည်းဖြစ်တာကြောင့် ဒီပွဲမှာ သူမဝတ်ဆင်ဖို့ လက်ဝတ်ရတနာတွေကို Bvlgari က စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
Emmy Awards မွာ ဝမ္ဘီလီယံေပါင္းမ်ားစြာတန္တဲ့ ဇိမ္ခံလက္ဝတ္ရတနာေတြ ဝတ္ဆင္ၿပီး ပြဲတက္ခဲ့တဲ့ BLACKPINK အဖြဲ႕ဝင္ လီဆာ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇
BLACKPINK အဖြဲ႕ဝင္ လီဆာ ဟာ ဝမ္ဘီလီယံေပါင္း မ်ားစြာတန္တဲ့ လက္ဝတ္ရတနာေတြ ဝတ္ဆင္ၿပီး Emmy Awards ဆုေပးပြဲကို တက္ေရာက္ခဲ့ပါတယ္။
အေမရိကန္၊ ေလာ့အိန္ဂ်လိစ္ၿမိဳ႕ရွိ၊ Peacock Theatre မွာ စက္တင္ဘာ ၁၄ ရက္ညက က်င္းပတဲ့ ၇၇ ႀကိမ္ေျမာက္ Primetime Emmy ဆုေပးပြဲမွာ လီဆာဟာ နာမည္ႀကီး ဇိမ္ခံ လပ္ဝတ္ရတနာ အမွတ္တံဆိပ္ Bvlgari ရဲ႕ရတာနာဖက္ရွင္ေတြကို ဝတ္ဆင္ျပသခဲ့တာ ျဖစ္ပါတယ္။ ပန္းေရာင္ဂါဝန္ရွည္ႀကီးနဲ႔အတူ Serpenti High Jewelry ျဖစ္တဲ့ ဂါနက္၊ နီလာ၊ စိန္နဲ႔ တန္ဆာဆင္ထားတဲ့ လက္ေကာက္၊ နားကပ္နဲ႔ လက္စြပ္ေတြကို တြဲဖက္ ၀တ္ဆင္ခဲ့ပါတယ္။ အဲဒီပြဲမွာ သူမဝတ္ဆင္ခဲ့တဲ့ လက္ဝတ္ရတနာ စုစုေပါင္းတန္ဖိုးဟာ ဝမ္သန္းရာနဲ႔ခ်ီ ရွိႏိုင္ၿပီး (အေမရိကန္ေဒၚလာနဲ႔ဆိုရင္ ေဒၚလာ ၁၀၀,၀၀၀ မွ ၂၀၀,၀၀၀ ဝန္းက်င္ခန႔္) အတြင္းရွိမယ္လို႔ ခန႔္မွန္းရပါတယ္။
လီဆာ ဟာ ဇိမ္ခံ လက္ဝတ္ရတနာ အမွတ္တံဆိပ္ Bvlgari ရဲ႕ ကမာၻလုံးဆိုင္ရာ brand ambassador အျဖစ္ ခန႔္အပ္ျခင္း ခံထားရသူလည္းျဖစ္တာေၾကာင့္ ဒီပြဲမွာ သူမဝတ္ဆင္ဖို႔ လက္ဝတ္ရတနာေတြကို Bvlgari က စီစဥ္ေပးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.