မြန်မာ နှင့် တီမောလက်စ်တေ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် ဆွေးနွေး

 139

Pearl (NP News) - စက်တင်ဘာ ၁၉
မြန်မာနှင့် တီမောလက်စ်တေ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တီမောလက်စ်တေနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတိုဒို့စ်ဆန်းတို့စ် ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် စက်တင်ဘာ (၁၇)ရက်မှ (၁၉) ရက်အထိ အလုပ်သဘောခရီးစဉ်လာရောက်ခဲ့ကြောင်း သိရသည်။
ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တီမောလက်စ်တေ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရိတ်တက်စ်တို့ ဦးဆောင်သည့် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်လာ(၁၈)ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၌ နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိညာဉ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုဘဲ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို တိုးမြှင့်သွားကြရန် အလေးထား ဆွေးနွေးသဘောတူခဲ့ကြောင်း သိရသည်။
ထို့အပြင် တီမောလက်စ်တေနိုင်ငံမှ မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ဆောင်ရွက်ခြင်း ခွင့်ပြုမည်မဟုတ်ကြောင်း နှင့် မြန်မာနိုင်ငံအစိုးရအား တီမောလက်စ်တေနိုင်ငံမြို့တော် ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ အာဆီယံနိုင်ငံများအကြား ချုပ်ဆိုကြသည့် နှစ်နိုင်ငံ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက်လည်းကောင်း၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်သဘောတူစာချုပ်တို့ကို ချုပ်ဆိုနိုင်ရေးကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ ႏွင့္ တီေမာလက္စ္ေတ ႏွစ္ႏိုင္ငံဆက္ဆံေရးတိုးျမႇင့္ရန္ ေဆြးေႏြး
Pearl (NP News) - စက္တင္ဘာ ၁၉
ျမန္မာႏွင့္ တီေမာလက္စ္ေတ ႏွစ္ႏိုင္ငံဆက္ဆံေရးတိုးျမႇင့္ရန္ ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တီေမာလက္စ္ေတႏိုင္ငံ ႏိုင္ငံျခားေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး မစၥတာ ဘန္ဒီတိုဒို႔စ္ဆန္းတို႔စ္ ဖရိတ္တက္စ္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာႏိုင္ငံသို႔ ၿပီးခဲ့သည့္ စက္တင္ဘာ (၁၇)ရက္မွ (၁၉) ရက္အထိ အလုပ္သေဘာခရီးစဥ္လာေရာက္ခဲ့ေၾကာင္း သိရသည္။
ခရီးစဥ္အတြင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြႏွင့္ တီေမာလက္စ္ေတ ႏိုင္ငံျခားေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး မစၥတာ ဘန္ဒီတို ဒို႔စ္ ဆန္းတို႔စ္ ဖရိတ္တက္စ္တို႔ ဦးေဆာင္သည့္ ႏွစ္ဖက္ကိုယ္စားလွယ္အဖြဲ႕သည္ စက္တင္လာ(၁၈)ရက္က ႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ ႏွစ္ႏိုင္ငံကိစၥရပ္မ်ား ေဆြးေႏြးမႈျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ေတြ႕ဆုံမႈတြင္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို အာဆီယံပဋိညာဥ္၊ အေျခခံမူမ်ား၊ စံႏႈန္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ တစ္ႏိုင္ငံ၏ ျပည္တြင္းေရးကို တစ္ႏိုင္ငံက ဝင္ေရာက္စြက္ဖက္မႈမျပဳဘဲ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရးကို တိုးျမႇင့္သြားၾကရန္ အေလးထား ေဆြးေႏြးသေဘာတူခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ တီေမာလက္စ္ေတႏိုင္ငံမွ ျမန္မာအစိုးရကို ဆန႔္က်င္သည့္ အဖြဲ႕အစည္းမ်ားကို ႐ုံးဖြင့္လွစ္ျခင္း၊ တရားမဝင္ ဆန႔္က်င္သည့္ လႈပ္ရွားမႈမ်ား ေဆာင္႐ြက္ျခင္း ခြင့္ျပဳမည္မဟုတ္ေၾကာင္း ႏွင့္ ျမန္မာႏိုင္ငံအစိုးရအား တီေမာလက္စ္ေတႏိုင္ငံၿမိဳ႕ေတာ္ ဒီလီ၌ ျမန္မာသံ႐ုံး လာေရာက္ဖြင့္လွစ္ရန္ ကမ္းလွမ္းခဲ့ေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံႏွင့္ ျပည္သူမ်ား၏ အက်ိဳးစီးပြားကို ေရွးရႈ၍ အာဆီယံႏိုင္ငံမ်ားအၾကား ခ်ဳပ္ဆိုၾကသည့္ ႏွစ္ႏိုင္ငံ သံတမန္ႏွင့္ အထူးႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္သူမ်ားအတြက္ ျပည္ဝင္ ဗီဇာကင္းလြတ္ခြင့္ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးႏိုင္ေရးအတြက္လည္းေကာင္း၊ ႏွစ္ႏိုင္ငံအၾကား ခရီးသြားလုပ္ငန္းတိုးျမႇင့္ေရးအတြက္ ျပည္ဝင္ဗီဇာ ကင္းလြတ္ခြင့္သေဘာတူစာခ်ဳပ္တို႔ကို ခ်ဳပ္ဆိုႏိုင္ေရးကိုလည္းေကာင္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.