ရော်ဘာကိုအခြေခံသည့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်သွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပြော

55

သက်ပိုင် (NP News) - စက်တင်ဘာ ၁၉
ရော်ဘာကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်သွားမည ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာလ (၁၈) ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း သိရသည်။
ရော်ဘာထုတ်ကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ရာဘာကုန်ကြမ်းများအနေဖြင့် အဆင့်မြှင့်တင် နိုင်ရန်လိုကြောင်း၊ ရော်ဘာကုန်ကြမ်းများအား ပြည်ပသို့လွယ်ကူစွာတင်ပို့နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ် သော်လည်း အဆင့်မြှင့်တင်နိုင်မည်ဆိုပါက ဈေးကွက်နှင့် ဈေးနှုန်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နှင့် ကုန်ကြမ်း များတင်ပို့ခြင်းအပြင် ရော်ဘာထုတ်ကုန်များဖြစ်သည့် တာယာ၊ ကျွတ် နှင့် လူသုံးကုန်ပစ္စည်းများကို အဆင့်မီစွာဖြင့် ဈေးကွက်ရရှိအောင် ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ရာဘာထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်လျက် ရှိပြီး ရင်းနှီးမြှုပ်နှံငွေများကိုလည်း ထုတ်ပေးလျက်ရှိကြောင်း၊ ရော်ဘာ စိုက်ပျိုးရာတွင်လည်း အပင်၏ သက်တမ်းနှင့် ထွက်ရှိနိုင်မှုတို့အပေါ်မူတည်၍ သွင်းအားစုများ ဖြည့်သွင်းခြင်း အပါအဝင် စဉ်ဆက်မပြတ်သည့် ရော်ဘာထုတ်လုပ်မှုကွင်းဆက်ဖြစ်ပေါ်လာအောင် တွက်ချက်စိုက်ပျိုးဆောင်ရွက်သွားရန်လိုကြောင်းနှင့် ရော်ဘာ ထုတ်ကုန်ပစ္စည်းများသည် နိုင်ငံတော်အတွက် လိုအပ်ချက် အမြဲရှိနေမည်ဖြစ်သည့်အတွက် ရော်ဘာကိုအခြေခံ သည့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေး မှူး၊ တွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ဒေသဆိုင်ရာအချက်အလက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
ေရာ္ဘာကိုအေျခခံသည့္စက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရး အေလးထားေဆာင္႐ြက္သြားမည္ဟု ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာသာယာေရးေကာ္မရွင္ဥကၠ႒ ေျပာ
သက္ပိုင္ (NP News) - စက္တင္ဘာ ၁၉
ေရာ္ဘာကိုအေျခခံသည့္ စက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရး အေလးထားေဆာင္႐ြက္သြားမည ျဖစ္ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာသာယာေရးေကာ္မရွင္ ဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က စက္တင္ဘာလ (၁၈) ရက္က တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕ရွိ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ရပ္မိ ရပ္ဖမ်ားႏွင့္ေတြ႕ဆုံစဥ္ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ေရာ္ဘာထုတ္ကုန္ႏွင့္ပတ္သက္၍ မိမိတို႔ႏိုင္ငံမွ ထုတ္လုပ္သည့္ ရာဘာကုန္ၾကမ္းမ်ားအေနျဖင့္ အဆင့္ျမႇင့္တင္ ႏိုင္ရန္လိုေၾကာင္း၊ ေရာ္ဘာကုန္ၾကမ္းမ်ားအား ျပည္ပသို႔လြယ္ကူစြာတင္ပို႔ႏိုင္ေရး ေဆာင္႐ြက္ေပးသြားမည္ျဖစ္ ေသာ္လည္း အဆင့္ျမႇင့္တင္ႏိုင္မည္ဆိုပါက ေဈးကြက္ႏွင့္ ေဈးႏႈန္း ပိုမိုရရွိႏိုင္မည္ျဖစ္ေၾကာင္း ႏွင့္ ကုန္ၾကမ္း မ်ားတင္ပို႔ျခင္းအျပင္ ေရာ္ဘာထုတ္ကုန္မ်ားျဖစ္သည့္ တာယာ၊ ကြၽတ္ ႏွင့္ လူသုံးကုန္ပစၥည္းမ်ားကို အဆင့္မီစြာျဖင့္ ေဈးကြက္ရရွိေအာင္ ထုတ္လုပ္ႏိုင္မည္ဆိုပါက ပိုမိုအက်ိဳးရွိေစႏိုင္မည္ျဖစ္ေၾကာင္း ဆိုသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ ရာဘာထုတ္ကုန္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရး အားေပးေဆာင္႐ြက္လ်က္ ရွိၿပီး ရင္းႏွီးျမႇဳပ္ႏွံေငြမ်ားကိုလည္း ထုတ္ေပးလ်က္ရွိေၾကာင္း၊ ေရာ္ဘာ စိုက္ပ်ိဳးရာတြင္လည္း အပင္၏ သက္တမ္းႏွင့္ ထြက္ရွိႏိုင္မႈတို႔အေပၚမူတည္၍ သြင္းအားစုမ်ား ျဖည့္သြင္းျခင္း အပါအဝင္ စဥ္ဆက္မျပတ္သည့္ ေရာ္ဘာထုတ္လုပ္မႈကြင္းဆက္ျဖစ္ေပၚလာေအာင္ တြက္ခ်က္စိုက္ပ်ိဳးေဆာင္႐ြက္သြားရန္လိုေၾကာင္းႏွင့္ ေရာ္ဘာ ထုတ္ကုန္ပစၥည္းမ်ားသည္ ႏိုင္ငံေတာ္အတြက္ လိုအပ္ခ်က္ အၿမဲရွိေနမည္ျဖစ္သည့္အတြက္ ေရာ္ဘာကိုအေျခခံ သည့္စက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရး အေလးထားေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ႏွင့္အတူ ေကာ္မရွင္အတြင္းေရး မႉး၊ တြဲဖက္အမႈေဆာင္ခ်ဳပ္ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးမင္းေနာင္၊ ေဒါက္တာ မ်ိဳးသိန္းေက်ာ္၊ တနသၤာရီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးျမတ္ကို၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္ အရာရွိႀကီးမ်ား၊ ကမ္း႐ိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ဒုတိယဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား၊ တိုင္းေဒသ ႀကီး အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး ေဒသဆိုင္ရာအခ်က္အလက္မ်ား၊ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ား ေဆာင္႐ြက္လ်က္ရွိမႈႏွင့္ လိုအပ္ခ်က္မ်ားအား ေဆြးေႏြးတင္ျပခဲ့ၾကေၾကာင္း သိရသည္။