မြန်အောင်ခရိုင်အတွင်း ပဲပုပ်စိုက်ခင်း ဧက (၄ဝဝဝဝ) စိုက်ပျိုးရန်လျာထား

 103

ချယ်ရီ (NP News) - စက်တင်ဘာ ၂ဝ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်တွင် ဒေသတွင်းဆီဖူလုံမှုရရှိရေးအတွက် စိုက်ပျိုးရလွယ်ကူ၍ ကုန်ကျစရိတ်သက်သာသော ဆီထွက်သီးနှံပဲပုပ်ကို (၂၀၂၅- ၂၀၂၆) ခုနှစ်အတွင်း ဧက (၄၀,၀၀၀) လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ပဲပုပ်စိုက်ခင်းများကို မြန်အောင်မြို့နယ်တွင် ဧက (၁၃,၀၀၀) ၊ ကြံခင်းမြို့နယ်တွင် ဧက (၁၀,၀၀၀)နှင့် အင်္ဂပူမြို့နယ်တွင် ဧက (၁၇,၀၀၀) စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပဲပုပ်သီးနှံကို ကြိတ်ခွဲရောင်းချလျက်ရှိသည့်အပြင် စိုက်ပျိုးတောင်သူများကလည်း ဧကတိုးချဲ့စိုက်ပျိုးလာကြပြီး ထွက်ရှိလာသည့် ပဲပုပ်များကို ဆီအဖြစ်ကြိတ်၍ ပဲဖက်များကို တိရစ္ဆာန်အစားအစာစက်ရုံများသို့ မွေးမြူရေးအစားအစာအဖြစ် တင်ပို့လျက်ရှိကြောင်း သိရသည်။
ပဲပုပ်တစ်တင်းတွင် ပိဿာ (၂၀) ရှိပြီး ကြိတ်ခွဲရာ၌ ပဲဆီ (၁၂) ရာခိုင်နှုန်းထွက်ရှိကာ ၎င်းထဲမှ ဆီကြမ်း (၂) ပိဿာ (၄၀)သား ရရှိပြီး အဆိုပါဆီကြမ်းကို ပြန်လည်အကြည်ခံပါက ပဲဆီ(၂)ပိဿာခန့် ရရှိပြီး ပဲဖက် (၁၇) ပိဿာဝန်းကျင် ထွက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်အောင်ခရိုင်အတွင်းမှ စိုက်ပျိုး ထွက်ရှိသည့် ပဲပုပ်သီးနှံများကို ဆီအဖြစ် ကြိတ်ခွဲနိုင်ရန်အတွက် ခေတ်မှီဆီသန့်စင်စက်များကို မြန်အောင်မြို့၌ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
စားသုံးဆီများကို ပြည်ပမှတင်သွင်းနေရပြီး နှစ်စဉ်နိုင်ငံခြားငွေများ ကုန်ကျလျက်ရှိကာ မိမိတို့နိုင်ငံမှထွက်ရှိသည့် ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်မည်၊ နေကြာစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီများ ဖူလုံမှုရှိလာမည် ဖြစ်ကြောင်းနှင့် ဆီထွက်သီးနှံများစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြောကြားထားသည်။

Zawgyi Version:
ျမန္ေအာင္ခ႐ိုင္အတြင္း ပဲပုပ္စိုက္ခင္း ဧက (၄ဝဝဝဝ) စိုက္ပ်ိဳးရန္လ်ာထား
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂ဝ
ဧရာဝတီတိုင္းေဒသႀကီး၊ ျမန္ေအာင္ခ႐ိုင္တြင္ ေဒသတြင္းဆီဖူလုံမႈရရွိေရးအတြက္ စိုက္ပ်ိဳးရလြယ္ကူ၍ ကုန္က်စရိတ္သက္သာေသာ ဆီထြက္သီးႏွံပဲပုပ္ကို (၂၀၂၅- ၂၀၂၆) ခုႏွစ္အတြင္း ဧက (၄၀,၀၀၀) လ်ာထားစိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ပဲပုပ္စိုက္ခင္းမ်ားကို ျမန္ေအာင္ၿမိဳ႕နယ္တြင္ ဧက (၁၃,၀၀၀) ၊ ႀကံခင္းၿမိဳ႕နယ္တြင္ ဧက (၁၀,၀၀၀)ႏွင့္ အဂၤပူၿမိဳ႕နယ္တြင္ ဧက (၁၇,၀၀၀) စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ပဲပုပ္သီးႏွံကို ႀကိတ္ခြဲေရာင္းခ်လ်က္ရွိသည့္အျပင္ စိုက္ပ်ိဳးေတာင္သူမ်ားကလည္း ဧကတိုးခ်ဲ႕စိုက္ပ်ိဳးလာၾကၿပီး ထြက္ရွိလာသည့္ ပဲပုပ္မ်ားကို ဆီအျဖစ္ႀကိတ္၍ ပဲဖက္မ်ားကို တိရစာၦန္အစားအစာစက္႐ုံမ်ားသို႔ ေမြးျမဴေရးအစားအစာအျဖစ္ တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။
ပဲပုပ္တစ္တင္းတြင္ ပိႆာ (၂၀) ရွိၿပီး ႀကိတ္ခြဲရာ၌ ပဲဆီ (၁၂) ရာခိုင္ႏႈန္းထြက္ရွိကာ ၎ထဲမွ ဆီၾကမ္း (၂) ပိႆာ (၄၀)သား ရရွိၿပီး အဆိုပါဆီၾကမ္းကို ျပန္လည္အၾကည္ခံပါက ပဲဆီ(၂)ပိႆာခန႔္ ရရွိၿပီး ပဲဖက္ (၁၇) ပိႆာဝန္းက်င္ ထြက္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ လမ္းၫႊန္မႈျဖင့္ ျမန္ေအာင္ခ႐ိုင္အတြင္းမွ စိုက္ပ်ိဳး ထြက္ရွိသည့္ ပဲပုပ္သီးႏွံမ်ားကို ဆီအျဖစ္ ႀကိတ္ခြဲႏိုင္ရန္အတြက္ ေခတ္မွီဆီသန႔္စင္စက္မ်ားကို ျမန္ေအာင္ၿမိဳ႕၌ တည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။
စားသုံးဆီမ်ားကို ျပည္ပမွတင္သြင္းေနရၿပီး ႏွစ္စဥ္ႏိုင္ငံျခားေငြမ်ား ကုန္က်လ်က္ရွိကာ မိမိတို႔ႏိုင္ငံမွထြက္ရွိသည့္ ဆီထြက္သီးႏွံမ်ားကို တစ္ဧကအထြက္ႏႈန္းျပည့္မီေအာင္ စိုက္ပ်ိဳးႏိုင္မည္၊ ေနၾကာစိုက္ပ်ိဳးေရးကို တိုးခ်ဲ႕စိုက္ပ်ိဳးႏိုင္မည္ဆိုပါက ျပည္တြင္းစားသုံးဆီမ်ား ဖူလုံမႈရွိလာမည္ ျဖစ္ေၾကာင္းႏွင့္ ဆီထြက္သီးႏွံမ်ားစိုက္ပ်ိဳးသည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္ အေလးထားေဆာင္႐ြက္သြားရန္လိုေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.