နီပေါနိုင်ငံမှာ ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် အနည်းဆုံးလူ(၄၂)ဦး သေဆုံး

 151

Pika (NP News) - အောက်တိုဘာ ၆
နီပေါနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် အနည်းဆုံးလူ(၄၂)ဦးသေဆုံးခဲ့ တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နီပေါနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနဲ့ စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရှန်တီမာဟက်က “မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေနဲ့မြေပြိုမှုတွေကြောင့် အနည်းဆုံးလူ(၄၂)ဦး သေဆုံးခဲ့ပြီး အခြားလူ(၅)ဦး ပျောက်ဆုံးနေပါတယ်” လို့ ပြောခဲ့ပါတယ်။
မြေပြိုမှုတွေကြောင့် အဝေးပြေးလမ်းမ အများအပြားပိတ်ဆို့သွားခဲ့ပြီး ရေကြီးမှုကြောင့် ရာနဲ့ချီတဲ့ခရီးသည်တွေဟာ ရောက်တဲ့နေရာတွေမှာ သောင်တင်နေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ကသာမန်ဒူလေဆိပ်ပြောရေးဆိုခွင့်ရှိသူ Rinji Sherpa က “မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုနဲ့မြေပြိုမှု တွေကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်အများအပြား ရပ်ဆိုင်းခဲ့ရပေမယ့်လည်း နိုင်ငံတကာလေကြောင်းလိုင်း တွေကတော့ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပါတယ်။ နှစ်စဉ်နှစ်တိုင်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာ ပြည်နယ်မှာ လူအသေအပျောက်များတဲ့ရေကြီးမှုတွေကိုဖြစ်ပေါ်စေတဲ့ နီပေါနိုင်ငံအရှေ့တောင်ပိုင်းက ကိုရှီမြစ်ဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ခရိုင်အရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ကိုရှီမြစ်အတွင်း ရေစီးဆင်းမှုဟာ ပုံမှန်ထက် နှစ်ဆလောက်ပိုများတယ်လို့ Sunsari ခရိုင်အုပ်ချုပ်ရေးမှူး Dharmendra Kumar Mishra က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
နီေပါႏိုင္ငံမွာ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြေၾကာင့္ အနည္းဆုံးလူ(၄၂)ဦး ေသဆုံး
Pika (NP News) - ေအာက္တိုဘာ ၆
နီေပါႏိုင္ငံမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြေၾကာင့္ အနည္းဆုံးလူ(၄၂)ဦးေသဆုံးခဲ့ တယ္လို႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာအရာရွိတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
နီေပါႏိုင္ငံ အမ်ိဳးသား သဘာဝေဘးအႏၲရာယ္ ေလွ်ာ့ခ်ေရးနဲ႔ စီမံခန႔္ခြဲေရး အာဏာပိုင္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ရွန္တီမာဟက္က “မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြနဲ႔ေျမၿပိဳမႈေတြေၾကာင့္ အနည္းဆုံးလူ(၄၂)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၅)ဦး ေပ်ာက္ဆုံးေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေျမၿပိဳမႈေတြေၾကာင့္ အေဝးေျပးလမ္းမ အမ်ားအျပားပိတ္ဆို႔သြားခဲ့ၿပီး ေရႀကီးမႈေၾကာင့္ ရာနဲ႔ခ်ီတဲ့ခရီးသည္ေတြဟာ ေရာက္တဲ့ေနရာေတြမွာ ေသာင္တင္ေနတယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ကသာမန္ဒူေလဆိပ္ေျပာေရးဆိုခြင့္ရွိသူ Rinji Sherpa က “မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈနဲ႔ေျမၿပိဳမႈ ေတြေၾကာင့္ ျပည္တြင္းေလေၾကာင္းခရီးစဥ္အမ်ားအျပား ရပ္ဆိုင္းခဲ့ရေပမယ့္လည္း ႏိုင္ငံတကာေလေၾကာင္းလိုင္း ေတြကေတာ့ ပုံမွန္အတိုင္း ဆက္လက္လည္ပတ္ေနပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း ဘီဟာ ျပည္နယ္မွာ လူအေသအေပ်ာက္မ်ားတဲ့ေရႀကီးမႈေတြကိုျဖစ္ေပၚေစတဲ့ နီေပါႏိုင္ငံအေရွ႕ေတာင္ပိုင္းက ကိုရွီျမစ္ဟာ စိုးရိမ္ေရမွတ္အထက္ကို ေရာက္ရွိသြားၿပီျဖစ္တယ္လို႔ ခ႐ိုင္အရာရွိတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ကိုရွီျမစ္အတြင္း ေရစီးဆင္းမႈဟာ ပုံမွန္ထက္ ႏွစ္ဆေလာက္ပိုမ်ားတယ္လို႔ Sunsari ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး Dharmendra Kumar Mishra က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.