အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် အနည်းဆုံးလူ(၂၀)ဦးသေဆုံး

 72

Pika (NP News) - အောက်တိုဘာ ၆

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Darjeeling မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ(၂၀)ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
မိုးသည်းထန်စွာရွာသွန်းခဲ့မှုနဲ့အတူ West Bengal ပြည်နယ်က မြစ်တွေမှာ ရေကြီးမှုတွေဖြစ်ပွားခဲ့ပြီး နေရာအနှံ့မှာ ပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
တာဝန်ရှိသူတစ်ဦးက “Darjeeling မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ(၂၀)ဦး သေဆုံးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ Darjeeling မြို့မှာဖြစ်ပွားခဲ့တဲ့ ရေကြီးမှုနဲ့ မြေပြိုမှုတွေအတွင်း သေဆုံးသွားခဲ့တဲ့လူတွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိတယ်လို့လည်း ဝန်ကြီးချုပ် မိုဒီက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
မိုဒီက “မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေကြောင့် Darjeeling မြို့နဲ့အနီးတစ်ဝိုက်ဒေသတွေရဲ့ အခြေအနေကို သေသေချာချာ အနီးကပ်စောင့်ကြည့်နေပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ရေကြီးမှုတွေကြောင့် တံတားတွေ ကျိုးကျသွားခဲ့ပြီး လမ်းအများအပြား ပျက်စီးသွားခဲ့တယ်လို့လည်း West Bengal ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
West Bengal ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee က “မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မြစ်ရေတွေ လျှံတက်လာခဲ့ပြီး နေရာအများအပြားမှာ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်ဖို့အတွက် တာဝန်ရှိသူတွေကို အမိန့်ပေးထား တယ်လို့လည်း Mamata Banerjee က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အိႏၵိယႏိုင္ငံ ေျမာက္ပိုင္းမွာ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြေၾကာင့္ အနည္းဆုံးလူ(၂၀)ဦးေသဆုံး
Pika (NP News) - ေအာက္တိုဘာ ၆
အိႏၵိယႏိုင္ငံ ေျမာက္ပိုင္း Darjeeling ၿမိဳ႕မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြေၾကာင့္ အနည္းဆုံး လူ(၂၀)ဦး ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
မိုးသည္းထန္စြာ႐ြာသြန္းခဲ့မႈနဲ႔အတူ West Bengal ျပည္နယ္က ျမစ္ေတြမွာ ေရႀကီးမႈေတြျဖစ္ပြားခဲ့ၿပီး ေနရာအႏွံ႔မွာ ပ်က္စီးမႈေတြျဖစ္ေပၚေစခဲ့တယ္လို႔ တာဝန္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
တာဝန္ရွိသူတစ္ဦးက “Darjeeling ၿမိဳ႕မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြေၾကာင့္ အနည္းဆုံး လူ(၂၀)ဦး ေသဆုံးခဲ့ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ Darjeeling ၿမိဳ႕မွာျဖစ္ပြားခဲ့တဲ့ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြအတြင္း ေသဆုံးသြားခဲ့တဲ့လူေတြအတြက္ တကယ္ကို စိတ္မေကာင္းျဖစ္မိတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ မိုဒီက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
မိုဒီက “မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေျမၿပိဳမႈေတြေၾကာင့္ Darjeeling ၿမိဳ႕နဲ႔အနီးတစ္ဝိုက္ေဒသေတြရဲ႕ အေျခအေနကို ေသေသခ်ာခ်ာ အနီးကပ္ေစာင့္ၾကည့္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ ေရႀကီးမႈေတြေၾကာင့္ တံတားေတြ က်ိဳးက်သြားခဲ့ၿပီး လမ္းအမ်ားအျပား ပ်က္စီးသြားခဲ့တယ္လို႔လည္း West Bengal ျပည္နယ္ဝန္ႀကီးခ်ဳပ္ Mamata Banerjee က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
West Bengal ျပည္နယ္ဝန္ႀကီးခ်ဳပ္ Mamata Banerjee က “မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ ျမစ္ေရေတြ လွ်ံတက္လာခဲ့ၿပီး ေနရာအမ်ားအျပားမွာ ေရႀကီးမႈေတြျဖစ္ေပၚခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေရေဘးသင့္ေဒသေတြမွာ ကူညီကယ္ဆယ္ေရးေတြလုပ္ေဆာင္ဖို႔အတြက္ တာဝန္ရွိသူေတြကို အမိန႔္ေပးထား တယ္လို႔လည္း Mamata Banerjee က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.