ဥရောပနိုင်ငံတွေနဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ချက်ချင်းပြန်လည်စတင်ဖို့ အစီအစဉ်မရှိဘူးလို့ အီရန်ပြော

146

Pika (NP News) - အောက်တိုဘာ ၇
ဥရောပနိုင်ငံတွေနဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ချက်ချင်းပြန်လည်စတင်ဖို့ အစီအစဉ်မရှိဘူးလို့ အီရန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဥရောပအင်အားကြီးနိုင်ငံတွေက အီရန်အပေါ် ပိတ်ဆို့ အရေးယူ မှုတွေ ပြန်လည်ချမှတ်ခဲ့ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါ တယ်။
ဗြိတိန်၊ ပြင်သစ် နဲ့ ဂျာမနီနိုင်ငံတို့ဟာ အီရန်က (၂၀၁၅)ခုနှစ် နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်တယ် လို့ စွပ်စွဲပြောဆိုပြီး ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက “ဒီလိုအဆင့်မှာ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ကျွန်တော်တို့မှာအစီအစဉ် မရှိပါဘူး။ ကျွန်တော်အပေါ် ပြန်လည်ချမှတ်ခဲ့တဲ့ပိတ်ဆို့အရေးယူမှုတွေရဲ့အကျိုးဆက်တွေကို ဆက်လက်စစ်ဆေး နေပါတယ်။ ဒါပေမယ့်လည်း သံတမန်ရေးအရ အဆက်အသွယ်နဲ့ ညှိနှိုင်းမှုတွေက ဆက်လက်ရှိနေဦးမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် သံတမန်ဆက်ဆံရေးက ထိရောက်မှုတွေရှိတယ်လို့ ခံစားရတဲ့အချိန်တိုင်း အီရန်နိုင်ငံရဲ့အကျိုးစီးပွားနဲ့ ဦးစားပေးတွေအပေါ်အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချမှတ်သွားမှာ သေချာတယ်လို့လည်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံဟာ နျူကလီးယားအစီအစဉ်တွေကနေတစ်ဆင့် နျူကလီးယားလက်နက်ရရှိအောင် ကြိုးပမ်းနေတယ်လို့ အနောက်အုပ်စုနိုင်ငံတွေက ကာလရှည်ကြာ စွပ်စွဲပြောဆိုထားခဲ့ပေမယ့်လည်း အီရန်ဘက်ကတော့ အဲဒီစွပ်စွဲပြောဆိုချက်အားလုံးကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ဥေရာပႏိုင္ငံေတြနဲ႔ န်ဴကလီးယားေဆြးေႏြးပြဲေတြ ခ်က္ခ်င္းျပန္လည္စတင္ဖို႔ အစီအစဥ္မရွိဘူးလို႔
အီရန္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၇
ဥေရာပႏိုင္ငံေတြနဲ႔ န်ဴကလီးယားေဆြးေႏြးပြဲေတြ ခ်က္ခ်င္းျပန္လည္စတင္ဖို႔ အစီအစဥ္မရွိဘူးလို႔ အီရန္ႏိုင္ငံျခား ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဥေရာပအင္အားႀကီးႏိုင္ငံေတြက အီရန္အေပၚ ပိတ္ဆို႔ အေရးယူ မႈေတြ ျပန္လည္ခ်မွတ္ခဲ့ၿပီးေနာက္ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါ တယ္။
ၿဗိတိန္၊ ျပင္သစ္ နဲ႔ ဂ်ာမနီႏိုင္ငံတို႔ဟာ အီရန္က (၂၀၁၅)ခုႏွစ္ န်ဴကလီးယားသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ လို႔ စြပ္စြဲေျပာဆိုၿပီး ပိတ္ဆို႔အေရးယူမႈေတြ ျပန္လည္ခ်မွတ္ခဲ့တာပဲျဖစ္ပါတယ္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက “ဒီလိုအဆင့္မွာ ညႇိႏႈိင္းေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔မွာအစီအစဥ္ မရွိပါဘူး။ ကြၽန္ေတာ္အေပၚ ျပန္လည္ခ်မွတ္ခဲ့တဲ့ပိတ္ဆို႔အေရးယူမႈေတြရဲ႕အက်ိဳးဆက္ေတြကို ဆက္လက္စစ္ေဆး ေနပါတယ္။ ဒါေပမယ့္လည္း သံတမန္ေရးအရ အဆက္အသြယ္နဲ႔ ညႇိႏႈိင္းမႈေတြက ဆက္လက္ရွိေနဦးမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ သံတမန္ဆက္ဆံေရးက ထိေရာက္မႈေတြရွိတယ္လို႔ ခံစားရတဲ့အခ်ိန္တိုင္း အီရန္ႏိုင္ငံရဲ႕အက်ိဳးစီးပြားနဲ႔ ဦးစားေပးေတြအေပၚအေျခခံၿပီး ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္သြားမွာ ေသခ်ာတယ္လို႔လည္း အီရန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အီရန္ႏိုင္ငံဟာ န်ဴကလီးယားအစီအစဥ္ေတြကေနတစ္ဆင့္ န်ဴကလီးယားလက္နက္ရရွိေအာင္ ႀကိဳးပမ္းေနတယ္လို႔ အေနာက္အုပ္စုႏိုင္ငံေတြက ကာလရွည္ၾကာ စြပ္စြဲေျပာဆိုထားခဲ့ေပမယ့္လည္း အီရန္ဘက္ကေတာ့ အဲဒီစြပ္စြဲေျပာဆိုခ်က္အားလုံးကို ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။