အမေရိကန်မှာ ဆေးဘက်ဆိုင်ရာရဟတ်ယာဉ်တစ်စင်း ပျက်ကျ

 290

Pika (NP News) - အောက်တိုဘာ ၈

အမေရိကန်နိုင်ငံ Sacramento မြို့က အဝေးပြေးလမ်းမတစ်ခုပေါ်ကို ဆေးဘက်ဆိုင်ရာရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လိုက်ပါလာသူ(၃)ဦး ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ(၃)ဦးအနက် အမျိုးသမီးတစ်ဦးကို ပျက်ကျသွားတဲ့ရဟတ်ယာဉ်ရဲ့ ကိုယ်ထည်အောက်ကနေ ဆွဲထုတ်ခဲ့ရတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာရဟတ်ယာဉ်ဟာ လူနာတစ်ဦးကို ဆေးရုံကိုပို့ဆောင်ခဲ့ပြီးနောက် ပြန်လာတဲ့လမ်းမှာ ယခုလို ပျက်ကျခဲ့တာဖြစ်တယ်လို့ Sacramento မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ဂျက်စတင်ဆလိုက်ဗီးယားက ပြောကြားခဲ့ပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်မှူး၊သူနာပြုတစ်ဦးနဲ့ ဆေးဘက်ဆိုင်ရာ အကူတစ်ဦးတို့ကို စိုးရိမ်ရတဲ့အခြေအနေတွေနဲ့ ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ရတယ်လို့ ဂျက်စတင်ဆလိုက်ဗီးယား က ပြောကြားခဲ့ပါတယ်။
ရဟတ်ယာဉ်ဟာ အဝေးပြေးလမ်းမပေါ်မှာ ပျက်ကျခဲ့ပေမယ့်လည်း အဝေးပြေးလမ်းမပေါ်မှာရှိတဲ့လူတွေ ထိခိုက် ဒဏ်ရာရရှိခဲ့တာမျိုး မရှိခဲ့ဘူးလို့ ဂျက်စတင်ဆလိုက်ဗီးယားကပြောကြားခဲ့ပါတယ်။ ၎င်းက “ရဟတ်ယာဉ်တစ်စင်း ဟာ အောက်ကို ဖြည်းဖြည်းချင်းနိမ့်ဆင်းလာတာကိုတွေ့မြင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြားခဲ့ပါ တယ်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ယာဉ်အသွားအလာအားလုံး ရပ်ဆိုင်းသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္မွာ ေဆးဘက္ဆိုင္ရာရဟတ္ယာဥ္တစ္စင္း ပ်က္က်
Pika (NP News) - ေအာက္တိုဘာ ၈
အေမရိကန္ႏိုင္ငံ Sacramento ၿမိဳ႕က အေဝးေျပးလမ္းမတစ္ခုေပၚကို ေဆးဘက္ဆိုင္ရာရဟတ္ယာဥ္တစ္စင္း ပ်က္က်ခဲ့ရာ လိုက္ပါလာသူ(၃)ဦး ျပင္းျပင္းထန္ထန္ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ထိခိုက္ဒဏ္ရာရရွိသူ(၃)ဦးအနက္ အမ်ိဳးသမီးတစ္ဦးကို ပ်က္က်သြားတဲ့ရဟတ္ယာဥ္ရဲ႕ ကိုယ္ထည္ေအာက္ကေန ဆြဲထုတ္ခဲ့ရတာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
ေဆးဘက္ဆိုင္ရာရဟတ္ယာဥ္ဟာ လူနာတစ္ဦးကို ေဆး႐ုံကိုပို႔ေဆာင္ခဲ့ၿပီးေနာက္ ျပန္လာတဲ့လမ္းမွာ ယခုလို ပ်က္က်ခဲ့တာျဖစ္တယ္လို႔ Sacramento မီးသတ္ဌာန ေျပာေရးဆိုခြင့္ရွိသူ ဂ်က္စတင္ဆလိုက္ဗီးယားက ေျပာၾကားခဲ့ပါတယ္။ ရဟတ္ယာဥ္ပ်က္က်မႈျဖစ္ပြားခဲ့ၿပီးေနာက္ ေလယာဥ္မႉး၊သူနာျပဳတစ္ဦးနဲ႔ ေဆးဘက္ဆိုင္ရာ အကူတစ္ဦးတို႔ကို စိုးရိမ္ရတဲ့အေျခအေနေတြနဲ႔ ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ခဲ့ရတယ္လို႔ ဂ်က္စတင္ဆလိုက္ဗီးယား က ေျပာၾကားခဲ့ပါတယ္။
ရဟတ္ယာဥ္ဟာ အေဝးေျပးလမ္းမေပၚမွာ ပ်က္က်ခဲ့ေပမယ့္လည္း အေဝးေျပးလမ္းမေပၚမွာရွိတဲ့လူေတြ ထိခိုက္ ဒဏ္ရာရရွိခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ ဂ်က္စတင္ဆလိုက္ဗီးယားကေျပာၾကားခဲ့ပါတယ္။ ၎က “ရဟတ္ယာဥ္တစ္စင္း ဟာ ေအာက္ကို ျဖည္းျဖည္းခ်င္းနိမ့္ဆင္းလာတာကိုေတြ႕ျမင္ခဲ့တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာၾကားခဲ့ပါ တယ္။ ရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ယာဥ္အသြားအလာအားလုံး ရပ္ဆိုင္းသြားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.