ရုရှားသမ္မတပူတင်ကို မုန်းတီးတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီး ပြော

 119

Pika (NP News) - အောက်တိုဘာ ၁၉

ရုရှားသမ္မတပူတင်က ၎င်းကိုမုန်းတီးသလို ၎င်းကလည်း ပူတင်ကို မုန်းတီးတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဇီလန်စကီးဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီးနောက် ယခုလိုထုတ်ဖော် ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဇီလန်စကီး က “ပူတင်က ကျွန်တော့်ကို မုန်းတီးပါတယ်” လို့ ပြောခဲ့ပါတယ်။
ပူတင်ကို မုန်းတီးသလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဇီလန်စကီးက ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ တယ်လို့လည်း သိရပါတယ်။ ဇီလန်စကီးက “ကျွန်တော်တို့အားလုံးကို သတ်ဖို့ကြိုးပမ်းနေတဲ့လူကို မမုန်းတီးဘူးလို့ မဖြေချင်ပါဘူး။ ကျွန်တော်လည်း ပူတင်ကို မုန်းတီးပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် လက်ရှိရှေ့တန်း တစ်လျှောက် အပစ်အခတ်ရပ်စဲရေးချက်ချင်းလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်ရဲ့တောင်းဆိုချက်တွေကို ဇီလန်စကီးက ထောက်ခံခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးလိမ့်မှာလားဆိုတာကို ရှင်းရှင်းလင်းလင်းပြောကြားဖို့ တောင်းဆိုမှုတွေကို ဇီလန်စကီး က ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားသမၼတပူတင္ကို မုန္းတီးတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီး ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၉
႐ုရွားသမၼတပူတင္က ၎ကိုမုန္းတီးသလို ၎ကလည္း ပူတင္ကို မုန္းတီးတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ဇီလန္စကီးဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုလိုထုတ္ေဖာ္ ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ ဇီလန္စကီး က “ပူတင္က ကြၽန္ေတာ့္ကို မုန္းတီးပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ပူတင္ကို မုန္းတီးသလားဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ဇီလန္စကီးက ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့ တယ္လို႔လည္း သိရပါတယ္။ ဇီလန္စကီးက “ကြၽန္ေတာ္တို႔အားလုံးကို သတ္ဖို႔ႀကိဳးပမ္းေနတဲ့လူကို မမုန္းတီးဘူးလို႔ မေျဖခ်င္ပါဘူး။ ကြၽန္ေတာ္လည္း ပူတင္ကို မုန္းတီးပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ လက္ရွိေရွ႕တန္း တစ္ေလွ်ာက္ အပစ္အခတ္ရပ္စဲေရးခ်က္ခ်င္းလုပ္ေဆာင္ဖို႔ ေဒၚနယ္ထရမ့္ရဲ႕ေတာင္းဆိုခ်က္ေတြကို ဇီလန္စကီးက ေထာက္ခံခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း အေမရိကန္က ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ ေထာက္ပံ့ေပးလိမ့္မွာလားဆိုတာကို ရွင္းရွင္းလင္းလင္းေျပာၾကားဖို႔ ေတာင္းဆိုမႈေတြကို ဇီလန္စကီး က ျငင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.