ရုရှားနိုင်ငံတောင်ပိုင်းက ဓါတုစက်ရုံတစ်ခုပေါက်ကွဲခဲ့ပြီး အနည်းဆုံးလူ(၃)ဦးသေဆုံး

 135

Pika (NP News) - အောက်တိုဘာ ၁၉

ရုရှားနိုင်ငံတောင်ပိုင်းက ဓါတုစက်ရုံတစ်ခုမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၃)ဦးသေဆုံးပြီး အခြားလူ(၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပေါက်ကွဲမှုဘာကြောင့် ဖြစ်ပွားရသလဲ ဆိုတဲ့အချက်တွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Bashkortostan ဒေသမှာရှိတဲ့ Avangard စက်ရုံဟာ ယူကရိန်းမှာလုပ်ဆောင်နေတဲ့ ရုရှားရဲ့စစ်ပွဲအတွက် စစ်လက်နက်ပစ္စည်းတွေနဲ ခဲယမ်းမီးကျည်တွေ ထုတ်လုပ်ပေးတဲ့ စက်ရုံတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ရုရှားရဲ့အဓိကရေနံချက်စက်ရုံကြီးတစ်ခုကို ပစ်မှတ်ထားတဲ့ ယူကရိန်းဒရုန်းတွေဟာ ပြီးခဲ့တဲ့လတွေအတွင်း Bashkortostan ဒေသကို ဝင်ရောက်လာခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Radiy Khabirov က “Avangard စက်ရုံမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ(၃)ဦး သေဆုံးခဲ့ပြီး အခြားလူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ထိခိုက်ဒဏ်ရာရရှိသူ(၅)ဦးအနက် နှစ်ဦးဟာ စိုးရိမ်ရတဲ့အခြေအနေတွေမှာ ရှိနေတယ်လို့လည်း Radiy Khabirov က ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi Version:
႐ုရွားႏိုင္ငံေတာင္ပိုင္းက ဓါတုစက္႐ုံတစ္ခုေပါက္ကြဲခဲ့ၿပီး အနည္းဆုံးလူ(၃)ဦးေသဆုံး
Pika (NP News) - ေအာက္တိုဘာ ၁၉
႐ုရွားႏိုင္ငံေတာင္ပိုင္းက ဓါတုစက္႐ုံတစ္ခုမွာ ေပါက္ကြဲမႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၃)ဦးေသဆုံးၿပီး အျခားလူ(၅)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ေပါက္ကြဲမႈဘာေၾကာင့္ ျဖစ္ပြားရသလဲ ဆိုတဲ့အခ်က္ေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးမႉး က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
Bashkortostan ေဒသမွာရွိတဲ့ Avangard စက္႐ုံဟာ ယူကရိန္းမွာလုပ္ေဆာင္ေနတဲ့ ႐ုရွားရဲ႕စစ္ပြဲအတြက္ စစ္လက္နက္ပစၥည္းေတြနဲ ခဲယမ္းမီးက်ည္ေတြ ထုတ္လုပ္ေပးတဲ့ စက္႐ုံတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ ႐ုရွားရဲ႕အဓိကေရနံခ်က္စက္႐ုံႀကီးတစ္ခုကို ပစ္မွတ္ထားတဲ့ ယူကရိန္းဒ႐ုန္းေတြဟာ ၿပီးခဲ့တဲ့လေတြအတြင္း Bashkortostan ေဒသကို ဝင္ေရာက္လာခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။
ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးမႉး Radiy Khabirov က “Avangard စက္႐ုံမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့တာေၾကာင့္ အနည္းဆုံး လူ(၃)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ေပါက္ကြဲမႈျဖစ္ပြားရတဲ့ အေၾကာင္းအရင္းေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ထိခိုက္ဒဏ္ရာရရွိသူ(၅)ဦးအနက္ ႏွစ္ဦးဟာ စိုးရိမ္ရတဲ့အေျခအေနေတြမွာ ရွိေနတယ္လို႔လည္း Radiy Khabirov က ထုတ္ျပန္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.