ငြိမ်းချမ်းရေးအတွက် မျိုးဆက်သစ်လူငယ်များကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်လို

154

ပီယ (NP News) - အောက်တိုဘာ ၂၅
ငြိမ်းချမ်းရေး အတွက် မျိုးဆက်သစ်လူငယ်များကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်လိုကြောင်း NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က အောက်တိုဘာလ ၂၄ ရက်က ပြုလုပ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးတွင် ပြောသည်။
အစည်းအဝေးသို့ NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီးဌာနများမှဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို စနစ်တကျကျင်းပဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လုပ်ငန်း ကော်မတီများကလည်း အချင်းချင်းဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် NCA ဆိုင်ရာအကြံပြုချက် စုစုပေါင်း (၉၃) ချက်ရရှိခဲ့ကြောင်း၊ အချို့ အချက် များသည်အကျိုးရှိသည့် အကြံပြုချက်များဖြစ်ကြောင်း၊ လူငယ်များသည် ငြိမ်းချမ်းရေးကို စိတ်ဝင်စားသည်ကို တွေ့ရှိရကြောင်း၊ NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး နောင်ကျင်းပမည့်အခမ်းအနားများ၌ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး က ထည့်သွင်းပြောကြားသည်။
ငြိမ်းချမ်းရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည်ဟု သုံးသပ်တွေ့ရှိရပြီး ငြိမ်းချမ်းရေး အတွက် မျိုးဆက်သစ်လူငယ်များကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်လိုကြောင်း၊ ငြိမ်းချမ်းရေးကို အထောက် အကူပြုသည့် ဒေသစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ NCA အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲမှရရှိလာသည့် အကြံပြုချက်များကို နောင်အစိုးရသစ်လက်ထက်၌ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည့်အကြံပြုချက်ကောင်းများဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လိုအပ်သလို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးကြစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးအတြက္ မ်ိဳးဆက္သစ္လူငယ္မ်ားကို ေလ့က်င့္သင္ၾကား ေမြးထုတ္ေပးရန္လို
ပီယ (NP News) - ေအာက္တိုဘာ ၂၅
ၿငိမ္းခ်မ္းေရး အတြက္ မ်ိဳးဆက္သစ္လူငယ္မ်ားကို ေလ့က်င့္သင္ၾကား ေမြးထုတ္ေပးရန္လိုေၾကာင္း NCA (၁၀) ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔အခမ္းအနားက်င္းပေရးဦးစီးေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က ေအာက္တိုဘာလ ၂၄ ရက္က ျပဳလုပ္ေသာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) (၁၀)ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔အခမ္းအနား ျပန္လည္သုံးသပ္ျခင္းအစည္းအေဝးတြင္ ေျပာသည္။
အစည္းအေဝးသို႔ NCA (၁၀)ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔အခမ္းအနားက်င္းပေရး ဦးစီးေကာ္မတီဥကၠ႒ ျပည္ေထာင္စု ဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရး ေကာ္မတီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းႏိုင္ႏွင့္ ေကာ္မတီဝင္မ်ား၊ ဦးစီးေကာ္မတီအဖြဲ႕ဝင္မ်ား ျဖစ္ၾက သည့္ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားမွဒုတိယဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။
NCA (၁၀)ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔အခမ္းအနားကို စနစ္တက်က်င္းပေဆာင္႐ြက္ႏိုင္ခဲ့ပါေၾကာင္း၊ လုပ္ငန္း ေကာ္မတီမ်ားကလည္း အခ်င္းခ်င္းဟန္ခ်က္ညီညီ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ၾကပါေၾကာင္း၊ အလုပ္႐ုံ ေဆြးေႏြးပြဲတြင္ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ NCA ဆိုင္ရာအႀကံျပဳခ်က္ စုစုေပါင္း (၉၃) ခ်က္ရရွိခဲ့ေၾကာင္း၊ အခ်ိဳ႕ အခ်က္ မ်ားသည္အက်ိဳးရွိသည့္ အႀကံျပဳခ်က္မ်ားျဖစ္ေၾကာင္း၊ လူငယ္မ်ားသည္ ၿငိမ္းခ်မ္းေရးကို စိတ္ဝင္စားသည္ကို ေတြ႕ရွိရေၾကာင္း၊ NCA (၁၀)ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔အခမ္းအနား၏ အားသာခ်က္၊ အားနည္းခ်က္မ်ားကို ျပန္လည္သုံးသပ္ၿပီး ေနာင္က်င္းပမည့္အခမ္းအနားမ်ား၌ လိုအပ္သလို ျဖည့္ဆည္းေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး က ထည့္သြင္းေျပာၾကားသည္။
ၿငိမ္းခ်မ္းေရးအတြက္ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ရန္ လိုအပ္ေနသည္ဟု သုံးသပ္ေတြ႕ရွိရၿပီး ၿငိမ္းခ်မ္းေရး အတြက္ မ်ိဳးဆက္သစ္လူငယ္မ်ားကို ေလ့က်င့္သင္ၾကား ေမြးထုတ္ေပးရန္လိုေၾကာင္း၊ ၿငိမ္းခ်မ္းေရးကို အေထာက္ အကူျပဳသည့္ ေဒသစီးပြားဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးရန္လိုအပ္ေၾကာင္း၊ NCA အထိမ္းအမွတ္ အလုပ္႐ုံေဆြးေႏြးပြဲမွရရွိလာသည့္ အႀကံျပဳခ်က္မ်ားကို ေနာင္အစိုးရသစ္လက္ထက္၌ ဆက္လက္အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မည့္အႀကံျပဳခ်က္ေကာင္းမ်ားျဖစ္သည့္အတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားအေနျဖင့္ လိုအပ္သလို ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေပးၾကေစလိုေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။