ယူကရိန်းစစ်သားတွေရဲ့ရုပ်အလောင်း(၁၀၀၀)ကို ရုရှားက ပြန်လည်ပေးအပ်ခဲ့တယ်လို့ ယူကရိန်းအစိုးရသတင်း ထုတ်ပြန်

185

Pika (NP News) - အောက်တိုဘာ ၂၆
ရုရှားအစိုးရက ယူကရိန်းစစ်သားတွေရဲ့ရုပ်အလောင်း(၁၀၀၀)လောင်းကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ ယူကရိန်း အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီစစ်သားတွေရဲ့ရုပ်အလောင်းတွေဟာ တိုက်ပွဲတွေအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ စစ်သားတွေရဲ့ရုပ်အလောင်းတွေဖြစ်တယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။
စစ်သုံ့ပန်းတွေနဲ့ သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်လဲလှယ်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ရုရှားနဲ့ယူကရိန်းတို့ကြားရရှိခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အချို့ထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ယူကရိန်းအစိုးရက “တိုက်ပွဲတွေအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ယူကရိန်းစစ်သားရုပ်အလောင်း(၁၀၀၀)ကို ရုရှားက ပြန်လည်ပေးအပ်ခဲ့ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း နှစ်ဘက်စလုံးက သိသာထင်ရှားတဲ့သဘောတူညီချက်တွေကို ရယူနိုင်တာမျိုး တော့ မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့လတွေအတွင်း ရုရှားနဲ့ယူကရိန်းတို့ဟာ အကျဉ်းသား အပြန်အလှန်လဲလှယ်မှုတွေနဲ့ သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ ပြန်လည်ပေးအပ်မှုကို အကြိမ်ပေါင်း များစွာ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းစစ္သားေတြရဲ႕႐ုပ္အေလာင္း(၁၀၀၀)ကို ႐ုရွားက ျပန္လည္ေပးအပ္ခဲ့တယ္လို႔ ယူကရိန္းအစိုးရသတင္း ထုတ္ျပန္
Pika (NP News) - ေအာက္တိုဘာ ၂၆
႐ုရွားအစိုးရက ယူကရိန္းစစ္သားေတြရဲ႕႐ုပ္အေလာင္း(၁၀၀၀)ေလာင္းကို ျပန္လည္ေပးအပ္ခဲ့တယ္လို႔ ယူကရိန္း အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီစစ္သားေတြရဲ႕႐ုပ္အေလာင္းေတြဟာ တိုက္ပြဲေတြအတြင္းမွာ က်ဆုံးသြားခဲ့တဲ့ စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြျဖစ္တယ္လို႔ ႐ုရွားအစိုးရက ေျပာၾကားခဲ့ပါတယ္။
စစ္သုံ႔ပန္းေတြနဲ႔ ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္လဲလွယ္မႈဟာ ႐ုရွား-ယူကရိန္းစစ္ပြဲ စတင္ျဖစ္ပြားခဲ့တဲ့ (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္း ႐ုရွားနဲ႔ယူကရိန္းတို႔ၾကားရရွိခဲ့တဲ့ ပူးေပါင္းေဆာင္႐ြက္မႈ နယ္ပယ္အခ်ိဳ႕ထဲက တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
ယူကရိန္းအစိုးရက “တိုက္ပြဲေတြအတြင္းမွာ က်ဆုံးသြားခဲ့တဲ့ ယူကရိန္းစစ္သား႐ုပ္အေလာင္း(၁၀၀၀)ကို ႐ုရွားက ျပန္လည္ေပးအပ္ခဲ့ပါတယ္” လို႔ ထုတ္ျပန္ခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ႏွစ္ဘက္စလုံးက သိသာထင္ရွားတဲ့သေဘာတူညီခ်က္ေတြကို ရယူႏိုင္တာမ်ိဳး ေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့လေတြအတြင္း ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အက်ဥ္းသား အျပန္အလွန္လဲလွယ္မႈေတြနဲ႔ ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ ျပန္လည္ေပးအပ္မႈကို အႀကိမ္ေပါင္း မ်ားစြာ လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။