အမေရိကန်ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲဟာ ဥရောပကို မူးယစ်ဆေးဝါးတွေနဲ့ လွှမ်းမိုးသွားစေနိုင်တယ်လို့ ဂျာမနီအစိုးရသတိပေး

207

Pika (NP News) - အောက်တိုဘာ ၂၇
ကာရေဘီယံနဲ့ ပစိဖိတ်ပင်လယ်ပြင်တို့မှာရှိတဲ့ မူးယစ်မှောင်ခိုသင်္ဘောတွေကို အမေရိကန်ရဲ့ပစ်မှတ်ထား တိုက်ခိုက် မှုတွေကြောင့် ရလဒ်အနေနဲ့ မူးယစ်းဆေးဝါး ဝင်ရောက်မှုမြင့်တက်လာတာတွေကို ဥရောပက ကြုံတွေ့ရနိုင် တယ်လို့ ဂျာမနီအရာရှိတစ်ဦးက သတိပေးပြောဆိုခဲ့ပါတယ်။
ကိုလံဘီယာ နဲ့ ဗင်နီဇွဲလားနိုင်ငံတို့မှာရှိတဲ့ မူးယစ်ဂိုဏ်းတွေအပေါ် အမေရိကန်ရဲ့ပြင်းထန်တဲ့ နှိမ်နှင်းမှုတွေဟာ ဥရောပရဲ့မူးယစ်ဆေးဝါးပြဿနာကို ပိုမိုဆိုးရွားလာစေနိုင်တယ်လို့ ဂျာမနီမူးယစ်ဆေးဝါးကော်မရှင်နာ Hendrik Streeck က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် မူးယစ်ဆေးဝါးမှောင်ခိုသမားတွေဟာ ၎င်းတို့ရဲ့သယ်ယူ ပို့ဆောင်မှုလမ်းကြောင်းတွေကို ပင်လယ်ပြင်နဲ့ကုန်းမြေတို့ကနေတစ်ဆင့် ပြောင်းလဲနိုင်ပြီး အွန်လိုင်းပေါ်အထိပါ တိုးချဲ့နိုင်တယ်လို့ Hendrik Streeck က သတိပေးပြောဆိုခဲ့ပါတယ်။
Hendrik Streeck က “ရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းပေါ်မှာပါ တိုးချဲ့မှုတွေလုပ်ဆောင်လာတာကို တွေ့မြင်ခဲ့ရပြီးပါပြီ” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ကိုကင်းဈေးနှုန်းတွေကျဆင်းလာမှု၊ဆေးစွဲနေတဲ့လူငယ်တွေနဲ့ အသက်(၃၀)နှစ်အောက်လူတွေမှာ မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့သေဆုံးမှုတွေ မြင့်တက်လာမှုတို့ကို ကိုးကားပြီး ဂျာမနီနိုင်ငံမှာ ကြီးထွားလာနေတဲ့အကျပ်အတည်းတစ်ခုကို Hendrik Streeck က သတိပေးပြောဆိုခဲ့တယ် လို့လည်း သိရပါတယ်။ ဂျာမနီနိုင်ငံဟာ ကြီးမားတဲ့မူးယစ်ဆေးဝါးပြဿနာကို ရင်ဆိုင်နေရတယ်လို့လည်း ပြည်ထဲရေးဝန်ကြီး Alexander Dobrindt က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ရဲ႕ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးစစ္ပြဲဟာ ဥေရာပကို မူးယစ္ေဆးဝါးေတြနဲ႔ လႊမ္းမိုးသြားေစႏိုင္တယ္လို႔ ဂ်ာမနီအစိုးရသတိေပး
Pika (NP News) - ေအာက္တိုဘာ ၂၇
ကာေရဘီယံနဲ႔ ပစိဖိတ္ပင္လယ္ျပင္တို႔မွာရွိတဲ့ မူးယစ္ေမွာင္ခိုသေဘၤာေတြကို အေမရိကန္ရဲ႕ပစ္မွတ္ထား တိုက္ခိုက္ မႈေတြေၾကာင့္ ရလဒ္အေနနဲ႔ မူးယစ္းေဆးဝါး ဝင္ေရာက္မႈျမင့္တက္လာတာေတြကို ဥေရာပက ႀကဳံေတြ႕ရႏိုင္ တယ္လို႔ ဂ်ာမနီအရာရွိတစ္ဦးက သတိေပးေျပာဆိုခဲ့ပါတယ္။
ကိုလံဘီယာ နဲ႔ ဗင္နီဇြဲလားႏိုင္ငံတို႔မွာရွိတဲ့ မူးယစ္ဂိုဏ္းေတြအေပၚ အေမရိကန္ရဲ႕ျပင္းထန္တဲ့ ႏွိမ္ႏွင္းမႈေတြဟာ ဥေရာပရဲ႕မူးယစ္ေဆးဝါးျပႆနာကို ပိုမိုဆိုး႐ြားလာေစႏိုင္တယ္လို႔ ဂ်ာမနီမူးယစ္ေဆးဝါးေကာ္မရွင္နာ Hendrik Streeck က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ မူးယစ္ေဆးဝါးေမွာင္ခိုသမားေတြဟာ ၎တို႔ရဲ႕သယ္ယူ ပို႔ေဆာင္မႈလမ္းေၾကာင္းေတြကို ပင္လယ္ျပင္နဲ႔ကုန္းေျမတို႔ကေနတစ္ဆင့္ ေျပာင္းလဲႏိုင္ၿပီး အြန္လိုင္းေပၚအထိပါ တိုးခ်ဲ႕ႏိုင္တယ္လို႔ Hendrik Streeck က သတိေပးေျပာဆိုခဲ့ပါတယ္။
Hendrik Streeck က “ရာဇဝတ္ဂိုဏ္းေတြဟာ အြန္လိုင္းေပၚမွာပါ တိုးခ်ဲ႕မႈေတြလုပ္ေဆာင္လာတာကို ေတြ႕ျမင္ခဲ့ရၿပီးပါၿပီ” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ ကိုကင္းေဈးႏႈန္းေတြက်ဆင္းလာမႈ၊ေဆးစြဲေနတဲ့လူငယ္ေတြနဲ႔ အသက္(၃၀)ႏွစ္ေအာက္လူေတြမွာ မူးယစ္ေဆးဝါးနဲ႔ဆက္စပ္တဲ့ေသဆုံးမႈေတြ ျမင့္တက္လာမႈတို႔ကို ကိုးကားၿပီး ဂ်ာမနီႏိုင္ငံမွာ ႀကီးထြားလာေနတဲ့အက်ပ္အတည္းတစ္ခုကို Hendrik Streeck က သတိေပးေျပာဆိုခဲ့တယ္ လို႔လည္း သိရပါတယ္။ ဂ်ာမနီႏိုင္ငံဟာ ႀကီးမားတဲ့မူးယစ္ေဆးဝါးျပႆနာကို ရင္ဆိုင္ေနရတယ္လို႔လည္း ျပည္ထဲေရးဝန္ႀကီး Alexander Dobrindt က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။