ကျိုင်းတုံ-တောင်ကြီး တောင်အဆင်းလမ်းတွင် အမျိုးသား (၈) ဦးပါ ကားတိမ်းမှောက်၍ (၂) ဦးသေဆုံး

 542

သန့်ဇင်(NP News)-နိုဝင်ဘာ ၃
ရှမ်းပြည်နယ်၊ ကျိုင်းတုံ-တောင်ကြီး စပါယ်ရှယ်တောင်အဆင်းလမ်းတွင် အမျိုးသား (၈)ဦးပါ ကားတိမ်းမှောက်၍ (၂)ဦးသေဆုံးသွား ခဲ့ကြောင်း တိုင်းနေနာရေးကူညီမှုအသင်းထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(နိုဝင်ဘာ ၂ရက်) ညနေ ၅နာရီဝန်းကျင်အချိန်ခန့်က ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွား ကာလမ်း၊ စပါယ်ရှယ်တောင်အဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားမှောက်တယ်ဆိုလို့သွားကူတာ။ ကားက နတ်မောက်ကားလို့သိရတယ်။ အမျိုးသားတွေချည်းပါလာတာ။ တောင်အဆင်းမှာ ဘယ်လိုဖြစ်ပြီးမှောက်တာလဲတော့မသိဘူး။ မီးလိုင်းပြင်တဲ့လူတွေပါတဲ့ကားလို့တော့ ပြောကြတယ်”ဟု တိုင်းနေနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် အသက် (၃၀) နှစ်ဝန်းကျင်အမျိုးသား (၂)ဦးတွင် ထိခိုက်ဒဏ်ရများရရှိကာ သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား (၆) ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“(၈)ယောက်လောက်ပါတယ်။ (၂) ဦးဆုံးတာ။ အသက်က (၃၀)ကျော်တွေ။ တစ်ယောက်ကလမ်းမှာ ဆုံးတာ။ နောက်တစ်ယောက်က ဆေးရုံရောက်တော့ ဆုံးတာ”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ထို့နောက် သေဆုံးထိခိုက်ဒဏ်ရာရရှိသူများအား တိုင်းနေနာရေးကူညီမှုအသင်းက ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
က်ိဳင္းတုံ-ေတာင္ႀကီး ေတာင္အဆင္းလမ္းတြင္ အမ်ိဳးသား (၈) ဦးပါ ကားတိမ္းေမွာက္၍ (၂) ဦးေသဆုံး
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၃
ရွမ္းျပည္နယ္၊ က်ိဳင္းတုံ-ေတာင္ႀကီး စပါယ္ရွယ္ေတာင္အဆင္းလမ္းတြင္ အမ်ိဳးသား (၈)ဦးပါ ကားတိမ္းေမွာက္၍ (၂)ဦးေသဆုံးသြား ခဲ့ေၾကာင္း တိုင္းေနနာေရးကူညီမႈအသင္းထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယမန္ေန႔(ႏိုဝင္ဘာ ၂ရက္) ညေန ၅နာရီဝန္းက်င္အခ်ိန္ခန႔္က က်ိဳင္းတုံၿမိဳ႕နယ္၊ က်ိဳင္းတုံ-ေတာင္ႀကီးသြား ကာလမ္း၊ စပါယ္ရွယ္ေတာင္အဆင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကားေမွာက္တယ္ဆိုလို႔သြားကူတာ။ ကားက နတ္ေမာက္ကားလို႔သိရတယ္။ အမ်ိဳးသားေတြခ်ည္းပါလာတာ။ ေတာင္အဆင္းမွာ ဘယ္လိုျဖစ္ၿပီးေမွာက္တာလဲေတာ့မသိဘူး။ မီးလိုင္းျပင္တဲ့လူေတြပါတဲ့ကားလို႔ေတာ့ ေျပာၾကတယ္”ဟု တိုင္းေနနာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင့္ အသက္ (၃၀) ႏွစ္ဝန္းက်င္အမ်ိဳးသား (၂)ဦးတြင္ ထိခိုက္ဒဏ္ရမ်ားရရွိကာ ေသဆုံးသြားခဲ့ၿပီး က်န္အမ်ိဳးသား (၆) ဦးတြင္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“(၈)ေယာက္ေလာက္ပါတယ္။ (၂) ဦးဆုံးတာ။ အသက္က (၃၀)ေက်ာ္ေတြ။ တစ္ေယာက္ကလမ္းမွာ ဆုံးတာ။ ေနာက္တစ္ေယာက္က ေဆး႐ုံေရာက္ေတာ့ ဆုံးတာ”ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။

ထို႔ေနာက္ ေသဆုံးထိခိုက္ဒဏ္ရာရရွိသူမ်ားအား တိုင္းေနနာေရးကူညီမႈအသင္းက က်ိဳင္းတုံၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.