BLACKPINK ရဲ့ အဖွဲ့ဝင် ရိုစ့် နဲ့ အမျိုးသမီး K Pop အဖွဲ့ KATSEYE ဟာ K Pop သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဂရမ်မီဆုအတွက် ဆန်ကာတင်စာရင်းဝင်

 162

ရောင်နီ (NP News) - နိုဝင်ဘာ ၉

BLACKPINK အဖွဲ့ ဝင် ရိုစ့် နဲ့ Netflix ရဲ့ 'K-Pop Demon Hunters' ဇာတ်ကားထဲက "Golden" သီချင်းကို နောက်ခံသီဆိုခဲ့တဲ့ အမျိုးသမီး K Pop အဖွဲ့ KATSEYE ဟာ K Pop သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဂရမ်မီ ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ဂရမ်မီ ဆုပေးပွဲကို စီစဉ်တဲ့ The Recording Academy က ၂၀၂၆ ခုနှစ်မှာ ကျင်းပမယ့် ၆၈ ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲအခမ်းအနားအတွက် နောက်ဆုံးဆန်ခါတင်စာရင်းကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက ကြေညာခဲ့ တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ထွက်ရှိခဲ့တဲ့ ရိုစ့် နဲ့ ဘရူမားစ် collaborate လုပ်ကာ သီဆိုခဲ့တဲ့ "APT.” သီချင်းဟာ Record of the Year ၊ Song of the Year၊ Best Pop Duo/Group Performance ဆုအတွက် ဆန်ခါတင် စာရင်းဝင်ခဲ့ပါတယ်။ ဒါအပြင် အမျိုးသမီး K Pop အဖွဲ့ KATSEYE ဟာလည်း Netflix ရဲ့ Animation ရုပ်ရှင် "K Pop Demon Hunter" ထဲက "Golden" ဇာတ်ဝင်တေးနဲ့ တစ်နှစ်တာအကောင်းဆုံးသီချင်းဆု၊ "Gabriela" သီချင်းနဲ့ ကောင်းဆုံး Pop Duo/Group Performance၊ အကောင်းဆုံး Remixed Recording၊ Best New Artist နဲ့ အကောင်းဆုံး Visual Media အပါအဝင် ဆု ၅ ခုအတွက် ဆန်ကာတင်စာရင်း ဝင်ခဲ့တယ်လို့ သိရပါတယ်။ ဂရမ်မီ ဆန်ကာတင်စာရင်းမှာ K Pop အနုပညာရှင်တွေ ပါဝင်လာတာဟာ သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး K-pop ရဲ့ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးလာမှုကို မီးမောင်းထိုးပြနေပါတယ်။

Zawgyi Version;
BLACKPINK ရဲ႕ အဖြဲ႕ဝင္ ႐ိုစ့္ နဲ႔ အမ်ိဳးသမီး K Pop အဖြဲ႕ KATSEYE ဟာ K Pop သမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ဂရမ္မီဆုအတြက္ ဆန္ကာတင္စာရင္းဝင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၉
BLACKPINK အဖြဲ႕ ဝင္ ႐ိုစ့္ နဲ႔ Netflix ရဲ႕ 'K-Pop Demon Hunters' ဇာတ္ကားထဲက "Golden" သီခ်င္းကို ေနာက္ခံသီဆိုခဲ့တဲ့ အမ်ိဳးသမီး K Pop အဖြဲ႕ KATSEYE ဟာ K Pop သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ဂရမ္မီ ဆုေပးပြဲအတြက္ ဆန္ခါတင္စာရင္းမွာ ပါဝင္ခဲ့ပါတယ္။
ဂရမ္မီ ဆုေပးပြဲကို စီစဥ္တဲ့ The Recording Academy က ၂၀၂၆ ခုႏွစ္မွာ က်င္းပမယ့္ ၆၈ ႀကိမ္ေျမာက္ ဂရမ္မီ ဆုေပးပြဲအခမ္းအနားအတြက္ ေနာက္ဆုံးဆန္ခါတင္စာရင္းကို ႏိုဝင္ဘာ ၈ ရက္ နံနက္ပိုင္းက ေၾကညာခဲ့ တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလက ထြက္ရွိခဲ့တဲ့ ႐ိုစ့္ နဲ႔ ဘ႐ူမားစ္ collaborate လုပ္ကာ သီဆိုခဲ့တဲ့ "APT.” သီခ်င္းဟာ Record of the Year ၊ Song of the Year၊ Best Pop Duo/Group Performance ဆုအတြက္ ဆန္ခါတင္ စာရင္းဝင္ခဲ့ပါတယ္။ ဒါအျပင္ အမ်ိဳးသမီး K Pop အဖြဲ႕ KATSEYE ဟာလည္း Netflix ရဲ႕ Animation ႐ုပ္ရွင္ "K Pop Demon Hunter" ထဲက "Golden" ဇာတ္ဝင္ေတးနဲ႔ တစ္ႏွစ္တာအေကာင္းဆုံးသီခ်င္းဆု၊ "Gabriela" သီခ်င္းနဲ႔ ေကာင္းဆုံး Pop Duo/Group Performance၊ အေကာင္းဆုံး Remixed Recording၊ Best New Artist နဲ႔ အေကာင္းဆုံး Visual Media အပါအဝင္ ဆု ၅ ခုအတြက္ ဆန္ကာတင္စာရင္း ဝင္ခဲ့တယ္လို႔ သိရပါတယ္။ ဂရမ္မီ ဆန္ကာတင္စာရင္းမွာ K Pop အႏုပညာရွင္ေတြ ပါဝင္လာတာဟာ သမိုင္းတေလွ်ာက္မွာ ပထမဆုံးအႀကိမ္ျဖစ္ၿပီး K-pop ရဲ႕ကမာၻလုံးဆိုင္ရာ လႊမ္းမိုးလာမႈကို မီးေမာင္းထိုးျပေနပါတယ္။

Related news

© 2021. All rights reserved.