“ရုပ်ရှင်၊ ဂီတ၊ သဘင် ကဏ္ဍအသီးသီးမှ အနုပညာရှင်များစွာ ရွေးကောက်ပွဲကမ်ပိန်းတွေမှာ ပါဝင်လာ”

3199

အိဖြူ (NP News) - နိုဝင်ဘာ ၁၆
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “ရွေးကောက်ပွဲအတွက် အနုပညာရှင်တွေရဲ့ ပူးပေါင်းမှု၊ အဆိုတော်ရေမွန် မိခင် ဒေါ်ခင်မြတ်မွန်ရဲ့အသိပေးမှု၊ မိဘနှစ်ပါးရဲ့ဘာသာရေးလွန်ဆွဲမှုကြားက သမီးငယ် လေးရဲ့အဖြစ်” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။
ရွေးကောက်ပွဲ အသိပညာပေး ကမ်းပိန်းမှာပါဝင်လာတဲ့ အနုပညာရှင်များ
လာမယ့် (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်မှာစတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ အနုပညာကဏ္ဍအသီးသီးမှ အနုပညာရှင် များစွာ ပူးပေါင်းပါဝင်လာကြပြီဖြစ်ရာ ၎င်းတို့ရိုက်ကူးထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှု ရုပ်သံတွေ ကိုလည်း ထုတ်လွှင့်ပြသလျက်ရှိပါတယ်။
ကနဦး နေတိုး၊ မြင့်မြတ်၊ အေးချမ်းမောင်၊ နေဝင်း၊ မေမြင့်မိုရ်၊ ခြူးလေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ခေတ်သမိုင်းကို ဒုန်းစိုင်းကြသူများ’ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဇာတ်လမ်းတိုတစ်ပုဒ်ထုတ် လွှင့်ပြီးချိန်မှာ တော့ တည်ငြိမ်အေးချမ်းမှုကိုမလိုလားသူလူနည်းစုက ၎င်းတို့အပေါ် နည်းလမ်းမျိုးစုံအသုံးပြုကာ ဝေဖန်ခြိမ်းခြောက်ခဲ့ ကြပေမယ့် တစ်ပတ်အကြာမှာတော့ အနုပညာရှင် (၁၀ဝ) ထက်မနည်း ပါဝင်ရိုက်ကူးထားတဲ့ ရွေးကောက်ပွဲအသိပညာ ပေးနှိုးဆော်မှုရုပ်သံတွေထွက်ရှိချိန်မှာတော့ နှုတ်ဆိတ်သွားခဲ့ကြပြီဖြစ်ပါတယ်။
(၂၀၂၁)ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကာလမှာ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုံ့ဆော်ခဲ့ကြတဲ့ မြန်မာနိုင်ငံ ရဲ့ ထိပ်တန်းမင်းသား၊ မင်းသမီး စာရင်းဝင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ အလင်းရောင်တို့ အပါအဝင် မိုးဟေကို၊ ခင်ဝင့်ဝါ၊ ရွှေထူး၊ ရွှေမှုန်ရတီ၊ ရွှေသမီး၊ ပိုင်တံခွန်၊ တိုင်ရွန်၊ လွှမ်းပိုင်၊ နန်းဆုရတီစိုး၊ ရတနာဗိုလ်၊ ချောရတနာ၊ ဖူးစုံ၊ ထူးအောင်၊ ထက်အောင်ရှိုင်း၊ ချာလီ၊ ယွန်းဝတီလွင်မိုး၊ ဝါဆိုမိုးဦး၊ မေမီကိုကို၊ ထွန်းထွန်း၊ ညီနန္ဒ၊ ဆင်မ၊ သင်ဇာဝင့်ကျော်၊ အေးမြတ်သူ၊ ထွန်းအိန္ဒြာဗို၊ သဲစုညိမ်း၊ ကျော်ထက်အောင်၊ ဝတ်မှုံရွှေရည်၊ ဟိန်းဝေယံ၊ စိုးပြည့်သဇင်၊ သဇင်ထူးမြင့်၊ နေရဲ၊ မေပန်းချီ၊ ခင်လှိုင်၊ ခိုင်သင်းကြည်၊ ဆောင်းဝတ်ရည်မေ၊ အောင်ရဲလင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ နော်ဖောအယ်ထား၊ နေမျိုးအောင်၊ ပိုးမမှီသာ၊ မီးပွား၊ ဝိုင်း၊ ဝင်းလွင်ထက်၊ ဩရသ အစရှိတဲ့ ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာတွေလည်း ရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှုကမ်ပိန်းမှာ ပူးပေါင်းပါဝင်ထားကြပြီဖြစ်ပါတယ်။ လူမင်းနဲ့ဒါရိုက်တာဝိုင်းတို့ ကတော့ ပါးနပ်လှစွာပဲ ရိုက်ကူးရေးဒါရိုက်တာအဖြစ်သာအားဖြည့်ခဲ့တာကို သတိပြုမိပါတယ်။
ဒါ့ပြင် ရဲရင့်အောင်၊ အိမ့်ချစ်၊ လွှမ်းပိုင်၊ အောင်လ၊ မိစန္ဒီ၊ နီနီခင်ဇော်၊ ချမ်းမြေ့မောင်ချို၊ မေလသံစဉ်၊ ဝေလ၊ ဖိုးကာ၊ အေးမြဖြူ၊ လိမ္မော်သီး၊ ဖြိုးမြတ်အောင်၊ ဟန်နေတာ၊ အောင်ထက် အစရှိတဲ့ ဂီတအနု ပညာရှင်များစွာလည်း ပါဝင်လာကြပြီဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ ရွေးကောက်ပွဲအပိုင်း(၁)ကို (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး၊ ရွေးကောက်ပွဲအပိုင်း(၂)ကို (၂၀၂၆)ခုနှစ် ဇန်နဝါရီလ(၁၁)ရက်မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ကာ ရွေးကောက်ပွဲအပိုင်း(၃)ကို (၂၀၂၆) ခုနှစ် ဇန်နဝါရီလ(၂၅)ရက်မှာ ကျင်းပသွားမှာဖြစ် ကြောင်း အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၁၁) ရက်က အသိပေးထုတ်ပြန်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးဟူသည့် နိုင်ငံရေးရည်မှန်းချက် အရွေ့တစ်ခု သည် အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပြိုင်တူဝိုင်းပြီးတွန်းမှသာ ပန်းတိုင်သို့ မှန်မှန်နှင့် မြန်မြန်ရောက်ရှိနိုင်မည်ဖြစ်သည့်အတွက် ယခုနှစ် ဒီဇင်ဘာလနှင့် လာမည့်နှစ် ဇန်နဝါရီလအတွင်း တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ပြီးမြောက်စေရန်အတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပြီး ဆန္ဒမဲပေးကြရန်လိုအပ်ကြောင်း” တိုက်တွန်းပြောကြားထားပါတယ်။ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် လာစေဖို့ဆိုရာ အနုပညာရှင်တွေရဲ့အသိပညာပေးနှိုးဆော်တိုက်တွန်းမှုက အင်အားတစ်ခုသဖွယ်အရေးကြီးလှတာ ကြောင့် အနုပညာရှင်တွေအနေနဲ့ကလည်း မိမိတို့အနေနဲ့ မစွမ်းသာလို့ လုပ်ကိုင်ဆောင်ရွက်ရတဲ့အပြုအမူမျိုးနဲ့မဟုတ်ဘဲ ပြည်သူနဲ့တိုင်းပြည်အတွက် စဉ်းစားတွေးပေးပြီး အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြဖို့လိုအပ်လှပါတယ်။

မိဘတွေရဲ့ အတ္တကြားက သမီးဖြစ်သူရဲ့အဖြစ်
ပြည်ပြေး အဆိုတော်ချမ်းချမ်းနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ကြား သမီးဖြစ်သူ မြမိုးဂင်္ဂါကို ဗုဒ္ဓဘာသာဝင် အဖြစ်မှ ခရစ်ယာန်ဘာသာဝင်အဖြစ် ပြောင်းလဲလိုက်မှုနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူက သဘောမတူကြောင်းကို ၎င်းရဲ့ လူမှုကွန်ရက်အကောင့်မှတစ်ဆင့် အသိပေးပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
မိဘနှစ်ပါးရဲ့အဆင်မပြေမှုတွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့သမီးလေးရဲ့အဖြစ်က အခုချိန်ထိ အဆုံးမသတ် သေးဘဲ မိဘနှစ်ပါးရဲ့ဘာသာရေးလွန်ဆွဲမှု အတ္တတွေကြားမှာလည်း သမီးဖြစ်သူဟာ မြေစာပင် ထပ်မံဖြစ်ရ ပြန်တာပါ။ ချမ်းချမ်းဘက်က “ကျွန်မရဲ့အချစ်ရဆုံးသောသမီးလေးဘဝမှာ ငယ်ရွယ်စဉ်ကတည်းက မိဘနှစ်ပါးလမ်းခွဲခဲ့ပြီး နောက်ပိုင်း တစ်နေရာစီနေထိုင်ရင်း သမီးလေးဟာ ဘဝကို အဆင်ပြေအောင်နေခဲ့တယ်။ အရာရာကို အသက် အရွယ်နဲ့ မမျှအောင်ရင်ဆိုင်နေထိုင်ရင်း အခုတော့ သမီးလေး စိတ်အေးချမ်းစွာနဲ့ အမေ့ဆီမှာနားခိုပါ။ ဘုရားသခင်ရဲ့သားသမီး ဖြစ်ခဲ့ပါပြီ။ အမေ့ရင်ခွင်ထဲမှာနေပြီး သမီးမျက်နှာကိုနေ့တိုင်းမြင်ခွင့်ရဖို့ ဘုရားသာလျှင် အရာရာကိုကူညီပေးစွမ်းနိုင် ပါတယ်။ ဘုရားကိုယုံကြည်တဲ့သူတစ်ယောက်အနေနဲ့ သမီးကို ဒီထက်မက ပြည့်စုံအောင်ထားနိုင်ဖို့ အမြဲကြိုးစားနေ ခဲ့တာ။ ဒီပုံလေးတွေဟာ June 1st 2025 ၊ အရာရာဟာ သမီးလေးအတွက် perfect moment လေးဖြစ်နေခဲ့တယ်။ သိပ်လှတဲ့အမေ့သမီးလေးအတွက် ဘုရားသခင်ဆီမှာ တစ်ရက်တည်းနဲ့ baptized လုပ်ခြင်း၊ ဆေးကြောခြင်း မင်္ဂလာခံ ယူပြီး၊ First communion ခံယူခြင်းတို့ကိုပြုလုပ်ပေးခဲ့ပါတယ်။ သမီးလေးဟာ ခရစ်ယာန်ဘာသာဝင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရတဲ့နေ့လေးပေါ့’လို့ဖော်ပြခဲ့တာပါ။
ချမ်းချမ်းက ဓာတ်ပုံတွေကို (၂၀၂၅) ခုနှစ် နိုဝင်ဘာလ (၆) ရက်ကဖော်ပြခဲ့ပေမယ့် ရေးသားထားတဲ့ပို့စ်တွေအရ (၂၀၂၅) ခုနှစ် ဇွန်လပထမပတ်မှာကတည်းက ဘာသာရေးသွတ်သွင်းပွဲလုပ်ဆောင်ခဲ့ပုံပါ။
ဘုဏ်းသိုက်က “သမီးလေး မြမိုးဂင်္ဂါရဲ့ဘဝနဲ့ တစ်ဘဝလုံးအတွက် အရေးကြီးတဲ့ ဘာသာရေး၊ ခရစ်ယာန်ဘာ သာအဖြစ် သွတ်သွင်းခြင်းအပေါ် အဖေအရင်းဖြစ်တဲ့ကျွန်တော့်ကို ခွင့်တောင်းခြင်းမရှိခြင်း၊ တိုင်ပင်ခြင်း၊ အသိပေးခြင်း မရှိသလို ကလေး(၃)နှစ်အရွယ်ကတည်းက ဘာသာရေးနဲ့ပတ်သက်ပြီး လမ်းညွှန်ပြောဆိုမှုတွေရှိခဲ့ကြောင်း၊ ကျန်တဲ့ ကိစ္စတွေစိတ်မဝင်စားပေမယ့် သမီးနဲ့ပတ်သက်တဲ့ကိစ္စ၊ အထူးသဖြင့် သူ့အနေနဲ့ ဘာသာရေးအပေါ် အမြင်ကျဉ်း မြောင်းသူမဟုတ်ပေမယ့် ကလေးကို အရွယ်ရောက်လာချိန်မှာ သမီးဖြစ်သူကိုယ်တိုင်ဆုံးဖြတ်စေလိုကြောင်း၊ ဘာသာ ရေးပွဲအခမ်းအနားကြီးနဲ့လုပ်မယ်ဆိုတာကို လုံးဝ အသိမပေးခဲ့ကြောင်း၊ ငါ့သမီးအကြောင်းကို ငါ အသိဆုံးပါ။ သူ့ဘုရား ကိုယ့်ဘုရားကောင်းတယ်ဆိုပြီး လုနေရမယ့်အချိန်မဟုတ်ကြောင်း၊ အွန်လိုင်းပေါ်မှာတင်ပြီး တရားဝင်ပြုမူလိုက်တဲ့ အပေါ် အခုအချိန်မှာမှမပြောရင်၊ အနည်းဆုံးတော့ အဖေအရင်းဖြစ်တဲ့ငါ့အနေနဲ့ သဘောမတူဘူးကွာ”လို့ တရားဝင်ပြော ဆိုခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်က ၎င်းတို့ရဲ့မိသားစုအတွင်းရေးကိစ္စသာဖြစ်ပေမယ့် ၎င်းတို့က အနုပညာသမားတွေဖြစ် တာကတစ်ကြောင်း၊ ဘာသာရေးကိစ္စတွေပါရောယှက်လာတဲ့အခါ လူအများရဲ့မှတ်ချက်စကားတွေက ကြီးစိုးလာခဲ့တာ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင် အဆိုတော်ချမ်းချမ်းနဲ့ ဗုဒ္ဓဘာသာဝင် ဘုဏ်းသိုက်တို့က ငယ်ရွယ်စဉ်မှာ အချစ်တစ်ခုကိုသာ ဦးတည်ပြီး မိဘတွေသဘောမတူတဲ့ကြားက နှစ်ဦးသဘောတူလက်ထပ်ခဲ့ကြပေမယ့် သမီးတစ်ဦး မွေးဖွားပြီးနောက် အိမ်ထောင်ရေးပြဿနာတွေစတင်ခဲ့ကာ နောက်ဆုံးမှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ကြခြင်းဖြစ် ပါတယ်။ လက်ရှိမှာတော့ ချမ်းချမ်းက ပုဒ်မ ၅၀၅(က)နဲ့ငြိစွန်းသူ အနုပညာရှင်တွေအနက်တစ်ဦးဖြစ်ပြီး ပြည်ပမှာ သမီးဖြစ်သူနဲ့ အတူနေထိုင်လျက်ရှိပြီး၊ လက်တွဲဖော်အသစ်နဲ့ သားသမီး နှစ်ဦးထပ်မံထွန်းကားထားပါတယ်။

ရေမွန် (Idiots) အလွမ်းပြေ ရှိုးပွဲပြီးနောက်
ကွယ်လွန်သူ တေးသံရှင် ရေမွန် အလွမ်းပြေရှိုးပွဲကျင်းပပြီးနောက် မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်ဟာ ဆေးရုံ တက်ဆေးကုသမှုခံယူခဲ့ရကြောင်း ရေမွန်ရဲ့ညီမ လပြည့်ကဗျာက အသိပေးဖော်ပြလာခဲ့ပါတယ်။ တေးသံရှင်ရေမွန်ရဲ့ နာမည်ကိုအသုံးပြုကာပြုလုပ်ခဲ့တဲ့ရှိုးပွဲမှာ ပွဲမကျင်းပခင်မှာ မူပိုင်ခွင့် ခွင့်ပြုချက် လာရောက်တောင်းခံခဲ့ပေမယ့် ရှိုးပွဲပြီး ဆုံးချိန် ရက်ပိုင်းအကြာထိ မူပိုင်ခွင့်အနုပညာကြေး တစ်ပြားတစ်ကျပ်မှ လာရောက်ပေးအပ်ခြင်းမရှိသေးကြောင်းကို ဒေါ်ခင်မြတ်မွန်က တရားဝင်အသိပေးခဲ့တာပါ။ ဒါပေမဲ့ ရက်သတ္တ သုံးပတ်ကျော်လာတဲ့အထိ ဆက်သွယ်ခြင်းမရှိသလို မိခင်ဖြစ်သူမှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့် ဆေးကုသမှုခံယူခဲ့ရကြောင်း နိုဝင်ဘာလ (၁၁) ရက်က ပြောဆိုထားပါတယ်။ ‘ကျွန်တော်တာဝန်ရှိသည့်အတိုင်း Raymond ရဲ့ကျန်ရစ်သူမိသားစုအား IDF ပွဲအတွက် အနုပညာ ကြေးကို သွားရောက်တွေ့ဆုံအပ်နှံပြီး ပြေလည်သွားပြီဖြစ်ပါတယ်’လို့ ဖိုးလုံးက သိန်း(၅၀)ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Idiot အဖွဲ့ နှုတ်ဆက်ဖျော်ဖြေပွဲကို အောက်တိုဘာလ (၂၅)ရက်က Eastern Yangon Event Park မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲကျင်းပနေစဉ်အတွင်း Idiot Farewell Fever 109 မှာ အဆိုတော်အဒီနိုက တေးသံရှင် ရေမွန်ရဲ့ “မငိုနဲ့တော့”သီချင်းသီဆိုဖျော်ဖြေစဉ် Heart attack ဖြစ်ကာ ကွယ်လွန်ဆုံးပါးခဲ့ပါတယ်။ Idiot အဖွဲ့ဝင် တစ်ဦးက Idiot အဖွဲ့ကိုလည်း အပြီးတိုင်ဖျက်သိမ်းကြောင်း တရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒေါ်ခင်မြတ်မွန်နဲ့ Idiot အဖွဲ့ဝင်တွေကြား ရေမွန်ကွယ်လွန်ချိန်မှာလည်း နာရေးကူငွေရရှိမှုပြဿနာတွေအပါအဝင် Idiot အဖွဲ့ရဲ့ပစ္စည်းပိုင် ဆိုင်မှု အစရှိတဲ့ပြဿနာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အခုတစ်ခေါက်မှာလည်း ဒေါ်ခင်မြတ်မွန်နဲ့ Idiot အဖွဲ့ဝင်တွေ ကြား ငွေကြေးပြဿနာတွေ ထပ်မံဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“႐ုပ္ရွင္၊ ဂီတ၊ သဘင္ က႑အသီးသီးမွ အႏုပညာရွင္မ်ားစြာ ေ႐ြးေကာက္ပြဲကမ္ပိန္းေတြမွာ ပါဝင္လာ”
အိျဖဴ (NP News) - ႏိုဝင္ဘာ ၁၆
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “ေ႐ြးေကာက္ပြဲအတြက္ အႏုပညာရွင္ေတြရဲ႕ ပူးေပါင္းမႈ၊ အဆိုေတာ္ေရမြန္ မိခင္ ေဒၚခင္ျမတ္မြန္ရဲ႕အသိေပးမႈ၊ မိဘႏွစ္ပါးရဲ႕ဘာသာေရးလြန္ဆြဲမႈၾကားက သမီးငယ္ ေလးရဲ႕အျဖစ္” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။
ေ႐ြးေကာက္ပြဲ အသိပညာေပး ကမ္းပိန္းမွာပါဝင္လာတဲ့ အႏုပညာရွင္မ်ား
လာမယ့္ (၂၀၂၅) ခုႏွစ္၊ ဒီဇင္ဘာလ (၂၈) ရက္မွာစတင္က်င္းပမယ့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြး ေကာက္ပြဲကို ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ ႐ုပ္ရွင္၊ ဂီတ၊ သဘင္ စတဲ့ အႏုပညာက႑အသီးသီးမွ အႏုပညာရွင္ မ်ားစြာ ပူးေပါင္းပါဝင္လာၾကၿပီျဖစ္ရာ ၎တို႔႐ိုက္ကူးထားတဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာ အသိပညာေပးႏႈိးေဆာ္မႈ ႐ုပ္သံေတြ ကိုလည္း ထုတ္လႊင့္ျပသလ်က္ရွိပါတယ္။
ကနဦး ေနတိုး၊ ျမင့္ျမတ္၊ ေအးခ်မ္းေမာင္၊ ေနဝင္း၊ ေမျမင့္မိုရ္၊ ျခဴးေလးတို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ‘ေခတ္သမိုင္းကို ဒုန္းစိုင္းၾကသူမ်ား’ ေ႐ြးေကာက္ပြဲဆိုင္ရာ အသိပညာေပးဇာတ္လမ္းတိုတစ္ပုဒ္ထုတ္ လႊင့္ၿပီးခ်ိန္မွာ ေတာ့ တည္ၿငိမ္ေအးခ်မ္းမႈကိုမလိုလားသူလူနည္းစုက ၎တို႔အေပၚ နည္းလမ္းမ်ိဳးစုံအသုံးျပဳကာ ေဝဖန္ၿခိမ္းေျခာက္ခဲ့ ၾကေပမယ့္ တစ္ပတ္အၾကာမွာေတာ့ အႏုပညာရွင္ (၁၀ဝ) ထက္မနည္း ပါဝင္႐ိုက္ကူးထားတဲ့ ေ႐ြးေကာက္ပြဲအသိပညာ ေပးႏႈိးေဆာ္မႈ႐ုပ္သံေတြထြက္ရွိခ်ိန္မွာေတာ့ ႏႈတ္ဆိတ္သြားခဲ့ၾကၿပီျဖစ္ပါတယ္။
(၂၀၂၁)ခုႏွစ္ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္စဥ္ကာလမွာ ႏိုင္ငံ့ဝန္ထမ္းေတြကို CDM လႈံ႕ေဆာ္ခဲ့ၾကတဲ့ ျမန္မာႏိုင္ငံ ရဲ႕ ထိပ္တန္းမင္းသား၊ မင္းသမီး စာရင္းဝင္ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ ေဖြးေဖြး၊ အလင္းေရာင္တို႔ အပါအဝင္ မိုးေဟကို၊ ခင္ဝင့္ဝါ၊ ေ႐ႊထူး၊ ေ႐ႊမႈန္ရတီ၊ ေ႐ႊသမီး၊ ပိုင္တံခြန္၊ တိုင္႐ြန္၊ လႊမ္းပိုင္၊ နန္းဆုရတီစိုး၊ ရတနာဗိုလ္၊ ေခ်ာရတနာ၊ ဖူးစုံ၊ ထူးေအာင္၊ ထက္ေအာင္ရႈိင္း၊ ခ်ာလီ၊ ယြန္းဝတီလြင္မိုး၊ ဝါဆိုမိုးဦး၊ ေမမီကိုကို၊ ထြန္းထြန္း၊ ညီနႏၵ၊ ဆင္မ၊ သင္ဇာဝင့္ေက်ာ္၊ ေအးျမတ္သူ၊ ထြန္းအိျႏၵာဗို၊ သဲစုညိမ္း၊ ေက်ာ္ထက္ေအာင္၊ ဝတ္မႈံေ႐ႊရည္၊ ဟိန္းေဝယံ၊ စိုးျပည့္သဇင္၊ သဇင္ထူးျမင့္၊ ေနရဲ၊ ေမပန္းခ်ီ၊ ခင္လႈိင္၊ ခိုင္သင္းၾကည္၊ ေဆာင္းဝတ္ရည္ေမ၊ ေအာင္ရဲလင္း၊ စိုင္းစိုင္းခမ္းလႈိင္၊ ေနာ္ေဖာအယ္ထား၊ ေနမ်ိဳးေအာင္၊ ပိုးမမွီသာ၊ မီးပြား၊ ဝိုင္း၊ ဝင္းလြင္ထက္၊ ဩရသ အစရွိတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္/ဒါ႐ိုက္တာေတြလည္း ေ႐ြး ေကာက္ပြဲဆိုင္ရာ အသိပညာေပးႏႈိးေဆာ္မႈကမ္ပိန္းမွာ ပူးေပါင္းပါဝင္ထားၾကၿပီျဖစ္ပါတယ္။ လူမင္းနဲ႔ဒါ႐ိုက္တာဝိုင္းတို႔ ကေတာ့ ပါးနပ္လွစြာပဲ ႐ိုက္ကူးေရးဒါ႐ိုက္တာအျဖစ္သာအားျဖည့္ခဲ့တာကို သတိျပဳမိပါတယ္။
ဒါ့ျပင္ ရဲရင့္ေအာင္၊ အိမ့္ခ်စ္၊ လႊမ္းပိုင္၊ ေအာင္လ၊ မိစႏၵီ၊ နီနီခင္ေဇာ္၊ ခ်မ္းေျမ့ေမာင္ခ်ိဳ၊ ေမလသံစဥ္၊ ေဝလ၊ ဖိုးကာ၊ ေအးျမျဖဴ၊ လိေမၼာ္သီး၊ ၿဖိဳးျမတ္ေအာင္၊ ဟန္ေနတာ၊ ေအာင္ထက္ အစရွိတဲ့ ဂီတအႏု ပညာရွင္မ်ားစြာလည္း ပါဝင္လာၾကၿပီျဖစ္ပါတယ္။ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲရဲ႕ ေ႐ြးေကာက္ပြဲအပိုင္း(၁)ကို (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္မွာ စတင္က်င္းပမွာျဖစ္ၿပီး၊ ေ႐ြးေကာက္ပြဲအပိုင္း(၂)ကို (၂၀၂၆)ခုႏွစ္ ဇန္နဝါရီလ(၁၁)ရက္မွာ ျပဳလုပ္က်င္းပသြားမွာျဖစ္ကာ ေ႐ြးေကာက္ပြဲအပိုင္း(၃)ကို (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလ(၂၅)ရက္မွာ က်င္းပသြားမွာျဖစ္ ေၾကာင္း အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ႏိုဝင္ဘာလ (၁၁) ရက္က အသိေပးထုတ္ျပန္ေျပာၾကားခဲ့ၿပီးျဖစ္ပါတယ္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “စစ္မွန္စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာၿပီး ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုႀကီးတည္ေဆာက္ႏိုင္ေရးဟူသည့္ ႏိုင္ငံေရးရည္မွန္းခ်က္ အေ႐ြ႕တစ္ခု သည္ အစိုးရ၊ ျပည္သူ၊ တပ္မေတာ္၊ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ား ၿပိဳင္တူဝိုင္းၿပီးတြန္းမွသာ ပန္းတိုင္သို႔ မွန္မွန္ႏွင့္ ျမန္ျမန္ေရာက္ရွိႏိုင္မည္ျဖစ္သည့္အတြက္ ယခုႏွစ္ ဒီဇင္ဘာလႏွင့္ လာမည့္ႏွစ္ ဇန္နဝါရီလအတြင္း တြင္က်င္းပမည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲႀကီး ေအာင္ေအာင္ျမင္ျမင္ၿပီးေျမာက္ေစရန္အတြက္ ျပည္သူတစ္ရပ္လုံးက ပူးေပါင္းပါဝင္ၿပီး ဆႏၵမဲေပးၾကရန္လိုအပ္ေၾကာင္း” တိုက္တြန္းေျပာၾကားထားပါတယ္။ ျပည္သူတစ္ရပ္လုံး ပူးေပါင္းပါဝင္ လာေစဖို႔ဆိုရာ အႏုပညာရွင္ေတြရဲ႕အသိပညာေပးႏႈိးေဆာ္တိုက္တြန္းမႈက အင္အားတစ္ခုသဖြယ္အေရးႀကီးလွတာ ေၾကာင့္ အႏုပညာရွင္ေတြအေနနဲ႔ကလည္း မိမိတို႔အေနနဲ႔ မစြမ္းသာလို႔ လုပ္ကိုင္ေဆာင္႐ြက္ရတဲ့အျပဳအမူမ်ိဳးနဲ႔မဟုတ္ဘဲ ျပည္သူနဲ႔တိုင္းျပည္အတြက္ စဥ္းစားေတြးေပးၿပီး အင္တိုက္အားတိုက္ ပူးေပါင္းပါဝင္ၾကဖို႔လိုအပ္လွပါတယ္။
မိဘေတြရဲ႕ အတၱၾကားက သမီးျဖစ္သူရဲ႕အျဖစ္
ျပည္ေျပး အဆိုေတာ္ခ်မ္းခ်မ္းနဲ႔ သ႐ုပ္ေဆာင္ ဘုဏ္းသိုက္တို႔ၾကား သမီးျဖစ္သူ ျမမိုးဂဂၤါကို ဗုဒၶဘာသာဝင္ အျဖစ္မွ ခရစ္ယာန္ဘာသာဝင္အျဖစ္ ေျပာင္းလဲလိုက္မႈနဲ႔ပတ္သက္ၿပီး ဖခင္ျဖစ္သူက သေဘာမတူေၾကာင္းကို ၎ရဲ႕ လူမႈကြန္ရက္အေကာင့္မွတစ္ဆင့္ အသိေပးေျပာဆိုခဲ့ျခင္းျဖစ္ပါတယ္။
မိဘႏွစ္ပါးရဲ႕အဆင္မေျပမႈေတြေၾကာင့္ ေျမစာပင္ျဖစ္ခဲ့ရတဲ့သမီးေလးရဲ႕အျဖစ္က အခုခ်ိန္ထိ အဆုံးမသတ္ ေသးဘဲ မိဘႏွစ္ပါးရဲ႕ဘာသာေရးလြန္ဆြဲမႈ အတၱေတြၾကားမွာလည္း သမီးျဖစ္သူဟာ ေျမစာပင္ ထပ္မံျဖစ္ရ ျပန္တာပါ။ ခ်မ္းခ်မ္းဘက္က “ကြၽန္မရဲ႕အခ်စ္ရဆုံးေသာသမီးေလးဘဝမွာ ငယ္႐ြယ္စဥ္ကတည္းက မိဘႏွစ္ပါးလမ္းခြဲခဲ့ၿပီး ေနာက္ပိုင္း တစ္ေနရာစီေနထိုင္ရင္း သမီးေလးဟာ ဘဝကို အဆင္ေျပေအာင္ေနခဲ့တယ္။ အရာရာကို အသက္ အ႐ြယ္နဲ႔ မမွ်ေအာင္ရင္ဆိုင္ေနထိုင္ရင္း အခုေတာ့ သမီးေလး စိတ္ေအးခ်မ္းစြာနဲ႔ အေမ့ဆီမွာနားခိုပါ။ ဘုရားသခင္ရဲ႕သားသမီး ျဖစ္ခဲ့ပါၿပီ။ အေမ့ရင္ခြင္ထဲမွာေနၿပီး သမီးမ်က္ႏွာကိုေန႔တိုင္းျမင္ခြင့္ရဖို႔ ဘုရားသာလွ်င္ အရာရာကိုကူညီေပးစြမ္းႏိုင္ ပါတယ္။ ဘုရားကိုယုံၾကည္တဲ့သူတစ္ေယာက္အေနနဲ႔ သမီးကို ဒီထက္မက ျပည့္စုံေအာင္ထားႏိုင္ဖို႔ အၿမဲႀကိဳးစားေန ခဲ့တာ။ ဒီပုံေလးေတြဟာ June 1st 2025 ၊ အရာရာဟာ သမီးေလးအတြက္ perfect moment ေလးျဖစ္ေနခဲ့တယ္။ သိပ္လွတဲ့အေမ့သမီးေလးအတြက္ ဘုရားသခင္ဆီမွာ တစ္ရက္တည္းနဲ႔ baptized လုပ္ျခင္း၊ ေဆးေၾကာျခင္း မဂၤလာခံ ယူၿပီး၊ First communion ခံယူျခင္းတို႔ကိုျပဳလုပ္ေပးခဲ့ပါတယ္။ သမီးေလးဟာ ခရစ္ယာန္ဘာသာဝင္တစ္ဦးအျဖစ္ အသိအမွတ္ျပဳခံရတဲ့ေန႔ေလးေပါ့’လို႔ေဖာ္ျပခဲ့တာပါ။
ခ်မ္းခ်မ္းက ဓာတ္ပုံေတြကို (၂၀၂၅) ခုႏွစ္ ႏိုဝင္ဘာလ (၆) ရက္ကေဖာ္ျပခဲ့ေပမယ့္ ေရးသားထားတဲ့ပို႔စ္ေတြအရ (၂၀၂၅) ခုႏွစ္ ဇြန္လပထမပတ္မွာကတည္းက ဘာသာေရးသြတ္သြင္းပြဲလုပ္ေဆာင္ခဲ့ပုံပါ။
ဘုဏ္းသိုက္က “သမီးေလး ျမမိုးဂဂၤါရဲ႕ဘဝနဲ႔ တစ္ဘဝလုံးအတြက္ အေရးႀကီးတဲ့ ဘာသာေရး၊ ခရစ္ယာန္ဘာ သာအျဖစ္ သြတ္သြင္းျခင္းအေပၚ အေဖအရင္းျဖစ္တဲ့ကြၽန္ေတာ့္ကို ခြင့္ေတာင္းျခင္းမရွိျခင္း၊ တိုင္ပင္ျခင္း၊ အသိေပးျခင္း မရွိသလို ကေလး(၃)ႏွစ္အ႐ြယ္ကတည္းက ဘာသာေရးနဲ႔ပတ္သက္ၿပီး လမ္းၫႊန္ေျပာဆိုမႈေတြရွိခဲ့ေၾကာင္း၊ က်န္တဲ့ ကိစၥေတြစိတ္မဝင္စားေပမယ့္ သမီးနဲ႔ပတ္သက္တဲ့ကိစၥ၊ အထူးသျဖင့္ သူ႔အေနနဲ႔ ဘာသာေရးအေပၚ အျမင္က်ဥ္း ေျမာင္းသူမဟုတ္ေပမယ့္ ကေလးကို အ႐ြယ္ေရာက္လာခ်ိန္မွာ သမီးျဖစ္သူကိုယ္တိုင္ဆုံးျဖတ္ေစလိုေၾကာင္း၊ ဘာသာ ေရးပြဲအခမ္းအနားႀကီးနဲ႔လုပ္မယ္ဆိုတာကို လုံးဝ အသိမေပးခဲ့ေၾကာင္း၊ ငါ့သမီးအေၾကာင္းကို ငါ အသိဆုံးပါ။ သူ႔ဘုရား ကိုယ့္ဘုရားေကာင္းတယ္ဆိုၿပီး လုေနရမယ့္အခ်ိန္မဟုတ္ေၾကာင္း၊ အြန္လိုင္းေပၚမွာတင္ၿပီး တရားဝင္ျပဳမူလိုက္တဲ့ အေပၚ အခုအခ်ိန္မွာမွမေျပာရင္၊ အနည္းဆုံးေတာ့ အေဖအရင္းျဖစ္တဲ့ငါ့အေနနဲ႔ သေဘာမတူဘူးကြာ”လို႔ တရားဝင္ေျပာ ဆိုခဲ့တာျဖစ္ပါတယ္။ ဒီျဖစ္စဥ္က ၎တို႔ရဲ႕မိသားစုအတြင္းေရးကိစၥသာျဖစ္ေပမယ့္ ၎တို႔က အႏုပညာသမားေတြျဖစ္ တာကတစ္ေၾကာင္း၊ ဘာသာေရးကိစၥေတြပါေရာယွက္လာတဲ့အခါ လူအမ်ားရဲ႕မွတ္ခ်က္စကားေတြက ႀကီးစိုးလာခဲ့တာ ျဖစ္ပါတယ္။ ခရစ္ယာန္ဘာသာဝင္ အဆိုေတာ္ခ်မ္းခ်မ္းနဲ႔ ဗုဒၶဘာသာဝင္ ဘုဏ္းသိုက္တို႔က ငယ္႐ြယ္စဥ္မွာ အခ်စ္တစ္ခုကိုသာ ဦးတည္ၿပီး မိဘေတြသေဘာမတူတဲ့ၾကားက ႏွစ္ဦးသေဘာတူလက္ထပ္ခဲ့ၾကေပမယ့္ သမီးတစ္ဦး ေမြးဖြားၿပီးေနာက္ အိမ္ေထာင္ေရးျပႆနာေတြစတင္ခဲ့ကာ ေနာက္ဆုံးမွာ ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲခဲ့ၾကျခင္းျဖစ္ ပါတယ္။ လက္ရွိမွာေတာ့ ခ်မ္းခ်မ္းက ပုဒ္မ ၅၀၅(က)နဲ႔ၿငိစြန္းသူ အႏုပညာရွင္ေတြအနက္တစ္ဦးျဖစ္ၿပီး ျပည္ပမွာ သမီးျဖစ္သူနဲ႔ အတူေနထိုင္လ်က္ရွိၿပီး၊ လက္တြဲေဖာ္အသစ္နဲ႔ သားသမီး ႏွစ္ဦးထပ္မံထြန္းကားထားပါတယ္။
ေရမြန္ (Idiots) အလြမ္းေျပ ရႈိးပြဲၿပီးေနာက္
ကြယ္လြန္သူ ေတးသံရွင္ ေရမြန္ အလြမ္းေျပရႈိးပြဲက်င္းပၿပီးေနာက္ မိခင္ျဖစ္သူ ေဒၚခင္ျမတ္မြန္ဟာ ေဆး႐ုံ တက္ေဆးကုသမႈခံယူခဲ့ရေၾကာင္း ေရမြန္ရဲ႕ညီမ လျပည့္ကဗ်ာက အသိေပးေဖာ္ျပလာခဲ့ပါတယ္။ ေတးသံရွင္ေရမြန္ရဲ႕ နာမည္ကိုအသုံးျပဳကာျပဳလုပ္ခဲ့တဲ့ရႈိးပြဲမွာ ပြဲမက်င္းပခင္မွာ မူပိုင္ခြင့္ ခြင့္ျပဳခ်က္ လာေရာက္ေတာင္းခံခဲ့ေပမယ့္ ရႈိးပြဲၿပီး ဆုံးခ်ိန္ ရက္ပိုင္းအၾကာထိ မူပိုင္ခြင့္အႏုပညာေၾကး တစ္ျပားတစ္က်ပ္မွ လာေရာက္ေပးအပ္ျခင္းမရွိေသးေၾကာင္းကို ေဒၚခင္ျမတ္မြန္က တရားဝင္အသိေပးခဲ့တာပါ။ ဒါေပမဲ့ ရက္သတၱ သုံးပတ္ေက်ာ္လာတဲ့အထိ ဆက္သြယ္ျခင္းမရွိသလို မိခင္ျဖစ္သူမွာလည္း စိတ္ပိုင္းဆိုင္ရာထိခိုက္မႈေၾကာင့္ ေဆးကုသမႈခံယူခဲ့ရေၾကာင္း ႏိုဝင္ဘာလ (၁၁) ရက္က ေျပာဆိုထားပါတယ္။ ‘ကြၽန္ေတာ္တာဝန္ရွိသည့္အတိုင္း Raymond ရဲ႕က်န္ရစ္သူမိသားစုအား IDF ပြဲအတြက္ အႏုပညာ ေၾကးကို သြားေရာက္ေတြ႕ဆုံအပ္ႏွံၿပီး ေျပလည္သြားၿပီျဖစ္ပါတယ္’လို႔ ဖိုးလုံးက သိန္း(၅၀)ေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။
Idiot အဖြဲ႕ ႏႈတ္ဆက္ေဖ်ာ္ေျဖပြဲကို ေအာက္တိုဘာလ (၂၅)ရက္က Eastern Yangon Event Park မွာ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါပြဲက်င္းပေနစဥ္အတြင္း Idiot Farewell Fever 109 မွာ အဆိုေတာ္အဒီႏိုက ေတးသံရွင္ ေရမြန္ရဲ႕ “မငိုနဲ႔ေတာ့”သီခ်င္းသီဆိုေဖ်ာ္ေျဖစဥ္ Heart attack ျဖစ္ကာ ကြယ္လြန္ဆုံးပါးခဲ့ပါတယ္။ Idiot အဖြဲ႕ဝင္ တစ္ဦးက Idiot အဖြဲ႕ကိုလည္း အၿပီးတိုင္ဖ်က္သိမ္းေၾကာင္း တရားဝင္ေၾကညာခဲ့ၿပီးျဖစ္ပါတယ္။ ေဒၚခင္ျမတ္မြန္နဲ႔ Idiot အဖြဲ႕ဝင္ေတြၾကား ေရမြန္ကြယ္လြန္ခ်ိန္မွာလည္း နာေရးကူေငြရရွိမႈျပႆနာေတြအပါအဝင္ Idiot အဖြဲ႕ရဲ႕ပစၥည္းပိုင္ ဆိုင္မႈ အစရွိတဲ့ျပႆနာေတြ ဆက္တိုက္ျဖစ္ေပၚခဲ့ဖူးပါတယ္။ အခုတစ္ေခါက္မွာလည္း ေဒၚခင္ျမတ္မြန္နဲ႔ Idiot အဖြဲ႕ဝင္ေတြ ၾကား ေငြေၾကးျပႆနာေတြ ထပ္မံျဖစ္ေပၚလာခဲ့တာျဖစ္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။