သက်ငယ်လိင်အမြတ်ထုတ်သူ Epstein ၏ အီးမေးလ်တွင် အဆိုတော်ချမ်းချမ်းအမည် ပါဝင်နေကြောင်း တွေ့ရှိ

846

ALynn (NP News) - နိုဝင်ဘာ ၁၄
သက်ငယ်လိင်အမြတ်ထုတ်သူ၊ လိင်ကုန်ကူးသူ Epstein နှင့် ၎င်း၏ မိတ်ဆွေ Brunel တို့နှစ်ဦးကြား (၂၀၁၂) ခုနှစ်ဝန်းကျင်က အပြန်အလှန်ပေးပို့သည့် အီးမေးလ်တစ်စောင်တွင် မြန်မာအဆိုတော် ချမ်းချမ်းအမည် ပါဝင်ကြောင်း တွေ့ရှိရသည်။
"ငါမင်းကို မြန်မာမိန်းကလေးတစ်ယောက်ပုံ ပို့ပေးမယ်။ အရမ်းလှတယ်။ သူက မြန်မာနိုင်ငံရဲ့ထိပ်တန်း အဆိုတော်တစ်ယောက်။ သူ့ကို အမေရိကန်ကို ခေါ်လာပေးမယ်။ အိုဘားမားက မြန်မာပြည်ကို သွားလည်သလို ချန်းချန်းက အမေရိကကို လာလိမ့်မယ်” ဟု Brunel က Epstein ဆီ အီးမေးလ်ပေးပို့ထားကြောင်း တွေ့ရသည်။
Epstein နှင့်အတူ မကြာခဏ တွဲမြင်ခဲ့ရသော Brunel ကို ၎င်း၏ အသိုင်းအဝိုင်းက အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များရှိခဲ့သည်။
Brunel သည် ပြင်သစ် model scout တဦးဖြစ်ပြီး နိုင်ငံတကာ မော်ဒယ်အေဂျင်စီ Karin Models ကို ဦးဆောင်သူအဖြစ် လူသိများခဲ့ပြီး MC2 Model Management ကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။
Jean-Luc Brunel ကို (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဆီနီဂေါနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာရန် ကြိုးစားနေစဉ် ပဲရစ်မြို့ ချားလ်စ် ဒီဂေါလ် လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
Epstein သည် (၂၀၀၈) ခုနှစ်တွင် ဖလော်ရီဒါ၌ အရွယ်မရောက်သေးသူ အမျိုးသမီးတစ်ဦးကို ပြည့်တန်ဆာပြုမှုစွဲချက်များကိုအပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် လိင်မှုအလွဲသုံးစားလုပ်သည့် ရာဇဝတ်သားအဖြစ် စီရင်ခံထားရသူတစ်ဦးဖြစ်သည်။
ထို့နောက် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ (House Oversight Committee) က ထုတ်ပြန်ခဲ့သည့် ထောင်နှင့်ချီသော စာရွက်စာတမ်းများတွင် Epstein နှင့်အတူ စီးပွားရေးလုပ်ငန်း အမှုဆောင်များ၊ သတင်းထောက်များ၊ ပညာရှင်များနှင့် နိုင်ငံရေးသမားများသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း လိင်အမြတ်ထုတ်မှုများစွာတွင် ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရသည်။

Zawgyi Version:
သက္ငယ္လိင္အျမတ္ထုတ္သူ Epstein ၏ အီးေမးလ္တြင္ အဆိုေတာ္ခ်မ္းခ်မ္းအမည္ ပါဝင္ေနေၾကာင္း ေတြ႕ရွိ
ALynn (NP News) - ႏိုဝင္ဘာ ၁၄
သက္ငယ္လိင္အျမတ္ထုတ္သူ၊ လိင္ကုန္ကူးသူ Epstein ႏွင့္ ၎၏ မိတ္ေဆြ Brunel တို႔ႏွစ္ဦးၾကား (၂၀၁၂) ခုႏွစ္ဝန္းက်င္က အျပန္အလွန္ေပးပို႔သည့္ အီးေမးလ္တစ္ေစာင္တြင္ ျမန္မာအဆိုေတာ္ ခ်မ္းခ်မ္းအမည္ ပါဝင္ေၾကာင္း ေတြ႕ရွိရသည္။
"ငါမင္းကို ျမန္မာမိန္းကေလးတစ္ေယာက္ပုံ ပို႔ေပးမယ္။ အရမ္းလွတယ္။ သူက ျမန္မာႏိုင္ငံရဲ႕ထိပ္တန္း အဆိုေတာ္တစ္ေယာက္။ သူ႔ကို အေမရိကန္ကို ေခၚလာေပးမယ္။ အိုဘားမားက ျမန္မာျပည္ကို သြားလည္သလို ခ်န္းခ်န္းက အေမရိကကို လာလိမ့္မယ္” ဟု Brunel က Epstein ဆီ အီးေမးလ္ေပးပို႔ထားေၾကာင္း ေတြ႕ရသည္။
Epstein ႏွင့္အတူ မၾကာခဏ တြဲျမင္ခဲ့ရေသာ Brunel ကို ၎၏ အသိုင္းအဝိုင္းက အမ်ိဳးသမီးမ်ားႏွင့္ မိန္းကေလးငယ္မ်ားကို လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္ခဲ့သည္ဆိုေသာ စြပ္စြဲခ်က္မ်ားရွိခဲ့သည္။
Brunel သည္ ျပင္သစ္ model scout တဦးျဖစ္ၿပီး ႏိုင္ငံတကာ ေမာ္ဒယ္ေအဂ်င္စီ Karin Models ကို ဦးေဆာင္သူအျဖစ္ လူသိမ်ားခဲ့ၿပီး MC2 Model Management ကို တည္ေထာင္ခဲ့သူလည္းျဖစ္သည္။
Jean-Luc Brunel ကို (၂၀၂၀) ျပည့္ႏွစ္၊ ဒီဇင္ဘာလတြင္ ဆီနီေဂါႏိုင္ငံသို႔ ေလယာဥ္ျဖင့္ ထြက္ခြာရန္ ႀကိဳးစားေနစဥ္ ပဲရစ္ၿမိဳ႕ ခ်ားလ္စ္ ဒီေဂါလ္ ေလဆိပ္၌ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရေၾကာင္း သိရသည္။
Epstein သည္ (၂၀၀၈) ခုႏွစ္တြင္ ဖေလာ္ရီဒါ၌ အ႐ြယ္မေရာက္ေသးသူ အမ်ိဳးသမီးတစ္ဦးကို ျပည့္တန္ဆာျပဳမႈစြဲခ်က္မ်ားကိုအျပစ္ရွိေၾကာင္း ဝန္ခံခဲ့ၿပီးေနာက္ လိင္မႈအလြဲသုံးစားလုပ္သည့္ ရာဇဝတ္သားအျဖစ္ စီရင္ခံထားရသူတစ္ဦးျဖစ္သည္။
ထို႔ေနာက္ ေအာက္လႊတ္ေတာ္ ႀကီးၾကပ္ေရးေကာ္မတီ (House Oversight Committee) က ထုတ္ျပန္ခဲ့သည့္ ေထာင္ႏွင့္ခ်ီေသာ စာ႐ြက္စာတမ္းမ်ားတြင္ Epstein ႏွင့္အတူ စီးပြားေရးလုပ္ငန္း အမႈေဆာင္မ်ား၊ သတင္းေထာက္မ်ား၊ ပညာရွင္မ်ားႏွင့္ ႏိုင္ငံေရးသမားမ်ားသည္ ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း လိင္အျမတ္ထုတ္မႈမ်ားစြာတြင္ ပါဝင္ပတ္သက္ေနေၾကာင္း ေတြ႕ရွိရသည္။