ဖြုတ်ချခံ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဘင်္ဂလားဒေ့ရှ်တရားရုံးက မျက်ကွယ် သေဒဏ်ချမှတ်

94

Htay Oung (NP News) - နိုဝင်ဘာ ၁၈
ယမန်နှစ် ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဘင်္ဂလားဒေ့ရှ်တရားလွှတ်တော် ချုပ်က မျက်ကွယ်သေဒဏ်ချမှတ်လိုက်ကြောင်း၊ ကျောင်းသားများဦးဆောင်လူထုအုံကြွမှုကို အသေအပျောက် များစွာ ဖြိုခွင်းရာမှာ အဓိကတာဝန်ရှိသူဖြစ်ကြောင်း တရားရုံးရဲ့ စီရင်ချက်မှာ ဖော်ပြထားပါတယ်။
ဟာစီနာကို ပြစ်ဒဏ်ချမှတ်တဲ့တရားရုံးဟာ ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ဖြစ်ပြီး တရားသူကြီး ၃ ဦး ပါဝင်ပါတယ်။
လောလောဆယ် ဟာစီနာဟာ အိန္ဒိယနိုင်ငံမှာ ခိုလှုံလျက်ရှိပြီး တရားခံလွှဲပြောင်းပေးရန် ယူနွတ်အစိုးရရဲ့ တောင်းဆိုချက်ကို နယူးဒေလီက လစ်လျူရှုထားပါတယ်။
လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ ရှိတ်ဟာစီနာရဲ့အမှုကို ကြားနာနေခိုက် ဒါကာနဲ့ အခြားမြို့ကြီးများမှာ အဝါမီလိဂ်ပါတီထောက်ခံသူတို့က လမ်းနဲ့ ယာဉ်အသွားအလာများကို ပိတ်ဆို့ဆန္ဒပြရာမှ အကြမ်းဖက်မှုများဖြစ်ပွားလျက်ရှိပြီး လက်လုပ်ဗုံးပေါက်ကွဲမှု အကြိမ်သုံးဆယ်ကျော်ရှိခဲ့ပါတယ်
လုံခြုံရေးတင်းကြပ်စွာ ချထားတဲ့တရားရုံးက နိုဝင်ဘာလ ၁၇ ရက်မှာ အပြီးသတ်အမိန့်ချမှတ်ခြင်းဖြစ်ပါတယ်။
နော့သ်အိစ်ရဲ့သတင်းတစ်ပုဒ်မှာတော့ ယူနွတ်အစိုးရ ပြည်ထဲရေးဝန်ကြီးခူဒါဘက်ခ်ရှ်ချောင်ဒရီဟာ ခွင့်ရက်ရှည်ယူ ထားရာမှ ရက်သတ္တတစ်ပတ်ကျော်သည့်တိုင် ပြန်လည်တာဝန်ထမ်းဆောင်ရန် ပျက်ကွက်လျက်ရှိကြောင်း၊ ဟာစီနာအစိုးရလက်ထက် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလအကူအညီပေးရေးမစ်ရှင် အကြီးတန်း ရဲအကြံပေး ဖြစ်ခဲ့ဖူးပြီး၊ "လျှပ်တပြက်ဆောင်ရွက်ရေး အထူးရဲတပ်ဖွဲ့ "RAB မှာ တာဝန်ထမ်းဆောင်စဉ် အငြိမ်းစားယူခဲ့သူဖြစ် ကြောင်း ယူနွတ်အစိုးရလက်ထက် ချောင်ဒရီကို အခြားရဲဗိုလ်ချုပ်တစ်ဦးနဲ့အတူ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန် ပေးခြင်းခံရကြောင်း၊ ဝန်ကြီးဖြစ်လာတဲ့ ချောင်ဒရီဟာ ပြည်ထဲရေးဌာနမှာ လွန်ကဲစွာ ထိန်းချုပ်ခဲ့ပြီး ရဲအရာရှိ ခန့်အပ်ခြင်းနဲ့ လုပ်ပိုင်ခွင့် အလွဲသုံးတယ်လို့ စွပ်စွဲမှူများရှိခဲ့ကြောင်း၊ NE သတင်းထောက် ကြည့်ရှု့ခွင့်ရရှိတဲ့ စာရွက်စာတန်းများအရအသက် ၇၃ နှစ်အရွယ် ချောင်ဒရီဟာ အောက်တိုဘာ ၂၄ ရက်မှစတင်၍ ၁၇ ရက်ကြာ အနားယူခွင့်တင်ခဲ့ကြောင်း၊ ခွင့်ယူထားစဉ် ဇနီးသည်နှင့်အတူ အမေရိကန် တက္ကဆက်ပြည်နယ် အော်စတင်မြို့သို့ သွားရောက်ရန် သံတမန်နိုင်ငံကူးလက်မှတ်ကို အသုံးပြုခဲ့ကြောင်း၊ ခွင့်ပြန်ဝင်ရန် ပျက်ကွက်လျက်ရှိတဲ့ ပြည်ထဲရေး ဝန်ကြီး ချောင်ဒရီရဲ့နေရာမှာ အခြားအစားထိုး ခန့်အပ်ခြင်းများ မတွေ့ရပဲ ခွင့်ရက်တိုးမြှင့်ခြင်းလည်း မရှိခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီး မရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ လုံခြုံရေးယန္တရားအပေါ် အဟန့်အတား ဖြစ်လျက်ရှိကြောင်း သတင်းမှာ ဆက်လက်ဖော်ပြပါတယ်
#HtayOung #OungMarine

Zawgyi Version:
ျဖဳတ္ခ်ခံ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို ဘဂၤလားေဒ့ရွ္တရား႐ုံးက မ်က္ကြယ္ ေသဒဏ္ခ်မွတ္
Htay Oung (NP News) - ႏိုဝင္ဘာ ၁၈
ယမန္ႏွစ္ ရာထူးမွ ဖယ္ရွားျခင္းခံခဲ့ရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို ဘဂၤလားေဒ့ရွ္တရားလႊတ္ေတာ္ ခ်ဳပ္က မ်က္ကြယ္ေသဒဏ္ခ်မွတ္လိုက္ေၾကာင္း၊ ေက်ာင္းသားမ်ားဦးေဆာင္လူထုအုံႂကြမႈကို အေသအေပ်ာက္ မ်ားစြာ ၿဖိဳခြင္းရာမွာ အဓိကတာဝန္ရွိသူျဖစ္ေၾကာင္း တရား႐ုံးရဲ႕ စီရင္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဟာစီနာကို ျပစ္ဒဏ္ခ်မွတ္တဲ့တရား႐ုံးဟာ ဘဂၤလားေဒ့ရွ္ျပည္တြင္းမွာ ဖြဲ႕စည္းထားတဲ့ ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ျဖစ္ၿပီး တရားသူႀကီး ၃ ဦး ပါဝင္ပါတယ္။
ေလာေလာဆယ္ ဟာစီနာဟာ အိႏၵိယႏိုင္ငံမွာ ခိုလႈံလ်က္ရွိၿပီး တရားခံလႊဲေျပာင္းေပးရန္ ယူႏြတ္အစိုးရရဲ႕ ေတာင္းဆိုခ်က္ကို နယူးေဒလီက လစ္လ်ဴရႈထားပါတယ္။
လူသားမ်ိဳးႏြယ္အေပၚ ရာဇဝတ္မႈက်ဴးလြန္ေၾကာင္း စြပ္စြဲခ်က္နဲ႔ ရွိတ္ဟာစီနာရဲ႕အမႈကို ၾကားနာေနခိုက္ ဒါကာနဲ႔ အျခားၿမိဳ႕ႀကီးမ်ားမွာ အဝါမီလိဂ္ပါတီေထာက္ခံသူတို႔က လမ္းနဲ႔ ယာဥ္အသြားအလာမ်ားကို ပိတ္ဆို႔ဆႏၵျပရာမွ အၾကမ္းဖက္မႈမ်ားျဖစ္ပြားလ်က္ရွိၿပီး လက္လုပ္ဗုံးေပါက္ကြဲမႈ အႀကိမ္သုံးဆယ္ေက်ာ္ရွိခဲ့ပါတယ္
လုံၿခဳံေရးတင္းၾကပ္စြာ ခ်ထားတဲ့တရား႐ုံးက ႏိုဝင္ဘာလ ၁၇ ရက္မွာ အၿပီးသတ္အမိန႔္ခ်မွတ္ျခင္းျဖစ္ပါတယ္။
ေနာ့သ္အိစ္ရဲ႕သတင္းတစ္ပုဒ္မွာေတာ့ ယူႏြတ္အစိုးရ ျပည္ထဲေရးဝန္ႀကီးခူဒါဘက္ခ္ရွ္ေခ်ာင္ဒရီဟာ ခြင့္ရက္ရွည္ယူ ထားရာမွ ရက္သတၱတစ္ပတ္ေက်ာ္သည့္တိုင္ ျပန္လည္တာဝန္ထမ္းေဆာင္ရန္ ပ်က္ကြက္လ်က္ရွိေၾကာင္း၊ ဟာစီနာအစိုးရလက္ထက္ အာဖဂန္နစၥတန္ႏိုင္ငံဆိုင္ရာ ကုလအကူအညီေပးေရးမစ္ရွင္ အႀကီးတန္း ရဲအႀကံေပး ျဖစ္ခဲ့ဖူးၿပီး၊ "လွ်ပ္တျပက္ေဆာင္႐ြက္ေရး အထူးရဲတပ္ဖြဲ႕ "RAB မွာ တာဝန္ထမ္းေဆာင္စဥ္ အၿငိမ္းစားယူခဲ့သူျဖစ္ ေၾကာင္း ယူႏြတ္အစိုးရလက္ထက္ ေခ်ာင္ဒရီကို အျခားရဲဗိုလ္ခ်ဳပ္တစ္ဦးနဲ႔အတူ ျပည္ထဲေရးဝန္ႀကီးအျဖစ္ တာဝန္ ေပးျခင္းခံရေၾကာင္း၊ ဝန္ႀကီးျဖစ္လာတဲ့ ေခ်ာင္ဒရီဟာ ျပည္ထဲေရးဌာနမွာ လြန္ကဲစြာ ထိန္းခ်ဳပ္ခဲ့ၿပီး ရဲအရာရွိ ခန႔္အပ္ျခင္းနဲ႔ လုပ္ပိုင္ခြင့္ အလြဲသုံးတယ္လို႔ စြပ္စြဲမႉမ်ားရွိခဲ့ေၾကာင္း၊ NE သတင္းေထာက္ ၾကည့္ရႈ႕ခြင့္ရရွိတဲ့ စာ႐ြက္စာတန္းမ်ားအရအသက္ ၇၃ ႏွစ္အ႐ြယ္ ေခ်ာင္ဒရီဟာ ေအာက္တိုဘာ ၂၄ ရက္မွစတင္၍ ၁၇ ရက္ၾကာ အနားယူခြင့္တင္ခဲ့ေၾကာင္း၊ ခြင့္ယူထားစဥ္ ဇနီးသည္ႏွင့္အတူ အေမရိကန္ တကၠဆက္ျပည္နယ္ ေအာ္စတင္ၿမိဳ႕သို႔ သြားေရာက္ရန္ သံတမန္ႏိုင္ငံကူးလက္မွတ္ကို အသုံးျပဳခဲ့ေၾကာင္း၊ ခြင့္ျပန္ဝင္ရန္ ပ်က္ကြက္လ်က္ရွိတဲ့ ျပည္ထဲေရး ဝန္ႀကီး ေခ်ာင္ဒရီရဲ႕ေနရာမွာ အျခားအစားထိုး ခန႔္အပ္ျခင္းမ်ား မေတြ႕ရပဲ ခြင့္ရက္တိုးျမႇင့္ျခင္းလည္း မရွိခဲ့ေၾကာင္း၊ ျပည္ထဲေရးဝန္ႀကီး မရွိတဲ့အတြက္ ဘဂၤလားေဒ့ရွ္ရဲ႕ ႏိုင္ငံေရးဦးေဆာင္မႈနဲ႔ လုံၿခဳံေရးယႏၲရားအေပၚ အဟန႔္အတား ျဖစ္လ်က္ရွိေၾကာင္း သတင္းမွာ ဆက္လက္ေဖာ္ျပပါတယ္
#HtayOung #OungMarine