'၄၆ ကြိမ်မြောက် Blue Dragon ရုပ်ရှင်ဆုပေးပွဲ' မှာ စုံတွဲလိုက် ဆုရခဲ့တဲ့ ဟွမ်ဘင်းနဲ့ ဆိုရီဂျင်း

68

ရောင်နီ (NP News) - နိုဝင်ဘာ ၂၁
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ ရိုရှီဒို၊ KBS Hall မှာ နိုဝင်ဘာ ၁၉ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ '၄၆ ကြိမ်မြောက် Blue Dragon ရုပ်ရှင်ဆုပေးပွဲ' အခမ်းအနားမှာ တောင်ကိုရီးယားရဲ့နာမည်ကြီးသရုပ်ဆောင် ဇနီးမောင်နှံဖြစ်တဲ့ ဟွမ်ဘင်းနဲ့ ဆိုရီဂျင်းဟာ အကောင်းဆုံး သရုပ်ဆောင်မင်းသား၊ မင်းသမီးဆုကို စုံတွဲလိုက် ရရှိခဲ့ပါတယ်။
ပွဲအခမ်းအနားကို သရုပ်ဆောင် လီဂျီဟွမ်း နဲ့ သရုပ်ဆောင် ဟန်ဂျီမင် တို့က ခမ်းအနားမှူးအဖြစ်ပြုလုပ်ခဲ့ပြီး ရုပ်ရှင်ထုတ်လုပ်သူ ပက်ခ်ချန်းဝူခ်ရဲ့ “No Other Choice” ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု၊ အကောင်းဆုံးဇာတ်ပို့ဆု၊ အကောင်းဆုံး ရုပ်ရှင်သီချင်းဆု၊ အကောင်းဆုံးနည်းပညာဆု စုစုပေါင်း ဆု ၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ဆုအများဆုံးရရှိတဲ့ ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ ၄၆ ကြိမ်မြောက် Blue Dragon ရုပ်ရှင်ဆုပေးပွဲအတွက် ဆုရရှိခဲ့သူတွေကတော့
- အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု (No Other Choice)
- အကောင်းဆုံး ဒါရိုက်တာဆု - ပက်ခ်ချန်းဝူခ် (No Other Choice)
- အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု - ဆိုရယ်ဂျင်း (No Other Choice)
- အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု - ဟွမ်ဘင်း (Harbin)
- အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု - ပက်ခ်ဂျီဟွမ် (Hidden Face)
- အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု - လီဆမ်မင်း (No Other Choice)
- အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး သရုပ်ဆောင်ဆု - ကင်ဒိုယောင်း (Idiot Girls and School Ghost: School Anniversary)
အကောင်းဆုံး မျက်နှာသစ် အမျိုးသား သရုပ်ဆောင်ဆု - အန်ဘိုဟွန်း (Pretty Crazy)
အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆု - ကင်ဟေးယောင်း (IT’S OKAY)
ပေါ်ပျူလာ အဖြစ်ဆုံး သရုပ်ဆောင်ဆု - ယွန်းနာ (“Pretty Crazy”), ပက်ခ်ဂျီယောင်း(Hi-Five), ဆိုရီဂျင်း (No Other Choice), ဟွမ်ဘင်း (Harbin)
ပရိသတ်အကြိုက်ဆုံး ရုပ်ရှင်ဆု - (My Daughter Is a Zombie) က ရရှိခဲ့ပါတယ်။
Blue Dragon ရုပ်ရှင်ဆုပေးပွဲဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင်ထူးချွန်မှုတွေအတွက် Sports Chosun မှ ကြီးမှူးကျင်းပတဲ့ နှစ်ပတ်လည်ဆုပေးပွဲတစ်ခုဖြစ်ပြီး ယခင်နှစ်က ထွက်ရှိခဲ့တဲ့ လူကြိုက်များတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲက အကောင်းဆုံးဆုတွေကို ရွေးချယ်ပေးအပ်တဲ့ အခမ်းအနားပဲဖြစ်ပါတယ်။

Zawgyi Version:
'၄၆ ႀကိမ္ေျမာက္ Blue Dragon ႐ုပ္ရွင္ဆုေပးပြဲ' မွာ စုံတြဲလိုက္ ဆုရခဲ့တဲ့ ဟြမ္ဘင္းနဲ႔ ဆိုရီဂ်င္း
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၁
ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕၊ ႐ိုရွီဒို၊ KBS Hall မွာ ႏိုဝင္ဘာ ၁၉ ရက္က က်င္းပျပဳလုပ္ခဲ့တဲ့ '၄၆ ႀကိမ္ေျမာက္ Blue Dragon ႐ုပ္ရွင္ဆုေပးပြဲ' အခမ္းအနားမွာ ေတာင္ကိုရီးယားရဲ႕နာမည္ႀကီးသ႐ုပ္ေဆာင္ ဇနီးေမာင္ႏွံျဖစ္တဲ့ ဟြမ္ဘင္းနဲ႔ ဆိုရီဂ်င္းဟာ အေကာင္းဆုံး သ႐ုပ္ေဆာင္မင္းသား၊ မင္းသမီးဆုကို စုံတြဲလိုက္ ရရွိခဲ့ပါတယ္။
ပြဲအခမ္းအနားကို သ႐ုပ္ေဆာင္ လီဂ်ီဟြမ္း နဲ႔ သ႐ုပ္ေဆာင္ ဟန္ဂ်ီမင္ တို႔က ခမ္းအနားမႉးအျဖစ္ျပဳလုပ္ခဲ့ၿပီး ႐ုပ္ရွင္ထုတ္လုပ္သူ ပက္ခ္ခ်န္းဝူခ္ရဲ႕ “No Other Choice” ဇာတ္ကားဟာ အေကာင္းဆုံး႐ုပ္ရွင္ဓာတ္ပုံဆု၊ အေကာင္းဆုံး ဒါ႐ိုက္တာဆု၊ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ေဆာင္ဆု၊ အေကာင္းဆုံးဇာတ္ပို႔ဆု၊ အေကာင္းဆုံး ႐ုပ္ရွင္သီခ်င္းဆု၊ အေကာင္းဆုံးနည္းပညာဆု စုစုေပါင္း ဆု ၆ ခု ဆြတ္ခူးရရွိခဲ့ၿပီး ဆုအမ်ားဆုံးရရွိတဲ့ ဇာတ္ကားျဖစ္လာခဲ့ပါတယ္။ ၄၆ ႀကိမ္ေျမာက္ Blue Dragon ႐ုပ္ရွင္ဆုေပးပြဲအတြက္ ဆုရရွိခဲ့သူေတြကေတာ့
- အေကာင္းဆုံး ႐ုပ္ရွင္ဓာတ္ပုံဆု (No Other Choice)
- အေကာင္းဆုံး ဒါ႐ိုက္တာဆု - ပက္ခ္ခ်န္းဝူခ္ (No Other Choice)
- အေကာင္းဆုံး အမ်ိဳးသမီး သ႐ုပ္ေဆာင္ဆု - ဆိုရယ္ဂ်င္း (No Other Choice)
- အေကာင္းဆုံး အမ်ိဳးသား ဇာတ္ေဆာင္ဆု - ဟြမ္ဘင္း (Harbin)
- အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ပို႔ဆု - ပက္ခ္ဂ်ီဟြမ္ (Hidden Face)
- အေကာင္းဆုံး အမ်ိဳးသား ဇာတ္ပို႔ဆု - လီဆမ္မင္း (No Other Choice)
- အေကာင္းဆုံး မ်က္ႏွာသစ္ အမ်ိဳးသမီး သ႐ုပ္ေဆာင္ဆု - ကင္ဒိုေယာင္း (Idiot Girls and School Ghost: School Anniversary)
အေကာင္းဆုံး မ်က္ႏွာသစ္ အမ်ိဳးသား သ႐ုပ္ေဆာင္ဆု - အန္ဘိုဟြန္း (Pretty Crazy)
အေကာင္းဆုံး မ်က္ႏွာသစ္ ဒါ႐ိုက္တာဆု - ကင္ေဟးေယာင္း (IT’S OKAY)
ေပၚပ်ဴလာ အျဖစ္ဆုံး သ႐ုပ္ေဆာင္ဆု - ယြန္းနာ (“Pretty Crazy”), ပက္ခ္ဂ်ီေယာင္း(Hi-Five), ဆိုရီဂ်င္း (No Other Choice), ဟြမ္ဘင္း (Harbin)
ပရိသတ္အႀကိဳက္ဆုံး ႐ုပ္ရွင္ဆု - (My Daughter Is a Zombie) က ရရွိခဲ့ပါတယ္။
Blue Dragon ႐ုပ္ရွင္ဆုေပးပြဲဟာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ႐ုပ္ရွင္ထူးခြၽန္မႈေတြအတြက္ Sports Chosun မွ ႀကီးမႉးက်င္းပတဲ့ ႏွစ္ပတ္လည္ဆုေပးပြဲတစ္ခုျဖစ္ၿပီး ယခင္ႏွစ္က ထြက္ရွိခဲ့တဲ့ လူႀကိဳက္မ်ားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြထဲက အေကာင္းဆုံးဆုေတြကို ေ႐ြးခ်ယ္ေပးအပ္တဲ့ အခမ္းအနားပဲ ျဖစ္ပါတယ္။