ယခုဘဏ္ဍာနှစ်(၇)လအတွင်း ငါးတန်ချိန် တစ်သိန်းခြောက်သောင်းကျော်တင်ပို့

60

NP News - နိုဝင်ဘာ ၂၂
ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာတွင် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အထိ ၇ လတာအတွင်း ငါးမက်ထရစ်တန် ၁၆၀,၀၀၀ ကျော် တင်ပို့ထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
"ငါးတစ်မျိုးတည်းကို မက်ထရစ်တန် ၁၆၅,၁ဝ၉ ဒသမ ၃၈၇ တင်ပို့ထားပါတယ်။ အဲဒီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ဝ၁ ဒသမ ဝ၉၇ သန်း ရရှိထားပြီးဖြစ်ပါတယ်" လို့ အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပုံမှန်ကုန်သွယ်မှု ပင်လယ်ရေကြောင်းမှ ငါးမက်ထရစ်တန် ၈၅,၇၅၆ ဒသမ ၉၁ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၈၄၆ သန်းရရှိခဲ့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှ ငါးမက်ထရစ်တန် ၇၉,၃၅၂ ဒသမ ၄၇၇ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂၅၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ငါး အပါအဝင် အခြားရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာမှာ ယခုဘဏ္ဍာနှစ် ၇ လတာကာလအတွင်း ရေထွက်ကုန် စုစုပေါင်း မက်ထရစ်တန် ၂၃၄,၁၀၇ ဒသမ ၀၈၆ တင်ပို့ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပြည်တွင်းမှ ထွက်ရှိသည့် ငါး၊ ပုစွန် စသည့် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် ၊ ဂျပန် စသည့် ပြည်ပနိုင်ငံပေါင်း ၄ဝ ကျော်သို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ယခုဘ႑ာႏွစ္(၇)လအတြင္း ငါးတန္ခ်ိန္ တစ္သိန္းေျခာက္ေသာင္းေက်ာ္တင္ပို႔
NP News - ႏိုဝင္ဘာ ၂၂
ျပည္ပႏိုင္ငံမ်ားသို႔ ေရထြက္ကုန္ပစၥည္းမ်ား တင္ပို႔လ်က္ရွိရာတြင္ ယခု ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္ ဧၿပီလ ၁ ရက္ကေန ေအာက္တိုဘာ ၃၁ ရက္အထိ ၇ လတာအတြင္း ငါးမက္ထရစ္တန္ ၁၆၀,၀၀၀ ေက်ာ္ တင္ပို႔ထားၿပီးျဖစ္ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနထံမွ သိရသည္။
"ငါးတစ္မ်ိဳးတည္းကို မက္ထရစ္တန္ ၁၆၅,၁ဝ၉ ဒသမ ၃၈၇ တင္ပို႔ထားပါတယ္။ အဲဒီတင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၂ဝ၁ ဒသမ ဝ၉၇ သန္း ရရွိထားၿပီးျဖစ္ပါတယ္" လို႔ အဆိုပါဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ပုံမွန္ကုန္သြယ္မႈ ပင္လယ္ေရေၾကာင္းမွ ငါးမက္ထရစ္တန္ ၈၅,၇၅၆ ဒသမ ၉၁ တင္ပို႔ခဲ့ၿပီး အေမရိကန္ေဒၚလာ ၁၃၁ ဒသမ ၈၄၆ သန္းရရွိခဲ့သည့္အျပင္ နယ္စပ္ကုန္သြယ္ေရးမွ ငါးမက္ထရစ္တန္ ၇၉,၃၅၂ ဒသမ ၄၇၇ တန္တင္ပို႔ခဲ့ၿပီး အေမရိကန္ေဒၚလာ ၆၉ ဒသမ ၂၅၁ သန္း ရရွိခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ငါး အပါအဝင္ အျခားေရထြက္ကုန္ပစၥည္းမ်ားကို ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔လ်က္ရွိရာမွာ ယခုဘ႑ာႏွစ္ ၇ လတာကာလအတြင္း ေရထြက္ကုန္ စုစုေပါင္း မက္ထရစ္တန္ ၂၃၄,၁၀၇ ဒသမ ၀၈၆ တင္ပို႔ထားေၾကာင္း ငါးလုပ္ငန္းဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။
ျပည္တြင္းမွ ထြက္ရွိသည့္ ငါး၊ ပုစြန္ စသည့္ ေရထြက္ကုန္ပစၥည္းမ်ားကို တ႐ုတ္၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္ ၊ ဂ်ပန္ စသည့္ ျပည္ပႏိုင္ငံေပါင္း ၄ဝ ေက်ာ္သို႔ တင္ပို႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။