တိုင်းနှင့် ပြည်နယ်များအလိုက် အချိုးညီတိုးတက်ရန် တက္ကသိုလ်များဖွင့်ထားသော်လည်း ပြည်နယ်အချို့တွင် ကျောင်းတက်မှုနည်းနေ

 174

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၄

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အချိုးညီညီတိုးတက်စေရေး တက္ကသိုလ်များကို ဖွင့်လှစ်ထားသော်လည်း အချို့ပြည်နယ်များ တွင် ကျောင်းသား၊ ကျောင်းသူတက်ရောက်မှု နည်းပါးနေကြောင်း သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (နိုဝင်ဘာ ၂၃ရက်)၊ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအား တိုးရွှေဝါခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ်များ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တိုင်းဒေ သကြီးနှင့် ပြည်နယ်များအလိုက် အချိုးညီညီတိုးတက်စေရေး တက္ကသိုလ်များကို ဖွင့်လှစ်ထားသော်လည်း အချို့ပြည်နယ်များတွင် ကျောင်းသား၊ ကျောင်းသူတက်ရောက်မှု နည်းပါးနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ကြောင့် ပိုလီတက်ကနစ်နည်းပညာတက္ကသိုလ်များကို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး တက္က သိုလ်များကိုလည်း ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ် များအလိုက် တက္ကသိုလ်များ၊ ကောလိပ်များကို တက်ရောက်ပြီး အဆင့်မြင့်ပညာရပ်များကို သင်ကြားနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
တန်းစဉ်ကူးပြောင်းမှုနှုန်း နည်းပါးလာခြင်းကြောင့် တက္ကသိုလ်သို့ တက်ရောက် သင်ကြားသူများ နည်းပါးလာခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
တန်စဉ်ကူးပြောင်းမှုနှုန်းမြင့်မားအောင် ဆောင်ရွက်ခြင်းဖြင့် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝလာမည်ဖြစ်ကြောင်းနှင့် ပညာတတ်လူသားအရင်းအမြစ်များ ပေါများစေရေး မအူပင်ခရိုင်အနေဖြင့်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။။

Zawgyi Version:
တိုင္းႏွင့္ ျပည္နယ္မ်ားအလိုက္ အခ်ိဳးညီတိုးတက္ရန္ တကၠသိုလ္မ်ားဖြင့္ထားေသာ္လည္း ျပည္နယ္အခ်ိဳ႕တြင္ ေက်ာင္းတက္မႈနည္းေန
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၄

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ အခ်ိဳးညီညီတိုးတက္ေစေရး တကၠသိုလ္မ်ားကို ဖြင့္လွစ္ထားေသာ္လည္း အခ်ိဳ႕ျပည္နယ္မ်ား တြင္ ေက်ာင္းသား၊ ေက်ာင္းသူတက္ေရာက္မႈ နည္းပါးေနေၾကာင္း သမၼတျမန္မာႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔ (ႏိုဝင္ဘာ ၂၃ရက္)၊ မြန္းလြဲပိုင္းက ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕ရွိ ခ႐ိုင္၊ ၿမိဳ႕နယ္ အဆင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ၿမိဳ႕မိ ၿမိဳ႕ဖမ်ားအား တိုးေ႐ႊဝါခန္းမ၌ ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ား ေဆြးေႏြး ေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အေနျဖင့္ ပညာရည္ျမႇင့္တင္ေရးလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ေဆာင္႐ြက္လ်က္ရွိၿပီး တကၠသိုလ္မ်ား အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ပညာတတ္လူသားအရင္းအျမစ္မ်ား ေမြးထုတ္ေပးႏိုင္ေရးအတြက္ မိမိတို႔အေနျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ တိုင္းေဒ သႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ အခ်ိဳးညီညီတိုးတက္ေစေရး တကၠသိုလ္မ်ားကို ဖြင့္လွစ္ထားေသာ္လည္း အခ်ိဳ႕ျပည္နယ္မ်ားတြင္ ေက်ာင္းသား၊ ေက်ာင္းသူတက္ေရာက္မႈ နည္းပါးေနေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ပိုလီတက္ကနစ္နည္းပညာတကၠသိုလ္မ်ားကို ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး တကၠ သိုလ္မ်ားကိုလည္း ထပ္မံဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ႏိုင္ငံေတာ္အေနျဖင့္ ပညာရည္ျမင့္မားေရး ေဆာင္႐ြက္လ်က္ရွိၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ သက္ဆိုင္ရာဘာသာရပ္ မ်ားအလိုက္ တကၠသိုလ္မ်ား၊ ေကာလိပ္မ်ားကို တက္ေရာက္ၿပီး အဆင့္ျမင့္ပညာရပ္မ်ားကို သင္ၾကားႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
တန္းစဥ္ကူးေျပာင္းမႈႏႈန္း နည္းပါးလာျခင္းေၾကာင့္ တကၠသိုလ္သို႔ တက္ေရာက္ သင္ၾကားသူမ်ား နည္းပါးလာျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကဆိုသည္။
တန္စဥ္ကူးေျပာင္းမႈႏႈန္းျမင့္မားေအာင္ ေဆာင္႐ြက္ျခင္းျဖင့္ ပညာတတ္လူသားအရင္းအျမစ္မ်ား ေပါႂကြယ္ဝလာမည္ျဖစ္ေၾကာင္းႏွင့္ ပညာတတ္လူသားအရင္းအျမစ္မ်ား ေပါမ်ားေစေရး မအူပင္ခ႐ိုင္အေနျဖင့္လည္း ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္သြားၾကေစလိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့သည္။။

Related news

© 2021. All rights reserved.