သွားလာရေး၊ လူမှုရေး ခက်ခဲသော ဒေသများ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဆေးတက္ကသိုလ် ဝင်ခွင့် ခေါ်ယူ

 334

ပီယ (NP News) - နိုဝင်ဘာ ၂၇
နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစားရိတ်ခံစားခွင့် ရှိသော သွားလာရေး၊ လူမှုရေး ခက်ခဲသော ဒေသများ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဆေးတက္ကသိုလ် ဝင်ခွင့် ခေါ်ယူထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန ထံက သိရသည်။
ယင်းသို့ ခေါ်ယူရာတွင် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့်လူမှုရေးခက်ခဲ သောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) တွင် အမြဲနေထိုင်သူဖြစ်ရမည် ဖြစ်ကာ အခြေခံပညာသင်တန်း (GRADE-10, GRADE-11, GRADE-12) များကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများမှပင် တက္ကသိုလ်ဝင်စာမေးပွဲကို STEAMS-1 ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည် ဖြစ်ကာ ချွင်းချက် အနေဖြင့် အဆိုပါ ဒေသများတွင် နေထိုင်သော်လည်း အခြေခံပညာအထက်တန်း ကျောင်းမရှိခြင်း၊စာစစ်ဌာနမရှိခြင်း၊ အခြေခံပညာအထက်တန်းကျောင်းရှိသော်လည်း STEAMS-1 ဘာသာတွဲသင်ကြားနိုင်မှုမရှိခြင်းတို့ကြောင့် အနီးစပ်ဆုံးမြို့နယ်ရှိ အထက်တန်း ကျောင်းများမှအောင်မြင်သော ကျောင်းသားများအား ခက်ခဲဒေသတွင် (၃)နှစ်ဆက်တိုက် တက်ရောက်ခဲ့ခြင်းမရှိသော်လည်း စဉ်းစားပေးမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် STEAMS-1 ဘာသာတွဲ(မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ)ဖြင့် အောင်မြင်သူဖြစ်ရမည်ဖြစ်ပြီး (၆)ဘာသာ စုစုပေါင်းရမှတ်(၄၅၀)နှင့်အထက်ရရှိသူ ဖြစ်ပြီး အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ (၃)ဘာသာပေါင်းရမှတ် (အများ/အနည်း)ပေါ်မူတည်၍ ပဏာမရွေးချယ်ပြီး လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက် ဖြေဆိုခွင့်ပြုမည် ဖြစ်ကြောင်း သိရကာ လူတွေ့နှုတ်မေးစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း၊ ခုံအမှတ်နှင့် ဖြေဆိုရမည့်နေ့ရက်ကို ကျန်းမာရေး ဝန်ကြီး ဌာန ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ ဝဘ်ဆိုက်တို့တွင် ကြေငြာမည် ဖြစ်ကြောင်း သိရသည်။
အထူးအခွင့်အရေးအဖြစ် ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုခြင်းဖြစ်သည့် အတွက် တက်ရောက်ခွင့်ရရှိပြီး တက္ကသိုလ်သို့သင်တန်းလာအပ်ပါက ဘွဲ့ရရှိပြီးသည့်အချိန်မှ မိမိဒေသတွင် နိုင်ငံ့ဝန်ထမ်းအဖြစ်အနည်းဆုံး(၅)နှစ်၊ ဘွဲ့လွန်သင်တန်း တက်ရောက်အောင်မြင်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး(၅)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ပါမည်ဟု သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့များ၏ဥက္ကဋ္ဌ(သို့မဟုတ်) သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့/ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်ရှေ့မှောက်တွင် လက်မှတ်ရေးထိုးထားသည့် ကတိပြုဝန်ခံချက်တင်ပြရမည် ဖြစ်ကြောင်းလည်း သိရသည်။
“ဝေးလံ ခက်ခဲ နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွက် ဆိုပြီးတော့ ကျွန်တော်တို့က အခွင့်အရေး ပေးတာပေါ့။ သူတို့ အတွက် သီးသန့်ပါ။ အဓိက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ လည်း ပါတယ်လေ။ အကျုံးဝင်တဲ့ မည်သူ မဆို လျှောက်လို့ရပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Zawgyi Version:
သြားလာေရး၊ လူမႈေရး ခက္ခဲေသာ ေဒသမ်ား ႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ားမွ တကၠသိုလ္ဝင္တန္း ေအာင္ျမင္သူမ်ားအား ေဆးတကၠသိုလ္ ဝင္ခြင့္ ေခၚယူ
ပီယ (NP News) - ႏိုဝင္ဘာ ၂၇
ႏိုင္ငံေတာ္မွ ထုတ္ျပန္ထားေသာ ေဒသစားရိတ္ခံစားခြင့္ ရွိေသာ သြားလာေရး၊ လူမႈေရး ခက္ခဲေသာ ေဒသမ်ား ႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ားမွ တကၠသိုလ္ဝင္တန္း ေအာင္ျမင္သူမ်ားအား ေဆးတကၠသိုလ္ ဝင္ခြင့္ ေခၚယူထားေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာန၊ က်န္းမာေရး လူ႔စြမ္းအား အရင္းအျမစ္ ဦးစီးဌာန ထံက သိရသည္။
ယင္းသို႔ ေခၚယူရာတြင္ ႏိုင္ငံေတာ္မွထုတ္ျပန္ထားေသာ ေဒသစရိတ္ခံစားခြင့္ရွိသည့္ သြားလာေရးႏွင့္လူမႈေရးခက္ခဲ ေသာေဒသမ်ားႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ား (နာဂ၊ ဓႏု၊ ပအိုဝ္း၊ ပေလာင္၊ ကိုးကန႔္၊ ဝ) တြင္ အၿမဲေနထိုင္သူျဖစ္ရမည္ ျဖစ္ကာ အေျခခံပညာသင္တန္း (GRADE-10, GRADE-11, GRADE-12) မ်ားကို ၎ေဒသမ်ားတြင္ ဆက္တိုက္ပညာသင္ၾကားခဲ့ၿပီး ၎ေဒသမ်ားမွပင္ တကၠသိုလ္ဝင္စာေမးပြဲကို STEAMS-1 ဘာသာတြဲျဖင့္ ေအာင္ျမင္သူျဖစ္ရမည္ ျဖစ္ကာ ခြၽင္းခ်က္ အေနျဖင့္ အဆိုပါ ေဒသမ်ားတြင္ ေနထိုင္ေသာ္လည္း အေျခခံပညာအထက္တန္း ေက်ာင္းမရွိျခင္း၊စာစစ္ဌာနမရွိျခင္း၊ အေျခခံပညာအထက္တန္းေက်ာင္းရွိေသာ္လည္း STEAMS-1 ဘာသာတြဲသင္ၾကားႏိုင္မႈမရွိျခင္းတို႔ေၾကာင့္ အနီးစပ္ဆုံးၿမိဳ႕နယ္ရွိ အထက္တန္း ေက်ာင္းမ်ားမွေအာင္ျမင္ေသာ ေက်ာင္းသားမ်ားအား ခက္ခဲေဒသတြင္ (၃)ႏွစ္ဆက္တိုက္ တက္ေရာက္ခဲ့ျခင္းမရွိေသာ္လည္း စဥ္းစားေပးမည္ ျဖစ္ေၾကာင္း သိရသည္။
၂၀၂၅-ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ STEAMS-1 ဘာသာတြဲ(ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ဓာတုေဗဒ၊ ႐ူပေဗဒ၊ ဇီဝေဗဒ)ျဖင့္ ေအာင္ျမင္သူျဖစ္ရမည္ျဖစ္ၿပီး (၆)ဘာသာ စုစုေပါင္းရမွတ္(၄၅၀)ႏွင့္အထက္ရရွိသူ ျဖစ္ၿပီး အဂၤလိပ္စာ၊ ဓာတုေဗဒ၊ ဇီဝေဗဒ (၃)ဘာသာေပါင္းရမွတ္ (အမ်ား/အနည္း)ေပၚမူတည္၍ ပဏာမေ႐ြးခ်ယ္ၿပီး လူေတြ႕ႏႈတ္ေမးစာေမးပြဲသို႔ ဝင္ေရာက္ ေျဖဆိုခြင့္ျပဳမည္ ျဖစ္ေၾကာင္း သိရကာ လူေတြ႕ႏႈတ္ေမးစာေမးပြဲ ေျဖဆိုခြင့္ရရွိသူမ်ားစာရင္း၊ ခုံအမွတ္ႏွင့္ ေျဖဆိုရမည့္ေန႔ရက္ကို က်န္းမာေရး ဝန္ႀကီး ဌာန ၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာ ႏွင့္ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန၏ ဝဘ္ဆိုက္တို႔တြင္ ေၾကျငာမည္ ျဖစ္ေၾကာင္း သိရသည္။
အထူးအခြင့္အေရးအျဖစ္ ေဆးတကၠသိုလ္သို႔ တက္ေရာက္ခြင့္ျပဳျခင္းျဖစ္သည့္ အတြက္ တက္ေရာက္ခြင့္ရရွိၿပီး တကၠသိုလ္သို႔သင္တန္းလာအပ္ပါက ဘြဲ႕ရရွိၿပီးသည့္အခ်ိန္မွ မိမိေဒသတြင္ ႏိုင္ငံ့ဝန္ထမ္းအျဖစ္အနည္းဆုံး(၅)ႏွစ္၊ ဘြဲ႕လြန္သင္တန္း တက္ေရာက္ေအာင္ျမင္ၿပီးပါက ႏိုင္ငံ့ဝန္ထမ္းအျဖစ္ အနည္းဆုံး(၅)ႏွစ္ မပ်က္မကြက္ တာဝန္ထမ္းေဆာင္ပါမည္ဟု သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္အစိုးရအဖြဲ႕/ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း/ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီး အဖြဲ႕မ်ား၏ဥကၠ႒(သို႔မဟုတ္) သက္ဆိုင္ရာတိုင္းေဒသႀကီး/ ျပည္နယ္အစိုးရအဖြဲ႕/ ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရတိုင္း/ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕မွ တာဝန္ေပးအပ္သည့္ ပုဂၢိဳလ္ေရွ႕ေမွာက္တြင္ လက္မွတ္ေရးထိုးထားသည့္ ကတိျပဳဝန္ခံခ်က္တင္ျပရမည္ ျဖစ္ေၾကာင္းလည္း သိရသည္။
“ေဝးလံ ခက္ခဲ နဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ အတြက္ ဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔က အခြင့္အေရး ေပးတာေပါ့။ သူတို႔ အတြက္ သီးသန႔္ပါ။ အဓိက ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသေတြ လည္း ပါတယ္ေလ။ အက်ဳံးဝင္တဲ့ မည္သူ မဆို ေလွ်ာက္လို႔ရပါတယ္” ဟု တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.