ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို လာမည့်နှစ်ကုန်တွင် ပိတ်သိမ်းသွားမည်

 769

စော(NP News)- ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်းပေါ်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို လာမည့် (၂၀၂၆)နှစ်ကုန်တွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ယနေ့ (ဒီဇင်ဘာ ၅ရက်)တွင် ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ပိတ်သိမ်းရခြင်းမှာ ဒိန်းမတ်သံတမန်ရေးရာပြန်လည်ပြုပြင်ဖွဲစည်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးပိတ်သိမ်းခြင်းလုပ်ငန်းစဉ်များကို စနစ်တကျပြုလုပ်သွားမည်ဖြစ်ပြီး မပိတ်သိမ်းမီအချိန်အထိ သံရုံးအနေဖြင့် လုပ်ငန်းဆောင်တာများအား ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အလားတူ ရန်ကုန်မြိုရှိ ဖင်လန်နိုင်ငံသံရုံးကိုလည်း လာမည့် ၂၀၂၆ ခုနှစ်တွင် ပိတ်သိမ်းသွားဖြစ်ကြောင်း ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယခုရက်ပိုင်းအတွင်း အသိပေးထားသည်။

Zawgyi Version:
ရန္ကုန္ရွိ ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ုံးကို လာမည့္ႏွစ္ကုန္တြင္ ပိတ္သိမ္းသြားမည္
ေစာ(NP News)- ဒီဇင္ဘာ ၅
ရန္ကုန္တိုင္းေဒသႀကီး၊ ျပည္လမ္းေပၚရွိ ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ုံးကို လာမည့္ (၂၀၂၆)ႏွစ္ကုန္တြင္ ပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္း ဒိန္းမတ္ႏိုင္ငံျခားေရးဝန္ႀကီးက ယေန႔ (ဒီဇင္ဘာ ၅ရက္)တြင္ ေၾကညာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ပိတ္သိမ္းရျခင္းမွာ ဒိန္းမတ္သံတမန္ေရးရာျပန္လည္ျပဳျပင္ဖြဲစည္းမႈ၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ုံးက ဆိုသည္။
ျမန္မာႏိုင္ငံဆိုင္ရာဒိန္းမတ္သံ႐ုံးပိတ္သိမ္းျခင္းလုပ္ငန္းစဥ္မ်ားကို စနစ္တက်ျပဳလုပ္သြားမည္ျဖစ္ၿပီး မပိတ္သိမ္းမီအခ်ိန္အထိ သံ႐ုံးအေနျဖင့္ လုပ္ငန္းေဆာင္တာမ်ားအား ပုံမွန္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
အလားတူ ရန္ကုန္ၿမိဳရွိ ဖင္လန္ႏိုင္ငံသံ႐ုံးကိုလည္း လာမယ့္ ၂၀၂၆ ခုႏွစ္တြင္ ပိတ္သိမ္းသြားျဖစ္ေၾကာင္း ဖင္လန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ယခုရက္ပိုင္းအတြင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.