မြန်မာနိုင်ငံမှ အမေရိကန်အာမခံကုမ္ပဏီ ထွက်ခွာသွားမည်ဆိုလျင် ဘယ်သူ-ဘာတွေ နစ်နာနိုင်ပါသလဲ (အတွေးအမြင်ဆောင်းပါး)

 359

HtayOung(NP News) ဒီဇင်ဘာ ၂၂
အဖြေကို ကြိုတင်ပြောရလျင် ဟုတ်ကဲ့ မြန်မာအစိုးရရော ကျွန်တော်တို့အများပြည်တွေပါ တိုက်ရိုက် စိန်ခေါ် မှုများနဲ့ သွယ်ဝှိုက်နစ်နာပါတယ်။ အဲ့ဒါကိုရှင်းပြဖို့ အာမခံ Insurance အကြောင်း အတိုချုပ် ပြောပြပါရစေ။

မရေရာ မသေချာတဲ့ ကိစ္စတစ်ခုခုနဲ့ ရင်ဆိုင်ရလျင် ကျွန်တော်တို့ အာရှတိုက်သားများမှာ တုတ်ဆွဲ ဓါးဆွဲ လုပ် လေ့ရှိပြီး အနောက်တိုင်းသားတွေကတော့ “ငါပြောတာ မှန်တယ်။ လောင်းမလား” လို့ စိန်ခေါ် ဖြေရှင်းတတ်ပါ တယ်။ အာရှတိုက်သားတွေရဲ့ ပွဲချင်းပီး ဖြေရှင်းလေ့ရှိကြရာမှ ကျွန်တော်တို့ မြန်မာတွေဟာ ခုချိန်ထိ ငယ်ကျင့် မပျောက်နိုင်ပဲ ဗိုလ်မထားဘူးလို့ ကျွန်တော်ထင်တယ်။ အာမခံလုပ်ငန်းဆိုတာ အနောက်တိုင်းသားတွေရဲ့ “ သတ္တိရှိရင် လောင်းမလား” ဆိုတဲ့အပေါ် အခြေခံပြီး ဖြစ်ပေါ်လာတယ်လို့ ပြောရလိမ့်မယ်။

ဒီနေ့ခေတ် စစ်ချီတေးများ မှာ ထည့်သွင်း ဂုဏ်ယူကြရတဲ့ မင်းရဲကျော်စွာ လက်ထက် ၁၃-ရာစု မြန်မာတို့ဟာ ဂျင်ဂျစ်ခန်ရဲ့ မွန်ဂိုစစ်တပ်ကြီးကို ကောင်းကောင်းကြီး ခုခံချေမှုန်းနိုင်ခဲ့ပါတယ်။ ၁၆-ရာစု တပင်ရွှေထီး-ဘုရင့် နောင်တို့ရဲ့ တောင်ငူ-ဟံသာဝတီအင်ပါယာ ဒုတိယမြန်မာနိုင်ငံဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသမှာ အ ကျယ်ဝန်းဆုံးနဲ့ တည်ငြိမ်အေးချမ်းဆုံးကာလဖြစ်ပါတယ်။ အုပ်ချုပ်ရေး-စီးပွားရေး-ကုန်သွယ်ရေး ကမ္ဘာ့အချက် အခြာဖြစ်ခဲ့ဖူးပြီး တရုတ်-အိန္ဒိယ-အာရဗီကုန်သည်တို့ ပါးစပ်ဖျားမှာ ရေပန်းစားပါတယ်။ ပေါ်တူဂီတို့က ကြေး စားစစ်သားအဖြစ်၊ စပိန်တို့က ကုန်သည်အဖြစ် ရောက်ရှိနေကြပြီး အင်္ဂလိပ်တို့ကတော့ အိန္ဒိယမှတဆင့် မြန်မာ ကို ကျားချောင်း ချောင်းနေခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ၁၇-ရာစုမှာ အရည်အချင်းလုံး၀ မရှိပဲ လူကြိုက်များတာ တွေ လုပ်ပြဖို့သာ နားလည်တဲ ဧကရာဇ်တို့နဲ့ ဘုရင်ရူး ရူးပြီး တော်လှန်ပုန်ကန်ရင်း ကိုယ့်လူ့အဖွဲ့အစည်း လူသားရင်းမြစ်နဲ့ ဓနအင်အားကို ဖြုန်းတီးသူများ အင်အားကောင်းခြင်းတို့ကြောင့် မြန်မာဟာ ဘုံလျောသွားရပြီး ခုချိန်ထိ တစ်ချီတချီ အရူးသွေးကြွလေ့ရှိခြင်းကို မြင်နိုင်ပါတယ်။ ကုန်းဘောင်မင်းဆက်မတိုင်မီ ၁၆၈၈-ခုနှစ် နှစ်ခြမ်းကွဲမြန်မာပြည်အထက်ပိုင်း ညောင်ရမ်းမင်းဆက် အင်းဝဘုရင် “မင်းရဲကျော်ထင်” လက်ထက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ “လွိုက်အာမခံလုပ်ငန်း” စတင်ပေါ် ပေါက်ခဲ့ပါတယ်။

အမှန်တော့ အာမခံကုမ္ပဏီ တစ်ခု မဟုတ်ပဲ Lloyd လွိုက်အမည်ရှိ ကော်ဖီဆိုင်လေးအတွင်း သင်္ဘောလုပ်ငန်း ကုန်သည်များသာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ကတိစကားတစ်လုံးနဲ့ အကောင်းဆုံး အာမခံခြင်းဖြစ်ပြီး အလျော်အစား ကြမ်းလာတဲ့အခါ အာမခံအလုပ်နဲ့အတူ သင်္ဘောတွေရဲ့ အရည်အသွေးကို စစ်ဆေးပြီး လက်မှတ်ထုတ်ပေးတဲ့ Lloyd Register (LR) ပေါ်လာတယ်။ ခုဆို အမေရိကန်-ဂျပန်သဖြင့် နိုင်ငံကြီးတွေမှာ LR လို အလားတူ Classification Society တွေ အလွန်ထင်ရှား အောင်မြင်ကြပါတယ်။ အရပ်ဖက် လေ ကြောင်းလိုင်းများမှာလည်း ရှိကြတယ်။

ဒီနေ့ခေတ် မိတ်ဆွေတို့အနေနဲ့ လက်ကိုင်ဖုန်း-ကွန်ပျူတာ-မီးစက်-လေပေးပေးစက် စသည်တို့ ဝယ်ယူလျင် Warranty “ဝရံတီ ဘယ်လောက်ပါလဲ” ကိစ္စကတော့ ထမင်းစားရေသောက်ဖြစ်နေပါပြီ၊ ဝရံတီဆိုတာ ရောင်းချ /ထုတ်လုပ်သူက သူ့ရဲ့ပစ္စည်းအရည်အသွေးအတွက် ဘယ်လောက်ကြာကြာ/ဘယ်လိုတာဝန်ယူမှာဖြစ် ကြောင်း ကတိပေးခြင်း တနည်းအားဖြင့် အာမခံခြင်းဖြစ်ပါတယ်။ အမှားအယွင်းကင်းကင်းနဲ့ ထုတ်လုပ်/ ရောင်း ချကြောင်း၊ တစ်နှစ်-သုံးနှစ် ပုံမှန် သုံးစွဲကြည့်လို့ အရေးကြီး အစိတ်အပိုင်းပျက်စီးလျင် အခမဲ့ ပြုပြင်/လဲလှယ် ပေးမယ်လို့ ကတိပေးခြင်းဖြစ်ပါတယ်။ ဝယ်သူကလဲ ဝရံတီကောင်းလျင် ကောင်းသလောက်စိတ်ချဝယ်ယူနိုင် တဲ့ အတွက် ရောင်းသူဝယ်သူ အင်မတန် အလုပ်ဖြစ်ပါတယ်။

Insurance အာမခံကတော့ မီး‌လောင်-မတော်တဆ-သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခဲ့လျင် အန္တရာယ် ဖြစ်နိုင်ခြေကို ငွေပေးလျော်ခြင်းဖြင့် ကြားဝင်ပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ ဒီအတွက် Warranty ကို စားသုံးသူ ကာကွယ်ရေးအဖွဲ့များက တရားဝင်ဖြစ်စေပြီး Insurance ကိုတော့ သက်ဆိုင်ရာနိုင်ငံရဲ့ အာမခံဥပဒေက တရားဝင်စေပါတယ်။ ကျွန်တော်တစ်ခါက ပြောဖူးသလို စင်္ကာပူမှာ ရွှေဆိုင်များဟာ မှတ်ကျောက်ရုံး Assay Office အသင်းဝင်ထားကြပြီး အဲ့ဒီရုံးက ရွှေအရည်အသွေး-အလေးချိန်ပြည့်မီကြောင်း လက်မှတ်ထုတ် ပေးပါတယ်။ အဲ့ဒါ Warranty သဘောပါပဲ။

အာမခံဆိုတာ ကြားခံအမြတ်ထုတ်ယုံသာ လုပ်နေပြီး မလိုလားအပ်တဲ့ လူညွန့်ခူးစား စီးပွားရေးအဖွဲ့အစည်းလို့ ရှု့မြင်သူများ တစ်ကမ္ဘာလုံးမှာ ရှိပါတယ်။ ထင်သာ မြင်သာတဲ့ ဝန်ဆောင်မှု မရှိခြင်း၊ ကုန်ထုတ်လုပ်သူ/လက်ကား ရောင်းချသူ တစ်ဦးပမာ ကိုယ်တိုင် ကိုင်တွယ်နိုင်တဲ့ပစ္စည်း မရှိခြင်း၊ အနာဂတ်ကာလ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်ပြီးမှ အကျိုးအမြတ်ပေးတဲ့ ဝန်ဆောင်မှုဖြစ်နေခြင်းကြောင့် အဲ့ဒီလို ရှုမြင်ကြခြင်းဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေး ကောင်းကောင်း မဖွံဖြိုးသေးတဲ့ တိုင်းပြည်တွေမှာဆို ဂျာနယ်လစ်နဲ နိုင်ငံရေးသမားအထိ အဲ့ဒီလို မြင်သူ များတယ်။

ခေတ်မီဈေးကွက်စီးပွားရေးမှာ အာမခံဟာ ဘဏ္ဍာရေးဆိုင်ရာ မရှိမဖြစ် အဆောက်အအုံတစ်ခုဖြစ်ကြောင်း လက်ခံကြရပါတယ်။ လူတစ်ဦးချင်း-မိသားစု-စီးပွားရေးလုပ်ငန်းမှာ မမျှော်လင့်ပဲ အကြီးအကျယ်ဆုံးရှုံးရမယ့် အဖြစ်မှ ကာကွယ်ပေးပါတယ်။ တံတားဆောက်-စက်ရုံထူထောင်စသဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် နိုင်ပြီး၊ သက်ဆိုင်သူတို့ရဲ့ ငွေကြေးများအတွက် အန္တရာယ်မရှိကြောင်း ယုံကြည်မှုဖြစ်စေပါတယ်။ သဘာ၀ ကပ်ဘေးဆိုးကြီးများ ကျရောက်သည့်တိုင် တိုင်းပြည်စီးပွားရေးပြိုလဲမှု မဖြစ်အောင် ကာကွယ်ပေးပြီး နိုင်ငံ တစ်နိုင်ငံရဲ့ လူမှုဖူလုံရေးစနစ်မှာ အရေးကြီးပါတယ်။ နိုင်ငံတကာမှာ အလွန်သိက္ခာရှိ ထင်ရှားတဲ့ အာမခံ ကုမ္ပဏီကြီးများရှိကြပါတယ်။ ဂျာမနီ ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ အမေရိကန်၊ ဂျပန် အာမခံကုမ္ပကြီးတွေဟာ ကမ္ဘာကျော်ပါတယ်။ မမြင်ရသေးပဲ နောင်ဖြစ်လာနိုင်တဲ့ ကိစ္စများမှာ အာမခံခြင်းဖြစ်ရာ ဟောလိဝုဒ်မင်းသမီး များရဲ့ ရင်သားနဲ့ ပေါင်တန် မှအစ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးရဲ့ ပျက်စီးဆုံးရှုံမှုများအထိ အာမခံပါ တယ်။

အမေရိကန်-ဆွစ်ဇာလန်အကျိုးတူပူးပေါင်း CHUBB အာမခံကုမ္ပဏီဟာ မြန်မာပြည်မှ ထွက်ခွာရန် ပြင်ဆင်နေ ကြောင်း ယခုရက်ပိုင်း သတင်းများတွေ့ရှိရပါတယ်။ CHUBB ဟာ Lloyd လို နိုင်ငံစုံ လုပ်ငန်းလုပ်ကိုင်ခြင်း ဖြစ်ပေမယ့် Lloyd နဲ့ လုံးဝကွဲပြားပြီး စတော့ရှယ်ယာဈေးကွက် စာရင်းဝင် ပုံမှန်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သာမန် အိမ်ရှင်မများမှ ကမ္ဘာ့ကုမ္ပဏီကြီးများအထိ စီးပွားရေးလုပ်ငန်းများမှာ အာမခံပေးပါတယ်။ အဆင့်မြင့် ကွန်ရက်စီးပွားရေးလုပ်ငန်းများအတွက် နာမည်ကောင်း ကျော်ကြားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၉-ခုနှစ်မှ စတင်ဝန်ဆောင်ခဲ့ပေမယ့် လုံခြုံရေးကြောင့် စီးပွားရေးဝန်းကျင် မရှင်းမလင်းဖြစ်ပြီး အမြတ်ငွေ ကျဆင်း ခြင်း၊ ငွေကြေးခဝါချမှု- ငွေလဲနှုန်း မတည်ငြိမ်မှု၊ နိုင်ငံခြားငွေဝင်-ထွက် အခက်အခဲများ၊ လူ့ အခွင့်အရေးနဲ့ နိုင်ငံရေးဖိအားများကြောင့် ခုလိုထွက်ခွာရန်ပြင် ဆင်ခြင်းဖြစ်ကြောင်း သတင်းများမှာ ဖတ်ရ ပါတယ်။

CHUBB ထွက်ခွာသွားပေမယ့် နိုင်ငံ ၄-နိုင်ငံထက် မနည်းမှ ထင်ရှားတဲ့ အာမခံကုမ္ပဏီများနဲ့ ပြည်တွင်းကုမ္ပဏီ များ ကျန်ရှိနေပါ့သေးတယ်။ ဒါပေမယ့် CHUBB ထွက်ခွာသွားခြင်းဟာ မြန်မာပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ တိုက် ရိုက်စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ပုံရိပ်ထိခိုက်ပါတယ်။ မြန်မာပြည်သူများကတော့ ကုမ္ပဏီက လုပ်ငန်းလိုင်စင် ပြန် အပ်တဲ့အခါ ဥပဒေအရ သက်ဆိုင်ရာကို ငွေစာရင်းရှင်းရမှာဖြစ်တဲ့အတွက် တိုက်ရိုက်နစ်နာမှု မရှိနိုင်ပါ။ ရွေးချယ်စရာ အာမခံမိတ်ဖက်တစ်ခု လျော့နည်းသွားခြင်းဖြင့် သွယ်ဝှိုက်နစ်နာပါတယ်။

CHUBB ဟာ နိုင်ငံပေါင်း ၅၄-နိုင်ငံမှာ လုပ်ကိုင်လည်ပတ်နေနဲ့ ဦးဆောင်ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ကျွန် တော်တို့တိုင်းပြည်မှာ နိုင်ငံရေး-စီးပွားရေးတွေ ပြန်ကောင်းလာရင် မလာပါနဲ့လို့ တားလို့တောင် မရပဲ သူ့ဖာသာ ပြန်ဝင်လာမှာပါ။ ဖောက်သည်ဟောင်းများ ရှိနေတဲ့ မြန်မာနိုင်ငံဟာ သူ့အတွက် အလားအလာမြင့်မားတဲ့ စီးပွား ရေး စားကျက်ကောင်းကြီး တစ်ခုပါ။
.

Zawgyi Version:
ျမန္မာႏိုင္ငံမွ အေမရိကန္အာမခံကုမၸဏီ ထြက္ခြာသြားမည္ဆိုလ်င္ ဘယ္သူ-ဘာေတြ နစ္နာႏိုင္ပါသလဲ
(အေတြးအျမင္ေဆာင္းပါး)
HtayOung(NP News) ဒီဇင္ဘာ ၂၂
အေျဖကို ႀကိဳတင္ေျပာရလ်င္ ဟုတ္ကဲ့ ျမန္မာအစိုးရေရာ ကြၽန္ေတာ္တို႔အမ်ားျပည္ေတြပါ တိုက္႐ိုက္ စိန္ေခၚ မႈမ်ားနဲ႔ သြယ္ဝႈိက္နစ္နာပါတယ္။ အဲ့ဒါကိုရွင္းျပဖို႔ အာမခံ Insurance အေၾကာင္း အတိုခ်ဳပ္ ေျပာျပပါရေစ။

မေရရာ မေသခ်ာတဲ့ ကိစၥတစ္ခုခုနဲ႔ ရင္ဆိုင္ရလ်င္ ကြၽန္ေတာ္တို႔ အာရွတိုက္သားမ်ားမွာ တုတ္ဆြဲ ဓါးဆြဲ လုပ္ ေလ့ရွိၿပီး အေနာက္တိုင္းသားေတြကေတာ့ “ငါေျပာတာ မွန္တယ္။ ေလာင္းမလား” လို႔ စိန္ေခၚ ေျဖရွင္းတတ္ပါ တယ္။ အာရွတိုက္သားေတြရဲ႕ ပြဲခ်င္းပီး ေျဖရွင္းေလ့ရွိၾကရာမွ ကြၽန္ေတာ္တို႔ ျမန္မာေတြဟာ ခုခ်ိန္ထိ ငယ္က်င့္ မေပ်ာက္ႏိုင္ပဲ ဗိုလ္မထားဘူးလို႔ ကြၽန္ေတာ္ထင္တယ္။ အာမခံလုပ္ငန္းဆိုတာ အေနာက္တိုင္းသားေတြရဲ႕ “ သတၱိရွိရင္ ေလာင္းမလား” ဆိုတဲ့အေပၚ အေျခခံၿပီး ျဖစ္ေပၚလာတယ္လို႔ ေျပာရလိမ့္မယ္။

ဒီေန႔ေခတ္ စစ္ခ်ီေတးမ်ား မွာ ထည့္သြင္း ဂုဏ္ယူၾကရတဲ့ မင္းရဲေက်ာ္စြာ လက္ထက္ ၁၃-ရာစု ျမန္မာတို႔ဟာ ဂ်င္ဂ်စ္ခန္ရဲ႕ မြန္ဂိုစစ္တပ္ႀကီးကို ေကာင္းေကာင္းႀကီး ခုခံေခ်မႈန္းႏိုင္ခဲ့ပါတယ္။ ၁၆-ရာစု တပင္ေ႐ႊထီး-ဘုရင့္ ေနာင္တို႔ရဲ႕ ေတာင္ငူ-ဟံသာဝတီအင္ပါယာ ဒုတိယျမန္မာႏိုင္ငံဟာ အင္ဒိုခ်ိဳင္းနားကြၽန္းဆြယ္ေဒသမွာ အ က်ယ္ဝန္းဆုံးနဲ႔ တည္ၿငိမ္ေအးခ်မ္းဆုံးကာလျဖစ္ပါတယ္။ အုပ္ခ်ဳပ္ေရး-စီးပြားေရး-ကုန္သြယ္ေရး ကမာၻ႔အခ်က္ အျခာျဖစ္ခဲ့ဖူးၿပီး တ႐ုတ္-အိႏၵိယ-အာရဗီကုန္သည္တို႔ ပါးစပ္ဖ်ားမွာ ေရပန္းစားပါတယ္။ ေပၚတူဂီတို႔က ေၾကး စားစစ္သားအျဖစ္၊ စပိန္တို႔က ကုန္သည္အျဖစ္ ေရာက္ရွိေနၾကၿပီး အဂၤလိပ္တို႔ကေတာ့ အိႏၵိယမွတဆင့္ ျမန္မာ ကို က်ားေခ်ာင္း ေခ်ာင္းေနခဲ့တယ္။ အဲ့ဒီေနာက္ပိုင္း ၁၇-ရာစုမွာ အရည္အခ်င္းလုံး၀ မရွိပဲ လူႀကိဳက္မ်ားတာ ေတြ လုပ္ျပဖို႔သာ နားလည္တဲ ဧကရာဇ္တို႔နဲ႔ ဘုရင္႐ူး ႐ူးၿပီး ေတာ္လွန္ပုန္ကန္ရင္း ကိုယ့္လူ႔အဖြဲ႕အစည္း လူသားရင္းျမစ္နဲ႔ ဓနအင္အားကို ျဖဳန္းတီးသူမ်ား အင္အားေကာင္းျခင္းတို႔ေၾကာင့္ ျမန္မာဟာ ဘုံေလ်ာသြားရၿပီး ခုခ်ိန္ထိ တစ္ခ်ီတခ်ီ အ႐ူးေသြးႂကြေလ့ရွိျခင္းကို ျမင္ႏိုင္ပါတယ္။ ကုန္းေဘာင္မင္းဆက္မတိုင္မီ ၁၆၈၈-ခုႏွစ္ ႏွစ္ျခမ္းကြဲျမန္မာျပည္အထက္ပိုင္း ေညာင္ရမ္းမင္းဆက္ အင္းဝဘုရင္ “မင္းရဲေက်ာ္ထင္” လက္ထက္ အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာ “လြိဳက္အာမခံလုပ္ငန္း” စတင္ေပၚ ေပါက္ခဲ့ပါတယ္။

အမွန္ေတာ့ အာမခံကုမၸဏီ တစ္ခု မဟုတ္ပဲ Lloyd လြိဳက္အမည္ရွိ ေကာ္ဖီဆိုင္ေလးအတြင္း သေဘၤာလုပ္ငန္း ကုန္သည္မ်ားသာ အဖြဲ႕ဝင္အျဖစ္ ပါဝင္ခဲ့ပါတယ္။ ကတိစကားတစ္လုံးနဲ႔ အေကာင္းဆုံး အာမခံျခင္းျဖစ္ၿပီး အေလ်ာ္အစား ၾကမ္းလာတဲ့အခါ အာမခံအလုပ္နဲ႔အတူ သေဘၤာေတြရဲ႕ အရည္အေသြးကို စစ္ေဆးၿပီး လက္မွတ္ထုတ္ေပးတဲ့ Lloyd Register (LR) ေပၚလာတယ္။ ခုဆို အေမရိကန္-ဂ်ပန္သျဖင့္ ႏိုင္ငံႀကီးေတြမွာ LR လို အလားတူ Classification Society ေတြ အလြန္ထင္ရွား ေအာင္ျမင္ၾကပါတယ္။ အရပ္ဖက္ ေလ ေၾကာင္းလိုင္းမ်ားမွာလည္း ရွိၾကတယ္။

ဒီေန႔ေခတ္ မိတ္ေဆြတို႔အေနနဲ႔ လက္ကိုင္ဖုန္း-ကြန္ပ်ဴတာ-မီးစက္-ေလေပးေပးစက္ စသည္တို႔ ဝယ္ယူလ်င္ Warranty “ဝရံတီ ဘယ္ေလာက္ပါလဲ” ကိစၥကေတာ့ ထမင္းစားေရေသာက္ျဖစ္ေနပါၿပီ၊ ဝရံတီဆိုတာ ေရာင္းခ် /ထုတ္လုပ္သူက သူ႔ရဲ႕ပစၥည္းအရည္အေသြးအတြက္ ဘယ္ေလာက္ၾကာၾကာ/ဘယ္လိုတာဝန္ယူမွာျဖစ္ ေၾကာင္း ကတိေပးျခင္း တနည္းအားျဖင့္ အာမခံျခင္းျဖစ္ပါတယ္။ အမွားအယြင္းကင္းကင္းနဲ႔ ထုတ္လုပ္/ ေရာင္း ခ်ေၾကာင္း၊ တစ္ႏွစ္-သုံးႏွစ္ ပုံမွန္ သုံးစြဲၾကည့္လို႔ အေရးႀကီး အစိတ္အပိုင္းပ်က္စီးလ်င္ အခမဲ့ ျပဳျပင္/လဲလွယ္ ေပးမယ္လို႔ ကတိေပးျခင္းျဖစ္ပါတယ္။ ဝယ္သူကလဲ ဝရံတီေကာင္းလ်င္ ေကာင္းသေလာက္စိတ္ခ်ဝယ္ယူႏိုင္ တဲ့ အတြက္ ေရာင္းသူဝယ္သူ အင္မတန္ အလုပ္ျဖစ္ပါတယ္။

Insurance အာမခံကေတာ့ မီး‌ေလာင္-မေတာ္တဆ-သဘာဝေဘးအႏၲရာယ္မ်ားျဖစ္ေပၚခဲ့လ်င္ အႏၲရာယ္ ျဖစ္ႏိုင္ေျခကို ေငြေပးေလ်ာ္ျခင္းျဖင့္ ၾကားဝင္ေပးတဲ့ ဝန္ေဆာင္မႈျဖစ္ပါတယ္။ ဒီအတြက္ Warranty ကို စားသုံးသူ ကာကြယ္ေရးအဖြဲ႕မ်ားက တရားဝင္ျဖစ္ေစၿပီး Insurance ကိုေတာ့ သက္ဆိုင္ရာႏိုင္ငံရဲ႕ အာမခံဥပေဒက တရားဝင္ေစပါတယ္။ ကြၽန္ေတာ္တစ္ခါက ေျပာဖူးသလို စကၤာပူမွာ ေ႐ႊဆိုင္မ်ားဟာ မွတ္ေက်ာက္႐ုံး Assay Office အသင္းဝင္ထားၾကၿပီး အဲ့ဒီ႐ုံးက ေ႐ႊအရည္အေသြး-အေလးခ်ိန္ျပည့္မီေၾကာင္း လက္မွတ္ထုတ္ ေပးပါတယ္။ အဲ့ဒါ Warranty သေဘာပါပဲ။

အာမခံဆိုတာ ၾကားခံအျမတ္ထုတ္ယုံသာ လုပ္ေနၿပီး မလိုလားအပ္တဲ့ လူၫြန႔္ခူးစား စီးပြားေရးအဖြဲ႕အစည္းလို႔ ရႈ႕ျမင္သူမ်ား တစ္ကမာၻလုံးမွာ ရွိပါတယ္။ ထင္သာ ျမင္သာတဲ့ ဝန္ေဆာင္မႈ မရွိျခင္း၊ ကုန္ထုတ္လုပ္သူ/လက္ကား ေရာင္းခ်သူ တစ္ဦးပမာ ကိုယ္တိုင္ ကိုင္တြယ္ႏိုင္တဲ့ပစၥည္း မရွိျခင္း၊ အနာဂတ္ကာလ တစ္ခုခု ဆိုးဆိုး႐ြား႐ြား ျဖစ္ၿပီးမွ အက်ိဳးအျမတ္ေပးတဲ့ ဝန္ေဆာင္မႈျဖစ္ေနျခင္းေၾကာင့္ အဲ့ဒီလို ရႈျမင္ၾကျခင္းျဖစ္ပါတယ္။ ေဈးကြက္စီးပြားေရး ေကာင္းေကာင္း မဖြံၿဖိဳးေသးတဲ့ တိုင္းျပည္ေတြမွာဆို ဂ်ာနယ္လစ္နဲ ႏိုင္ငံေရးသမားအထိ အဲ့ဒီလို ျမင္သူ မ်ားတယ္။

ေခတ္မီေဈးကြက္စီးပြားေရးမွာ အာမခံဟာ ဘ႑ာေရးဆိုင္ရာ မရွိမျဖစ္ အေဆာက္အအုံတစ္ခုျဖစ္ေၾကာင္း လက္ခံၾကရပါတယ္။ လူတစ္ဦးခ်င္း-မိသားစု-စီးပြားေရးလုပ္ငန္းမွာ မေမွ်ာ္လင့္ပဲ အႀကီးအက်ယ္ဆုံးရႈံးရမယ့္ အျဖစ္မွ ကာကြယ္ေပးပါတယ္။ တံတားေဆာက္-စက္႐ုံထူေထာင္စသျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဆြဲေဆာင္ ႏိုင္ၿပီး၊ သက္ဆိုင္သူတို႔ရဲ႕ ေငြေၾကးမ်ားအတြက္ အႏၲရာယ္မရွိေၾကာင္း ယုံၾကည္မႈျဖစ္ေစပါတယ္။ သဘာ၀ ကပ္ေဘးဆိုးႀကီးမ်ား က်ေရာက္သည့္တိုင္ တိုင္းျပည္စီးပြားေရးၿပိဳလဲမႈ မျဖစ္ေအာင္ ကာကြယ္ေပးၿပီး ႏိုင္ငံ တစ္ႏိုင္ငံရဲ႕ လူမႈဖူလုံေရးစနစ္မွာ အေရးႀကီးပါတယ္။ ႏိုင္ငံတကာမွာ အလြန္သိကၡာရွိ ထင္ရွားတဲ့ အာမခံ ကုမၸဏီႀကီးမ်ားရွိၾကပါတယ္။ ဂ်ာမနီ ၊ ဆြစ္ဇာလန္၊ ျပင္သစ္၊ အေမရိကန္၊ ဂ်ပန္ အာမခံကုမၸႀကီးေတြဟာ ကမာၻေက်ာ္ပါတယ္။ မျမင္ရေသးပဲ ေနာင္ျဖစ္လာႏိုင္တဲ့ ကိစၥမ်ားမွာ အာမခံျခင္းျဖစ္ရာ ေဟာလိဝုဒ္မင္းသမီး မ်ားရဲ႕ ရင္သားနဲ႔ ေပါင္တန္ မွအစ ႏိုင္ငံတကာ စီးပြားေရးလုပ္ငန္းႀကီးရဲ႕ ပ်က္စီးဆုံးရႈံမႈမ်ားအထိ အာမခံပါ တယ္။

အေမရိကန္-ဆြစ္ဇာလန္အက်ိဳးတူပူးေပါင္း CHUBB အာမခံကုမၸဏီဟာ ျမန္မာျပည္မွ ထြက္ခြာရန္ ျပင္ဆင္ေန ေၾကာင္း ယခုရက္ပိုင္း သတင္းမ်ားေတြ႕ရွိရပါတယ္။ CHUBB ဟာ Lloyd လို ႏိုင္ငံစုံ လုပ္ငန္းလုပ္ကိုင္ျခင္း ျဖစ္ေပမယ့္ Lloyd နဲ႔ လုံးဝကြဲျပားၿပီး စေတာ့ရွယ္ယာေဈးကြက္ စာရင္းဝင္ ပုံမွန္ကုမၸဏီတစ္ခုျဖစ္ပါတယ္။ သာမန္ အိမ္ရွင္မမ်ားမွ ကမာၻ႔ကုမၸဏီႀကီးမ်ားအထိ စီးပြားေရးလုပ္ငန္းမ်ားမွာ အာမခံေပးပါတယ္။ အဆင့္ျမင့္ ကြန္ရက္စီးပြားေရးလုပ္ငန္းမ်ားအတြက္ နာမည္ေကာင္း ေက်ာ္ၾကားပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၁၉-ခုႏွစ္မွ စတင္ဝန္ေဆာင္ခဲ့ေပမယ့္ လုံၿခဳံေရးေၾကာင့္ စီးပြားေရးဝန္းက်င္ မရွင္းမလင္းျဖစ္ၿပီး အျမတ္ေငြ က်ဆင္း ျခင္း၊ ေငြေၾကးခဝါခ်မႈ- ေငြလဲႏႈန္း မတည္ၿငိမ္မႈ၊ ႏိုင္ငံျခားေငြဝင္-ထြက္ အခက္အခဲမ်ား၊ လူ႔ အခြင့္အေရးနဲ႔ ႏိုင္ငံေရးဖိအားမ်ားေၾကာင့္ ခုလိုထြက္ခြာရန္ျပင္ ဆင္ျခင္းျဖစ္ေၾကာင္း သတင္းမ်ားမွာ ဖတ္ရ ပါတယ္။

CHUBB ထြက္ခြာသြားေပမယ့္ ႏိုင္ငံ ၄-ႏိုင္ငံထက္ မနည္းမွ ထင္ရွားတဲ့ အာမခံကုမၸဏီမ်ားနဲ႔ ျပည္တြင္းကုမၸဏီ မ်ား က်န္ရွိေနပါ့ေသးတယ္။ ဒါေပမယ့္ CHUBB ထြက္ခြာသြားျခင္းဟာ ျမန္မာျပည္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ တိုက္ ႐ိုက္စိန္ေခၚမႈတစ္ခုျဖစ္ၿပီး ပုံရိပ္ထိခိုက္ပါတယ္။ ျမန္မာျပည္သူမ်ားကေတာ့ ကုမၸဏီက လုပ္ငန္းလိုင္စင္ ျပန္ အပ္တဲ့အခါ ဥပေဒအရ သက္ဆိုင္ရာကို ေငြစာရင္းရွင္းရမွာျဖစ္တဲ့အတြက္ တိုက္႐ိုက္နစ္နာမႈ မရွိႏိုင္ပါ။ ေ႐ြးခ်ယ္စရာ အာမခံမိတ္ဖက္တစ္ခု ေလ်ာ့နည္းသြားျခင္းျဖင့္ သြယ္ဝႈိက္နစ္နာပါတယ္။

CHUBB ဟာ ႏိုင္ငံေပါင္း ၅၄-ႏိုင္ငံမွာ လုပ္ကိုင္လည္ပတ္ေနနဲ႔ ဦးေဆာင္ကုမၸဏီႀကီးတစ္ခုျဖစ္ပါတယ္။ ကြၽန္ ေတာ္တို႔တိုင္းျပည္မွာ ႏိုင္ငံေရး-စီးပြားေရးေတြ ျပန္ေကာင္းလာရင္ မလာပါနဲ႔လို႔ တားလို႔ေတာင္ မရပဲ သူ႔ဖာသာ ျပန္ဝင္လာမွာပါ။ ေဖာက္သည္ေဟာင္းမ်ား ရွိေနတဲ့ ျမန္မာႏိုင္ငံဟာ သူ႔အတြက္ အလားအလာျမင့္မားတဲ့ စီးပြား ေရး စားက်က္ေကာင္းႀကီး တစ္ခုပါ။
.

Related news

© 2021. All rights reserved.