တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက် ဖက်ဒရယ်ခြေလှမ်းသစ် (အတွေးအမြင် ဆောင်းပါး)

109

ကျွန်းသားငမန်း (NP News)
စာရေးသူ ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ရောက်ရှိနေသည်။ (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်၌ ကျရောက်သည့် ရခိုင်ပြည်နယ်တွင် ရခိုင်ပြည်နယ်အစိုးရမှချီးမြှင့်သည့် ပြည်နယ်လူမှုထူးခွန်ဆု (ပထမ အဆင့်)ကိုလက်ခံရယူရန် လာရောက်ခဲ့ခြင်းဖြစ်သည်။ စာရေးသူမှာ ပြည်နယ်လူမှုထူးချွန်ဆု (ဒုတိယ အဆင့်)ကို (၂၀၂၂)ခုနှစ်က လက်ခံရယူခဲ့ပြီးဖြစ်သည်။ ပြည်နယ်အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၊ အမှုဆောင်အရာရှိချုပ် ဦးအောင်လင်းဒွေးလည်း တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
စာရေးသူစစ်တွေရောက်တော့ အပေါင်းအသင်းမိတ်ဆွေဟောင်းများနှင့်တွေ့ဆုံဖြစ်ကာ လက်ရှိ ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေးကိစ္စရပ်များကို ဆွေးနွေးဖြစ်ခဲ့သည်။ သူတို့အများဆုံးသိချင်နေ သည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၆၁) ပြင်ဆင်ရေးဖြစ်သည်။ (၂၀၂၅)ခုနှစ် ရွေးကောက်ပွဲအလွန် ဖွဲ့စည်း ဖြစ်ပေါ်လာမည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့များဖွဲ့စည်းရာတွင် ဝန်ကြီးချုပ်ကို နိုင်ငံ တော်သမ္မတက တိုက်ရိုက်ရွေးချယ်ခြင်းမပြုဘဲ ပြည်သူများက ရွေးချယ်တင်မြှောက်လိုက်သည့် ကိုယ် စားလှယ်တစ်ဦးဦးအား၊ ပြည်သူများကရွေးချယ်တင်မြှောက်လိုက်သည့်ကိုယ်စားလှယ်များက ရွေးချယ် တင်မြှောက်နိုင်ခွင့် ရှိမရှိဖြစ်သည်။ ဤနေရာတွင် လက်ရှိရခိုင်ပြည်နယ် စစ်တွေမြို့အခြေအနေကို သုံး သပ်တင်ပြလိုသည်။ ပြည်နယ်အခမ်းအနားကျင်းပပြီး နေ့လယ် (၁)နာရီခန့်တွင် အမှုဆောင်အရာရှိချုပ် ဦးအောင် လင်းဒွေးနှင့် စစ်တွေဒေသခံ (၁၄)ဦးခန့်တို့တွေ့ဆုံပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြခွင့်ရခဲ့ သည်။ ဆွေးနွေး ရာတွင် စစ်တွေမြို့သည် အေးချမ်းသာယာနေပြီး၊ စစ်တွေမြို့မှရန်ကုန်ရောက် စစ်ဘေး ရှောင်အများစုမှာ ရခိုင်သို့ ပြန်လာချင်ကြပြီဖြစ်သော်လည်း လေယာဉ် စရိတ်ကြီးမြင့်မှု၊ ကုန်ဈေးနူန်း ကြီး မြင့်နေမှု၊ လျှပ်စစ်မီး မရမှုစသည့် အဓိကအခက်အခဲများကို တင်ပြပြောဆိုဖြစ်ကြသည်။ လေယာဉ် စရိတ်မှာလည်း အသွားတစ်မျိုး၊ အပြန်တစ်မျိုး ဖြစ်နေသည်။ စစ်တွေ-ရန်ကုန်-စစ်တွေ အသွားအပြန် စရိတ်မှာ တစ်ပြေးညီမဟုတ်။ ယခင်နှစ်လခန့်က (၅)သိန်းဝန်းကျင်ရှိခဲ့သော လေယာဉ်စရိတ်မှာ စာရေး သူလာခဲ့သည့် (၁၃-၁၂-၂၅)က (၇၉၈၀ဝဝ) ရှစ်သိန်းနီးပါးပေးခဲ့ရသည်။ မကျန်းရေး၊ မမာရေးအတွက်သွား လာနိုင်ဖို့ ခက်ခဲနေသည်။ ရန်ကုန်-စစ်တွေခရီးအတွက် လေကြောင်းတစ်ခုတည်းကိုသာ ရခိုင်ပြည်သူတို့ အားကိုး နေရသည်။ ရေကြောင်းခရီးရှိသော်လည်း ကုန်စည်ပို့ဆောင်ရေးကိုသာအသုံးပြုနေကြောင်း တင် ပြ ဆွေးနွေးဖြစ်ခဲ့ကြသည်။ ဤကိစ္စရပ်များကိုစာရေးသူက မိတ်ဆွေများကိုရှင်းပြရသည်။ သူတို့က ရခိုင် ပြည်သူတို့ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာပါက ထိုအခက်အခဲများကို အထိုက်အလျောက်ဖြေလျှော့ပေးနိုင်မည်ဟု မျှော်လင့်နေကြခြင်းဖြစ်သည်။
နိုင်ငံရေးပြဿနာ
ယနေ့အချိန်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြိုကွဲလုနီးပါးဖြစ်နေသည်။ တစ်ဗိုလ်တစ် မင်း၊ တစ်စင်ထောင်ထားသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ ဖက်ဒရယ်တောင်းဆိုမှုမှာ အသံ ကျယ်လာသည်သာမက တိုင်းရင်းသားနိုင်ငံရေးပါတီများကလည်း ဖက်ဒရယ်အရေး ရှေ့တန်းတင်ပြော ဆိုမှုများရှိလာခဲ့သည်။ တိုင်းရင်းသားများ၏တောင်းဆိုမှု မှာ အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးကို အဓိက ဖြစ်နေသည်။ အာဏာခွဲဝေရေးနှင့်ပတ်သက်၍ (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ (၂၆၁) ကို အလေးထားပြင်ဆင်နိုင်ရန် တင်ပြမှုများရှိခဲ့သည်။ပုဒ်မ (၂၆၁) တွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်ဖြစ် ကြောင်း ဖော်ပြထားသလို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သတ် မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရ မည်ဖြစ်ကြောင်းပြဋ္ဌာန်းထားသည်။ ဤအချက်နှင့်ပတ်သက်၍ တိုင်းရင်းသား ပြည်သူများနေထိုင်ရာပြည် နယ်များရှိ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများက နှစ်မြို့ခြင်းမရှိကြ။ ဖြစ်ချင်းဖြစ်လျှင် ပြည်နယ်ဝန် ကြီးချုပ်ကို ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များက မိမိတို့သဘောကျ နှစ်သက်ရာ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးဦးအား ရွေးချယ်တာဝန်ပေးစေလိုကြသည်။ ဤအချက်နှင့်ပတ်သက်၍ ပုဒ်မ(၂၆၁)ပြင် ဆင်ရေးအတွက် ဒုတိယအကြိမ်လွှတ်တော်တွင် တပ်မတော်သားကိုယ်စား လှယ်များကတင်ပြခဲ့သော် လည်း အောင်မြင်ခြင်းမရှိခဲ့ဟုသိရသည်။ အခြေခံဥပဒေပုဒ်မ ပြင်ဆင်နိုင်ရေးမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် အရေး ကြီးသောအခန်းကဏ္ဍတွင်ရောက်ရှိနေသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ဤပြဿနာကို (၂၀၂၅)ခုနှစ်ကျင်းပမည့်ရွေးကောက်ပွဲမှပေါ်ပေါက်လာမည့် တတိယ အကြိမ် လွှတ် တော်မှကျော်လွှားကာ တိုင်းရင်းသားများ လိုလားသည့် မိမိတို့ပြည်နယ်ဝန်ကြီးချုပ်ကို မိမိတို့ ရွေးချယ် ခွင့်ရကြမည်လားဆိုသည့်မေးခွန်းများထွက်ပေါ်လာသည်။
ပုဒ်မ(၂၆၁) ပြင်ဆင်ရေး
ပုဒ်မ(၂၆၁) ပြင်ဆင်ရေးနှင့်ပတ်သက်၍ ကျော်လွှားနိုင်သောအချက်များရှိနေသည်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေံဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ခြင်း အခန်းတွင်ဖော်ပြထားသည်။ အခြေခံဥပဒေပုဒ်မ (၄၃၃)၊ (၄၃၄)၊ (၄၃၅)၊ (၄၃၆)တို့တွင် အတိ အလင်း ဖော်ပြထားသည်။ အဆိုပါပုဒ်မများ၏ပြဋ္ဌာန်းချက်များအရ အခြေခံဥပဒေအားပြင်ဆင်ရန် လို လျှင် ပြင်ဆင်မည့်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်၏လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ (၂၀)ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံ ဆွေးနွေးရမည်ဟုဖော်ပြထားသည်။ သို့ရာတွင် ပုဒ်မ(၄၃၆) (က)အရ သတ်မှတ်ထားသောပုဒ်မ များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ (၇၅)ရာခိုင်နှုန်းကျော်က ပြင် ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး ၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟုဖော်ပြထားသည်။ ဥပမာအားဖြင့် ပြည်ထောင်စုနယ် မြေအစိတ်အပိုင်းအချို့ကိုပြင်ဆင်ရန်ကိစ္စများ၊ သက်ဆိုင်ရာတိုင်းဒေ သကြီး ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များပြင်ဆင်ရန် ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန်ကိစ္စရပ်များ စသည် တို့ကို အထက်ပါအတိုင်းဆောင်ရွက်သွားရမည်ဖြစ်သည်။ သို့ရာတွင် ပုဒ်မ (၄၃၆)(က)တွင်ဖော်ပြထား သည့်ပြဋ္ဌာန်းချက်များအရ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ (၇၅)ရာခိုင်နှုန်းကျော်ထောက်ခံမဲဖြင့်သာပြင်ဆင်ရမည်ဖြစ်ကြောင်း သတ်မှတ်ပြဋ္ဌာန်းထားရှိသည်။
တိုင်းရင်းသားပြည်သူများတောင်းဆိုနေသည့် ပုဒ်မ(၂၆၁)သည် လွှတ်တော်မှ သဘောတူသည့် တိုင် တစ်ပြည်လုံးသို့ ချပြဆန္ဒခံယူရန်မလိုအပ်ဘဲ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော်ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်နိုင်သော ပြဋ္ဌာန်းချက်ဖြစ်သည်။ ထို့ကြောင့် ပုဒ်မ (၂၆၁) ပြင်ဆင်ရာတွင် (၂၀၂၅) ခုနှစ်အလွန် တတိယအကြိမ် ပြည်သူ့လွှတ်တော်ခေါ်ယူသည့် ပထမ အစည်းအဝေးတွင်ပင် ဥပဒေကြမ်းတင်သွင်းပြီး ပြင်ဆင်နိုင်သည့် ဥပဒေဖြစ်သည်။ အခြေခံဥပဒေပုဒ်မ (၂၆၁) ပြင်ဆင်ရေးနှင့်ပတ်သက်၍လည်း တပ်မတော်မှ သဘောတူညီကြောင်းပြောထားပြီးဖြစ်ရာ လို အပ်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော်ထောက်ခံမဲဖြင့်ပြင် ဆင်နိုင်ရေးဆိုသည့်အခက်အခဲ မရှိနိုင်တော့ကြောင်းရှင်းပြရသည်။
နိုင်ငံရေးအပြောင်းအလဲအရွေ့သစ်
မြန်မာနိုင်ငံ၏ နိုင်ငံရေးအရွှေ့အပြောင်းကာလတစ်ခုကို (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အ တည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီးနောက် မြန်မာပြည်သူများရရှိခဲ့ကြသည်။ ပြည်သူများကရွေးကောက်တင်မြှောက် လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့်အုပ်ချုပ်သည့် ပါလီမန်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရောက်ရှိ နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးသည်မှစ၍ နိုင်ငံရေးအကူး အပြောင်းများကို ဖြတ်သန်းကျော်လွှားခဲ့ရသည်။ ကောင်းသည်လည်းရှိ၊ ဆိုးသည်လည်းရှိ ပြည်သူများ က ခါးစည်းခံခဲ့ကြရသည်။ (၁၉၄၈)မှ(၁၉၅၉) အထိ ဖဆပလအစိုးရအဖွဲ့သည် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့သည်။ ထိုမှဆက်ကာ တပ်မတော်အိမ်စောင့်အစိုးရ၊ ပထမအစိုးရအဖွဲ့၊ တော်လှန် ရေးကောင်စီခေတ်(တပ်မတော်)၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ် (တပ်မတော်၏ ဦး ဆောင်မှု) ၊ နဝတ၊ နအဖ ခေတ်(တပ်မတော်)စသည့်ခေတ်များကိုဖြတ်ကျော်ခဲ့ကြရသည်။ တပ်မတော်အ စိုးရသည် (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီးနောက် ပြည်သူများက ရွေးချယ် တင်မြှောက်သည့် ဒီမိုကရေစီအစိုးရအဖြစ် ဦးသိန်းစိန်(ပြည်ခိုင်ဖြိုးပါတီ)ဦးဆေင်သည့်အစိုးရအဖွဲ့၏ အုပ် ချုပ်မှုအောက်တွင် (၅)နှစ်နေထိုင်ခဲ့ကြရသည်။ စစ်အုပ်ချုပ်ရေးခေတ်မှပါတီစုံဒီမိုကရေစီ၏အသီးအပွင့် ကို ပြည်သူများ စတင်ခံစားခွင့်ရခဲ့ခြင်းဖြစ်သည်။ ထိုမှဆက်ကာ ဒီမိုကရေစီခေတ်၏ဒုတိယလှိုင်းကို NLD ပါတီကဦးဆောင်ခဲ့သည်။ သို့သော် ဒီမိုကရေစီ ရေစီးကြောင်းသည် NLD ပါတီ၏ တစ်ကိုယ်ကောင်း ဆန် သော၊ တစ်ပါတီအာဏာရှင်စနစ်သို့ရှေးရှုလာ သော မဲမသမာမှုများဖြင့် အာဏာရယူရန်ကြိုးပမ်းလာမှု ကြောင့် ဒီမိုကရေစီရေစီးကြောင်း ရပ်တန့်သွားခဲ့ရ သည်။ (၂၀၂၁) ခုနှစ်မှစတင်ကာ တပ်မတော် အစိုးရ ၏အုပ်ချုပ်မှုအောက်တွင် မြန်မာပြည်သူများနေခဲ့ကြရသည်။ သို့ရာတွင် တပ်မတော်အစိုးရသည် အာဏာကို တရားသေစွဲကိုင်ထားလိုခြင်းမရှိခဲ့။ (၂၀ဝ၈)ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်သူ များသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရန်ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်အတွင်း ဆူပူသောင်းကျန်းမှု မျိုးစုံဖြင့် ထြွကလှုပ်ရှားမှုမျိုးစုံကြောင့် (၅)နှစ်တာမျှ အာဏာကို စွဲကိုင်ကာအုပ်ချုပ်ခဲ့ရသည်။ တပ်မ တော်(နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ)အစိုးရသည် (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပပေးမည်ဖြစ်ကြောင်း အတိအလင်းကြေညာထားခဲ့ပြီးဖြစ် သည်။ ကတိကဝတ်ပြုထားခဲ့ပြီးဖြစ်ရာ ယခုအခါ ယင်းကတိကဝတ်နှင့်အညီ ပါတီစုံဒီမိုကရေစီ ရွေး ကောက်ပွဲကို (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်တွင်ကျင်းပမည်ဖြစ်ပြီး ဒုတိယပိုင်းနှင့်တတိယပိုင်းကို လည်း (၂၀၂၆)ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသွားမည်ဖြစ်ကာ အနိုင်ရသောပါတီအား နိုင်ငံတော်အာဏာ ကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။
ဖက်ဒရယ်ပြဿနာ
(၂၀၂၁)ခုနှစ် တပ်မတော်(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အ ညီတာဝန်ယူခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် အစွန်းရောက် NLD ပါတီဝင်များ ဖြင့် စုဖွဲ့ထားသော NUG ပြည်ပြေးအစိုးရအဖွဲ့၏လှုံ့ဆော်မှုကြောင့်ပေါ်ပေါက်လာသော PDF အမည်ခံအ ကြမ်းဖက်သမားများ၏အင်အားကိုရယူ၍ အစိုးရအဖွဲ့ နှင့် NCA တစ်နိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးသဘော တူညီမှုများကိုဖောက်ဖျက်ကာ အစိုးရအဖွဲ့အား တိုက်ခိုက်လာခဲ့ကြသည်။ ပထမတွင် ကျားဖျန့်နှိမ်နင်း ရေးခေါင်းစဉ်ဖြင့် တိုက်ခိုက်ခဲ့ကြသော်လည်း နယ်မြေများ ရသလောက်သိမ်းယူ နယ်မြေချဲ့ထွင်ပြီး ဖက်ဒရယ် အရေးကိုတောင်းဆိုတိုက်ပွဲဝင်လာခဲ့ကြသည်။ ဤသည်နှင့်ပတ်သက်၍လည်း တပ်မတော် အစိုးရအနေဖြင့် ဥပဒေနှင့်အညီ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်သွားရန် သဘောထား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ တပ်မတော်အစိုးရ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) အနေဖြင့်လည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော် အနေဖြင့် ထောက်ခံမှုပေးသွားမည်ဖြစ်ကြောင်း ကတိကဝတ်များပေးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ သည်များကိုတွေ့ခဲ့ရသဖြင့် အခက်အခဲမရှိနိုင်ကြောင်းရှင်းပြရသည်။ သူတို့ကတော့ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်းပြောကြားကြသည်။ ထို့ကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲလာမှု အရွေ့သစ်တစ်ခုသို့ ရောက် နေပြီဖြစ်ကြောင်းရှင်းပြခဲ့ပြီး တိုင်းရင်းသားပြည်သူများ၏မျှော်လင့်ချက်များဖြစ်သည့် ဖက်ဒရယ် နိုင်ငံ သစ်သို့ရောက်လာနိုင်ကြောင်း မိတ်ဆွေများအားရှင်းပြခဲ့သည်ကို ဖောက် သည်ချလိုက်ရပေသည်။

Zawgyi Version:
တိုင္းရင္းသားျပည္သူမ်ား၏ ေမွ်ာ္လင့္ခ်က္ ဖက္ဒရယ္ေျခလွမ္းသစ္
(အေတြးအျမင္ ေဆာင္းပါး)
ကြၽန္းသားငမန္း (NP News)
စာေရးသူ ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕သို႔ ေရာက္ရွိေနသည္။ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ (၁၅) ရက္၌ က်ေရာက္သည့္ ရခိုင္ျပည္နယ္တြင္ ရခိုင္ျပည္နယ္အစိုးရမွခ်ီးျမႇင့္သည့္ ျပည္နယ္လူမႈထူးခြန္ဆု (ပထမ အဆင့္)ကိုလက္ခံရယူရန္ လာေရာက္ခဲ့ျခင္းျဖစ္သည္။ စာေရးသူမွာ ျပည္နယ္လူမႈထူးခြၽန္ဆု (ဒုတိယ အဆင့္)ကို (၂၀၂၂)ခုႏွစ္က လက္ခံရယူခဲ့ၿပီးျဖစ္သည္။ ျပည္နယ္အခမ္းအနားသို႔ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၊ အမႈေဆာင္အရာရွိခ်ဳပ္ ဦးေအာင္လင္းေဒြးလည္း တက္ေရာက္အားေပး ခ်ီးျမႇင့္ခဲ့သည္။
စာေရးသူစစ္ေတြေရာက္ေတာ့ အေပါင္းအသင္းမိတ္ေဆြေဟာင္းမ်ားႏွင့္ေတြ႕ဆုံျဖစ္ကာ လက္ရွိ ရခိုင္ျပည္နယ္၏ ႏိုင္ငံေရး၊ စီးပြားေရးကိစၥရပ္မ်ားကို ေဆြးေႏြးျဖစ္ခဲ့သည္။ သူတို႔အမ်ားဆုံးသိခ်င္ေန သည္မွာ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၆၁) ျပင္ဆင္ေရးျဖစ္သည္။ (၂၀၂၅)ခုႏွစ္ ေ႐ြးေကာက္ပြဲအလြန္ ဖြဲ႕စည္း ျဖစ္ေပၚလာမည့္ တိုင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ားဖြဲ႕စည္းရာတြင္ ဝန္ႀကီးခ်ဳပ္ကို ႏိုင္ငံ ေတာ္သမၼတက တိုက္႐ိုက္ေ႐ြးခ်ယ္ျခင္းမျပဳဘဲ ျပည္သူမ်ားက ေ႐ြးခ်ယ္တင္ေျမႇာက္လိုက္သည့္ ကိုယ္ စားလွယ္တစ္ဦးဦးအား၊ ျပည္သူမ်ားကေ႐ြးခ်ယ္တင္ေျမႇာက္လိုက္သည့္ကိုယ္စားလွယ္မ်ားက ေ႐ြးခ်ယ္ တင္ေျမႇာက္ႏိုင္ခြင့္ ရွိမရွိျဖစ္သည္။ ဤေနရာတြင္ လက္ရွိရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕အေျခအေနကို သုံး သပ္တင္ျပလိုသည္။ ျပည္နယ္အခမ္းအနားက်င္းပၿပီး ေန႔လယ္ (၁)နာရီခန႔္တြင္ အမႈေဆာင္အရာရွိခ်ဳပ္ ဦးေအာင္ လင္းေဒြးႏွင့္ စစ္ေတြေဒသခံ (၁၄)ဦးခန႔္တို႔ေတြ႕ဆုံၿပီး ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးျပခြင့္ရခဲ့ သည္။ ေဆြးေႏြး ရာတြင္ စစ္ေတြၿမိဳ႕သည္ ေအးခ်မ္းသာယာေနၿပီး၊ စစ္ေတြၿမိဳ႕မွရန္ကုန္ေရာက္ စစ္ေဘး ေရွာင္အမ်ားစုမွာ ရခိုင္သို႔ ျပန္လာခ်င္ၾကၿပီျဖစ္ေသာ္လည္း ေလယာဥ္ စရိတ္ႀကီးျမင့္မႈ၊ ကုန္ေဈးႏူန္း ႀကီး ျမင့္ေနမႈ၊ လွ်ပ္စစ္မီး မရမႈစသည့္ အဓိကအခက္အခဲမ်ားကို တင္ျပေျပာဆိုျဖစ္ၾကသည္။ ေလယာဥ္ စရိတ္မွာလည္း အသြားတစ္မ်ိဳး၊ အျပန္တစ္မ်ိဳး ျဖစ္ေနသည္။ စစ္ေတြ-ရန္ကုန္-စစ္ေတြ အသြားအျပန္ စရိတ္မွာ တစ္ေျပးညီမဟုတ္။ ယခင္ႏွစ္လခန႔္က (၅)သိန္းဝန္းက်င္ရွိခဲ့ေသာ ေလယာဥ္စရိတ္မွာ စာေရး သူလာခဲ့သည့္ (၁၃-၁၂-၂၅)က (၇၉၈၀ဝဝ) ရွစ္သိန္းနီးပါးေပးခဲ့ရသည္။ မက်န္းေရး၊ မမာေရးအတြက္သြား လာႏိုင္ဖို႔ ခက္ခဲေနသည္။ ရန္ကုန္-စစ္ေတြခရီးအတြက္ ေလေၾကာင္းတစ္ခုတည္းကိုသာ ရခိုင္ျပည္သူတို႔ အားကိုး ေနရသည္။ ေရေၾကာင္းခရီးရွိေသာ္လည္း ကုန္စည္ပို႔ေဆာင္ေရးကိုသာအသုံးျပဳေနေၾကာင္း တင္ ျပ ေဆြးေႏြးျဖစ္ခဲ့ၾကသည္။ ဤကိစၥရပ္မ်ားကိုစာေရးသူက မိတ္ေဆြမ်ားကိုရွင္းျပရသည္။ သူတို႔က ရခိုင္ ျပည္သူတို႔ေ႐ြးခ်ယ္တင္ေျမႇာက္လိုက္သည့္ အစိုးရတစ္ရပ္ ေပၚေပါက္လာပါက ထိုအခက္အခဲမ်ားကို အထိုက္အေလ်ာက္ေျဖေလွ်ာ့ေပးႏိုင္မည္ဟု ေမွ်ာ္လင့္ေနၾကျခင္းျဖစ္သည္။
ႏိုင္ငံေရးျပႆနာ
ယေန႔အခ်ိန္သည္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရး ၿပိဳကြဲလုနီးပါးျဖစ္ေနသည္။ တစ္ဗိုလ္တစ္ မင္း၊ တစ္စင္ေထာင္ထားေသာ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕မ်ား၏ ဖက္ဒရယ္ေတာင္းဆိုမႈမွာ အသံ က်ယ္လာသည္သာမက တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ားကလည္း ဖက္ဒရယ္အေရး ေရွ႕တန္းတင္ေျပာ ဆိုမႈမ်ားရွိလာခဲ့သည္။ တိုင္းရင္းသားမ်ား၏ေတာင္းဆိုမႈ မွာ အာဏာခြဲေဝေရး၊ သယံဇာတခြဲေဝေရးကို အဓိက ျဖစ္ေနသည္။ အာဏာခြဲေဝေရးႏွင့္ပတ္သက္၍ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ပုဒ္မ (၂၆၁) ကို အေလးထားျပင္ဆင္ႏိုင္ရန္ တင္ျပမႈမ်ားရွိခဲ့သည္။ပုဒ္မ (၂၆၁) တြင္ ႏိုင္ငံေတာ္သမၼတသည္ သက္ဆိုင္ရာတိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္တာဝန္ေပးရမည္ျဖစ္ ေၾကာင္း ေဖာ္ျပထားသလို တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားထဲမွ သတ္ မွတ္ထားသည့္ အရည္အခ်င္းမ်ားႏွင့္ျပည့္စုံေသာ သင့္ေလ်ာ္သည့္ ကိုယ္စားလွယ္တစ္ဦးအား ေ႐ြးခ်ယ္ရ မည္ျဖစ္ေၾကာင္းျပ႒ာန္းထားသည္။ ဤအခ်က္ႏွင့္ပတ္သက္၍ တိုင္းရင္းသား ျပည္သူမ်ားေနထိုင္ရာျပည္ နယ္မ်ားရွိ ႏိုင္ငံေရးပါတီမ်ားႏွင့္ ႏိုင္ငံေရးသမားမ်ားက ႏွစ္ၿမိဳ႕ျခင္းမရွိၾက။ ျဖစ္ခ်င္းျဖစ္လွ်င္ ျပည္နယ္ဝန္ ႀကီးခ်ဳပ္ကို ျပည္နယ္လႊတ္ ေတာ္ကိုယ္စားလွယ္မ်ားက မိမိတို႔သေဘာက် ႏွစ္သက္ရာ လႊတ္ေတာ္ကိုယ္ စားလွယ္တစ္ဦးဦးအား ေ႐ြးခ်ယ္တာဝန္ေပးေစလိုၾကသည္။ ဤအခ်က္ႏွင့္ပတ္သက္၍ ပုဒ္မ(၂၆၁)ျပင္ ဆင္ေရးအတြက္ ဒုတိယအႀကိမ္လႊတ္ေတာ္တြင္ တပ္မေတာ္သားကိုယ္စား လွယ္မ်ားကတင္ျပခဲ့ေသာ္ လည္း ေအာင္ျမင္ျခင္းမရွိခဲ့ဟုသိရသည္။ အေျခခံဥပေဒပုဒ္မ ျပင္ဆင္ႏိုင္ေရးမွာ တိုင္းရင္းသားစည္းလုံး ညီၫြတ္ေရးအတြက္ အေရး ႀကီးေသာအခန္းက႑တြင္ေရာက္ရွိေနသည္ကို ေတြ႕ရသည္။ သို႔ျဖစ္ရာ ဤျပႆနာကို (၂၀၂၅)ခုႏွစ္က်င္းပမည့္ေ႐ြးေကာက္ပြဲမွေပၚေပါက္လာမည့္ တတိယ အႀကိမ္ လႊတ္ ေတာ္မွေက်ာ္လႊားကာ တိုင္းရင္းသားမ်ား လိုလားသည့္ မိမိတို႔ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို မိမိတို႔ ေ႐ြးခ်ယ္ ခြင့္ရၾကမည္လားဆိုသည့္ေမးခြန္းမ်ားထြက္ေပၚလာသည္။
ပုဒ္မ(၂၆၁) ျပင္ဆင္ေရး
ပုဒ္မ(၂၆၁) ျပင္ဆင္ေရးႏွင့္ပတ္သက္၍ ေက်ာ္လႊားႏိုင္ေသာအခ်က္မ်ားရွိေနသည္။ အေျခခံ ဥပေဒ ျပင္ဆင္ေရးႏွင့္ပတ္သက္၍ ဖြဲ႕စည္းပုံအေၿခံဥပေဒ အခန္း(၁၂) ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ ျခင္း အခန္းတြင္ေဖာ္ျပထားသည္။ အေျခခံဥပေဒပုဒ္မ (၄၃၃)၊ (၄၃၄)၊ (၄၃၅)၊ (၄၃၆)တို႔တြင္ အတိ အလင္း ေဖာ္ျပထားသည္။ အဆိုပါပုဒ္မမ်ား၏ျပ႒ာန္းခ်က္မ်ားအရ အေျခခံဥပေဒအားျပင္ဆင္ရန္ လို လွ်င္ ျပင္ဆင္မည့္ဥပေဒမူၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္၏လႊတ္ေတာ္ကိုယ္စားလွယ္စုစုေပါင္း၏ (၂၀)ရာခိုင္ႏႈန္းက တင္ျပလာလွ်င္ အဆိုပါျပင္ဆင္ခ်က္ဥပေဒၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္က လက္ခံ ေဆြးေႏြးရမည္ဟုေဖာ္ျပထားသည္။ သို႔ရာတြင္ ပုဒ္မ(၄၃၆) (က)အရ သတ္မွတ္ထားေသာပုဒ္မ မ်ားကို ျပင္ဆင္လိုလွ်င္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္အားလုံး၏ (၇၅)ရာခိုင္ႏႈန္းေက်ာ္က ျပင္ ဆင္ရန္ သေဘာတူလက္ခံၿပီးေနာက္ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲက်င္းပ၍ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ အားလုံး ၏ ထက္ဝက္ေက်ာ္ ဆႏၵမဲျဖင့္သာ ျပင္ဆင္ရမည္ဟုေဖာ္ျပထားသည္။ ဥပမာအားျဖင့္ ျပည္ေထာင္စုနယ္ ေျမအစိတ္အပိုင္းအခ်ိဳ႕ကိုျပင္ဆင္ရန္ကိစၥမ်ား၊ သက္ဆိုင္ရာတိုင္းေဒ သႀကီး ျပည္နယ္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းရွိ ေက်း႐ြာ၊ ေက်း႐ြာအုပ္စု၊ ရပ္ကြက္၊ ၿမိဳ႕နယ္ သို႔မဟုတ္ ခ႐ိုင္နယ္နိမိတ္မ်ားျပင္ဆင္ရန္ ဖြဲ႕စည္းရန္ သို႔မဟုတ္ အမည္ေျပာင္းလဲရန္ကိစၥရပ္မ်ား စသည္ တို႔ကို အထက္ပါအတိုင္းေဆာင္႐ြက္သြားရမည္ျဖစ္သည္။ သို႔ရာတြင္ ပုဒ္မ (၄၃၆)(က)တြင္ေဖာ္ျပထား သည့္ျပ႒ာန္းခ်က္မ်ားအရ အျခားျပ႒ာန္းခ်က္မ်ားကို ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္အားလုံး၏ (၇၅)ရာခိုင္ႏႈန္းေက်ာ္ေထာက္ခံမဲျဖင့္သာျပင္ဆင္ရမည္ျဖစ္ေၾကာင္း သတ္မွတ္ျပ႒ာန္းထားရွိသည္။
တိုင္းရင္းသားျပည္သူမ်ားေတာင္းဆိုေနသည့္ ပုဒ္မ(၂၆၁)သည္ လႊတ္ေတာ္မွ သေဘာတူသည့္ တိုင္ တစ္ျပည္လုံးသို႔ ခ်ျပဆႏၵခံယူရန္မလိုအပ္ဘဲ၊ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္အားလုံး၏ (၇၅) ရာခိုင္ႏႈန္းေက်ာ္ေထာက္ခံဆႏၵမဲျဖင့္ ျပင္ဆင္ႏိုင္ေသာ ျပ႒ာန္းခ်က္ျဖစ္သည္။ ထို႔ေၾကာင့္ ပုဒ္မ (၂၆၁) ျပင္ဆင္ရာတြင္ (၂၀၂၅) ခုႏွစ္အလြန္ တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ေခၚယူသည့္ ပထမ အစည္းအေဝးတြင္ပင္ ဥပေဒၾကမ္းတင္သြင္းၿပီး ျပင္ဆင္ႏိုင္သည့္ ဥပေဒျဖစ္သည္။ အေျခခံဥပေဒပုဒ္မ (၂၆၁) ျပင္ဆင္ေရးႏွင့္ပတ္သက္၍လည္း တပ္မေတာ္မွ သေဘာတူညီေၾကာင္းေျပာထားၿပီးျဖစ္ရာ လို အပ္ေသာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္အားလုံး၏ (၇၅) ရာခိုင္ႏႈန္းေက်ာ္ေထာက္ခံမဲျဖင့္ျပင္ ဆင္ႏိုင္ေရးဆိုသည့္အခက္အခဲ မရွိႏိုင္ေတာ့ေၾကာင္းရွင္းျပရသည္။
ႏိုင္ငံေရးအေျပာင္းအလဲအေ႐ြ႕သစ္
ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအေ႐ႊ႕အေျပာင္းကာလတစ္ခုကို (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ အ တည္ျပဳျပ႒ာန္းႏိုင္ခဲ့ၿပီးေနာက္ ျမန္မာျပည္သူမ်ားရရွိခဲ့ၾကသည္။ ျပည္သူမ်ားကေ႐ြးေကာက္တင္ေျမႇာက္ လိုက္သည့္ ျပည္သူ႔ကိုယ္စားလွယ္မ်ားျဖင့္အုပ္ခ်ဳပ္သည့္ ပါလီမန္ဒီမိုကေရစီစနစ္သို႔ ကူးေျပာင္းေရာက္ရွိ ႏိုင္ခဲ့ျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံအေနျဖင့္ (၁၉၄၈) ခုႏွစ္ လြတ္လပ္ေရးရၿပီးသည္မွစ၍ ႏိုင္ငံေရးအကူး အေျပာင္းမ်ားကို ျဖတ္သန္းေက်ာ္လႊားခဲ့ရသည္။ ေကာင္းသည္လည္းရွိ၊ ဆိုးသည္လည္းရွိ ျပည္သူမ်ား က ခါးစည္းခံခဲ့ၾကရသည္။ (၁၉၄၈)မွ(၁၉၅၉) အထိ ဖဆပလအစိုးရအဖြဲ႕သည္ ပါလီမန္ဒီမိုကေရစီစနစ္ကို က်င့္သုံးေဆာင္႐ြက္ခဲ့သည္။ ထိုမွဆက္ကာ တပ္မေတာ္အိမ္ေစာင့္အစိုးရ၊ ပထမအစိုးရအဖြဲ႕၊ ေတာ္လွန္ ေရးေကာင္စီေခတ္(တပ္မေတာ္)၊ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီအစိုးရေခတ္ (တပ္မေတာ္၏ ဦး ေဆာင္မႈ) ၊ နဝတ၊ နအဖ ေခတ္(တပ္မေတာ္)စသည့္ေခတ္မ်ားကိုျဖတ္ေက်ာ္ခဲ့ၾကရသည္။ တပ္မေတာ္အ စိုးရသည္ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေရးဆြဲအတည္ျပဳၿပီးေနာက္ ျပည္သူမ်ားက ေ႐ြးခ်ယ္ တင္ေျမႇာက္သည့္ ဒီမိုကေရစီအစိုးရအျဖစ္ ဦးသိန္းစိန္(ျပည္ခိုင္ၿဖိဳးပါတီ)ဦးေဆင္သည့္အစိုးရအဖြဲ႕၏ အုပ္ ခ်ဳပ္မႈေအာက္တြင္ (၅)ႏွစ္ေနထိုင္ခဲ့ၾကရသည္။ စစ္အုပ္ခ်ဳပ္ေရးေခတ္မွပါတီစုံဒီမိုကေရစီ၏အသီးအပြင့္ ကို ျပည္သူမ်ား စတင္ခံစားခြင့္ရခဲ့ျခင္းျဖစ္သည္။ ထိုမွဆက္ကာ ဒီမိုကေရစီေခတ္၏ဒုတိယလႈိင္းကို NLD ပါတီကဦးေဆာင္ခဲ့သည္။ သို႔ေသာ္ ဒီမိုကေရစီ ေရစီးေၾကာင္းသည္ NLD ပါတီ၏ တစ္ကိုယ္ေကာင္း ဆန္ ေသာ၊ တစ္ပါတီအာဏာရွင္စနစ္သို႔ေရွးရႈလာ ေသာ မဲမသမာမႈမ်ားျဖင့္ အာဏာရယူရန္ႀကိဳးပမ္းလာမႈ ေၾကာင့္ ဒီမိုကေရစီေရစီးေၾကာင္း ရပ္တန႔္သြားခဲ့ရ သည္။ (၂၀၂၁) ခုႏွစ္မွစတင္ကာ တပ္မေတာ္ အစိုးရ ၏အုပ္ခ်ဳပ္မႈေအာက္တြင္ ျမန္မာျပည္သူမ်ားေနခဲ့ၾကရသည္။ သို႔ရာတြင္ တပ္မေတာ္အစိုးရသည္ အာဏာကို တရားေသစြဲကိုင္ထားလိုျခင္းမရွိခဲ့။ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕ စည္းပုံအေျခခံဥပေဒႏွင့္အညီ ျပည္သူ မ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးႏိုင္ရန္ေဆာင္႐ြက္ခဲ့ေသာ္လည္း ႏိုင္ငံေတာ္အတြင္း ဆူပူေသာင္းက်န္းမႈ မ်ိဳးစုံျဖင့္ ႂထြကလႈပ္ရွားမႈမ်ိဳးစုံေၾကာင့္ (၅)ႏွစ္တာမွ် အာဏာကို စြဲကိုင္ကာအုပ္ခ်ဳပ္ခဲ့ရသည္။ တပ္မ ေတာ္(ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ)အစိုးရသည္ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ ပါတီစုံ ဒီမိုကေရစီေ႐ြးေကာက္ပြဲကို က်င္းပေပးမည္ျဖစ္ေၾကာင္း အတိအလင္းေၾကညာထားခဲ့ၿပီးျဖစ္ သည္။ ကတိကဝတ္ျပဳထားခဲ့ၿပီးျဖစ္ရာ ယခုအခါ ယင္းကတိကဝတ္ႏွင့္အညီ ပါတီစုံဒီမိုကေရစီ ေ႐ြး ေကာက္ပြဲကို (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္တြင္က်င္းပမည္ျဖစ္ၿပီး ဒုတိယပိုင္းႏွင့္တတိယပိုင္းကို လည္း (၂၀၂၆)ခုႏွစ္ ဇန္နဝါရီလတြင္ က်င္းပသြားမည္ျဖစ္ကာ အႏိုင္ရေသာပါတီအား ႏိုင္ငံေတာ္အာဏာ ကို လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္သည္။
ဖက္ဒရယ္ျပႆနာ
(၂၀၂၁)ခုႏွစ္ တပ္မေတာ္(ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ)က ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အ ညီတာဝန္ယူခဲ့ၿပီးေနာက္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားသည္ အစြန္းေရာက္ NLD ပါတီဝင္မ်ား ျဖင့္ စုဖြဲ႕ထားေသာ NUG ျပည္ေျပးအစိုးရအဖြဲ႕၏လႈံ႕ေဆာ္မႈေၾကာင့္ေပၚေပါက္လာေသာ PDF အမည္ခံအ ၾကမ္းဖက္သမားမ်ား၏အင္အားကိုရယူ၍ အစိုးရအဖြဲ႕ ႏွင့္ NCA တစ္ႏိုင္ငံလုံးဆိုင္ရာၿငိမ္းခ်မ္းေရးသေဘာ တူညီမႈမ်ားကိုေဖာက္ဖ်က္ကာ အစိုးရအဖြဲ႕အား တိုက္ခိုက္လာခဲ့ၾကသည္။ ပထမတြင္ က်ားဖ်န႔္ႏွိမ္နင္း ေရးေခါင္းစဥ္ျဖင့္ တိုက္ခိုက္ခဲ့ၾကေသာ္လည္း နယ္ေျမမ်ား ရသေလာက္သိမ္းယူ နယ္ေျမခ်ဲ႕ထြင္ၿပီး ဖက္ဒရယ္ အေရးကိုေတာင္းဆိုတိုက္ပြဲဝင္လာခဲ့ၾကသည္။ ဤသည္ႏွင့္ပတ္သက္၍လည္း တပ္မေတာ္ အစိုးရအေနျဖင့္ ဥပေဒႏွင့္အညီ ဒီမိုကေရစီ ဖက္ဒရယ္ႏိုင္ငံေတာ္ တည္ေဆာက္သြားရန္ သေဘာထား ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။ တပ္မေတာ္အစိုးရ (ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ) အေနျဖင့္လည္း တိုင္း ရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးရာတြင္ တပ္မေတာ္ အေနျဖင့္ ေထာက္ခံမႈေပးသြားမည္ျဖစ္ေၾကာင္း ကတိကဝတ္မ်ားေပးခဲ့ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ သည္မ်ားကိုေတြ႕ခဲ့ရသျဖင့္ အခက္အခဲမရွိႏိုင္ေၾကာင္းရွင္းျပရသည္။ သူတို႔ကေတာ့ ေစာင့္ၾကည့္ရဦးမည္ ျဖစ္ေၾကာင္းေျပာၾကားၾကသည္။ ထို႔ေၾကာင့္ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲလာမႈ အေ႐ြ႕သစ္တစ္ခုသို႔ ေရာက္ ေနၿပီျဖစ္ေၾကာင္းရွင္းျပခဲ့ၿပီး တိုင္းရင္းသားျပည္သူမ်ား၏ေမွ်ာ္လင့္ခ်က္မ်ားျဖစ္သည့္ ဖက္ဒရယ္ ႏိုင္ငံ သစ္သို႔ေရာက္လာႏိုင္ေၾကာင္း မိတ္ေဆြမ်ားအားရွင္းျပခဲ့သည္ကို ေဖာက္ သည္ခ်လိုက္ရေပသည္။