တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့်ပါ အရေးယူမည်

 86

Pearl (NP News) - ဒီဇင်ဘာ ၂၃

တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ အရေး ယူမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအရ ဘားအံ၊ မော်လမြိုင်၊ တောင် ကြီး၊ လားရှိုး၊ မူဆယ်အပါအဝင် ကရင်ပြည်နယ်၊ မွန် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ပို့ကုန် သွင်းကုန် ဥပဒေ၊ သက်ဆိုင်ရာဥပဒေများအပြင် ငွေကြေးခဝါချ မှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်းသိရသည်။ ထိုသို့အရေးယူရာတွင် မည်သူမဆို ငွေကြေးခဝါချမှုကိုကျူးလွန်ကြောင်း ပြစ် မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို (၁၀)နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်မည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ် သန်း(၅၀ဝ)အထိ ငွေဒဏ်ချမှတ်မည်ဖြစ်ကာ အကျိုးခံစားခွင့်ရှိသူ ပိုင် ရှင်ကို ထောင်ဒဏ်ခုနစ်နှစ်အထိချမှတ်မည်ဖြစ်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။
ထို့ပြင် တရားမဝင်ကုန်စည်များနှင့်အတူ လက်နက်ခဲယမ်းများ ရောနှောသယ်ဆောင်မှုသည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မှုရှိသည့်အတွက် စစ် ဆေးရေးဂိတ်၊ လုံခြုံရေးဂိတ်များမှ သတင်းကွင်း ဆက်ချိတ်ဆက်ရယူ၍ ထိရောက်စွာ တားဆီးဖမ်းဆီးအရေးယူဆောင်ရွက်ရန်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို မှာကြားထားကြောင်းသိရသည်။
တိုင်းဒေသကြီး/ ပြည်နယ် အထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ဖမ်းဆီးရမိမှု လချုပ် များတင်ပြရာတွင်လည်း ဖမ်းဆီးရမိမော်တော်ယာဉ်အမျိုးအစားများကို ခွဲခြားတင်ပြရန်နှင့် အများဆုံး ဖမ်းဆီးရမိသည့်ကုန်ပစ္စည်းများကို ကုန်စည်အမည်အလိုက် စိစစ်တင်ပြရန်နှင့် တရားမဝင် ကုန်ပစ္စည်း တင် ရေယာဉ်များဖမ်းဆီးရမိပါက ရေယာဉ်များကို တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/ မရှိ၊ ရေယာဉ်ပိုင်ရှင် အမည်၊ ရေယာဉ်၏ အလျား၊ အနံ၊ အင်ဂျင်ပါဝါ၊ တင်ဆောင်နိုင်သည့် ကုန်ချိန်ပမာဏတို့ကို ပြည့်စုံစွာ ထည့်သွင်းတင်ပြရမည်ဖြစ်ကြောင်းလည်း သိရသည်။
တရားမဝင်ကုန်သွယ်မှုများကို အရေးယူ ဆောင်ရွက်ရာတွင်လည်း ပြဋ္ဌာန်းထားသည့် ဥပဒေများ နှင့်အညီ မှန်မှန်ကန်ကန်အသုံးပြုဆောင်ရွက်ရန်၊ တရားမဝင်ကုန်စည်များကို စီမံခန့်ခွဲရာတွင်လည်း ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်း များကို အစိုးရနှင့်ပုဂ္ဂလိက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန်လည်း သက်ဆိုင်ရာတာဝန်ရှိသူများကို မှာကြားထားကြောင်းသိရသည်။
ပြီးခဲ့သည့်လပိုင်းက ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အ ထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ လိုင်စင် မဲ့/ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများနှင့် ပိတ်ပင် တားမြစ်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များကို ဖမ်း ဆီးစစ်ဆေးခဲ့ရာ စုစုပေါင်း (၄၇၀)စီးဖမ်းဆီးရမိခဲ့ ပြီး အဆိုပါ မော်တော်ယာဉ်များအပေါ်မှ ကန့်သတ်/ တားမြစ်ကုန်ပစ္စည်းများနှင့် ခွင့်ပြုချက်နှင့်ကွဲလွဲတင် သွင်းလာသည့် သို့မဟုတ် လုံးဝခွင့်ပြုချက်မပါဘဲ တင်သွင်းလာသည့် လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ကုန် ပစ္စည်းများကို ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေအရ သင့်လျော်သည့် ရွေးယူဒဏ်ငွေတပ် ရိုက်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိပါက ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ပါ အေရးယူမည္
Pearl (NP News) - ဒီဇင္ဘာ ၂၃
တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိပါက ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ပါ အေရး ယူမည္ျဖစ္ေၾကာင္း ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာန၊ အေကာက္ခြန္ဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး ဆုံးျဖတ္ခ်က္မ်ားအရ ဘားအံ၊ ေမာ္လၿမိဳင္၊ ေတာင္ ႀကီး၊ လားရႈိး၊ မူဆယ္အပါအဝင္ ကရင္ျပည္နယ္၊ မြန္ ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတို႔မွ တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိပါက ပို႔ကုန္ သြင္းကုန္ ဥပေဒ၊ သက္ဆိုင္ရာဥပေဒမ်ားအျပင္ ေငြေၾကးခဝါခ် မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ပါ အေရးယူေဆာင္႐ြက္ မည္ျဖစ္ေၾကာင္းသိရသည္။ ထိုသို႔အေရးယူရာတြင္ မည္သူမဆို ေငြေၾကးခဝါခ်မႈကိုက်ဴးလြန္ေၾကာင္း ျပစ္ မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူကို (၁၀)ႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံး ျဖစ္ေစခ်မွတ္မည္ျဖစ္ၿပီး ျပစ္မႈက်ဴးလြန္သူသည္ ကုမၸဏီ သို႔မဟုတ္ အဖြဲ႕အစည္းျဖစ္ပါက ယင္းကုမၸဏီ သို႔မဟုတ္ အဖြဲ႕အစည္းကို က်ပ္ သန္း(၅၀ဝ)အထိ ေငြဒဏ္ခ်မွတ္မည္ျဖစ္ကာ အက်ိဳးခံစားခြင့္ရွိသူ ပိုင္ ရွင္ကို ေထာင္ဒဏ္ခုနစ္ႏွစ္အထိခ်မွတ္မည္ျဖစ္ေၾကာင္း ဥပေဒတြင္ ျပ႒ာန္းထားခ်က္အရ သိရသည္။
ထို႔ျပင္ တရားမဝင္ကုန္စည္မ်ားႏွင့္အတူ လက္နက္ခဲယမ္းမ်ား ေရာေႏွာသယ္ေဆာင္မႈသည္ ႏိုင္ငံေတာ္လုံၿခဳံေရးကို ထိခိုက္မႈရွိသည့္အတြက္ စစ္ ေဆးေရးဂိတ္၊ လုံၿခဳံေရးဂိတ္မ်ားမွ သတင္းကြင္း ဆက္ခ်ိတ္ဆက္ရယူ၍ ထိေရာက္စြာ တားဆီးဖမ္းဆီးအေရးယူေဆာင္႐ြက္ရန္လည္း သက္ဆိုင္ရာ တာဝန္ရွိသူမ်ားကို မွာၾကားထားေၾကာင္းသိရသည္။
တိုင္းေဒသႀကီး/ ျပည္နယ္ အထူးအဖြဲ႕မ်ားႏွင့္ အေကာက္ခြန္ဦးစီးဌာနတို႔မွ ဖမ္းဆီးရမိမႈ လခ်ဳပ္ မ်ားတင္ျပရာတြင္လည္း ဖမ္းဆီးရမိေမာ္ေတာ္ယာဥ္အမ်ိဳးအစားမ်ားကို ခြဲျခားတင္ျပရန္ႏွင့္ အမ်ားဆုံး ဖမ္းဆီးရမိသည့္ကုန္ပစၥည္းမ်ားကို ကုန္စည္အမည္အလိုက္ စိစစ္တင္ျပရန္ႏွင့္ တရားမဝင္ ကုန္ပစၥည္း တင္ ေရယာဥ္မ်ားဖမ္းဆီးရမိပါက ေရယာဥ္မ်ားကို တရားဝင္မွတ္ပုံတင္ထားျခင္း ရွိ/ မရွိ၊ ေရယာဥ္ပိုင္ရွင္ အမည္၊ ေရယာဥ္၏ အလ်ား၊ အနံ၊ အင္ဂ်င္ပါဝါ၊ တင္ေဆာင္ႏိုင္သည့္ ကုန္ခ်ိန္ပမာဏတို႔ကို ျပည့္စုံစြာ ထည့္သြင္းတင္ျပရမည္ျဖစ္ေၾကာင္းလည္း သိရသည္။
တရားမဝင္ကုန္သြယ္မႈမ်ားကို အေရးယူ ေဆာင္႐ြက္ရာတြင္လည္း ျပ႒ာန္းထားသည့္ ဥပေဒမ်ား ႏွင့္အညီ မွန္မွန္ကန္ကန္အသုံးျပဳေဆာင္႐ြက္ရန္၊ တရားမဝင္ကုန္စည္မ်ားကို စီမံခန႔္ခြဲရာတြင္လည္း ထိထိေရာက္ေရာက္ ျမန္ျမန္ဆန္ဆန္ေဆာင္႐ြက္ရန္ ႏွင့္ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးလုပ္ငန္း မ်ားကို အစိုးရႏွင့္ပုဂၢလိက လက္တြဲညီညီ ပူးေပါင္းေဆာင္႐ြက္ရန္လည္း သက္ဆိုင္ရာတာဝန္ရွိသူမ်ားကို မွာၾကားထားေၾကာင္းသိရသည္။
ၿပီးခဲ့သည့္လပိုင္းက ကရင္ျပည္နယ္၊ မြန္ ျပည္နယ္၊ မႏၲေလးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ အ ထူးအဖြဲ႕မ်ားႏွင့္ အေကာက္ခြန္ဦးစီးဌာနတို႔မွ လိုင္စင္ မဲ့/ အေကာက္ခြန္မဲ့ ကုန္ပစၥည္းမ်ားႏွင့္ ပိတ္ပင္ တားျမစ္ကုန္ပစၥည္းတင္ ေမာ္ေတာ္ယာဥ္မ်ားကို ဖမ္း ဆီးစစ္ေဆးခဲ့ရာ စုစုေပါင္း (၄၇၀)စီးဖမ္းဆီးရမိခဲ့ ၿပီး အဆိုပါ ေမာ္ေတာ္ယာဥ္မ်ားအေပၚမွ ကန႔္သတ္/ တားျမစ္ကုန္ပစၥည္းမ်ားႏွင့္ ခြင့္ျပဳခ်က္ႏွင့္ကြဲလြဲတင္ သြင္းလာသည့္ သို႔မဟုတ္ လုံးဝခြင့္ျပဳခ်က္မပါဘဲ တင္သြင္းလာသည့္ လိုင္စင္မဲ့၊ အေကာက္ခြန္မဲ့ ကုန္ ပစၥည္းမ်ားကို ပင္လယ္ေရေၾကာင္း အေကာက္ခြန္ အက္ဥပေဒအရ သင့္ေလ်ာ္သည့္ ေ႐ြးယူဒဏ္ေငြတပ္ ႐ိုက္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.