ခရစ္စမတ်ရုံးပိတ်ရက်အတွက် အထူးရထားများ တိုးချဲ့ပြေးဆွဲသွားမည်

81

စိမ့် (NP News)- ဒီဇင်ဘာ ၂၄
ခရစ္စမတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာ နိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန် နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ် များကို ပုံမှန်ရထားများအပြင် အထူးရထားများပါ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရ သည်။
ရန်ကုန်-နေပြည်တော် DEMU(စပိန်) အဆန်အထူးရထားသည် မနက်ဖြန် (ဒီဇင်ဘာလ ၂၅ ရက်) နှင့် (ဒီဇင်ဘာ ၂၈ ရက်) တွင် ရန်ကုန်ဘူတာမှ နံနက် ၆ နာရီ ၃ဝ မိနစ်အချိန်တွင် စတင်ထွက်ခွာ၍ မွန်းလွဲ (၁၂)နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး DEMU(စပိန်) အစုန်အထူးရထားသည် နေပြည်တော်မှ မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် စတင်ထွက်ခွာ၍ ညနေ (၆)နာရီအချိန်တွင် ရန်ကုန်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် ရန်ကုန်-ပြည်လေအိတ်အဆန်အထူးရထားသည် ဒီဇင်ဘာ(၂၅)ရက်တွင် ရန်ကုန်ဘူတာမှ မွန်းလွဲ (၁)နာရီ တွင် စတင်ထွက်ခွာ၍ ည (၈)နာရီ (၅၅)မိနစ်တွင် ပြည်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး ပြည်-ရန်ကုန် လေအိတ် အစုန်အထူးရထားသည် ဒီဇင်ဘာ ၂၈ ရက်တွင် ပြည်ဘူတာမှ နံနက် (၁၀)နာရီခွဲတွင် စတင်ထွက်ခွာ၍ ရန်ကုန်သို့ ညနေ (၆)နာရီခွဲအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်-မော်လမြိုင် လေအိတ်အဆန်အထူးရထားသည် ဒီဇင်ဘာ ၂၅ ရက်တွင် ရန်ကုန်ဘူတာမှ နံနက် (၉)နာရီ (၁၅)မိနစ်အချိန်တွင် စတင်ထွက်ခွာ၍ မော်လမြိုင်ဘူတာသို့ ညနေ (၆)နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး လေအိတ်အစုန်ရထားသည် ဒီဇင်ဘာ ၂၈ရက်တွင် မော်လမြိုင်ဘူတာမှ နံနက် (၉)နာရီ (၁၀)မိနစ်အချိန်တွင် စတင်ထွက်ခွာ၍ ညနေ (၅)နာရီ (၅၅)မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးရထားများအပြင် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ရထားများတွင် လည်း ဝန်ချိန်ပြည့်တွဲဆိုင်းများ ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန်ပြေးဆွဲ ပေးလျက်ရှိသည့် ရထားများအတိုင်းဖြစ်ပြီး အထက်တန်းလက်မှတ်ကို သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်ကို တစ်ရက်ကြိုတင်၍လည်းကောင်း သက်ဆိုင်ရာဘူတာများတွင် ဝယ်ယူရမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်ရထားများအတွက် ကြိုတင်လက်မှတ်များကို (၅)ရက် ကြိုတင်ပြီး ဖုန်း ၀၉၈၈၀၉၄၂၆၀၀ (နေပြည်တော်)၊ ၀၉၈၈၀၉၄၂၆၀၁ (ပျဉ်းမနား)၊ ၀၉၈၈၀၉၄၂၆၀၈ (ရန်ကုန်) တို့အား ကြိုတင် Booking ပြုလုပ်၍ MMQR Code ဖြင့်ငွေပေးချေ၍ရောင်းချခြင်း၊ တန်းစီခရီးသည်များ လက်မှတ် ဝယ်ယူရာတွင်လည်း လက်မှတ်ခကို ငွေသားအပြင် MMQR Code ဖြင့် ငွေပေးချေ၍ရောင်းချခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

Zawgyi Version:
ခရစၥမတ္႐ုံးပိတ္ရက္အတြက္ အထူးရထားမ်ား တိုးခ်ဲ႕ေျပးဆြဲသြားမည္
စိမ့္ (NP News)- ဒီဇင္ဘာ ၂၄
ခရစၥမတ္႐ုံးပိတ္ရက္ကာလအတြင္း ခရီးသြားျပည္သူမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ား အဆင္ေျပစြာ ခရီးသြားလာ ႏိုင္ေစေရးအတြက္ ရန္ကုန္-ေနျပည္ေတာ္-ရန္ကုန္၊ ရန္ကုန္-ျပည္-ရန္ကုန္ ႏွင့္ ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္ခရီးစဥ္ မ်ားကို ပုံမွန္ရထားမ်ားအျပင္ အထူးရထားမ်ားပါ တိုးခ်ဲ႕ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားထံမွ သိရ သည္။
ရန္ကုန္-ေနျပည္ေတာ္ DEMU(စပိန္) အဆန္အထူးရထားသည္ မနက္ျဖန္ (ဒီဇင္ဘာလ ၂၅ ရက္) ႏွင့္ (ဒီဇင္ဘာ ၂၈ ရက္) တြင္ ရန္ကုန္ဘူတာမွ နံနက္ ၆ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ စတင္ထြက္ခြာ၍ မြန္းလြဲ (၁၂)နာရီတြင္ ေနျပည္ေတာ္ဘူတာသို႔ ဆိုက္ေရာက္မည္ျဖစ္ၿပီး DEMU(စပိန္) အစုန္အထူးရထားသည္ ေနျပည္ေတာ္မွ မြန္းလြဲ (၁၂)နာရီခြဲအခ်ိန္တြင္ စတင္ထြက္ခြာ၍ ညေန (၆)နာရီအခ်ိန္တြင္ ရန္ကုန္သို႔ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
ထိုျပင္ ရန္ကုန္-ျပည္ေလအိတ္အဆန္အထူးရထားသည္ ဒီဇင္ဘာ(၂၅)ရက္တြင္ ရန္ကုန္ဘူတာမွ မြန္းလြဲ (၁)နာရီ တြင္ စတင္ထြက္ခြာ၍ ည (၈)နာရီ (၅၅)မိနစ္တြင္ ျပည္ဘူတာသို႔ ဆိုက္ေရာက္မည္ျဖစ္ၿပီး ျပည္-ရန္ကုန္ ေလအိတ္ အစုန္အထူးရထားသည္ ဒီဇင္ဘာ ၂၈ ရက္တြင္ ျပည္ဘူတာမွ နံနက္ (၁၀)နာရီခြဲတြင္ စတင္ထြက္ခြာ၍ ရန္ကုန္သို႔ ညေန (၆)နာရီခြဲအခ်ိန္တြင္ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ရန္ကုန္-ေမာ္လၿမိဳင္ ေလအိတ္အဆန္အထူးရထားသည္ ဒီဇင္ဘာ ၂၅ ရက္တြင္ ရန္ကုန္ဘူတာမွ နံနက္ (၉)နာရီ (၁၅)မိနစ္အခ်ိန္တြင္ စတင္ထြက္ခြာ၍ ေမာ္လၿမိဳင္ဘူတာသို႔ ညေန (၆)နာရီတြင္ ဆိုက္ေရာက္မည္ျဖစ္ၿပီး ေလအိတ္အစုန္ရထားသည္ ဒီဇင္ဘာ ၂၈ရက္တြင္ ေမာ္လၿမိဳင္ဘူတာမွ နံနက္ (၉)နာရီ (၁၀)မိနစ္အခ်ိန္တြင္ စတင္ထြက္ခြာ၍ ညေန (၅)နာရီ (၅၅)မိနစ္တြင္ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အထူးရထားမ်ားအျပင္ ပုံမွန္ေျပးဆြဲေပးလ်က္ရွိသည့္ ရထားမ်ားတြင္ လည္း ဝန္ခ်ိန္ျပည့္တြဲဆိုင္းမ်ား ခ်ိတ္ဆက္ေျပးဆြဲေပးသြားမည္ျဖစ္ၿပီး ရထားလက္မွတ္ခႏႈန္းထားႏွင့္ ရပ္တန႔္မည့္ဘူတာမ်ားမွာ ေန႔စဥ္ပုံမွန္ေျပးဆြဲ ေပးလ်က္ရွိသည့္ ရထားမ်ားအတိုင္းျဖစ္ၿပီး အထက္တန္းလက္မွတ္ကို သုံးရက္ႀကိဳတင္၍လည္းေကာင္း၊ ႐ိုး႐ိုးတန္း လက္မွတ္ကို တစ္ရက္ႀကိဳတင္၍လည္းေကာင္း သက္ဆိုင္ရာဘူတာမ်ားတြင္ ဝယ္ယူရမည္ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ ရန္ကုန္-ေနျပည္ေတာ္-ရန္ကုန္ခရီးစဥ္ရထားမ်ားအတြက္ ႀကိဳတင္လက္မွတ္မ်ားကို (၅)ရက္ ႀကိဳတင္ၿပီး ဖုန္း ၀၉၈၈၀၉၄၂၆၀၀ (ေနျပည္ေတာ္)၊ ၀၉၈၈၀၉၄၂၆၀၁ (ပ်ဥ္းမနား)၊ ၀၉၈၈၀၉၄၂၆၀၈ (ရန္ကုန္) တို႔အား ႀကိဳတင္ Booking ျပဳလုပ္၍ MMQR Code ျဖင့္ေငြေပးေခ်၍ေရာင္းခ်ျခင္း၊ တန္းစီခရီးသည္မ်ား လက္မွတ္ ဝယ္ယူရာတြင္လည္း လက္မွတ္ခကို ေငြသားအျပင္ MMQR Code ျဖင့္ ေငြေပးေခ်၍ေရာင္းခ်ျခင္းမ်ား ေဆာင္႐ြက္ ေပးလ်က္ရွိေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။