မြန်မာ - ဘယ်လာရုစ်ကြား ရွေးကောက်ပွဲဆိုင်ရာများကို MoU ထိုး၍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

 114

Pearl (NP News) - ဒီဇင်ဘာ ၂၇

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံကြား နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်များအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ (ဒီဇင်ဘာ ၂၆ ရက်) က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသန်းစိုး နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌ Mr. Alexei Bashan တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် UEC ဥက္ကဋ္ဌက မိမိတို့ရွေးကောက်ပွဲကို အားပေးထောက်ခံမှုအပြည့်ဖြင့် လာရောက်လေ့လာသည့်အတွက် လှိုက်လှဲစွာကြိုဆိုကြောင်း မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသည့် သံတမန်ဆက်ဆံရေးသည် ၁၉၉၉ ခုနှစ်မှ ယနေ့အထိ ၂၆ နှစ်တိုင် ရှိပြီဖြစ်ကြောင်း နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ရွေးကောက်ပွဲကျင်းပရာတွင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာနှင့် လွယ်ကူမှန်ကန်စွာမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ အများယုံကြည်သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားရှိမှုများ၊ နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်များအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို လည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဘယ်လာရုစ်နိုင်ငံတွင်လည်း ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမှုအခြေအနေကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ - ဘယ္လာ႐ုစ္ၾကား ေ႐ြးေကာက္ပြဲဆိုင္ရာမ်ားကို MoU ထိုး၍ ပူးေပါင္းေဆာင္႐ြက္ရန္ ေဆြးေႏြး
Pearl (NP News) - ဒီဇင္ဘာ ၂၇
ျမန္မာႏိုင္ငံႏွင့္ ဘယ္လာ႐ုစ္ႏိုင္ငံၾကား ႏွစ္ႏိုင္ငံေ႐ြးေကာက္ပြဲေကာ္မရွင္မ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းမ်ားအား နားလည္မႈစာခြၽန္လႊာ (MoU) လက္မွတ္ေရးထိုး၍ ပူးေပါင္းေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ (ဒီဇင္ဘာ ၂၆ ရက္) က ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) ဥကၠ႒ ဦးသန္းစိုး ႏွင့္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္ဒုတိယဥကၠ႒ Mr. Alexei Bashan ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ UEC ဥကၠ႒က မိမိတို႔ေ႐ြးေကာက္ပြဲကို အားေပးေထာက္ခံမႈအျပည့္ျဖင့္ လာေရာက္ေလ့လာသည့္အတြက္ လႈိက္လွဲစြာႀကိဳဆိုေၾကာင္း ျမန္မာႏိုင္ငံႏွင့္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံတို႔၏ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးသည့္ သံတမန္ဆက္ဆံေရးသည္ ၁၉၉၉ ခုႏွစ္မွ ယေန႔အထိ ၂၆ ႏွစ္တိုင္ ရွိၿပီျဖစ္ေၾကာင္း ႏွင့္ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္ ျပင္ဆင္ေဆာင္႐ြက္ထားရွိမႈမ်ား၊ ေ႐ြးေကာက္ပြဲက်င္းပရာတြင္ ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာအီလက္ထေရာနစ္မဲေပးစက္ (MEVM) ျဖင့္ မဲဆႏၵရွင္ျပည္သူမ်ား လုံၿခဳံစိတ္ခ်စြာႏွင့္ လြယ္ကူမွန္ကန္စြာမဲေပးႏိုင္ေရး ေဆာင္႐ြက္ထားရွိမႈမ်ား၊ အမ်ားယုံၾကည္သည့္ လြတ္လပ္ၿပီး တရားမွ်တေသာ ေ႐ြးေကာက္ပြဲျဖစ္ေအာင္ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ားအား ဒီမိုကေရစီစံခ်ိန္စံၫႊန္းမ်ားႏွင့္အညီ ေဆာင္႐ြက္ထားရွိမႈမ်ား၊ ႏွစ္ႏိုင္ငံေ႐ြးေကာက္ပြဲေကာ္မရွင္မ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းမ်ားအား နားလည္မႈစာခြၽန္လႊာ (MoU) လက္မွတ္ေရးထိုး၍ ပူးေပါင္းေဆာင္႐ြက္မည့္ အေျခအေနမ်ားကို လည္း ေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း သိရသည္။
အလားတူ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္ဒုတိယဥကၠ႒ႏွင့္အဖြဲ႕ဝင္မ်ားက ဘယ္လာ႐ုစ္ႏိုင္ငံတြင္လည္း ေ႐ြးေကာက္ပြဲႏွင့္စပ္လ်ဥ္း၍ ေဆာင္႐ြက္ရမႈအေျခအေနကို ေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.