ကာဗွန်အရောင်းအဝယ်ဈေးကွက်ထူထောင်ရန် အမျိုးသားအဆင့်ဥပဒေမူဘောင်၊ လုပ်ငန်းစဉ်များနှင့် စောင့်ကြည့်ရေးစနစ်များ လိုအပ်နေ

 215

စော (NP News) - ဒီဇင်ဘာ ၂၇
ကာဗွန်အရောင်းအဝယ်ဈေးကွက်ထူထောင်ရန်အတွက် အမျိုးသားအဆင့် ဥပဒေမူဘောင်၊ လုပ်ငန်းစဉ်များနှင့် စောင့်ကြည့်ရေးစနစ်များ လိုအပ်နေကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
ကာဗွန်အရောင်းအဝယ်ဆိုသည်မှာ ဈေးကွက်အခြေပြု ကာဗွန်ထုတ်လွှတ်မှု လျှော့ချသည့်စနစ်တစ်ခုဖြစ်ရာ ယင်းစနစ်သည် ကာဗွန်ဈေးနှုန်း သတ်မှတ်ခြင်းနှင့် လေထုညစ်ညမ်းမှုကို လျှော့ချရန်အတွက် နိုင်ငံများ၏ စုစုပေါင်းမှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏကို လျှော့ချနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာစည်းမျဉ်း၊ မူဘောင်များနှင့်အညီ ကာဗွန်သွယ်ဝိုက်လျော့ချရေး (Carbon Offset) စီမံကိန်းများအကောင်အထည်ဖော်၍ ကာဗွန်အရောင်းအဝယ်လုပ်ငန်းများဆောင်ရွက်ကာ ဈေးကွက်ထဲ ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
သို့သော် ကာဗွန်ဈေးကွက်ထူထောင်ရန်အတွက် ပွင့်လင်းမြင်သာမှု၊ ယုံကြည်မှုနှင့် တရားမျှတမှုတို့ကို အလေးထား ပြီး တိကျခိုင်မာသော အမျိုးသားအဆင့် ဥပဒေမူဘောင်၊ လုပ်ငန်းစဉ်များနှင့်ခိုင်မာသည့် စောင့်ကြည့်ရေးစနစ် (MRV) များ လိုအပ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် တာဝန်ရှိမှုအရ ဆောင်ရွက်သည့် ကာဗွန်ဈေးကွက် (Compliance Carbon Market) နှင့် ဆန္ဒအလျောက်ဆောင်ရွက်သည့် ကာဗွန်ဈေးကွက် (Voluntary Carbon Market) တို့နှင့်စပ်လျဉ်း၍ ပတ်သက်သူများကို လုပ်ဆောင်ရမည့်လုပ်ငန်းများနှင့် အသိပညာများ ဖလှယ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကာဗွန်ထုတ်လုပ်မှု ကုန်သွယ်‌ရေးစနစ်နှင့် တိုင်းတာခြင်း၊ အစီရင်ခံခြင်းနှင့် အတည်ပြုခြင်း စနစ်များ အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်သူများကို အသိပညာဗဟုသုတများမျှဝေခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ပေးနိုင်ရန် အစီအစဉ်များရေးဆွဲခြင်းနှင့် ကာဗွန်တန်ဖိုးသတ်မှတ်ခြင်းလုပ်ငန်းစဉ်များ ရေးဆွဲခြင်းတို့လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကာဗွန်တန်ဖိုးသတ်မှတ်ခြင်းနှင့် ကာဗွန်ဈေးကွက်များနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာနှင့် ရာသီဥတုဆိုင်ရာ ဘဏ္ဍာငွေကြေးရရှိရန် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကာဗွန်အရောင်းအဝယ်လုပ်ငန်းများ အတွက် ကာဗွန်ခရက်ဒစ်များကို စာရင်းသွင်းခြင်း၊ လွှဲပြောင်းခြင်းနှင့်ရေရှည်စနစ်တကျ ထိန်းသိမ်းရန်အတွက်သာမက နိုင်ငံတကာရောင်းဝယ်သူများ၏ ယုံကြည်မှုကိုလည်း မြှင့်တင်နိုင်ရန် အမျိုးသားကာဗွန်စာရင်းသွင်းစနစ် တည်ထောင်ခြင်း အပြင် အမျိုးသားအဆင့် ၊ ကဏ္ဍအဆင့်နှင့် စက်ရုံ၊ အလုပ်ရုံအဆင့်တို့အတွက် တိုင်းတာခြင်း၊ အစီရင်ခံခြင်းနှင့် အတည်ပြုခြင်းစနစ်ကို တည်ဆောက်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကာဗွန်အရောင်းအဝယ်သည် အစိုးရအနေဖြင့်သာမက ပုဂ္ဂလိကအနေဖြင့်ပါ ဝင်ရောက်ဆောင်ရွက်နိုင်သည့် စနစ်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ကာဗြန္အေရာင္းအဝယ္ေဈးကြက္ထူေထာင္ရန္ အမ်ိဳးသားအဆင့္ဥပေဒမူေဘာင္၊ လုပ္ငန္းစဥ္မ်ားႏွင့္ ေစာင့္ၾကည့္ ေရးစနစ္မ်ား လိုအပ္ေန
ေစာ (NP News) - ဒီဇင္ဘာ ၂၇
ကာဗြန္အေရာင္းအဝယ္ေဈးကြက္ထူေထာင္ရန္အတြက္ အမ်ိဳးသားအဆင့္ ဥပေဒမူေဘာင္၊ လုပ္ငန္းစဥ္မ်ားႏွင့္ ေစာင့္ၾကည့္ေရးစနစ္မ်ား လိုအပ္ေနေၾကာင္း သယံဇာတ ႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ကာဗြန္အေရာင္းအဝယ္ဆိုသည္မွာ ေဈးကြက္အေျချပဳ ကာဗြန္ထုတ္လႊတ္မႈ ေလွ်ာ့ခ်သည့္စနစ္တစ္ခုျဖစ္ရာ ယင္းစနစ္သည္ ကာဗြန္ေဈးႏႈန္း သတ္မွတ္ျခင္းႏွင့္ ေလထုညစ္ညမ္းမႈကို ေလွ်ာ့ခ်ရန္အတြက္ ႏိုင္ငံမ်ား၏ စုစုေပါင္းမွန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈပမာဏကို ေလွ်ာ့ခ်ႏိုင္ရန္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာစည္းမ်ဥ္း၊ မူေဘာင္မ်ားႏွင့္အညီ ကာဗြန္သြယ္ဝိုက္ေလ်ာ့ခ်ေရး (Carbon Offset) စီမံကိန္းမ်ားအေကာင္အထည္ေဖာ္၍ ကာဗြန္အေရာင္းအဝယ္လုပ္ငန္းမ်ားေဆာင္႐ြက္ကာ ေဈးကြက္ထဲ ဝင္ေရာက္ေနၿပီျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ ကာဗြန္ေဈးကြက္ထူေထာင္ရန္အတြက္ ပြင့္လင္းျမင္သာမႈ၊ ယုံၾကည္မႈႏွင့္ တရားမွ်တမႈတို႔ကို အေလးထား ၿပီး တိက်ခိုင္မာေသာ အမ်ိဳးသားအဆင့္ ဥပေဒမူေဘာင္၊ လုပ္ငန္းစဥ္မ်ားႏွင့္ခိုင္မာသည့္ ေစာင့္ၾကည့္ေရးစနစ္ (MRV) မ်ား လိုအပ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ လက္ရွိေဆာင္႐ြက္လ်က္ရွိသည့္ တာဝန္ရွိမႈအရ ေဆာင္႐ြက္သည့္ ကာဗြန္ေဈးကြက္ (Compliance Carbon Market) ႏွင့္ ဆႏၵအေလ်ာက္ေဆာင္႐ြက္သည့္ ကာဗြန္ေဈးကြက္ (Voluntary Carbon Market) တို႔ႏွင့္စပ္လ်ဥ္း၍ ပတ္သက္သူမ်ားကို လုပ္ေဆာင္ရမည့္လုပ္ငန္းမ်ားႏွင့္ အသိပညာမ်ား ဖလွယ္ႏိုင္ေရး ညႇိႏႈိင္းေဆြးေႏြးပြဲက်င္းပျခင္းတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ကာဗြန္ထုတ္လုပ္မႈ ကုန္သြယ္‌ေရးစနစ္ႏွင့္ တိုင္းတာျခင္း၊ အစီရင္ခံျခင္းႏွင့္ အတည္ျပဳျခင္း စနစ္မ်ား အေကာင္အထည္ေဖာ္ႏိုင္ေရး သက္ဆိုင္သူမ်ားကို အသိပညာဗဟုသုတမ်ားမွ်ေဝျခင္းႏွင့္ စြမ္းေဆာင္ရည္ ျမႇင့္တင္ေရးသင္တန္းမ်ား ေပးႏိုင္ရန္ အစီအစဥ္မ်ားေရးဆြဲျခင္းႏွင့္ ကာဗြန္တန္ဖိုးသတ္မွတ္ျခင္းလုပ္ငန္းစဥ္မ်ား ေရးဆြဲျခင္းတို႔လည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ကာဗြန္တန္ဖိုးသတ္မွတ္ျခင္းႏွင့္ ကာဗြန္ေဈးကြက္မ်ားႏွင့္ပတ္သက္၍ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ေရးအတြက္ နည္းပညာႏွင့္ ရာသီဥတုဆိုင္ရာ ဘ႑ာေငြေၾကးရရွိရန္ ျပည္တြင္းႏွင့္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ျခင္း၊ ကာဗြန္အေရာင္းအဝယ္လုပ္ငန္းမ်ား အတြက္ ကာဗြန္ခရက္ဒစ္မ်ားကို စာရင္းသြင္းျခင္း၊ လႊဲေျပာင္းျခင္းႏွင့္ေရရွည္စနစ္တက် ထိန္းသိမ္းရန္အတြက္သာမက ႏိုင္ငံတကာေရာင္းဝယ္သူမ်ား၏ ယုံၾကည္မႈကိုလည္း ျမႇင့္တင္ႏိုင္ရန္ အမ်ိဳးသားကာဗြန္စာရင္းသြင္းစနစ္ တည္ေထာင္ျခင္း အျပင္ အမ်ိဳးသားအဆင့္ ၊ က႑အဆင့္ႏွင့္ စက္႐ုံ၊ အလုပ္႐ုံအဆင့္တို႔အတြက္ တိုင္းတာျခင္း၊ အစီရင္ခံျခင္းႏွင့္ အတည္ျပဳျခင္းစနစ္ကို တည္ေဆာက္ျခင္းတို႔ကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ကာဗြန္အေရာင္းအဝယ္သည္ အစိုးရအေနျဖင့္သာမက ပုဂၢလိကအေနျဖင့္ပါ ဝင္ေရာက္ေဆာင္႐ြက္ႏိုင္သည့္ စနစ္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.