ရွေးကောက်ပွဲ စပြီးနောက် မသိကိန်းများ . . . . (အတွေးအမြင် သုံးသပ်ဆောင်းပါး)

252

ဓာတ်ပုံ။ ။ သီဟသူ
သုတကျော်(NP News)
မြန်မာနိုင်ငံတွင် အရေးပေါ်ကာလ ရုပ်သိမ်းပြီးသည့်နောက် (၂၀၂၆) ခုနှစ်အတွင်း ရွေးကောက်ခံ အရပ်သား အစိုးရ ပေါ်ပေါက်တော့မည်ဖြစ်သည်။ (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စတုတ္ထ အကြိမ်မြောက်ပြုလုပ်သော ရွေးကောက်ပွဲဖြစ်ပြီး ယခုတစ်ကြိမ် ရွေးကောက်ပွဲအပြီး ထွက်လာမည့် ရလဒ်များမှာ ယခင်ရွေးကောက်ပွဲ သုံးကြိမ်ထက် ပိုမို စိတ်ဝင်စားဖွယ်ကောင်းနေသည်။
လွှတ်တော်ပေါ်ပေါက်ရန်
ယခုတစ်ကြိမ် ရွေးကောက်ပွဲသည် နိုင်သူအကုန်ယူ စနစ် (FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ရောနှောကျင်းပသည့် ရွေးကောက်ပွဲဖြစ် သည်။ ထို့ပြင် မဲပေးစက်ဖြင့် မဲပေးရမည့် ရွေးကောက် ပွဲလည်း ဖြစ်သည်။
ရွေးကောက်ပွဲ ပထမပိုင်းအဖြစ် မြို့နယ်ပေါင်း (၁၀၂) မြို့နယ်တွင်ကျင်းပမည်ဖြစ်ကာ ဒုတိယပိုင်း အဖြစ် မြို့နယ်ပေါင်း (၁၀ဝ) တွင် ကျင်းပမည် ဖြစ်ပြီး တတိယပိုင်းတွင် မြို့နယ်ပေါင်း (၆၃) မြို့နယ်၌ ကျင်းပမည်ဖြစ်သည်။
ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင် မကျင်းပဖြစ်သော မဲဆန္ဒနယ်များလည်းရှိရာ ယင်းနေရာများတွင် နောင်အခါ ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ဖွယ်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားချက်များရှိ သည်။
ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင် မဲမပေးသူများ ရှိနိုင်သည်ဟု ခန့်မှန်းချက်များရှိသော်လည်း မြေပြင်တွင် နိုင်ငံရေးပါတီများက မဲဆွယ်စည်းရုံရေး လုပ်ငန်းများကိုဆောင်ရွက်နေသည့်အပြင် အွန်လိုင်းတွင်လည်း မဲပေးရန် တိုက်တွန်းခြင်းများရှိသောကြောင့် ရွေးကောက်ပွဲ (၃) ပိုင်းအတွက် မဲထွက်ပေးမည့်သူ ပမာဏမှာ ကန့်ကွက်သူများ ဘက်က မျှော်မှန်းထား သည့် ပမာဏထက် ပိုမိုများပြားဖွယ် ရှိသည်။
ငါးဆယ် ရာခိုင်နှုန်းအထက် မဲပေးနိုင်ပါက လူထုအများစု၏ဆန္ဒပါဝင်သည်ဟုသတ်မှတ်နိုင်ကြောင်း ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား ထားဖူးသည်။
ထို့ပြင် (၂၀ဝ၈) ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်တစ်ဝက်ကျော် တက်ရောက်ပါက အစည်းအဝေး အထမြောက်ပြီး ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်ဦးရေ၏ သုံးပုံတစ်ပုံ တက်ရောက်ပါက အထမြောက်နိုင်သည်။ ထို့ကြောင့် ရွေးကောက်ပွဲအပြီးတွင် ကောင်းစွာ လွှတ်တော်ခေါ်ယူနိုင်မည့်အနေအထား ရှိသည်။ လွှတ်တော်ခေါ်ရန် မဲပေးစက်ဖြင့် မဲပေးရ မည်ဖြစ်သောကြောင့် ရွေးကောက်ပွဲ မဲရလဒ် ရေတွက်ခြင်းများ လျင်မြန်စွာပြီးဆုံးမည်ဖြစ်ရာ လွှတ်တော်သစ် သည် ဖေဖော်ဝါရီလအစောပိုင်း သို့မဟုတ် ယင်းလအတွင်းတွင်ပင် ပေါ်ပေါက်ဖွယ်ရှိသည်။ ယင်းရွေးကောက်ပွဲမှ တစ်ဆင့် လွှတ်တော်အသီးသီးအတွက် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စု လွှတ်တော်နာယကတို့ကို ရွေးချယ်ကြ ပေလိမ့်မည်။
ယင်းနောက် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် လွှတ်တော်နှစ်ရပ်ပေါင်း၏တပ်မ တော်သား ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယ သမ္မတလောင်းတစ်ဦးစီ တင်သွင်းမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ မဲပေးရွေးချယ်စေကာ မဲအများဆုံးရရှိသူကို နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ပြီး ကျန်နှစ်ဦးကို ဒုတိယသမ္မတ (၁) နှင့် ဒုတိယ သမ္မတ (၂) အဖြစ် တင်မြှောက်ခြင်းဖြစ်သည်။
(၂၀၁၀) ပြည့်နှစ်မှစတင်ကာ (၂၀၂၀) ပြည့်နှစ်အ ထိ ကာလတစ်လျှောက် သမိုင်းကိုပြန်ကြည့်ပါက သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ သမ္မတ (ငြိမ်း) ဦးထင်ကျော်နှင့် (သမ္မတဟောင်း) ဦးဝင်မြင့်တို့မှာ ပြည်သူ့လွှတ်တော်မှ အဆိုပြုကာ သမ္မတ ဖြစ်လာကြသူများဖြစ်ပြီး ယာယီ သမ္မတ ဦးမြင့်ဆွေမှာ တပ်မတော်သားအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် အဆိုပြုခဲ့သူဖြစ်သည်။ အဆိုပါ သမ္မတများအနက် သမ္မတ (ငြိမ်း) ဦးထင်ကျော်နှင့် ယာယီသမ္မတ ဦးမြင့်ဆွေတို့သည် အမျိုးသားလွှတ် တော်နှင့် ပြည်သူ့လွှတ်တော်တစ်ခုခုမှ လွှတ်တော် ကိုယ်စားလှယ်များ မဟုတ်ခဲ့ကြပေ။ သေချာသည်က ယခုတစ်ကြိမ် အရပ်သားအစိုးရအဖွဲ့ကို ဦးဆောင် မည့် သမ္မတသည် နိုင်ငံတော်ကာကွယ်ရေး၏ ပင်မ ကျောရိုးဖြစ်သည့် တပ်မတော် ရပ်တည်ချက်ကို ကောင်းစွာနားလည်သဘောပေါက်၊ လက်ခံသူ ဖြစ်ရ ပေလိမ့်မည်။
ဒုတိယသမ္မတလောင်း နေရာများ
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သားအစုအဖွဲ့မှ အဆိုပြုမည့် ဒုတိယ သမ္မတလောင်း (၁) ဦးစီအနက် တပ်မတော်သား အစုအဖွဲ့မှ တင်သွင်းမည့် ဒုတိယသမ္မတလောင်း မည်သူဖြစ်မည်ဆိုခြင်းမှာ စိတ်ဝင် စားဖွယ်ကောင်း နေပြီး မှန်းဆရ ခက်လှသည်။
လက်ရှိ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ဝင်နေကြသည့် ပါတီများအနက် ရွေးကောက်ပွဲ ဝင်သည့် ကိုယ်စားလှယ်လောင်း အရေအတွက်အတိုင်း စဉ်းစားကြည့်ပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP) ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ရှမ်းနှင့် တိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)နှင့် ပြည် သူ့ပါတီတို့ကို တွေ့မည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် နာမည်ကျော် ကိုယ်စားလှယ်လောင်းများလည်းပါဝင်နေရာ ယင်းလွှတ်တော်မှ ထွက်ပေါ်လာဖွယ်ရှိသည့် ဒုတိယ သမ္မတလောင်း အတွက် ထင်ကြေးပေးခံရ ဖွယ်ရှိသည့် နာမည်ထင်ရှားသူများလည်း ရှိနေသည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဦးမြတ်ဟိန်း၊ ဦးတင်အောင်စန်း၊ ပြည်ထောင် စုဝန်ကြီး ဦးမြထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ ဦးမျိုးဇော်သိန်း၊ ဦးသက်ပုံ၊ ဦးကံမြင့်သန်း၊ ဦးသောင်းအေး၊ ဦးလှဆွေ၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကို ကိုကြီး၊ ဒေါ်စန္ဒာမင်း စသည်ဖြင့် ထင်ရှားသူများပါဝင် ယှဉ်ပြိုင်ကြသည်။
လက်ရှိအနေအထားအရ ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းစလုံးတွင် မည်သည့်ပါတီကအနိုင်ရပြီး ဒုတိယ သမ္မတလောင်းအဖြစ် မည်သူရွေးကောက် တင်မြှောက်ခံရမည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းနေပြီး အထက်ပါ ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များမဟုတ်ဘဲ အခြားဘယ်သူ့ကို စာရင်းသွင်းမည် ဆိုသည့် အချက်မှာလည်း စိတ်ဝင်စားဖွယ်ကောင်း သည့်အနေအထားဖြစ်သည်။ တစ်ဖန် အမျိုးသား လွှတ်တော်တွင် ဦးအောင်လင်းဒွေး၊ ဦးမြင့်ကြိုင်၊ ဦးလှသိန်း၊ ဦးတင်ဦးလွင်၊ ဒေါက်တာ အေးမောင်၊ ဦးစိုင်းအိုက်ပေါင်း၊ ဒေါ်ဒွဲဘူ၊ ဒေါက်တာ မနမ်တူးဂျာ စသည်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ သမ္မတများအကြောင်းကို ပြန်ကြည့်လိုက်ပါက လွတ်လပ်ရေးရပြီးနောက် ပါလီမန် ဒီမိုကရေစီ ခေတ်တွင် ပထမဆုံးသမ္မတသည် ရှမ်း တိုင်းရင်းသား စဝ်ရွှေသိုက်ဖြစ်ပြီး ပါလီမန် ဒီမိုကရေစီ ၏ နောက်ဆုံးသမ္မတသည် ကရင်တိုင်းရင်းသား မန်း ဝင်းမောင်ဖြစ်သည်။
ထို့နောက် (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အစိုးရလက်ထက်တွင် ဒုတိယသမ္မတ နေရာအတွက် တိုင်းရင်းသားဘက်မှပါဝင်သော အလေ့ရှိခဲ့ရာ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဟင်နရီဗန်ထီးယူ တို့မှာ အစိုးရ နှစ်ဆက်တွင် ဒုတိယသမ္မတများ ဖြစ်ခဲ့ကြသည်။ အဆိုပါ ဒုတိယသမ္မတ (၂) ဦးစလုံးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးသည့်နောက် အဆိုပါ လွှတ်တော်မှ ဒုတိယသမ္မတလောင်းအဖြစ် အမည် စာရင်း တင်သွင်းခံခဲ့ရသူများ ဖြစ်ခဲ့သည်။
မေးစရာ မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်က ယခု အစိုးရအဖွဲ့သည် ယခင်အစိုးရအဖွဲ့များကဲ့သို့ တိုင်းရင်းသား ဒုတိယသမ္မတ ရှိ၊ မရှိဆိုသော အချက် ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားတို့၏ အ ခန်းကဏ္ဍကြီးမားခဲ့သည်ဖြစ်ရာ သမိုင်းတစ်လျှောက်တွင် တိုင်းရင်းသားတို့နှင့် လက်တွဲကာ ပြည်ထောင်စုကြီး တည်ဆောက်ခဲ့ရသော ဖြစ်စဉ်များမှာ လည်း အများအပြားပင် ရှိခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏အခြေအနေအရ တိုင်းရင်းသားဒေသများ၏အခြေအနေကို ဦးစွာ စော ကြောကြည့်ရှု လိုပါသည်။ ပဋိပက္ခအခြေအနေများသည် တိုင်းရင်းသား ဒေသအချို့တွင်လည်း ရှိနေရာ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးအတွက် မည်သည့်တိုင်းရင်းသားက ဒုတိယသမ္မတအဖြစ် ရောက်ရှိ မည်ဆိုခြင်းမှာ စိတ်ဝင်စားဖွယ်ကောင်းသည့် အနေ အထား ဖြစ်သည်။
ရှမ်းတိုင်းရင်းသားနှင့် ချင်းတိုင်းရင်းသားက ဒုတိယ သမ္မတဖြစ်ပြီးသောကြောင့် ကျန်တိုင်းရင်းသားများ အလှည့်ပေးမည်ဟုတွေးပါက ကရင်၊ မွန် သို့မဟုတ် ရခိုင်တိုင်းရင်းသား ဒုတိယသမ္မတဖြစ် မည်လောဟု တွေးနိုင် ဖွယ်ရှိသည်။ ငြိမ်းချမ်းရေးအ တွက် ယင်း ရွေးချယ်မှုသည်လည်း အရေးပါလေရာ ကံသေကံမကား မပြောနိုင်ပေ။
တစ်ဖန် ယခင်တိုင်းရင်းသားဘက်ကဖြစ်သော ဒုတိယသမ္မတနှစ်ဦးစလုံးမှာ သက်ဆိုင်ရာ အနိုင်ရ ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များသာ ဖြစ်နေလေ ရာ တိုင်းရင်းသားတစ်ဦး ဒုတိယသမ္မတ ဖြစ်လာခဲ့လျှင် ယခုတစ်ကြိမ်တွင် အနိုင်ရပါတီမှမဟုတ်ဘဲ သက်ဆိုင်ရာလူမျိုးအတွက် ဩဇာကြီးမားသူက ဒုတိယ သမ္မတဖြစ်ခြင်းမျိုးလည်း ရှိလာမည် လော မသိရသေး ပေ။ သို့မဟုတ်ပါက တိုင်းရင်းသားထဲမှ ဒုတိယ သမ္မ တ မပါဟုဆိုလျှင်လည်း မည်သူက ဒုတိယ သမ္မတ ဖြစ်လာမည်နည်းဆိုသောမေးခွန်းအတွက် အဖြေကို အချိန်က ပေးလိမ့်မည်ဖြစ်သောကြောင့် ဆက်လက် စောင့်ကြည့်ရ ပေတော့မည်။
သို့သော် ထူးထူးခြားခြားအနေဖြင့် တိုင်းရင်းသား ပါတီများထဲမှခေါင်းဆောင်များဖြစ်သည့် ဒေါက်တာ အေးမောင်၊ ဦးစိုင်းအိုက်ပေါင်း၊ ဒေါက်တာ မနမ်တူး ဂျာ စသည်ဖြင့် ထင်ရှားသူများသည်လည်း အမျိုးသား လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်လေရာ ယင်းမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အခင်း အကျင်း ဖြစ်လာသည်။
အဆိုပါ ဒုတိယသမ္မတလောင်း (၃) ဦးအနက်မှ တစ်ဦးသည် သမ္မတ ဖြစ်လာပေလိမ့်မည်။ ထွက်ပေါ် လာမည့် သမ္မတသစ်သည် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဦးဆောင်ဦးရွက်ပြုရမည့်သူ ဖြစ်လာပေလိမ့်မည်။ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်တစ်ရပ် အောင်မြင်စွာဖြစ်ပေါ်ကာ အစိုးရသစ် ပေါ်ပေါက်မည့်အချက်ကား မေးခွန်းထုတ်စရာပင် မလိုပါပေ။ သို့သော် ယင်းနောက် ဖြစ်ပေါ်လာမည့် စိတ်ဝင်စားဖွယ်အခင်းအကျင်းကား ဆက်လက် စောင့် ကြည့်ရပေတော့မည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲ စၿပီးေနာက္ မသိကိန္းမ်ား . . . .
(အေတြးအျမင္ သုံးသပ္ေဆာင္းပါး)
သုတေက်ာ္(NP News)
ျမန္မာႏိုင္ငံတြင္ အေရးေပၚကာလ ႐ုပ္သိမ္းၿပီးသည့္ေနာက္ (၂၀၂၆) ခုႏွစ္အတြင္း ေ႐ြးေကာက္ခံ အရပ္သား အစိုးရ ေပၚေပါက္ေတာ့မည္ျဖစ္သည္။ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ စတုတၳ အႀကိမ္ေျမာက္ျပဳလုပ္ေသာ ေ႐ြးေကာက္ပြဲျဖစ္ၿပီး ယခုတစ္ႀကိမ္ ေ႐ြးေကာက္ပြဲအၿပီး ထြက္လာမည့္ ရလဒ္မ်ားမွာ ယခင္ေ႐ြးေကာက္ပြဲ သုံးႀကိမ္ထက္ ပိုမို စိတ္ဝင္စားဖြယ္ေကာင္းေနသည္။
လႊတ္ေတာ္ေပၚေပါက္ရန္
ယခုတစ္ႀကိမ္ ေ႐ြးေကာက္ပြဲသည္ ႏိုင္သူအကုန္ယူ စနစ္ (FPTP) ႏွင့္ အခ်ိဳးက် ကိုယ္စားျပဳစနစ္ (PR) ကို ေရာေႏွာက်င္းပသည့္ ေ႐ြးေကာက္ပြဲျဖစ္ သည္။ ထို႔ျပင္ မဲေပးစက္ျဖင့္ မဲေပးရမည့္ ေ႐ြးေကာက္ ပြဲလည္း ျဖစ္သည္။
ေ႐ြးေကာက္ပြဲ ပထမပိုင္းအျဖစ္ ၿမိဳ႕နယ္ေပါင္း (၁၀၂) ၿမိဳ႕နယ္တြင္က်င္းပမည္ျဖစ္ကာ ဒုတိယပိုင္း အျဖစ္ ၿမိဳ႕နယ္ေပါင္း (၁၀ဝ) တြင္ က်င္းပမည္ ျဖစ္ၿပီး တတိယပိုင္းတြင္ ၿမိဳ႕နယ္ေပါင္း (၆၃) ၿမိဳ႕နယ္၌ က်င္းပမည္ျဖစ္သည္။
ယခုတစ္ႀကိမ္ ေ႐ြးေကာက္ပြဲတြင္ မက်င္းပျဖစ္ေသာ မဲဆႏၵနယ္မ်ားလည္းရွိရာ ယင္းေနရာမ်ားတြင္ ေနာင္အခါ ၾကားျဖတ္ေ႐ြးေကာက္ပြဲမ်ား ျပဳလုပ္ဖြယ္ရွိေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာၾကားထားခ်က္မ်ားရွိ သည္။
ယခုတစ္ႀကိမ္ ေ႐ြးေကာက္ပြဲတြင္ မဲမေပးသူမ်ား ရွိႏိုင္သည္ဟု ခန႔္မွန္းခ်က္မ်ားရွိေသာ္လည္း ေျမျပင္တြင္ ႏိုင္ငံေရးပါတီမ်ားက မဲဆြယ္စည္း႐ုံေရး လုပ္ငန္းမ်ားကိုေဆာင္႐ြက္ေနသည့္အျပင္ အြန္လိုင္းတြင္လည္း မဲေပးရန္ တိုက္တြန္းျခင္းမ်ားရွိေသာေၾကာင့္ ေ႐ြးေကာက္ပြဲ (၃) ပိုင္းအတြက္ မဲထြက္ေပးမည့္သူ ပမာဏမွာ ကန႔္ကြက္သူမ်ား ဘက္က ေမွ်ာ္မွန္းထား သည့္ ပမာဏထက္ ပိုမိုမ်ားျပားဖြယ္ ရွိသည္။
ငါးဆယ္ ရာခိုင္ႏႈန္းအထက္ မဲေပးႏိုင္ပါက လူထုအမ်ားစု၏ဆႏၵပါဝင္သည္ဟုသတ္မွတ္ႏိုင္ေၾကာင္း ယာယီ သမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာ ယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကား ထားဖူးသည္။
ထို႔ျပင္ (၂၀ဝ၈) ျပည္ေထာင္စုဖြဲ႕စည္းပုံ အေျခခံဥပေဒအရလည္း ပထမအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးတြင္ ကိုယ္စားလွယ္တစ္ဝက္ေက်ာ္ တက္ေရာက္ပါက အစည္းအေဝး အထေျမာက္ၿပီး ဒုတိယအႀကိမ္ လႊတ္ေတာ္အစည္းအေဝးတြင္ ကိုယ္စားလွယ္ဦးေရ၏ သုံးပုံတစ္ပုံ တက္ေရာက္ပါက အထေျမာက္ႏိုင္သည္။ ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲအၿပီးတြင္ ေကာင္းစြာ လႊတ္ေတာ္ေခၚယူႏိုင္မည့္အေနအထား ရွိသည္။ လႊတ္ေတာ္ေခၚရန္ မဲေပးစက္ျဖင့္ မဲေပးရ မည္ျဖစ္ေသာေၾကာင့္ ေ႐ြးေကာက္ပြဲ မဲရလဒ္ ေရတြက္ျခင္းမ်ား လ်င္ျမန္စြာၿပီးဆုံးမည္ျဖစ္ရာ လႊတ္ေတာ္သစ္ သည္ ေဖေဖာ္ဝါရီလအေစာပိုင္း သို႔မဟုတ္ ယင္းလအတြင္းတြင္ပင္ ေပၚေပါက္ဖြယ္ရွိသည္။ ယင္းေ႐ြးေကာက္ပြဲမွ တစ္ဆင့္ လႊတ္ေတာ္အသီးသီးအတြက္ ဥကၠ႒၊ ဒုတိယဥကၠ႒ႏွင့္ ျပည္ေထာင္စု လႊတ္ေတာ္နာယကတို႔ကို ေ႐ြးခ်ယ္ၾက ေပလိမ့္မည္။
ယင္းေနာက္ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ လႊတ္ေတာ္ႏွစ္ရပ္ေပါင္း၏တပ္မ ေတာ္သား ကိုယ္စားလွယ္မ်ားအစုအဖြဲ႕မွ ဒုတိယ သမၼတေလာင္းတစ္ဦးစီ တင္သြင္းမည္ျဖစ္ကာ ျပည္ေထာင္စုလႊတ္ေတာ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား မဲေပးေ႐ြးခ်ယ္ေစကာ မဲအမ်ားဆုံးရရွိသူကို ႏိုင္ငံေတာ္သမၼတအျဖစ္ တင္ေျမႇာက္ၿပီး က်န္ႏွစ္ဦးကို ဒုတိယသမၼတ (၁) ႏွင့္ ဒုတိယ သမၼတ (၂) အျဖစ္ တင္ေျမႇာက္ျခင္းျဖစ္သည္။
(၂၀၁၀) ျပည့္ႏွစ္မွစတင္ကာ (၂၀၂၀) ျပည့္ႏွစ္အ ထိ ကာလတစ္ေလွ်ာက္ သမိုင္းကိုျပန္ၾကည့္ပါက သမၼတ (ၿငိမ္း) ဦးသိန္းစိန္၊ သမၼတ (ၿငိမ္း) ဦးထင္ေက်ာ္ႏွင့္ (သမၼတေဟာင္း) ဦးဝင္ျမင့္တို႔မွာ ျပည္သူ႔လႊတ္ေတာ္မွ အဆိုျပဳကာ သမၼတ ျဖစ္လာၾကသူမ်ားျဖစ္ၿပီး ယာယီ သမၼတ ဦးျမင့္ေဆြမွာ တပ္မေတာ္သားအစုအဖြဲ႕မွ ဒုတိယသမၼတအျဖစ္ အဆိုျပဳခဲ့သူျဖစ္သည္။ အဆိုပါ သမၼတမ်ားအနက္ သမၼတ (ၿငိမ္း) ဦးထင္ေက်ာ္ႏွင့္ ယာယီသမၼတ ဦးျမင့္ေဆြတို႔သည္ အမ်ိဳးသားလႊတ္ ေတာ္ႏွင့္ ျပည္သူ႔လႊတ္ေတာ္တစ္ခုခုမွ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား မဟုတ္ခဲ့ၾကေပ။ ေသခ်ာသည္က ယခုတစ္ႀကိမ္ အရပ္သားအစိုးရအဖြဲ႕ကို ဦးေဆာင္ မည့္ သမၼတသည္ ႏိုင္ငံေတာ္ကာကြယ္ေရး၏ ပင္မ ေက်ာ႐ိုးျဖစ္သည့္ တပ္မေတာ္ ရပ္တည္ခ်က္ကို ေကာင္းစြာနားလည္သေဘာေပါက္၊ လက္ခံသူ ျဖစ္ရ ေပလိမ့္မည္။
ဒုတိယသမၼတေလာင္း ေနရာမ်ား
ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ တပ္မေတာ္သားအစုအဖြဲ႕မွ အဆိုျပဳမည့္ ဒုတိယ သမၼတေလာင္း (၁) ဦးစီအနက္ တပ္မေတာ္သား အစုအဖြဲ႕မွ တင္သြင္းမည့္ ဒုတိယသမၼတေလာင္း မည္သူျဖစ္မည္ဆိုျခင္းမွာ စိတ္ဝင္ စားဖြယ္ေကာင္း ေနၿပီး မွန္းဆရ ခက္လွသည္။
လက္ရွိ ျပည္ေထာင္စုအဆင့္ ေ႐ြးေကာက္ပြဲ ဝင္ေနၾကသည့္ ပါတီမ်ားအနက္ ေ႐ြးေကာက္ပြဲ ဝင္သည့္ ကိုယ္စားလွယ္ေလာင္း အေရအတြက္အတိုင္း စဥ္းစားၾကည့္ပါက ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳး ေရးပါတီ (USDP) ၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးပါတီ၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ၊ ျမန္မာႏိုင္ငံေတာင္သူ လယ္သမားဖြံ႕ၿဖိဳးတိုးတက္ ေရးပါတီ၊ ရွမ္းႏွင့္ တိုင္း ရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (က်ားျဖဴ)ႏွင့္ ျပည္ သူ႔ပါတီတို႔ကို ေတြ႕မည္ျဖစ္သည္။
ျပည္သူ႔လႊတ္ေတာ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအနက္ နာမည္ေက်ာ္ ကိုယ္စားလွယ္ေလာင္းမ်ားလည္းပါဝင္ေနရာ ယင္းလႊတ္ေတာ္မွ ထြက္ေပၚလာဖြယ္ရွိသည့္ ဒုတိယ သမၼတေလာင္း အတြက္ ထင္ေၾကးေပးခံရ ဖြယ္ရွိသည့္ နာမည္ထင္ရွားသူမ်ားလည္း ရွိေနသည္။ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာ၊ USDP ပါတီဥကၠ႒ ဦးခင္ရီ၊ ဦးျမတ္ဟိန္း၊ ဦးတင္ေအာင္စန္း၊ ျပည္ေထာင္ စုဝန္ႀကီး ဦးျမထြန္းဦး၊ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ ေမာင္အုန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ ဦးသက္ပုံ၊ ဦးကံျမင့္သန္း၊ ဦးေသာင္းေအး၊ ဦးလွေဆြ၊ ျပည္သူ႔ပါတီ ဥကၠ႒ ဦးကို ကိုႀကီး၊ ေဒၚစႏၵာမင္း စသည္ျဖင့္ ထင္ရွားသူမ်ားပါဝင္ ယွဥ္ၿပိဳင္ၾကသည္။
လက္ရွိအေနအထားအရ ေ႐ြးေကာက္ပြဲအပိုင္း (၃) ပိုင္းစလုံးတြင္ မည္သည့္ပါတီကအႏိုင္ရၿပီး ဒုတိယ သမၼတေလာင္းအျဖစ္ မည္သူေ႐ြးေကာက္ တင္ေျမႇာက္ခံရမည္နည္းဆိုသည္မွာ စိတ္ဝင္စားဖြယ္ ေကာင္းေနၿပီး အထက္ပါ ထင္ရွားေက်ာ္ၾကား ပုဂၢိဳလ္မ်ားမဟုတ္ဘဲ အျခားဘယ္သူ႔ကို စာရင္းသြင္းမည္ ဆိုသည့္ အခ်က္မွာလည္း စိတ္ဝင္စားဖြယ္ေကာင္း သည့္အေနအထားျဖစ္သည္။ တစ္ဖန္ အမ်ိဳးသား လႊတ္ေတာ္တြင္ ဦးေအာင္လင္းေဒြး၊ ဦးျမင့္ႀကိဳင္၊ ဦးလွသိန္း၊ ဦးတင္ဦးလြင္၊ ေဒါက္တာ ေအးေမာင္၊ ဦးစိုင္းအိုက္ေပါင္း၊ ေဒၚဒြဲဘူ၊ ေဒါက္တာ မနမ္တူးဂ်ာ စသည္ျဖင့္ ပါဝင္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။
ျမန္မာႏိုင္ငံ၏ သမၼတမ်ားအေၾကာင္းကို ျပန္ၾကည့္လိုက္ပါက လြတ္လပ္ေရးရၿပီးေနာက္ ပါလီမန္ ဒီမိုကေရစီ ေခတ္တြင္ ပထမဆုံးသမၼတသည္ ရွမ္း တိုင္းရင္းသား စဝ္ေ႐ႊသိုက္ျဖစ္ၿပီး ပါလီမန္ ဒီမိုကေရစီ ၏ ေနာက္ဆုံးသမၼတသည္ ကရင္တိုင္းရင္းသား မန္း ဝင္းေမာင္ျဖစ္သည္။
ထို႔ေနာက္ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒအရ အစိုးရလက္ထက္တြင္ ဒုတိယသမၼတ ေနရာအတြက္ တိုင္းရင္းသားဘက္မွပါဝင္ေသာ အေလ့ရွိခဲ့ရာ ေဒါက္တာ စိုင္းေမာက္ခမ္းႏွင့္ ဦးဟင္နရီဗန္ထီးယူ တို႔မွာ အစိုးရ ႏွစ္ဆက္တြင္ ဒုတိယသမၼတမ်ား ျဖစ္ခဲ့ၾကသည္။ အဆိုပါ ဒုတိယသမၼတ (၂) ဦးစလုံးမွာ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံရၿပီးသည့္ေနာက္ အဆိုပါ လႊတ္ေတာ္မွ ဒုတိယသမၼတေလာင္းအျဖစ္ အမည္ စာရင္း တင္သြင္းခံခဲ့ရသူမ်ား ျဖစ္ခဲ့သည္။
ေမးစရာ ေမးခြန္းတစ္ခု ေပၚေပါက္လာသည္က ယခု အစိုးရအဖြဲ႕သည္ ယခင္အစိုးရအဖြဲ႕မ်ားကဲ့သို႔ တိုင္းရင္းသား ဒုတိယသမၼတ ရွိ၊ မရွိဆိုေသာ အခ်က္ ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ တိုင္းရင္းသားတို႔၏ အ ခန္းက႑ႀကီးမားခဲ့သည္ျဖစ္ရာ သမိုင္းတစ္ေလွ်ာက္တြင္ တိုင္းရင္းသားတို႔ႏွင့္ လက္တြဲကာ ျပည္ေထာင္စုႀကီး တည္ေဆာက္ခဲ့ရေသာ ျဖစ္စဥ္မ်ားမွာ လည္း အမ်ားအျပားပင္ ရွိခဲ့သည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၏အေျခအေနအရ တိုင္းရင္းသားေဒသမ်ား၏အေျခအေနကို ဦးစြာ ေစာ ေၾကာၾကည့္ရႈ လိုပါသည္။ ပဋိပကၡအေျခအေနမ်ားသည္ တိုင္းရင္းသား ေဒသအခ်ိဳ႕တြင္လည္း ရွိေနရာ တိုင္းရင္းသား စည္းလုံးညီၫြတ္ ေရးအတြက္ မည္သည့္တိုင္းရင္းသားက ဒုတိယသမၼတအျဖစ္ ေရာက္ရွိ မည္ဆိုျခင္းမွာ စိတ္ဝင္စားဖြယ္ေကာင္းသည့္ အေန အထား ျဖစ္သည္။
ရွမ္းတိုင္းရင္းသားႏွင့္ ခ်င္းတိုင္းရင္းသားက ဒုတိယ သမၼတျဖစ္ၿပီးေသာေၾကာင့္ က်န္တိုင္းရင္းသားမ်ား အလွည့္ေပးမည္ဟုေတြးပါက ကရင္၊ မြန္ သို႔မဟုတ္ ရခိုင္တိုင္းရင္းသား ဒုတိယသမၼတျဖစ္ မည္ေလာဟု ေတြးႏိုင္ ဖြယ္ရွိသည္။ ၿငိမ္းခ်မ္းေရးအ တြက္ ယင္း ေ႐ြးခ်ယ္မႈသည္လည္း အေရးပါေလရာ ကံေသကံမကား မေျပာႏိုင္ေပ။
တစ္ဖန္ ယခင္တိုင္းရင္းသားဘက္ကျဖစ္ေသာ ဒုတိယသမၼတႏွစ္ဦးစလုံးမွာ သက္ဆိုင္ရာ အႏိုင္ရ ပါတီ၏ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသာ ျဖစ္ေနေလ ရာ တိုင္းရင္းသားတစ္ဦး ဒုတိယသမၼတ ျဖစ္လာခဲ့လွ်င္ ယခုတစ္ႀကိမ္တြင္ အႏိုင္ရပါတီမွမဟုတ္ဘဲ သက္ဆိုင္ရာလူမ်ိဳးအတြက္ ဩဇာႀကီးမားသူက ဒုတိယ သမၼတျဖစ္ျခင္းမ်ိဳးလည္း ရွိလာမည္ ေလာ မသိရေသး ေပ။ သို႔မဟုတ္ပါက တိုင္းရင္းသားထဲမွ ဒုတိယ သမၼ တ မပါဟုဆိုလွ်င္လည္း မည္သူက ဒုတိယ သမၼတ ျဖစ္လာမည္နည္းဆိုေသာေမးခြန္းအတြက္ အေျဖကို အခ်ိန္က ေပးလိမ့္မည္ျဖစ္ေသာေၾကာင့္ ဆက္လက္ ေစာင့္ၾကည့္ရ ေပေတာ့မည္။
သို႔ေသာ္ ထူးထူးျခားျခားအေနျဖင့္ တိုင္းရင္းသား ပါတီမ်ားထဲမွေခါင္းေဆာင္မ်ားျဖစ္သည့္ ေဒါက္တာ ေအးေမာင္၊ ဦးစိုင္းအိုက္ေပါင္း၊ ေဒါက္တာ မနမ္တူး ဂ်ာ စသည္ျဖင့္ ထင္ရွားသူမ်ားသည္လည္း အမ်ိဳးသား လႊတ္ေတာ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ေလရာ ယင္းမွာ အလြန္စိတ္ဝင္စားဖြယ္ေကာင္းေသာ အခင္း အက်င္း ျဖစ္လာသည္။
အဆိုပါ ဒုတိယသမၼတေလာင္း (၃) ဦးအနက္မွ တစ္ဦးသည္ သမၼတ ျဖစ္လာေပလိမ့္မည္။ ထြက္ေပၚ လာမည့္ သမၼတသစ္သည္ ျမန္မာႏိုင္ငံအတြက္ ၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးေရးကို ဦးေဆာင္ဦး႐ြက္ျပဳရမည့္သူ ျဖစ္လာေပလိမ့္မည္။ ေ႐ြးေကာက္ပြဲက်င္းပၿပီး လႊတ္ေတာ္တစ္ရပ္ ေအာင္ျမင္စြာျဖစ္ေပၚကာ အစိုးရသစ္ ေပၚေပါက္မည့္အခ်က္ကား ေမးခြန္းထုတ္စရာပင္ မလိုပါေပ။ သို႔ေသာ္ ယင္းေနာက္ ျဖစ္ေပၚလာမည့္ စိတ္ဝင္စားဖြယ္အခင္းအက်င္းကား ဆက္လက္ ေစာင့္ ၾကည့္ရေပေတာ့မည္။