အမုန်း-သွေးကြွေး-အားပြိုင်မှုများ နိုင်ငံတကာကို ရိုက်ခတ်မည့် ကမ္ဘာ့ ပထမဆုံးအဖြစ် အစ္စရေးက ဆိုမာလီလန်းကို အသိအမှတ်ပြု

260

HtayOung (NP News)-ဒီဇင်ဘာ ၂၇
အစ္စရေးဟာ ဆိုမာလီလန်းကို အသိအမှတ်ပြုတဲ့ ကမ္ဘာ့ပထမဆုံးနဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်လာကြောင်း၊ ကမ္ဘာကြီးမှာလည်း အမုန်း-သွေးကြွေး-အားပြိုင်မှုတို့ ရိုက်ခတ်လာဖွယ် အလားအလာ ပိုများလာတယ်လို့ အယ်လ်ဂျားဇီးယား (26 December 2025) က ရေးတယ်။
ဆိုမာလီလန်းဆိုတာ နာမည်ကြားတာနဲ့ ပင်လယ်ဓါးပြတွေကို တန်းမြင်လောက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ ဖူးတဲ့ ဆိုမာလီနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ၁၉၉၁-ခုနှစ်တည်းက လုံးဝလွတ်လပ်တဲ့ သီးခြားနိုင်ငံ အဖြစ် ကိုယ့်ဖာသာကြေညာထားပေမယ့် ကမ္ဘာ့ဘယ်နိုင်ငံကမှ အသိအမှတ်မပြုကြပါ။ “တိုင်းပြည်တစ်ပြည်ရဲ့ အချုပ်အချာအာဏာပိုင်မှုကို လေးစားရမယ့် ကုလသမဂ္ဂ ပဋိညဉ်စာတမ်း” အရဖြစ်တယ်။ “ဂျူး-မွတ်စလင်-ခရစ်ယာန် အာဗြဟံ သဘောတူညီချက် စိတ်ဓါတ်” အရ ဆိုမာလီလန်းကို အချုပ်အချာ အာဏာပိုင်နိုင်ငံ အဖြစ် အသိအမှတ်ပြုလိုက်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ညာရဲ့ ကြေညာချက်ဟာ လူဦးရေ ၆-သန်းနေ ထိုင်ရာ အာဖရိကဦးချိုဒေသ ခွဲထွက်နယ်မြေတစ်ခုအတွက် နှစ် ၃၀ ကျော်စောင့်စားခဲ့ရတဲ့ သံတမန်ရေးရာ မဟာ အောင်မြင်မှုဖြစ်ပါတယ်။
အစ္စရေးရဲ့ ကြေညာချက်ထွက်ပေါ်လာပြီးနောက် ဆိုမာလီဖက်ဒရယ်အစိုးရက အီဂျစ်-တူရကီနဲ့ ဒီဂျီဘူတီ နိုင်ငံ အကြီးအကဲများထံ ဖုန်းဆက်သွယ်ခဲ့ပြီး “ဥပဒေမဲ့ ထိုးနှက်စွက်ဖက်ခြင်း” ဖြစ်ကြောင်း၊ ဆိုမာလီလန်းဟာ ဆိုမာ လီနိုင်ငံရဲ့ ခွဲထွက်၍ မရတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အစ္စရေးကတော့ ခပ်ပြောင် ပြောင်ပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိအမှတ်ပြု ဆိုမာလီမှာရော ဆိုမာလီလန်းမှာပါ သံရုံးများ ဖွင့်လှစ်ထား မယ်လို့ ပြောပါတယ်။ ဆိုမာလီလန်းကို နောက်ထပ်အသိအမှတ်ပြုမယ့် တိုင်းပြည်ဟာ ထိုင်ဝမ် ဖြစ်ခြင်းကြောင့် ဒီကိစ္စမှာ သူ ပါဝင်မှာ မဟုတ်ဘူး၊ ဆိုမာလီလန်းဆိုတာ ဘယ်သူသိလဲ လို့ သမ္မတထရမ့်က မေးခွန်းထုတ်ပေ မယ့် အမေရိကန်ရဲ့ ဇာတ်ညွှန်းအတိုင်းဖြစ်ကြောင်း ညွှန်ပြနေပါတယ်။ အမေရိကန်လုပ်ရင် နောက်က လိုက် လုပ်လေ့ရှိတဲ့ ယူအေအီး-တောင်ကိုရီးယား-ဂျပန်-နယူးဇီလန်-သြစတြေးလျ-ကနေဒါ-ဗြိတိန်နဲ့ ဥရောပနိုင်ငံ များလည်း ပါဝင်လာဖွယ်ရှိပြီး ကမ္ဘာ့ပထဝီနိုင်ငံရေးအခင်းအကျင်းမှာ စာမျက်သစ်တစ်ခု တိုးလာပါလိမ့်မယ်။
ဆိုမာလီနိုင်ငံရဲ့ ဆယ်စုနှစ်ကြာ ပြင်းထန်တဲ့ ပြည်တွင်းစစ်ဟာ ၁၉၉၁-ခုနှစ်မှာ ပြီးဆုံးသွားပါတယ်။ အဲ့ဒီနောက် သမ္မတ ဆာအိဒ်ဘာရီ အာဏာရှင်အစိုးရပြုတ်ကျပြီး တိုင်းပြည်ဖရိုဖရဲဖြစ်သွားပါတယ်။ နိုင်ငံတစ်ဝှန်း အမည်အ မျိးမျိုးနဲ့ “ပြည်သူ့ကာကွယ်ရေးလက်နက်ကိုင်များ” မိမိလူမျိုးစုရဲ့ အမျိုးသားရေးစရိုက်လက္ခဏာနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ကာကွယ်တယ်ဆိုတဲ့ “လူမျိုးစု စစ်ဘုရင်များ” ပေါ် ပေါက်ခဲ့တယ်။
(၁၉၉၂-၁၉၉၅ ခုနှစ်) မိုးခေါင်ရေရှားမှုကြောင့် “ဆိုမာလီအငတ်ဘေး” ဟာ စစ်ဘုရင်ငယ်များဖန်တီးတဲ့ လက် နက်စစ်ဘေးကြောင့် ကူရာ ကယ်ရာမဲ့ဖြစ်လာတဲ့အတွက် ကုလသမဂ္ဂနဲ့ အမေရိကန်စစ်တပ် ငြိမ်းချမ်းရေး မစ်ရှင်များ ဝင်ရောက်ခဲ့တယ်။ ၁၉၉၃-ခုနှစ် မိုဂါဒစ်ရှူးမြို့”Black Wawk Down” ကမ္ဘာကျော် ဖြစ်စဉ်အပြီး အမေရိကန်တပ်များ ပြန်လည်ဆုတ်ခွာသွားတယ်။ နိုင်ငံတကာရဲ့ စိတ်ပျက်အားလျော့ခြင်း-မင်းမဲ့တိုင်းပြည် ဖြစ်ခြင်းနဲ့ဆက်လက်ရှင်သန်ဖို့ ငွေလိုအပ်တဲ့ လက်နက်ကိုင်တွေဟာ “ဆိုမာလီ ပင်လယ်ဓါးပြ”တွေဖြစ်ကုန်ပြီး နိုင်ငံတကာကုန်သွယ်ရေကြောင်းသင်္ဘောများကို ဓါးပြတိုက်-ပြန်ပေးဆွဲတဲ့အထိ နယ်ပယ်ကျယ်ဝန်းလာခဲ့တယ်။ ၂၀၁၂-ခုနှစ်နောက်ပိုင်း အနည်းငယ်တည်ငြိမ်လာပေမယ့် ဥပဒေ-စစ်တပ်-တရားရေးစနစ်များ မရှိတော့ပဲ “ကျ ဆုံးတိုင်းပြည်” ဖြစ်နေတယ်။ အိမ်နီးချင်း အီသီယိုပီးယားက စစ်ရေးစွက်ဖက်ခြင်း-အယ်လ်ကိုင်ဒါ အစွန်းရောက် အကြမ်းဖက်အဖွဲ့ခွဲ “အယ်လ်ရှာဘက်” ရဲ့ ဗုံးခွဲ-လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ ကင်ညာနဲ့ ယူဂန္ဓာနိုင်ငံကို ကူးစက်နေတယ်။
အဲ့ဒီလို တိုင်းပြည်က ခွဲထွက်နယ်မြေကို တိုင်းပြည်တစ်ပြည်အဖြစ် အသိအမှတ်ပြုတဲ့ အစ္စရေးရဲ့ လုပ်ရပ်ဟာ “ဂါဇာပြန်လည်ထူထောင်” စဉ် လူမျိုးသန့်စင်ဖို့နဲ့ ခေါင်းမာတဲ့ ပါလက်စတိုင်းတွေကို နယ်နှင်ဒဏ်ပေးတဲ့အခါ ဗိုက် အငှား ဒါးထိုးခံမယ့်သူကို တရားဝင်အောင် လုပ်ခြင်းဖြစ်တယ်လို့ စွပ်စွဲကြတယ်။ ပင်လယ်နီမှာ မင်းမူနေတဲ့ ဟူသီ (ယီမင်) နဲ့ အီရန်တို့ကို အနီးကပ်စောင့်ကြည့်ဖို့ အေဒင်ပင်လယ်ကွေ့ “ဘာဘရာဆိပ်ကမ်း” မှာ စစ်စ ခန်းဖွင့်လိမ့်မယ်လို့ သတင်းထွက်ပေါ်နေတယ်။
ဆိုမာလီလန်းအိမ်နီးချင်း ဒီဂျီဘူတီက တရုတ်ရေတပ်စခန်းကို စောင့်ကြည့်ဖို့၊ မင်နီဆိုတာပြည်နယ်မှ ဆိုမာလီ လူ့အဖွဲအစည်းကို နှိပ်ကွပ်ဖို့ ပြင်ဆင်နေတဲ့ ဒေါ်နယ်ထရမ့်အတွက်လည်း ဥပဒေနဲ့အညီ ပို့ပစ်လို့ရမယ့် တတိ ယနိုင်ငံဖန်တီးခြင်း ဖြစ်တယ်လို့ ဝေဖန်နေကြတယ်။ စူးအက်တူးမြောင်းအဝင်အထွက် ဆိုမာလီလန်းရဲ့ ပထဝ နိုင်ငံရေးအချက်အချာကျမှုနဲ့ အဖိုးတန်သယံဇာတရင်းမြစ်တွေဟာ ကိုယ့်အကျိုးစီးပွားအတွက် တစ်ခြားဘယ် သူ့ကိုမှ အသက်ရှိတယ်လို့ မသတ်မှတ်သူများကို ဖိတ်ခေါ်နေတယ်။
ဒါပေမာ့် ဆိုမာလီလန်းရဲ့ တရားဝင်ဖြစ်မှုဟာ ဒေသတွင်း အင်အားကြီး အီဂျစ်အတွက် ဆက်ဆံရေးပိုမို တင်း မာနိုင်ပြီး အာရပ်-အစ္စရေးပဋိပက္ခမှာ စစ်မျက်နှာသစ်တစ်ခုတိုးလာခြင်းဖြစ်တယ်။ ဂျူးတို့ကို ထာဝရ ရန်သူအ ဖြစ်သတ်မှတ်တဲ့ အယ်လ်ရှာဘက် အကြမ်းဖက်တို့အတွက် ပစ်မှတ်ထားရမယ့် နေရာတစ်ခုတိုးလာခြင်း ဖြစ်တယ်။
.

Zawgyi Version:
အမုန္း-ေသြးေႂကြး-အားၿပိဳင္မႈမ်ား ႏိုင္ငံတကာကို ႐ိုက္ခတ္မည့္ ကမာၻ႔ ပထမဆုံးအျဖစ္ အစၥေရးက ဆိုမာလီလန္းကို အသိအမွတ္ျပဳ
HtayOung (NP News)-ဒီဇင္ဘာ ၂၇
အစၥေရးဟာ ဆိုမာလီလန္းကို အသိအမွတ္ျပဳတဲ့ ကမာၻ႔ပထမဆုံးနဲ႔ တစ္ခုတည္းေသာႏိုင္ငံျဖစ္လာေၾကာင္း၊ ကမာၻႀကီးမွာလည္း အမုန္း-ေသြးေႂကြး-အားၿပိဳင္မႈတို႔ ႐ိုက္ခတ္လာဖြယ္ အလားအလာ ပိုမ်ားလာတယ္လို႔ အယ္လ္ဂ်ားဇီးယား (26 December 2025) က ေရးတယ္။
ဆိုမာလီလန္းဆိုတာ နာမည္ၾကားတာနဲ႔ ပင္လယ္ဓါးျပေတြကို တန္းျမင္ေလာက္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့ ဖူးတဲ့ ဆိုမာလီႏိုင္ငံရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တယ္။ ၁၉၉၁-ခုႏွစ္တည္းက လုံးဝလြတ္လပ္တဲ့ သီးျခားႏိုင္ငံ အျဖစ္ ကိုယ့္ဖာသာေၾကညာထားေပမယ့္ ကမာၻ႔ဘယ္ႏိုင္ငံကမွ အသိအမွတ္မျပဳၾကပါ။ “တိုင္းျပည္တစ္ျပည္ရဲ႕ အခ်ဳပ္အခ်ာအာဏာပိုင္မႈကို ေလးစားရမယ့္ ကုလသမဂၢ ပဋိညဥ္စာတမ္း” အရျဖစ္တယ္။ “ဂ်ဴး-မြတ္စလင္-ခရစ္ယာန္ အာျဗဟံ သေဘာတူညီခ်က္ စိတ္ဓါတ္” အရ ဆိုမာလီလန္းကို အခ်ဳပ္အခ်ာ အာဏာပိုင္ႏိုင္ငံ အျဖစ္ အသိအမွတ္ျပဳလိုက္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ညာရဲ႕ ေၾကညာခ်က္ဟာ လူဦးေရ ၆-သန္းေန ထိုင္ရာ အာဖရိကဦးခ်ိဳေဒသ ခြဲထြက္နယ္ေျမတစ္ခုအတြက္ ႏွစ္ ၃၀ ေက်ာ္ေစာင့္စားခဲ့ရတဲ့ သံတမန္ေရးရာ မဟာ ေအာင္ျမင္မႈျဖစ္ပါတယ္။
အစၥေရးရဲ႕ ေၾကညာခ်က္ထြက္ေပၚလာၿပီးေနာက္ ဆိုမာလီဖက္ဒရယ္အစိုးရက အီဂ်စ္-တူရကီနဲ႔ ဒီဂ်ီဘူတီ ႏိုင္ငံ အႀကီးအကဲမ်ားထံ ဖုန္းဆက္သြယ္ခဲ့ၿပီး “ဥပေဒမဲ့ ထိုးႏွက္စြက္ဖက္ျခင္း” ျဖစ္ေၾကာင္း၊ ဆိုမာလီလန္းဟာ ဆိုမာ လီႏိုင္ငံရဲ႕ ခြဲထြက္၍ မရတဲ့ အစိတ္အပိုင္းျဖစ္တယ္လို႔ သတင္းထုတ္ျပန္ပါတယ္။ အစၥေရးကေတာ့ ခပ္ေျပာင္ ေျပာင္ပဲ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိအမွတ္ျပဳ ဆိုမာလီမွာေရာ ဆိုမာလီလန္းမွာပါ သံ႐ုံးမ်ား ဖြင့္လွစ္ထား မယ္လို႔ ေျပာပါတယ္။ ဆိုမာလီလန္းကို ေနာက္ထပ္အသိအမွတ္ျပဳမယ့္ တိုင္းျပည္ဟာ ထိုင္ဝမ္ ျဖစ္ျခင္းေၾကာင့္ ဒီကိစၥမွာ သူ ပါဝင္မွာ မဟုတ္ဘူး၊ ဆိုမာလီလန္းဆိုတာ ဘယ္သူသိလဲ လို႔ သမၼတထရမ့္က ေမးခြန္းထုတ္ေပ မယ့္ အေမရိကန္ရဲ႕ ဇာတ္ၫႊန္းအတိုင္းျဖစ္ေၾကာင္း ၫႊန္ျပေနပါတယ္။ အေမရိကန္လုပ္ရင္ ေနာက္က လိုက္ လုပ္ေလ့ရွိတဲ့ ယူေအအီး-ေတာင္ကိုရီးယား-ဂ်ပန္-နယူးဇီလန္-ၾသစေၾတးလ်-ကေနဒါ-ၿဗိတိန္နဲ႔ ဥေရာပႏိုင္ငံ မ်ားလည္း ပါဝင္လာဖြယ္ရွိၿပီး ကမာၻ႔ပထဝီႏိုင္ငံေရးအခင္းအက်င္းမွာ စာမ်က္သစ္တစ္ခု တိုးလာပါလိမ့္မယ္။
ဆိုမာလီႏိုင္ငံရဲ႕ ဆယ္စုႏွစ္ၾကာ ျပင္းထန္တဲ့ ျပည္တြင္းစစ္ဟာ ၁၉၉၁-ခုႏွစ္မွာ ၿပီးဆုံးသြားပါတယ္။ အဲ့ဒီေနာက္ သမၼတ ဆာအိဒ္ဘာရီ အာဏာရွင္အစိုးရျပဳတ္က်ၿပီး တိုင္းျပည္ဖ႐ိုဖရဲျဖစ္သြားပါတယ္။ ႏိုင္ငံတစ္ဝွန္း အမည္အ မ်ိးမ်ိဳးနဲ႔ “ျပည္သူ႔ကာကြယ္ေရးလက္နက္ကိုင္မ်ား” မိမိလူမ်ိဳးစုရဲ႕ အမ်ိဳးသားေရးစ႐ိုက္လကၡဏာနဲ႔ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ကို ကာကြယ္တယ္ဆိုတဲ့ “လူမ်ိဳးစု စစ္ဘုရင္မ်ား” ေပၚ ေပါက္ခဲ့တယ္။
(၁၉၉၂-၁၉၉၅ ခုႏွစ္) မိုးေခါင္ေရရွားမႈေၾကာင့္ “ဆိုမာလီအငတ္ေဘး” ဟာ စစ္ဘုရင္ငယ္မ်ားဖန္တီးတဲ့ လက္ နက္စစ္ေဘးေၾကာင့္ ကူရာ ကယ္ရာမဲ့ျဖစ္လာတဲ့အတြက္ ကုလသမဂၢနဲ႔ အေမရိကန္စစ္တပ္ ၿငိမ္းခ်မ္းေရး မစ္ရွင္မ်ား ဝင္ေရာက္ခဲ့တယ္။ ၁၉၉၃-ခုႏွစ္ မိုဂါဒစ္ရႉးၿမိဳ႕”Black Wawk Down” ကမာၻေက်ာ္ ျဖစ္စဥ္အၿပီး အေမရိကန္တပ္မ်ား ျပန္လည္ဆုတ္ခြာသြားတယ္။ ႏိုင္ငံတကာရဲ႕ စိတ္ပ်က္အားေလ်ာ့ျခင္း-မင္းမဲ့တိုင္းျပည္ ျဖစ္ျခင္းနဲ႔ဆက္လက္ရွင္သန္ဖို႔ ေငြလိုအပ္တဲ့ လက္နက္ကိုင္ေတြဟာ “ဆိုမာလီ ပင္လယ္ဓါးျပ”ေတြျဖစ္ကုန္ၿပီး ႏိုင္ငံတကာကုန္သြယ္ေရေၾကာင္းသေဘၤာမ်ားကို ဓါးျပတိုက္-ျပန္ေပးဆြဲတဲ့အထိ နယ္ပယ္က်ယ္ဝန္းလာခဲ့တယ္။ ၂၀၁၂-ခုႏွစ္ေနာက္ပိုင္း အနည္းငယ္တည္ၿငိမ္လာေပမယ့္ ဥပေဒ-စစ္တပ္-တရားေရးစနစ္မ်ား မရွိေတာ့ပဲ “က် ဆုံးတိုင္းျပည္” ျဖစ္ေနတယ္။ အိမ္နီးခ်င္း အီသီယိုပီးယားက စစ္ေရးစြက္ဖက္ျခင္း-အယ္လ္ကိုင္ဒါ အစြန္းေရာက္ အၾကမ္းဖက္အဖြဲ႕ခြဲ “အယ္လ္ရွာဘက္” ရဲ႕ ဗုံးခြဲ-လက္နက္ကိုင္တိုက္ခိုက္မႈေတြဟာ ကင္ညာနဲ႔ ယူဂႏၶာႏိုင္ငံကို ကူးစက္ေနတယ္။
အဲ့ဒီလို တိုင္းျပည္က ခြဲထြက္နယ္ေျမကို တိုင္းျပည္တစ္ျပည္အျဖစ္ အသိအမွတ္ျပဳတဲ့ အစၥေရးရဲ႕ လုပ္ရပ္ဟာ “ဂါဇာျပန္လည္ထူေထာင္” စဥ္ လူမ်ိဳးသန႔္စင္ဖို႔နဲ႔ ေခါင္းမာတဲ့ ပါလက္စတိုင္းေတြကို နယ္ႏွင္ဒဏ္ေပးတဲ့အခါ ဗိုက္ အငွား ဒါးထိုးခံမယ့္သူကို တရားဝင္ေအာင္ လုပ္ျခင္းျဖစ္တယ္လို႔ စြပ္စြဲၾကတယ္။ ပင္လယ္နီမွာ မင္းမူေနတဲ့ ဟူသီ (ယီမင္) နဲ႔ အီရန္တို႔ကို အနီးကပ္ေစာင့္ၾကည့္ဖို႔ ေအဒင္ပင္လယ္ေကြ႕ “ဘာဘရာဆိပ္ကမ္း” မွာ စစ္စ ခန္းဖြင့္လိမ့္မယ္လို႔ သတင္းထြက္ေပၚေနတယ္။
ဆိုမာလီလန္းအိမ္နီးခ်င္း ဒီဂ်ီဘူတီက တ႐ုတ္ေရတပ္စခန္းကို ေစာင့္ၾကည့္ဖို႔၊ မင္နီဆိုတာျပည္နယ္မွ ဆိုမာလီ လူ႔အဖြဲအစည္းကို ႏွိပ္ကြပ္ဖို႔ ျပင္ဆင္ေနတဲ့ ေဒၚနယ္ထရမ့္အတြက္လည္း ဥပေဒနဲ႔အညီ ပို႔ပစ္လို႔ရမယ့္ တတိ ယႏိုင္ငံဖန္တီးျခင္း ျဖစ္တယ္လို႔ ေဝဖန္ေနၾကတယ္။ စူးအက္တူးေျမာင္းအဝင္အထြက္ ဆိုမာလီလန္းရဲ႕ ပထဝ ႏိုင္ငံေရးအခ်က္အခ်ာက်မႈနဲ႔ အဖိုးတန္သယံဇာတရင္းျမစ္ေတြဟာ ကိုယ့္အက်ိဳးစီးပြားအတြက္ တစ္ျခားဘယ္ သူ႔ကိုမွ အသက္ရွိတယ္လို႔ မသတ္မွတ္သူမ်ားကို ဖိတ္ေခၚေနတယ္။
ဒါေပမာ့္ ဆိုမာလီလန္းရဲ႕ တရားဝင္ျဖစ္မႈဟာ ေဒသတြင္း အင္အားႀကီး အီဂ်စ္အတြက္ ဆက္ဆံေရးပိုမို တင္း မာႏိုင္ၿပီး အာရပ္-အစၥေရးပဋိပကၡမွာ စစ္မ်က္ႏွာသစ္တစ္ခုတိုးလာျခင္းျဖစ္တယ္။ ဂ်ဴးတို႔ကို ထာဝရ ရန္သူအ ျဖစ္သတ္မွတ္တဲ့ အယ္လ္ရွာဘက္ အၾကမ္းဖက္တို႔အတြက္ ပစ္မွတ္ထားရမယ့္ ေနရာတစ္ခုတိုးလာျခင္း ျဖစ္တယ္။
.