ယူကရိန်းကို အမေရိကန် စွန့်ခွာခြင်း နှင့် NATO မဟာဗျူဟာ ကျရှုံးခြင်း (နိုင်ငံတကာ အတွေးအမြင်ဆောင်းပါး)

 364

သန်းထိုက်စိုး (NP News)
ခင်ဗျားတို့ အခု မြင်တွေ့နေရတာဟာ သံတမန်ရေးရာ ကျရှုံးတာမဟုတ်ပါဘူး။ ဒါဟာ အနောက် တိုင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ မဟာဗျူဟာတစ်ခုလုံး မျက်စိရှေ့မှာတင် ပြိုလဲနေတာ ဖြစ်ပါတယ်။ ဒိုဟာ ဖိုရမ်မှာ ဒေါ်နယ်ထရမ့်ဂျူနီယာ ပြောကြားခဲ့တဲ့ သတင်းစကားဟာ ဘရပ်ဆဲလ်က NATO စီမံကိန်းရေးဆွဲ သူတိုင်းကို ထိတ်လန့်စေနိုင်ပါတယ်။ သူ့ဖခင်ဟာ ယူကရိန်းကနေ လုံးဝထွက်ခွာသွားနိုင်တယ်လို့ ဆိုပါ တယ်။ သူ့ရဲ့ တိကျတဲ့စကားလုံးအရဆိုရင် ဒီကိစ္စဟာ ဦးစားပေး မဟုတ်ပါဘူးတဲ့။ ဒေါ်လာ ဘီလျံ(၂၀၀)၊ လက်နက်တင်ပို့မှု အပါအဝင် အဆုံးမရှိတဲ့ ကတိတွေပေးပြီးတဲ့နောက် အခုတော့ အမေရိကန်က စွန့် လွှတ်လိုက်ပြီဆိုတဲ့ အချက်ပြမှုတွေ ပေါ်လာပါပြီ။ ဒီလိုအခြေအနေမျိုးကို (၁၂) နှစ်ကျော်ကြာ သတိပေးခဲ့ ဖူးပါတယ်။ ကျွန်တော် ဖြစ်စေ ချင်လို့မဟုတ်ဘဲ မဟာအင်အားကြီး နိုင်ငံများရဲ့ နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်း ပုံ အကျိုးဆက် (structural logic)အရ ရှောင်လွှဲလို့မရလို့ ဖြစ်ပါတယ်။ မိုင်ယာမီ ဆွေးနွေးပွဲတွေ ပြိုလဲ သွားပါပြီ။ ရုရှားက အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို လုံးဝပယ်ချလိုက်ပြီး အခုတော့ အပေါ်ယံ အကာအကွယ်တွေ ပြိုကျလာပါပြီ။ ဘာကြောင့် ဒီလိုဖြစ်လာရတာလဲ ။
ဒီနေ့ရဲ့ ဘေးအန္တရာယ်ကို နားလည်ဖို့အတွက် (၁၉၉၁) ခုနှစ်နောက်ပိုင်း အမေရိကန်က ဘာကို ယုံကြည်ခဲ့သလဲဆိုတာကို သိထားရပါမယ်။ ဆိုဗီယက်ယူနီယံ ပြိုလဲပြီးနောက် အမေရိကန် မူဝါဒ ချမှတ် သူတွေက ရုရှားဟာ အပြီးတိုင်ကျဆုံးသွားပြီ၊ အနောက်တိုင်းရဲ့ အင်အားကြီးစိုးမှုကို ဘယ်တော့မှ စိန်ခေါ် နိုင်တော့မှာ မဟုတ်ဘူးလို့ ကောက်ချက်ချခဲ့ကြပါတယ်။ သူတို့ယုံကြည်ခဲ့တဲ့ လှည့်စားမှုကတော့ NATO ဟာ အကျိုးဆက်မရှိဘဲ အရှေ့ဘက်ကို အဆုံးမရှိ ချဲ့ထွင်နိုင်တယ်ဆိုတာပါပဲ။ ပိုလန်၊ ဘောလ်တစ်၊ ရို မေးနီးယား၊ ဘူလ်ဂေးရီးယား။ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းက အနောက်တိုင်း စစ်ရေး အခြေခံ အ ဆောက်အအုံတွေကို ရုရှားနဲ့ ပိုမိုနီးကပ်စေခဲ့ပါတယ်။ ရုရှားက ဒီလို ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲကို အလွယ်တကူ လက်ခံလိမ့်မယ်လို့ သူတို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အကြောင်းအရာသုံးခုက ဒီယူဆ ချက်ကို တိတ်တဆိတ်ထိခိုက် စေခဲ့ပါ တယ်။ ပထမအချက်ကတော့ ရုရှားစီးပွားရေး ပြန်လည်နာလန်ထူ လာတာဖြစ်ပါတယ်။ ရေနံဝင်ငွေ ကြောင့် (၂၀၀၀) ပြည့်နှစ်များတစ်လျှောက် နိုင်ငံတော် စွမ်းဆောင်ရည် ကို ပြန်လည်တည်ဆောက် နိုင်ခဲ့ပါတယ်။ ဒုတိယအချက်ကတော့ စစ်ရေးခေတ်မီတိုးတက်ခြင်းပဲ ဖြစ်ပါ တယ်။ ရုရှားက သူတို့ရဲ့သမားရိုးကျ တပ်ဖွဲ့တွေကို စနစ်တကျ အဆင့်မြှင့်တင်ခဲ့ပါတယ်။ တတိယ အချက်တော့ အမျိုးသားရေး ခိုင်မာစုစည်းနိုင်ခြင်းပဲဖြစ်ပါတယ်။ ရုရှား အထက်တန်းလွှာတွေဟာ အနောက်တိုင်း ကျူးကျော်ဝင်ရောက်မှုကို ခုခံဖို့စည်းလုံးခဲ့ကြပါတယ်။ မဟာအင်အားကြီး နိုင်ငံတွေဟာ သူတို့ရဲ့နယ်စပ်တွေမှာ ရန်လိုတဲ့ စစ်ရေးမဟာမိတ်ဖွဲ့မှုတွေကို ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး။ အမေရိကန်ကိုယ်တိုင်က ဒီစည်းမျဉ်းကို လိုက်နာပေမယ့် ရုရှားက စွန့်လွှတ် လိမ့်မယ်လို့မျှော်လင့်ခဲ့ပါ တယ်။ ဒါဟာ မဟာဗျူဟာမြောက်စီမံကိန်း ချမှတ်ခြင်းမဟုတ်ဘဲ မဟာဗျူဟာမြောက်လှည့်စားခြင်းသာ ဖြစ်ပါတယ်။
အခုတော့ မိုင်ယာမီမှာ ဘာဖြစ်ခဲ့လဲဆိုတာ ရှင်းပြပါရစေ။ ဘာလို့လဲဆိုတော့ ဒီပြိုလဲမှုက အားလုံးကို ဖော်ထုတ်ပြသလိုက်လို့ပါပဲ။ အစပြုသူကတော့ အမေရိကန်ညှိနှိုင်းရေးမှူးတွေဟာ သူတို့ အလျှော့ပေးလိုက်တာလို့ ယူဆရတဲ့ ငြိမ်းချမ်းရေး မူဘောင်ကို တင်ပြခဲ့ကြပါတယ်။ ရုရှားရဲ့ တုံ့ပြန်မှု ကတော့ လုံးဝပယ်ချလိုက်ခြင်းပါပဲ။ ရုရှားက အဲဒီအဆိုပြုချက် အကုန်လုံးကို ပယ်ချ လိုက်ပါတယ်။ တစ်ဖက်မှာတော့ အမေရိကန်ဟာ အမြန်ဆုံးထွက်ပေါက်ကို ရှာဖွေဖို့ စိတ်အား ထက်သန်နေပါတယ်။ နောက်တစ်ဖက်မှာတော့ ရုရှားက အားနည်းချက်ကို သိမြင်ပြီး အသာစီးရအောင် ဖိအားပေးနေပါတယ်။ ဒီနှစ်ဖက်ကြားမှာ ပိတ်မိနေတဲ့ ဇယ်လန်းစကီးဟာ သူရဲ့ဩဇာ အာဏာတွေ လက်တွေ့ပျောက်ကွယ် သွားတာကို ဒီအတိုင်းကြည့်နေရပါတယ်။
ရုရှားအတွက် ဒီပဋိပက္ခဟာ ရှင်သန်မှု (existential)အတွက် ဖြစ်ပါတယ်။ ယူကရိန်း NATO ထဲ ဝင်တာဟာ ရုရှားနဲ့ မိနစ်ပိုင်းသာ ဝေးတဲ့နေရာမှာ အမေရိကန်ဒုံးကျည်တွေ ရှိနေတာနဲ့ အတူတူပါပဲ။ အမေရိကန်အတွက်တော့ ယူကရိန်းဟာ ရွေးချယ်စရာ (optional)သာ ဖြစ်ပါတယ်။ သူများရဲ့ အိမ်နီးချင် နိုင်ငံမှာရှိတဲ့ ဝေးလံတဲ့ကတိကဝတ်တစ်ခုပါ။ ဒီနေရာမှာ ကျွန်တော့်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ရုရှားရဲ့ ပယ်ချမှုဟာ တစ်ယူသန် ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဒါဟာ ဆင်ခြင်တုံတရားနဲ့ ပြည့်စုံပါတယ်။ မနက်ဖြန်က ပိုကောင်းတဲ့ အခွင့်အရေးတွေပေးနိုင်ရင် ဘာကြောင့် ဒီနေ့သဘောတူညီမှုကို လက်ခံမှာလဲ၊ ယူကရိန်းဟာ လစဉ်အားနည်းလာနေပါတယ်။ ရုရှား တပ်ဖွဲ့တွေက လစဥ်အလိုက် တိုးတက်နေပါတယ်။ အချိန်က စိတ်ရှည်သူကို ဆုချပါတယ်။
ထို့နောက် ထရမ့်ဂျူနီယာရဲ့ ဖွင့်ဟချက် ထွက်ပေါ်လာပါတယ်။ ဥရောပက ခြေလှမ်း စတင် ရမယ်တဲ့။ အမေရိကန်အနေနဲ့ ဒါဟာ ရန်စတာ မဟုတ်ဘဲ ကြေညာချက်တစ်ခုပါပဲ။ ဇယ်လန်း စကီး အတွက်တော့ ဒါဟာ ကပ်ဆိုးကြီးပါပဲ။ သူ့ရဲ့ မဟာဗျူဟာတစ်ခုလုံးဟာ အမေရိကန်ရဲ့ အမြဲတမ်း ကတိကဝတ်အပေါ် အခြေခံထားတာပါ။ ပူတင်အတွက်တော့ ဒါဟာ အတည်ပြုချက်ပါပဲ။ သူ တွက်ချက် ထားတာတွေ အားလုံးမှန်ကန်နေပါတယ်။ ဒီအဖြစ်အပျက်က ရက်စက်တဲ့ အမှန်တရားတစ်ခုကို ဖော် ထုတ်ခဲ့ပါတယ်။ ရှင်သန်မှုအတွက် အရေးကြီးတဲ့အကျိုးစီးပွားတွေက ရွေးချယ်စရာ အကျိုးစီးပွားတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ရှင်သန်မှုက အမြဲတမ်းအနိုင်ရပါတယ်။
ထရမ့်ဂျူနီယာက ဥရောပကို ခြေလှမ်းစတင်ဖို့ ပြောခဲ့ပါတယ်။ ဒီတုံ့ပြန်မှု ဘာကြောင့် ကျရှုံးဖို့ သေချာသလဲဆိုတာ ရှင်းပြပါရစေ။ ပထမဆုံးပြဿနာက ထုတ်လုပ်မှုစွမ်းရည်ပါပဲ။ ဥရောပ ကာကွယ် ရေးလုပ်ငန်းတွေဟာ ရုရှားရဲ့ ထုတ်လုပ်မှုကို မမီပါဘူး။ ရုရှားက NATO ရဲ့ ပေါင်းစပ် ထုတ်လုပ်မှုနှုန်း ထက် သုံးဆပိုများတဲ့ အမြောက်ကျည်တွေ ထုတ်လုပ်နေပါတယ်။ သုံးဆ ပိုထုတ်လုပ်တဲ့စစ်ပွဲကို အမြောက်နဲ့တိုက်လို့အနိုင်ရမှာ မဟုတ်ပါဘူး။ ဒုတိယ ပြဿနာက နိုင်ငံရေးပြိုကွဲခြင်းပါပဲ။ ဥရောပမှာ စုစည်းထားတဲ့ ကွပ်ကဲမှုမရှိပါဘူး။ ဂျာမနီက စီးပွားရေးတည်ငြိမ်မှုကို ဦးစားပေးတယ်။ ပြင်သစ်က စကား လုံးတွေ ပြောပေမယ့် အရင်းအမြစ် နည်းနည်းပဲပေးပါတယ်။ ဥရောပအရှေ့ပိုင်းနိုင်ငံတွေက ကြောက်ရွံ့ နေကြပေမယ့် အစားထိုးဖို့အတွက် သေးငယ်လွန်းပါတယ်။ နိုင်ငံ (၂၇) နိုင်ငံ၊ ဦးစားပေး (၂၇) ခု ကွဲပြား နေပါတယ်။ တတိယ ပြဿနာကတော့ ကတိကဝတ်ကွာခြားချက်ပါပဲ။ မညီမျှမှုနဲ့ပြဿနာ။ ရှင်သန်မှုက ကျင့်ဝတ်နဲ့ ထိပ်တိုက်တွေ့တဲ့အခါ ရှင်သန်မှုကလွှမ်းမိုးပါတယ်။
ပိတ်ဆို့အရေးယူမှုတွေက ပူတင်ကို ဒူးထောက်စေလိမ့်မယ်ဆိုတဲ့ အထင်အမြင်ဟာ မှားယွင်းခဲ့ ပါတယ်။ အမှန်တရားကတော့ ရုရှားစီးပွားရေးဟာ လိုက်လျောညီထွေဖြစ်အောင်လုပ်ပြီး တည်ငြိမ်သွား ခဲ့ပါပြီ။ ရုရှားစစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ခဲ့ပြီး နယ်မြေထိန်းချုပ်မှုကလည်း လစဉ် တိုးချဲ့လာခဲ့ပါတယ်။ ဒါကို ကျွန်တော်က စစ်ရေးဝန်ကို တစ်ဦးအပေါ်တစ်ဦး လွှဲချခြင်း (buck passing) ရဲ့ ပုံမှန်အခြေအနေအဖြစ် သတ်မှတ်ပါတယ်။ ဥရောပက အမေရိကန်ခေါင်းဆောင်မှုကို မျှော်လင့်နေပါ တယ်။ အနောက်တိုင်း မဟာမိတ်တွေက တာဝန်ယူမှုကို ငြင်းခုံနေချိန်မှာ ရုရှားက ရှေ့ဆက်နေပါတယ်။ NATO က ယူကရိန်းကို လုံခြုံရေး ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ NATO က ယူကရိန်းကို ကပ်ဆိုးထဲ ရောက်အောင် ပို့ပေးလိုက်ပါတယ်။ စကားလုံးတွေနဲ့ စွမ်းဆောင်ရည်ကြားက ကွာဟချက်ဟာ ဘယ် တော့မှ အခုလောက် ကျယ်ပြန့်ခဲ့ဖူးခြင်း မရှိပါဘူး။ ယူကရိန်းဟာ ဒီကွာဟချက်အတွက် သွေးနဲ့ပေးဆပ် နေရပါတယ်။ လစ်ဘရယ် အထင်အမြင်တွေက လက်တွေ့ဝါဒ အမှန်တရားတွေနဲ့ တိုက်မိတဲ့အခါ အထင် အမြင်တွေဟာ အကြိမ်တိုင်း ကွဲကြေကုန်ပါတယ်။
အခုတော့ ရုရှားက နားလည်ခဲ့ပြီး အမေရိကန်က မြင်အောင် မကြည့်ခဲ့တာကို ပြောပါရစေ။ ဒါဟာ မဟာဗျူဟာမြောက် စိတ်ရှည်သည်းခံမှုပါ ။ အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေနဲ့ လက်နက် တင်ပို့မှုတွေနဲ့ ပင်ပန်းနွမ်းနယ်နေချိန်မှာ ရုရှားက သိုသိုသိပ်သိပ်နဲ့ လိုက်လျောညီထွေ ပြောင်းလဲခဲ့ပါ တယ်။ သူတို့က ကုန်သွယ်ရေးကို တရုတ်နဲ့အိန္ဒိယဆီ ပြောင်းခဲ့ပြီး ရေရှည် စစ်ပွဲအတွက် ပြင်ဆင်ခဲ့ပါ တယ်။ ရုရှားမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အားသာချက်နှစ်ခုရှိပါတယ်။ ပထမတစ်ခုက ပထဝီဝင် အနီး ကပ်မှုပါ။ ယူကရိန်းက အမေရိကန်နဲ့မဟုတ်ဘဲ ရုရှားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ထောက်ပံ့ရေး လမ်းကြောင်းတွေ တိုတောင်းပြီး အားဖြည့်မှုက ချက်ချင်းလုပ်ဆောင်နိုင်ပါတယ်။ ဒုတိယက စုစည်းနိုင် စွမ်းပါ။ ရုရှားက ထိခိုက်မှုတွေကို ခံနိုင်ရည်ရှိပြီး အစားထိုးနိုင်ပေမယ့် ယူကရိန်းကတော့ မလုပ်နိုင်ပါ ဘူး။ ပူတင်ဟာ စိတ်ခံစားချက်အရ လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ ထိုးစစ်လက်တွေ့ဝါဒ မူဘောင်အရ သူဟာ မဟာအင်အားကြီး နိုင်ငံရှင်သန်မှုရဲ့ ယုတ္တိဗေဒကို လိုက်နာနေတာပါ။ သူရဲ့နယ်စပ်တွေကို လုံခြုံ အောင်လုပ်မယ်၊ ရန်လိုတဲ့ မဟာမိတ်ဖွဲ့မှုတွေကို လက်မခံဘူး၊ ရေရှည်လုံခြုံရေးအတွက် ရေတို ကုန်ကျ စရိတ် တွေကို လက်ခံမယ်။ လိုက်လျောညီထွေ ပြောင်းလဲနိုင်ခြင်းဟာ အားလုံးပါပဲ။ ရုရှားက ဒီရိုးရှင်းတဲ့ အမှန်တရားကိုနားလည်ခဲ့ပါတယ်။ ရုရှားက သူ့ရဲ့လုံခြုံရေးအတွက် တိုက်ပွဲဝင်နေပါတယ်။ အမေရိကန် က သူ့ရဲ့ယုံကြည်ကိုးစားမှု (credibility)အတွက် တိုက်ပွဲဝင်နေပါတယ်။ ဒီနှစ်ခုဟာ အတူတူ မဟုတ်ပါ ဘူး။ အချိန်ဟာ ရုရှားအတွက် လက်နက်တစ်ခုဖြစ်ပါတယ်။ ကုန်ဆုံးသွားတဲ့ လတိုင်းက သူတို့ရဲ့ ရပ် တည်ချက်ကို ခိုင်မာစေပါတယ်။ အချိန်ဟာ ယူကရိန်းအတွက် ပြစ်ဒဏ်တစ်ခုဖြစ်ပါတယ်။ ကုန်ဆုံးသွား တဲ့လတိုင်းက သူတို့ရဲ့ ခုခံမှုကို အားနည်းစေပါတယ်။ စိန်ခေါ်သူက စစ်ပွဲကိုနားလည်ခဲ့ပါတယ်။ အင်အား ကြီးနိုင်ငံကတော့ နားမလည်ခဲ့ပါဘူး။
ဒါဆို နောက်ဘာဆက်ဖြစ်မလဲ။ ကျွန်တော် တိုက်ရိုက်ပြောပါရစေ။ ယူကရိန်းဟာ အမေရိကန်ရဲ့ ထောက်ခံမှုမရှိဘဲ သဘောတူညီချက်ကို လက်ခံဖို့ ပြင်းထန်တဲ့ဖိအားတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဇယ် လန်းစကီးမှာ ဩဇာအာဏာ မရှိတော့ပါဘူး။ ဖြစ်လာမယ့် အခြေချ ဖြေရှင်းမှုဟာ ယူကရိန်းရဲ့ မျှော်လင့် ချက်တွေမဟုတ်ဘဲ ရုရှားရဲ့ဆန္ဒတွေကို ထင်ဟပ်စေပါလိမ့်မယ်။
ဒီအခိုက်အတန့်ဟာ ကမ္ဘာ့အစီအစဉ်ကို ပြန်လည်ပုံဖော်ပါလိမ့်မယ်။ ထိုင်ဝမ် (တရုတ် တိုင်ပေ) က စောင့်ကြည့်နေပါတယ်။ တောင်ကိုရီးယားက ပြန်လည်တွက်ချက်နေပါတယ်။ ဂျပန်က မေးခွန်း ထုတ်နေပါတယ်။ အမေရိကန် မဟာမိတ်တိုင်းဟာ အမေရိကန်ရဲ့ ကတိကဝတ်တွေကို အခုသံသယ ဝင်နေပါပြီ။ ကျွန်တော့်ရဲ့ သတိပေးချက်ကတော့ အနောက်တိုင်း ခေါင်းဆောင်တွေက မဟာအင်အား ကြီးနိုင်ငံ နိုင်ငံရေးဆိုင်ရာ သူတို့ရဲ့ချဉ်းကပ်မှုကို အခြေခံကျကျ ပြန်လည်စဉ်းစားခြင်းမရှိရင် ဒီပုံစံက ထပ်ခါထပ်ခါဖြစ်လာပါလိမ့်မယ်။ ဒေသတွေ ကွဲပြားနိုင်တယ်၊ နာမည် တွေ ကွဲပြားနိုင်တယ်၊ ဒါပေမယ့် ရလဒ်တွေကတော့ ဒီလို ကပ်ဆိုးကြီးပဲ ဖြစ်ပါလိမ့်မယ်။ နိုင်ငံတကာနိုင်ငံရေးဟာ ရက်စက် ကြမ်းကြုတ် တဲ့ ပွဲကြမ်းတစ်ခုအဖြစ် ရှိနေပါတယ်။ ကိုယ်ကျင့်တရားက အင်အားလောက် အရေးမကြီးပါဘူး။ ရည် ရွယ်ချက်က စွမ်းဆောင် ရည်လောက် အရေးမကြီးပါဘူး။ မဟာအင်အားကြီး နိုင်ငံတွေ ကြားမှာ ပိတ်မိ နေတဲ့ သေးငယ်တဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ ကောင်းမြတ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကြောက် မက် ဖွယ် ကံကြမ္မာ နဲ့ ရင်ဆိုင်ရပါတယ်။ ကျန်နေတာကတော့ ကျွန်တော် နှစ်လေးဆယ်ကြာ သင်ကြားခဲ့တဲ့ အမှန်တရားပါပဲ။ မဟာအင်အားကြီးနိုင်ငံတွေက ရက်ရက်စက်စက် ယှဉ်ပြိုင်ကြတယ်။ ကြားခံ နိုင်ငံတွေ အကြေအလည်ခံရပြီး လစ်ဘရယ် စိတ်ကူးယဉ်မှုတွေက အနိုင်ယူလို့ မရပါဘူး။ NATO ရဲ့ မဟာဗျူဟာ ကျရှုံးခဲ့သလားဆိုတဲ့ မေးခွန်းမဟုတ် တော့ပါဘူး။ ဒါဟာ လုံးဝကျရှုံးသွားပါပြီ။ အမေရိကန်က ယူကရိန်း ကို ကယ်တင်နိုင်မလားဆိုတဲ့ မေးခွန်းမဟုတ်တော့ပါဘူး။ ကျန်ရှိနေတဲ့ တစ်ခုတည်းသော မေးခွန်းက တော့ အမေရိကန်ဟာ ဘယ်လောက်ကြာကြာ ဆက်လက်ဟန်ဆောင်နေဦးမလဲ၊ အဲဒီဟန်ဆောင်မှု အတွက် ဘယ်နှစ်ယောက် ထပ်မံဆင်းရဲဒုက္ခရောက်ရဦးမလဲ။ ဒါကပဲ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အမှန်တရားပါပဲ။

Zawgyi Version:
ယူကရိန္းကို အေမရိကန္ စြန႔္ခြာျခင္း ႏွင့္ NATO မဟာဗ်ဴဟာ က်ရႈံးျခင္း
(ႏိုင္ငံတကာ အေတြးအျမင္ေဆာင္းပါး)
သန္းထိုက္စိုး (NP News)
ခင္ဗ်ားတို႔ အခု ျမင္ေတြ႕ေနရတာဟာ သံတမန္ေရးရာ က်ရႈံးတာမဟုတ္ပါဘူး။ ဒါဟာ အေနာက္ တိုင္းရဲ႕ ႀကီးက်ယ္ခမ္းနားတဲ့ မဟာဗ်ဴဟာတစ္ခုလုံး မ်က္စိေရွ႕မွာတင္ ၿပိဳလဲေနတာ ျဖစ္ပါတယ္။ ဒိုဟာ ဖိုရမ္မွာ ေဒၚနယ္ထရမ့္ဂ်ဴနီယာ ေျပာၾကားခဲ့တဲ့ သတင္းစကားဟာ ဘရပ္ဆဲလ္က NATO စီမံကိန္းေရးဆြဲ သူတိုင္းကို ထိတ္လန႔္ေစႏိုင္ပါတယ္။ သူ႔ဖခင္ဟာ ယူကရိန္းကေန လုံးဝထြက္ခြာသြားႏိုင္တယ္လို႔ ဆိုပါ တယ္။ သူ႔ရဲ႕ တိက်တဲ့စကားလုံးအရဆိုရင္ ဒီကိစၥဟာ ဦးစားေပး မဟုတ္ပါဘူးတဲ့။ ေဒၚလာ ဘီလ်ံ(၂၀၀)၊ လက္နက္တင္ပို႔မႈ အပါအဝင္ အဆုံးမရွိတဲ့ ကတိေတြေပးၿပီးတဲ့ေနာက္ အခုေတာ့ အေမရိကန္က စြန႔္ လႊတ္လိုက္ၿပီဆိုတဲ့ အခ်က္ျပမႈေတြ ေပၚလာပါၿပီ။ ဒီလိုအေျခအေနမ်ိဳးကို (၁၂) ႏွစ္ေက်ာ္ၾကာ သတိေပးခဲ့ ဖူးပါတယ္။ ကြၽန္ေတာ္ ျဖစ္ေစ ခ်င္လို႔မဟုတ္ဘဲ မဟာအင္အားႀကီး ႏိုင္ငံမ်ားရဲ႕ ႏိုင္ငံေရးဆိုင္ရာ ဖြဲ႕စည္း ပုံ အက်ိဳးဆက္ (structural logic)အရ ေရွာင္လႊဲလို႔မရလို႔ ျဖစ္ပါတယ္။ မိုင္ယာမီ ေဆြးေႏြးပြဲေတြ ၿပိဳလဲ သြားပါၿပီ။ ႐ုရွားက အေမရိကန္ရဲ႕ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို လုံးဝပယ္ခ်လိုက္ၿပီး အခုေတာ့ အေပၚယံ အကာအကြယ္ေတြ ၿပိဳက်လာပါၿပီ။ ဘာေၾကာင့္ ဒီလိုျဖစ္လာရတာလဲ ။
ဒီေန႔ရဲ႕ ေဘးအႏၲရာယ္ကို နားလည္ဖို႔အတြက္ (၁၉၉၁) ခုႏွစ္ေနာက္ပိုင္း အေမရိကန္က ဘာကို ယုံၾကည္ခဲ့သလဲဆိုတာကို သိထားရပါမယ္။ ဆိုဗီယက္ယူနီယံ ၿပိဳလဲၿပီးေနာက္ အေမရိကန္ မူဝါဒ ခ်မွတ္ သူေတြက ႐ုရွားဟာ အၿပီးတိုင္က်ဆုံးသြားၿပီ၊ အေနာက္တိုင္းရဲ႕ အင္အားႀကီးစိုးမႈကို ဘယ္ေတာ့မွ စိန္ေခၚ ႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။ သူတို႔ယုံၾကည္ခဲ့တဲ့ လွည့္စားမႈကေတာ့ NATO ဟာ အက်ိဳးဆက္မရွိဘဲ အေရွ႕ဘက္ကို အဆုံးမရွိ ခ်ဲ႕ထြင္ႏိုင္တယ္ဆိုတာပါပဲ။ ပိုလန္၊ ေဘာလ္တစ္၊ ႐ို ေမးနီးယား၊ ဘူလ္ေဂးရီးယား။ လွမ္းလိုက္တဲ့ေျခလွမ္းတိုင္းက အေနာက္တိုင္း စစ္ေရး အေျခခံ အ ေဆာက္အအုံေတြကို ႐ုရွားနဲ႔ ပိုမိုနီးကပ္ေစခဲ့ပါတယ္။ ႐ုရွားက ဒီလို ဖြဲ႕စည္းပုံဆိုင္ရာ အေျပာင္းအလဲကို အလြယ္တကူ လက္ခံလိမ့္မယ္လို႔ သူတို႔ ယူဆခဲ့ၾကပါတယ္။ ဒါေပမယ့္ အေၾကာင္းအရာသုံးခုက ဒီယူဆ ခ်က္ကို တိတ္တဆိတ္ထိခိုက္ ေစခဲ့ပါ တယ္။ ပထမအခ်က္ကေတာ့ ႐ုရွားစီးပြားေရး ျပန္လည္နာလန္ထူ လာတာျဖစ္ပါတယ္။ ေရနံဝင္ေငြ ေၾကာင့္ (၂၀၀၀) ျပည့္ႏွစ္မ်ားတစ္ေလွ်ာက္ ႏိုင္ငံေတာ္ စြမ္းေဆာင္ရည္ ကို ျပန္လည္တည္ေဆာက္ ႏိုင္ခဲ့ပါတယ္။ ဒုတိယအခ်က္ကေတာ့ စစ္ေရးေခတ္မီတိုးတက္ျခင္းပဲ ျဖစ္ပါ တယ္။ ႐ုရွားက သူတို႔ရဲ႕သမား႐ိုးက် တပ္ဖြဲ႕ေတြကို စနစ္တက် အဆင့္ျမႇင့္တင္ခဲ့ပါတယ္။ တတိယ အခ်က္ေတာ့ အမ်ိဳးသားေရး ခိုင္မာစုစည္းႏိုင္ျခင္းပဲျဖစ္ပါတယ္။ ႐ုရွား အထက္တန္းလႊာေတြဟာ အေနာက္တိုင္း က်ဴးေက်ာ္ဝင္ေရာက္မႈကို ခုခံဖို႔စည္းလုံးခဲ့ၾကပါတယ္။ မဟာအင္အားႀကီး ႏိုင္ငံေတြဟာ သူတို႔ရဲ႕နယ္စပ္ေတြမွာ ရန္လိုတဲ့ စစ္ေရးမဟာမိတ္ဖြဲ႕မႈေတြကို ဘယ္ေတာ့မွ သည္းခံမွာ မဟုတ္ပါဘူး။ အေမရိကန္ကိုယ္တိုင္က ဒီစည္းမ်ဥ္းကို လိုက္နာေပမယ့္ ႐ုရွားက စြန႔္လႊတ္ လိမ့္မယ္လို႔ေမွ်ာ္လင့္ခဲ့ပါ တယ္။ ဒါဟာ မဟာဗ်ဴဟာေျမာက္စီမံကိန္း ခ်မွတ္ျခင္းမဟုတ္ဘဲ မဟာဗ်ဴဟာေျမာက္လွည့္စားျခင္းသာ ျဖစ္ပါတယ္။
အခုေတာ့ မိုင္ယာမီမွာ ဘာျဖစ္ခဲ့လဲဆိုတာ ရွင္းျပပါရေစ။ ဘာလို႔လဲဆိုေတာ့ ဒီၿပိဳလဲမႈက အားလုံးကို ေဖာ္ထုတ္ျပသလိုက္လို႔ပါပဲ။ အစျပဳသူကေတာ့ အေမရိကန္ညႇိႏႈိင္းေရးမႉးေတြဟာ သူတို႔ အေလွ်ာ့ေပးလိုက္တာလို႔ ယူဆရတဲ့ ၿငိမ္းခ်မ္းေရး မူေဘာင္ကို တင္ျပခဲ့ၾကပါတယ္။ ႐ုရွားရဲ႕ တုံ႔ျပန္မႈ ကေတာ့ လုံးဝပယ္ခ်လိုက္ျခင္းပါပဲ။ ႐ုရွားက အဲဒီအဆိုျပဳခ်က္ အကုန္လုံးကို ပယ္ခ် လိုက္ပါတယ္။ တစ္ဖက္မွာေတာ့ အေမရိကန္ဟာ အျမန္ဆုံးထြက္ေပါက္ကို ရွာေဖြဖို႔ စိတ္အား ထက္သန္ေနပါတယ္။ ေနာက္တစ္ဖက္မွာေတာ့ ႐ုရွားက အားနည္းခ်က္ကို သိျမင္ၿပီး အသာစီးရေအာင္ ဖိအားေပးေနပါတယ္။ ဒီႏွစ္ဖက္ၾကားမွာ ပိတ္မိေနတဲ့ ဇယ္လန္းစကီးဟာ သူရဲ႕ဩဇာ အာဏာေတြ လက္ေတြ႕ေပ်ာက္ကြယ္ သြားတာကို ဒီအတိုင္းၾကည့္ေနရပါတယ္။
႐ုရွားအတြက္ ဒီပဋိပကၡဟာ ရွင္သန္မႈ (existential)အတြက္ ျဖစ္ပါတယ္။ ယူကရိန္း NATO ထဲ ဝင္တာဟာ ႐ုရွားနဲ႔ မိနစ္ပိုင္းသာ ေဝးတဲ့ေနရာမွာ အေမရိကန္ဒုံးက်ည္ေတြ ရွိေနတာနဲ႔ အတူတူပါပဲ။ အေမရိကန္အတြက္ေတာ့ ယူကရိန္းဟာ ေ႐ြးခ်ယ္စရာ (optional)သာ ျဖစ္ပါတယ္။ သူမ်ားရဲ႕ အိမ္နီးခ်င္ ႏိုင္ငံမွာရွိတဲ့ ေဝးလံတဲ့ကတိကဝတ္တစ္ခုပါ။ ဒီေနရာမွာ ကြၽန္ေတာ့္ရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္ကေတာ့ ႐ုရွားရဲ႕ ပယ္ခ်မႈဟာ တစ္ယူသန္ ဆုံးျဖတ္ခ်က္မဟုတ္ပါဘူး။ ဒါဟာ ဆင္ျခင္တုံတရားနဲ႔ ျပည့္စုံပါတယ္။ မနက္ျဖန္က ပိုေကာင္းတဲ့ အခြင့္အေရးေတြေပးႏိုင္ရင္ ဘာေၾကာင့္ ဒီေန႔သေဘာတူညီမႈကို လက္ခံမွာလဲ၊ ယူကရိန္းဟာ လစဥ္အားနည္းလာေနပါတယ္။ ႐ုရွား တပ္ဖြဲ႕ေတြက လစဥ္အလိုက္ တိုးတက္ေနပါတယ္။ အခ်ိန္က စိတ္ရွည္သူကို ဆုခ်ပါတယ္။
ထို႔ေနာက္ ထရမ့္ဂ်ဴနီယာရဲ႕ ဖြင့္ဟခ်က္ ထြက္ေပၚလာပါတယ္။ ဥေရာပက ေျခလွမ္း စတင္ ရမယ္တဲ့။ အေမရိကန္အေနနဲ႔ ဒါဟာ ရန္စတာ မဟုတ္ဘဲ ေၾကညာခ်က္တစ္ခုပါပဲ။ ဇယ္လန္း စကီး အတြက္ေတာ့ ဒါဟာ ကပ္ဆိုးႀကီးပါပဲ။ သူ႔ရဲ႕ မဟာဗ်ဴဟာတစ္ခုလုံးဟာ အေမရိကန္ရဲ႕ အၿမဲတမ္း ကတိကဝတ္အေပၚ အေျခခံထားတာပါ။ ပူတင္အတြက္ေတာ့ ဒါဟာ အတည္ျပဳခ်က္ပါပဲ။ သူ တြက္ခ်က္ ထားတာေတြ အားလုံးမွန္ကန္ေနပါတယ္။ ဒီအျဖစ္အပ်က္က ရက္စက္တဲ့ အမွန္တရားတစ္ခုကို ေဖာ္ ထုတ္ခဲ့ပါတယ္။ ရွင္သန္မႈအတြက္ အေရးႀကီးတဲ့အက်ိဳးစီးပြားေတြက ေ႐ြးခ်ယ္စရာ အက်ိဳးစီးပြားေတြနဲ႔ ထိပ္တိုက္ေတြ႕တဲ့အခါ ရွင္သန္မႈက အၿမဲတမ္းအႏိုင္ရပါတယ္။
ထရမ့္ဂ်ဴနီယာက ဥေရာပကို ေျခလွမ္းစတင္ဖို႔ ေျပာခဲ့ပါတယ္။ ဒီတုံ႔ျပန္မႈ ဘာေၾကာင့္ က်ရႈံးဖို႔ ေသခ်ာသလဲဆိုတာ ရွင္းျပပါရေစ။ ပထမဆုံးျပႆနာက ထုတ္လုပ္မႈစြမ္းရည္ပါပဲ။ ဥေရာပ ကာကြယ္ ေရးလုပ္ငန္းေတြဟာ ႐ုရွားရဲ႕ ထုတ္လုပ္မႈကို မမီပါဘူး။ ႐ုရွားက NATO ရဲ႕ ေပါင္းစပ္ ထုတ္လုပ္မႈႏႈန္း ထက္ သုံးဆပိုမ်ားတဲ့ အေျမာက္က်ည္ေတြ ထုတ္လုပ္ေနပါတယ္။ သုံးဆ ပိုထုတ္လုပ္တဲ့စစ္ပြဲကို အေျမာက္နဲ႔တိုက္လို႔အႏိုင္ရမွာ မဟုတ္ပါဘူး။ ဒုတိယ ျပႆနာက ႏိုင္ငံေရးၿပိဳကြဲျခင္းပါပဲ။ ဥေရာပမွာ စုစည္းထားတဲ့ ကြပ္ကဲမႈမရွိပါဘူး။ ဂ်ာမနီက စီးပြားေရးတည္ၿငိမ္မႈကို ဦးစားေပးတယ္။ ျပင္သစ္က စကား လုံးေတြ ေျပာေပမယ့္ အရင္းအျမစ္ နည္းနည္းပဲေပးပါတယ္။ ဥေရာပအေရွ႕ပိုင္းႏိုင္ငံေတြက ေၾကာက္႐ြံ႕ ေနၾကေပမယ့္ အစားထိုးဖို႔အတြက္ ေသးငယ္လြန္းပါတယ္။ ႏိုင္ငံ (၂၇) ႏိုင္ငံ၊ ဦးစားေပး (၂၇) ခု ကြဲျပား ေနပါတယ္။ တတိယ ျပႆနာကေတာ့ ကတိကဝတ္ကြာျခားခ်က္ပါပဲ။ မညီမွ်မႈနဲ႔ျပႆနာ။ ရွင္သန္မႈက က်င့္ဝတ္နဲ႔ ထိပ္တိုက္ေတြ႕တဲ့အခါ ရွင္သန္မႈကလႊမ္းမိုးပါတယ္။
ပိတ္ဆို႔အေရးယူမႈေတြက ပူတင္ကို ဒူးေထာက္ေစလိမ့္မယ္ဆိုတဲ့ အထင္အျမင္ဟာ မွားယြင္းခဲ့ ပါတယ္။ အမွန္တရားကေတာ့ ႐ုရွားစီးပြားေရးဟာ လိုက္ေလ်ာညီေထြျဖစ္ေအာင္လုပ္ၿပီး တည္ၿငိမ္သြား ခဲ့ပါၿပီ။ ႐ုရွားစစ္ဘက္ဆိုင္ရာ ထုတ္လုပ္မႈကို အရွိန္ျမႇင့္တင္ခဲ့ၿပီး နယ္ေျမထိန္းခ်ဳပ္မႈကလည္း လစဥ္ တိုးခ်ဲ႕လာခဲ့ပါတယ္။ ဒါကို ကြၽန္ေတာ္က စစ္ေရးဝန္ကို တစ္ဦးအေပၚတစ္ဦး လႊဲခ်ျခင္း (buck passing) ရဲ႕ ပုံမွန္အေျခအေနအျဖစ္ သတ္မွတ္ပါတယ္။ ဥေရာပက အေမရိကန္ေခါင္းေဆာင္မႈကို ေမွ်ာ္လင့္ေနပါ တယ္။ အေနာက္တိုင္း မဟာမိတ္ေတြက တာဝန္ယူမႈကို ျငင္းခုံေနခ်ိန္မွာ ႐ုရွားက ေရွ႕ဆက္ေနပါတယ္။ NATO က ယူကရိန္းကို လုံၿခဳံေရး ေပးမယ္လို႔ကတိေပးခဲ့ပါတယ္။ NATO က ယူကရိန္းကို ကပ္ဆိုးထဲ ေရာက္ေအာင္ ပို႔ေပးလိုက္ပါတယ္။ စကားလုံးေတြနဲ႔ စြမ္းေဆာင္ရည္ၾကားက ကြာဟခ်က္ဟာ ဘယ္ ေတာ့မွ အခုေလာက္ က်ယ္ျပန႔္ခဲ့ဖူးျခင္း မရွိပါဘူး။ ယူကရိန္းဟာ ဒီကြာဟခ်က္အတြက္ ေသြးနဲ႔ေပးဆပ္ ေနရပါတယ္။ လစ္ဘရယ္ အထင္အျမင္ေတြက လက္ေတြ႕ဝါဒ အမွန္တရားေတြနဲ႔ တိုက္မိတဲ့အခါ အထင္ အျမင္ေတြဟာ အႀကိမ္တိုင္း ကြဲေၾကကုန္ပါတယ္။
အခုေတာ့ ႐ုရွားက နားလည္ခဲ့ၿပီး အေမရိကန္က ျမင္ေအာင္ မၾကည့္ခဲ့တာကို ေျပာပါရေစ။ ဒါဟာ မဟာဗ်ဴဟာေျမာက္ စိတ္ရွည္သည္းခံမႈပါ ။ အေမရိကန္က ပိတ္ဆို႔အေရးယူမႈေတြနဲ႔ လက္နက္ တင္ပို႔မႈေတြနဲ႔ ပင္ပန္းႏြမ္းနယ္ေနခ်ိန္မွာ ႐ုရွားက သိုသိုသိပ္သိပ္နဲ႔ လိုက္ေလ်ာညီေထြ ေျပာင္းလဲခဲ့ပါ တယ္။ သူတို႔က ကုန္သြယ္ေရးကို တ႐ုတ္နဲ႔အိႏၵိယဆီ ေျပာင္းခဲ့ၿပီး ေရရွည္ စစ္ပြဲအတြက္ ျပင္ဆင္ခဲ့ပါ တယ္။ ႐ုရွားမွာ အဆုံးအျဖတ္ေပးႏိုင္တဲ့ အားသာခ်က္ႏွစ္ခုရွိပါတယ္။ ပထမတစ္ခုက ပထဝီဝင္ အနီး ကပ္မႈပါ။ ယူကရိန္းက အေမရိကန္နဲ႔မဟုတ္ဘဲ ႐ုရွားနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနပါတယ္။ ေထာက္ပံ့ေရး လမ္းေၾကာင္းေတြ တိုေတာင္းၿပီး အားျဖည့္မႈက ခ်က္ခ်င္းလုပ္ေဆာင္ႏိုင္ပါတယ္။ ဒုတိယက စုစည္းႏိုင္ စြမ္းပါ။ ႐ုရွားက ထိခိုက္မႈေတြကို ခံႏိုင္ရည္ရွိၿပီး အစားထိုးႏိုင္ေပမယ့္ ယူကရိန္းကေတာ့ မလုပ္ႏိုင္ပါ ဘူး။ ပူတင္ဟာ စိတ္ခံစားခ်က္အရ လုပ္ေဆာင္ေနတာ မဟုတ္ပါဘူး။ ထိုးစစ္လက္ေတြ႕ဝါဒ မူေဘာင္အရ သူဟာ မဟာအင္အားႀကီး ႏိုင္ငံရွင္သန္မႈရဲ႕ ယုတၱိေဗဒကို လိုက္နာေနတာပါ။ သူရဲ႕နယ္စပ္ေတြကို လုံၿခဳံ ေအာင္လုပ္မယ္၊ ရန္လိုတဲ့ မဟာမိတ္ဖြဲ႕မႈေတြကို လက္မခံဘူး၊ ေရရွည္လုံၿခဳံေရးအတြက္ ေရတို ကုန္က် စရိတ္ ေတြကို လက္ခံမယ္။ လိုက္ေလ်ာညီေထြ ေျပာင္းလဲႏိုင္ျခင္းဟာ အားလုံးပါပဲ။ ႐ုရွားက ဒီ႐ိုးရွင္းတဲ့ အမွန္တရားကိုနားလည္ခဲ့ပါတယ္။ ႐ုရွားက သူ႔ရဲ႕လုံၿခဳံေရးအတြက္ တိုက္ပြဲဝင္ေနပါတယ္။ အေမရိကန္ က သူ႔ရဲ႕ယုံၾကည္ကိုးစားမႈ (credibility)အတြက္ တိုက္ပြဲဝင္ေနပါတယ္။ ဒီႏွစ္ခုဟာ အတူတူ မဟုတ္ပါ ဘူး။ အခ်ိန္ဟာ ႐ုရွားအတြက္ လက္နက္တစ္ခုျဖစ္ပါတယ္။ ကုန္ဆုံးသြားတဲ့ လတိုင္းက သူတို႔ရဲ႕ ရပ္ တည္ခ်က္ကို ခိုင္မာေစပါတယ္။ အခ်ိန္ဟာ ယူကရိန္းအတြက္ ျပစ္ဒဏ္တစ္ခုျဖစ္ပါတယ္။ ကုန္ဆုံးသြား တဲ့လတိုင္းက သူတို႔ရဲ႕ ခုခံမႈကို အားနည္းေစပါတယ္။ စိန္ေခၚသူက စစ္ပြဲကိုနားလည္ခဲ့ပါတယ္။ အင္အား ႀကီးႏိုင္ငံကေတာ့ နားမလည္ခဲ့ပါဘူး။
ဒါဆို ေနာက္ဘာဆက္ျဖစ္မလဲ။ ကြၽန္ေတာ္ တိုက္႐ိုက္ေျပာပါရေစ။ ယူကရိန္းဟာ အေမရိကန္ရဲ႕ ေထာက္ခံမႈမရွိဘဲ သေဘာတူညီခ်က္ကို လက္ခံဖို႔ ျပင္းထန္တဲ့ဖိအားေတြနဲ႔ ရင္ဆိုင္ရပါလိမ့္မယ္။ ဇယ္ လန္းစကီးမွာ ဩဇာအာဏာ မရွိေတာ့ပါဘူး။ ျဖစ္လာမယ့္ အေျခခ် ေျဖရွင္းမႈဟာ ယူကရိန္းရဲ႕ ေမွ်ာ္လင့္ ခ်က္ေတြမဟုတ္ဘဲ ႐ုရွားရဲ႕ဆႏၵေတြကို ထင္ဟပ္ေစပါလိမ့္မယ္။
ဒီအခိုက္အတန႔္ဟာ ကမာၻ႔အစီအစဥ္ကို ျပန္လည္ပုံေဖာ္ပါလိမ့္မယ္။ ထိုင္ဝမ္ (တ႐ုတ္ တိုင္ေပ) က ေစာင့္ၾကည့္ေနပါတယ္။ ေတာင္ကိုရီးယားက ျပန္လည္တြက္ခ်က္ေနပါတယ္။ ဂ်ပန္က ေမးခြန္း ထုတ္ေနပါတယ္။ အေမရိကန္ မဟာမိတ္တိုင္းဟာ အေမရိကန္ရဲ႕ ကတိကဝတ္ေတြကို အခုသံသယ ဝင္ေနပါၿပီ။ ကြၽန္ေတာ့္ရဲ႕ သတိေပးခ်က္ကေတာ့ အေနာက္တိုင္း ေခါင္းေဆာင္ေတြက မဟာအင္အား ႀကီးႏိုင္ငံ ႏိုင္ငံေရးဆိုင္ရာ သူတို႔ရဲ႕ခ်ဥ္းကပ္မႈကို အေျခခံက်က် ျပန္လည္စဥ္းစားျခင္းမရွိရင္ ဒီပုံစံက ထပ္ခါထပ္ခါျဖစ္လာပါလိမ့္မယ္။ ေဒသေတြ ကြဲျပားႏိုင္တယ္၊ နာမည္ ေတြ ကြဲျပားႏိုင္တယ္၊ ဒါေပမယ့္ ရလဒ္ေတြကေတာ့ ဒီလို ကပ္ဆိုးႀကီးပဲ ျဖစ္ပါလိမ့္မယ္။ ႏိုင္ငံတကာႏိုင္ငံေရးဟာ ရက္စက္ ၾကမ္းၾကဳတ္ တဲ့ ပြဲၾကမ္းတစ္ခုအျဖစ္ ရွိေနပါတယ္။ ကိုယ္က်င့္တရားက အင္အားေလာက္ အေရးမႀကီးပါဘူး။ ရည္ ႐ြယ္ခ်က္က စြမ္းေဆာင္ ရည္ေလာက္ အေရးမႀကီးပါဘူး။ မဟာအင္အားႀကီး ႏိုင္ငံေတြ ၾကားမွာ ပိတ္မိ ေနတဲ့ ေသးငယ္တဲ့ ႏိုင္ငံေတြဟာ သူတို႔ရဲ႕ ေကာင္းျမတ္မႈ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ေၾကာက္ မက္ ဖြယ္ ကံၾကမၼာ နဲ႔ ရင္ဆိုင္ရပါတယ္။ က်န္ေနတာကေတာ့ ကြၽန္ေတာ္ ႏွစ္ေလးဆယ္ၾကာ သင္ၾကားခဲ့တဲ့ အမွန္တရားပါပဲ။ မဟာအင္အားႀကီးႏိုင္ငံေတြက ရက္ရက္စက္စက္ ယွဥ္ၿပိဳင္ၾကတယ္။ ၾကားခံ ႏိုင္ငံေတြ အေၾကအလည္ခံရၿပီး လစ္ဘရယ္ စိတ္ကူးယဥ္မႈေတြက အႏိုင္ယူလို႔ မရပါဘူး။ NATO ရဲ႕ မဟာဗ်ဴဟာ က်ရႈံးခဲ့သလားဆိုတဲ့ ေမးခြန္းမဟုတ္ ေတာ့ပါဘူး။ ဒါဟာ လုံးဝက်ရႈံးသြားပါၿပီ။ အေမရိကန္က ယူကရိန္း ကို ကယ္တင္ႏိုင္မလားဆိုတဲ့ ေမးခြန္းမဟုတ္ေတာ့ပါဘူး။ က်န္ရွိေနတဲ့ တစ္ခုတည္းေသာ ေမးခြန္းက ေတာ့ အေမရိကန္ဟာ ဘယ္ေလာက္ၾကာၾကာ ဆက္လက္ဟန္ေဆာင္ေနဦးမလဲ၊ အဲဒီဟန္ေဆာင္မႈ အတြက္ ဘယ္ႏွစ္ေယာက္ ထပ္မံဆင္းရဲဒုကၡေရာက္ရဦးမလဲ။ ဒါကပဲ ကြၽန္ေတာ္တို႔ ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ အမွန္တရားပါပဲ။

Related news

© 2021. All rights reserved.