ဗီယက်နမ်ကဲ့သို့ ထိရောက်သော အာမခံချက်ပေးလိုက်ပါက တရုတ်ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ဝင်ရောက်လာနိုင်ဟုဆို

73

စော (NP News) - ဇန်နဝါရီ ၂
ဗီယက်နမ်ကဲ့သို့ ထိရောက်သော အာမခံ ချက်ပေးလိုက်ပါက တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အလုံးအရင်း ဝင်ရောက်လာနိုင်ကြောင်း ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News မှ တစ်ဆင့် သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ် သန်းသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး Ms. Ma Jia တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၂၃)ရက်က နေပြည်တော်၌တွေ့ဆုံစဉ် တရုတ်ယွမ်ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ် မှုတို့တွင် ငွေပေးချေမှုပိုမိုချောမွေ့အဆင်ပြေစေရေး၊ နှစ်နိုင်ငံအကြား ငွေရေးကြေးရေးနှင့် ဘဏ်လုပ် ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။
" တရုတ်က ရင်းနှီးမြှုပ်နှံမှုအများကြီးဝင် မယ်ဆိုတဲ့ အလားအလာပေါ့။ ယွမ်နဲ့ရင်းနှီးမြှုပ်နှံမှုပြု ဖို့ဆိုတာ သူရဲ့ဥပမာက ဘယ်မှာရှိခဲ့လဲဆိုတော့ အဲဒါ မျိုးဗီယက်နမ်နဲ့တုန်းကလည်းဖြစ်ခဲ့ဖူးတယ်။ ဗီယက် နမ်နဲ့တုန်းက နှစ်ချက်ပေါ့။ မြန်မာနဲ့ အဲဒီနှစ်ချက်လုံး ကိုလိုက်လုပ်မယ့်ပုံစံမျိုးရှိတယ်။ ဗီယက်နမ်တုန်းက လည်း ယွမ်နဲ့ ရင်းနှီးမြှုပ်နှံမှုပေးလိုက်တာရယ်။ ရင်း နှီးမြှုပ်နှံမှုအပေါ်ကို နိုင်ငံတော်က အာမခံပေးရ တယ်ဆိုတာရှိတယ်။ အာမခံဆိုတာ တာဝန်ယူတယ် ပေါ့နော်။ အစိုးရအပြောင်းအလဲတွေ ဒီလိုတွေမို့လို့ ရပ်သွားတယ်ဆိုတာမျိုးမရှိဘူးဆိုတဲ့ အာမခံချက်ပေါ့။ ဥပမာအနေနဲ့ ပြမယ်ဆိုရင် မြစ်ဆုံရပ်ခဲ့တာမျိုး။ အဲဒါ မျိုးကို နိုင်ငံတော်က တာဝန်ယူပေးရလိမ့်မယ်ဆိုတဲ့ဟာရှိနေတယ်။ အဲဒါပါအာမခံလိုက်ရင် သူက ရင်းနှီး မြှုပ်နှံမှုအလုံးအရင်းနဲ့ ဝင်ရောက်လာမှာ တရုတ်က ဆိုတော့ ဝင်ရောက်လာတဲ့အတွက်ကြောင့်မို့လို့ နယ် စပ်ကုန်သွယ်ရေးကလည်း အများကြီးတက်လာနိုင် တာပေါ့"ဟု ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြီးခဲ့သည့် စက်တင်ဘာလက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့စဉ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတွင် ယွမ် ငွေဖြင့် ပေးချေခြင်းကို အပြည့်အဝ ပံ့ပိုးပေးမည်ဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံတွင် တရုတ်မှ ရင်းနှီးမြှုပ်နှံ မှုများ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
" ဥပမာ ကျောက်ဖြူမှာ တရုတ်ရဲ့ရေနက် ဆိပ်ကမ်းပေါ့။ စီးပွားရေးဇုန်တွေ နိုင်ငံတကာကူးလူး ဆက်ဆံမှုတွေ ရေနက်ဆိပ်ကမ်းကြီးတွေဆောက် တယ်ဆိုရင် ဒါမျိုးတော့လက်ခံရမယ်။ အဲဒီကြားထဲမှ တရုတ်မဟုတ်တဲ့ အမေရိကန်တို့ ဂျပန်တို့ နိုင်ငံတွေ က တစ်ခါသူတို့က ရေနက်ဆိပ်ကမ်းတွေ၊ စီးပွားရေး ဇုန်တွေ လာပြီးလုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူး။ ဒါစီးပွား ရေးကိုအကြောင်းပြပြီးတော့ တခြားနည်းနဲ့ ဝင် ရောက်စွက်ဖက်တာ နေရာယူတာမျိုးပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးလုပ်ငန်းဆိုတာက ဈေးကွက်ကအဓိကလေ"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသကုန် သွယ်ရေးအတွက် ယွမ်-ကျပ် ငွေကြေးကို တိုက် ရိုက်အသုံးပြုပေးချေရေး ခွင့်ပြုလိုက်ကြောင်းကို ဗဟိုဘဏ်က (၂၀၂၁)ခုနှစ် ဒီဇင်ဘာ (၁၄)ရက်က ထုတ်ပြန်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက်လည်း ဘတ်-ကျပ် တိုက်ရိုက်အသုံးပြုပေး ချေမှုကို (၂၀၂၂)ခုနှစ်တွင် ထပ်မံခွင့်ပြုခဲ့ကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှု အတွက်လည်း ရူပီး-ကျပ် ငွေကြေးတိုက်ရိုက်ပေး ချေမှုကိုလည်း (၂၀၂၄)ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဗီယက္နမ္ကဲ့သို႔ ထိေရာက္ေသာ အာမခံခ်က္ေပးလိုက္ပါက တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား
အလုံးအရင္း ဝင္ေရာက္လာႏိုင္ဟုဆို
ေစာ (NP News) - ဇန္နဝါရီ ၂
ဗီယက္နမ္ကဲ့သို႔ ထိေရာက္ေသာ အာမခံ ခ်က္ေပးလိုက္ပါက တ႐ုတ္ႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈ အလုံးအရင္း ဝင္ေရာက္လာႏိုင္ေၾကာင္း ဝါရင့္စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News မွ တစ္ဆင့္ သုံးသပ္ေျပာၾကားသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ေဒၚ သန္းသန္းေဆြႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ အမတ္ႀကီး Ms. Ma Jia တို႔သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာ (၂၃)ရက္က ေနျပည္ေတာ္၌ေတြ႕ဆုံစဥ္ တ႐ုတ္ယြမ္ေငြေၾကးျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္ မႈတို႔တြင္ ေငြေပးေခ်မႈပိုမိုေခ်ာေမြ႕အဆင္ေျပေစေရး၊ ႏွစ္ႏိုင္ငံအၾကား ေငြေရးေၾကးေရးႏွင့္ ဘဏ္လုပ္ ငန္းဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရး ေဆြးေႏြးခဲ့ ေၾကာင္း သိရသည္။
" တ႐ုတ္က ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားႀကီးဝင္ မယ္ဆိုတဲ့ အလားအလာေပါ့။ ယြမ္နဲ႔ရင္းႏွီးျမႇဳပ္ႏွံမႈျပဳ ဖို႔ဆိုတာ သူရဲ႕ဥပမာက ဘယ္မွာရွိခဲ့လဲဆိုေတာ့ အဲဒါ မ်ိဳးဗီယက္နမ္နဲ႔တုန္းကလည္းျဖစ္ခဲ့ဖူးတယ္။ ဗီယက္ နမ္နဲ႔တုန္းက ႏွစ္ခ်က္ေပါ့။ ျမန္မာနဲ႔ အဲဒီႏွစ္ခ်က္လုံး ကိုလိုက္လုပ္မယ့္ပုံစံမ်ိဳးရွိတယ္။ ဗီယက္နမ္တုန္းက လည္း ယြမ္နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေပးလိုက္တာရယ္။ ရင္း ႏွီးျမႇဳပ္ႏွံမႈအေပၚကို ႏိုင္ငံေတာ္က အာမခံေပးရ တယ္ဆိုတာရွိတယ္။ အာမခံဆိုတာ တာဝန္ယူတယ္ ေပါ့ေနာ္။ အစိုးရအေျပာင္းအလဲေတြ ဒီလိုေတြမို႔လို႔ ရပ္သြားတယ္ဆိုတာမ်ိဳးမရွိဘူးဆိုတဲ့ အာမခံခ်က္ေပါ့။ ဥပမာအေနနဲ႔ ျပမယ္ဆိုရင္ ျမစ္ဆုံရပ္ခဲ့တာမ်ိဳး။ အဲဒါ မ်ိဳးကို ႏိုင္ငံေတာ္က တာဝန္ယူေပးရလိမ့္မယ္ဆိုတဲ့ဟာရွိေနတယ္။ အဲဒါပါအာမခံလိုက္ရင္ သူက ရင္းႏွီး ျမႇဳပ္ႏွံမႈအလုံးအရင္းနဲ႔ ဝင္ေရာက္လာမွာ တ႐ုတ္က ဆိုေတာ့ ဝင္ေရာက္လာတဲ့အတြက္ေၾကာင့္မို႔လို႔ နယ္ စပ္ကုန္သြယ္ေရးကလည္း အမ်ားႀကီးတက္လာႏိုင္ တာေပါ့"ဟု ဝါရင့္စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာသည္။
ထို႔ျပင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ၿပီးခဲ့သည့္ စက္တင္ဘာလက တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့စဥ္တြင္ ႏွစ္ႏိုင္ငံကုန္သြယ္မႈတြင္ ယြမ္ ေငြျဖင့္ ေပးေခ်ျခင္းကို အျပည့္အဝ ပံ့ပိုးေပးမည္ျဖစ္ ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံတြင္ တ႐ုတ္မွ ရင္းႏွီးျမႇဳပ္ႏွံ မႈမ်ား အဆင္ေျပေခ်ာေမြ႕ေစရန္ ေဆာင္႐ြက္ေပး သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
" ဥပမာ ေက်ာက္ျဖဴမွာ တ႐ုတ္ရဲ႕ေရနက္ ဆိပ္ကမ္းေပါ့။ စီးပြားေရးဇုန္ေတြ ႏိုင္ငံတကာကူးလူး ဆက္ဆံမႈေတြ ေရနက္ဆိပ္ကမ္းႀကီးေတြေဆာက္ တယ္ဆိုရင္ ဒါမ်ိဳးေတာ့လက္ခံရမယ္။ အဲဒီၾကားထဲမွ တ႐ုတ္မဟုတ္တဲ့ အေမရိကန္တို႔ ဂ်ပန္တို႔ ႏိုင္ငံေတြ က တစ္ခါသူတို႔က ေရနက္ဆိပ္ကမ္းေတြ၊ စီးပြားေရး ဇုန္ေတြ လာၿပီးလုပ္မယ္ဆိုရင္ မျဖစ္ႏိုင္ဘူး။ ဒါစီးပြား ေရးကိုအေၾကာင္းျပၿပီးေတာ့ တျခားနည္းနဲ႔ ဝင္ ေရာက္စြက္ဖက္တာ ေနရာယူတာမ်ိဳးေျပာလို႔ရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စီးပြားေရးလုပ္ငန္းဆိုတာက ေဈးကြက္ကအဓိကေလ"ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကေျပာသည္။
တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံ နယ္စပ္ေဒသကုန္ သြယ္ေရးအတြက္ ယြမ္-က်ပ္ ေငြေၾကးကို တိုက္ ႐ိုက္အသုံးျပဳေပးေခ်ေရး ခြင့္ျပဳလိုက္ေၾကာင္းကို ဗဟိုဘဏ္က (၂၀၂၁)ခုႏွစ္ ဒီဇင္ဘာ (၁၄)ရက္က ထုတ္ျပန္ခဲ့ၿပီး ထိုင္း-ျမန္မာ နယ္စပ္ကုန္သြယ္ေရး အတြက္လည္း ဘတ္-က်ပ္ တိုက္႐ိုက္အသုံးျပဳေပး ေခ်မႈကို (၂၀၂၂)ခုႏွစ္တြင္ ထပ္မံခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အိႏၵိယႏိုင္ငံႏွင့္ ကုန္သြယ္မႈ အတြက္လည္း ႐ူပီး-က်ပ္ ေငြေၾကးတိုက္႐ိုက္ေပး ေခ်မႈကိုလည္း (၂၀၂၄)ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ စတင္အေကာင္အထည္ေဖာ္ခဲ့ေၾကာင္း သိရသည္။