အမေရိကန်၏ တိုက်ခိုက်မှုအပြီး ဗင်နီဇွဲလားသမ္မတ မာဒူရို ဖမ်းဆီးခံရကြောင်း ဒေါ်နယ်ထရမ့် အတည်ပြု

1557

ALynn (NP news)- ဇန်နဝါရီ ၃
တောင်အမေရိကနိုင်ငံဖြစ်သော ဗင်နီဇွဲလားအပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုအား "ဖမ်းဆီးပြီး လေယာဉ်ဖြင့် ခေါ်ဆောင်သွားပြီ" ဟု စနေနေ့ (ဇန်နဝါရီလ ၃ ရက်) တွင် အတည်ပြုပြောကြားလိုက်ပြီဖြစ်သည်။
သမ္မတ မာဒူရိုနှင့်အတူ သူ၏ဇနီးဖြစ်သူပါ နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခြင်း ခံရသည်ဟု ထရမ့်က ဆိုသည်။ တစ်ဖက်တွင်လည်း ဗင်နီဇွဲလားအစိုးရက ပေါက်ကွဲမှုများအပြီးတွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့သလို အမေရိကန်၏ "စစ်ရေးအရ ကျူးကျော်မှု" ကို လက်မခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားနိုင်ငံနဲ့ ခေါင်းဆောင် သမ္မတ နီကိုးလပ်စ် မာဒူရိုအပေါ် အကြီးအကျယ် တိုက်ခိုက်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မာဒူရိုနဲ့ သူ့ဇနီးကို ဖမ်းဆီးပြီး နိုင်ငံပြင်ပကို လေယာဉ်နဲ့ ခေါ်ဆောင်သွားပါပြီ။ ဒီစစ်ဆင်ရေးကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ အသေးစိတ်ကိုတော့ ဒီနေ့ မနက် ၁၁ နာရီမှာ မာရာလာဂို (Mar-a-Lago) မှာ သတင်းစာရှင်းလင်းပွဲ လုပ်သွားမှာပါ” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
The New York Times နှင့် ဖုန်းဖြင့် မေးမြန်းခန်းတွင်လည်း ထရမ့်က ယခုစစ်ဆင်ရေးကို "ပြောင်မြောက်လှသည်" ဟု ချီးကျူးခဲ့သည်။ "တကယ့်ကို တော်တဲ့ စစ်သည်တွေနဲ့ လူတွေ အများကြီး ပါဝင်ခဲ့တာပါ" ဟု ၎င်းက ဆိုသည်။
ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါဒရီနိုကမူ စနေနေ့ အစောပိုင်း ဗီဒီယိုမိန့်ခွန်းတွင် "နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ ရှိနေတာကို တွန်းလှန်သွားမယ်" ဟု ပြောကြားခဲ့ရာ ဗင်နီဇွဲလားတွင် အမေရိကန်တို့ မြေပြင်ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အတည်ပြုသလို ဖြစ်ခဲ့သည်။ ထို့ပြင် အမေရိကန်သည် လူနေရပ်ကွက်များကို ဗုံးကြဲခဲ့သည်ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။
CBS News ၏ ဖော်ပြချက်အရ အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဖြစ်သော Delta Force အဖွဲ့ဝင်များက မာဒူရိုကို စနေနေ့ နံနက်အစောပိုင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ Delta Force အဖွဲ့သည် (၂၀၁၉) ခုနှစ်က IS ခေါင်းဆောင် Abu Bakr al-Baghdadi ကို သုတ်သင်ခဲ့သည့် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သောအဖွဲ့လည်း ဖြစ်သည်။

Zawgyi Version:
ေတာင္အေမရိကႏိုင္ငံျဖစ္ေသာ ဗင္နီဇြဲလားအေပၚ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဗင္နီဇြဲလားသမၼတ နီကိုးလပ္စ္ မာဒူ႐ိုအား "ဖမ္းဆီးၿပီး ေလယာဥ္ျဖင့္ ေခၚေဆာင္သြားၿပီ" ဟု စေနေန႔ (ဇန္နဝါရီလ ၃ ရက္) တြင္ အတည္ျပဳေျပာၾကားလိုက္ၿပီျဖစ္သည္။
သမၼတ မာဒူ႐ိုႏွင့္အတူ သူ၏ဇနီးျဖစ္သူပါ ႏိုင္ငံျပင္ပသို႔ ေခၚေဆာင္သြားျခင္း ခံရသည္ဟု ထရမ့္က ဆိုသည္။ တစ္ဖက္တြင္လည္း ဗင္နီဇြဲလားအစိုးရက ေပါက္ကြဲမႈမ်ားအၿပီးတြင္ ႏိုင္ငံေတာ္အေရးေပၚအေျခအေန ေၾကညာခဲ့သလို အေမရိကန္၏ "စစ္ေရးအရ က်ဴးေက်ာ္မႈ" ကို လက္မခံေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
“အေမရိကန္ျပည္ေထာင္စုဟာ ဗင္နီဇြဲလားႏိုင္ငံနဲ႔ ေခါင္းေဆာင္ သမၼတ နီကိုးလပ္စ္ မာဒူ႐ိုအေပၚ အႀကီးအက်ယ္ တိုက္ခိုက္မႈကို ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ မာဒူ႐ိုနဲ႔ သူ႔ဇနီးကို ဖမ္းဆီးၿပီး ႏိုင္ငံျပင္ပကို ေလယာဥ္နဲ႔ ေခၚေဆာင္သြားပါၿပီ။ ဒီစစ္ဆင္ေရးကို အေမရိကန္ တရားဥပေဒစိုးမိုးေရးအဖြဲ႕ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့တာပါ။ အေသးစိတ္ကိုေတာ့ ဒီေန႔ မနက္ ၁၁ နာရီမွာ မာရာလာဂို (Mar-a-Lago) မွာ သတင္းစာရွင္းလင္းပြဲ လုပ္သြားမွာပါ” ဟု ထရမ့္က ၎၏ Truth Social လူမႈကြန္ရက္တြင္ ေရးသားခဲ့သည္။
The New York Times ႏွင့္ ဖုန္းျဖင့္ ေမးျမန္းခန္းတြင္လည္း ထရမ့္က ယခုစစ္ဆင္ေရးကို "ေျပာင္ေျမာက္လွသည္" ဟု ခ်ီးက်ဴးခဲ့သည္။ "တကယ့္ကို ေတာ္တဲ့ စစ္သည္ေတြနဲ႔ လူေတြ အမ်ားႀကီး ပါဝင္ခဲ့တာပါ" ဟု ၎က ဆိုသည္။
ဗင္နီဇြဲလား ကာကြယ္ေရးဝန္ႀကီး ဗလာဒီမာ ပါဒရီႏိုကမူ စေနေန႔ အေစာပိုင္း ဗီဒီယိုမိန႔္ခြန္းတြင္ "ႏိုင္ငံျခားတပ္ဖြဲ႕ဝင္ေတြ ရွိေနတာကို တြန္းလွန္သြားမယ္" ဟု ေျပာၾကားခဲ့ရာ ဗင္နီဇြဲလားတြင္ အေမရိကန္တို႔ ေျမျပင္က်ဴးေက်ာ္တိုက္ခိုက္မႈမ်ား ျပဳလုပ္ေနေၾကာင္း အတည္ျပဳသလို ျဖစ္ခဲ့သည္။ ထို႔ျပင္ အေမရိကန္သည္ လူေနရပ္ကြက္မ်ားကို ဗုံးႀကဲခဲ့သည္ဟုလည္း ၎က စြပ္စြဲခဲ့သည္။
CBS News ၏ ေဖာ္ျပခ်က္အရ အေမရိကန္ အထူးစစ္ဆင္ေရးတပ္ဖြဲ႕ျဖစ္ေသာ Delta Force အဖြဲ႕ဝင္မ်ားက မာဒူ႐ိုကို စေနေန႔ နံနက္အေစာပိုင္းတြင္ ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။ အဆိုပါ Delta Force အဖြဲ႕သည္ (၂၀၁၉) ခုႏွစ္က IS ေခါင္းေဆာင္ Abu Bakr al-Baghdadi ကို သုတ္သင္ခဲ့သည့္ စစ္ဆင္ေရးကို ေဆာင္႐ြက္ခဲ့ေသာအဖြဲ႕လည္း ျဖစ္သည္။