KK Park ရှိ တရားမဝင်အဆောက်အအုံ (၉၂) ရာခိုင်နှုန်းအထိ ဖြိုချပြီးဖြစ်

 654

ထိုက်စံ(NP News)- ဇန်နဝါရီ ၅

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ (၉၅) ရာခိုင်နှုန်းအထိ ဖြိုချပြီးဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၄ရက်)က မြဝတီ-မဲထော်သလေး (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိအွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် (၁) ထပ် အဆောက်အအုံ (၅) လုံး၊ (၃) ထပ်အဆောက်အအုံ အပိုင်း (၂) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ (၈) လုံးနှင့် ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် (၂) ထပ် အဆောက်အအုံ (၅) လုံး၊ (၃) ထပ်အဆောက်အအုံ (၁) လုံး၊ (၅) ထပ်အဆောက်အအုံ (၂) လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ (၂၁) လုံးတို့ကို ထပ်မံဖြိုချဖျက်ဆီး ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း (၆၃၅) လုံးအနက် (၅၈၄) လုံး (၉၂) ရာခိုင်နှုန်းကို စနစ်တကျ ဖြိုချဖျက် ဆီးပြီး ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်းဝင်ရောက်ရှင်းလင်း၍ တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချ ဖျက်ဆီးခြင်းများကို အဖွဲ့စုံပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ထို့ပြင် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက် ပြီးစီးခဲ့သည့် တရားမဝင်အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီး ခြင်းများကိုလည်း ဒီဇင်ဘာ (၁၄) ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ (ဇန်နဝါရီလ ၄ရက်)တွင် (၂) ထပ် အဆောက်အအုံ (၅) လုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်းတရားမဝင်အဆောက် အအုံ (၁၀၁) လုံးတို့ကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင် ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi version:

ျမန္မာ-ထိုင္းနယ္စပ္၊ ကရင္ျပည္နယ္၊ KK Park နယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္အအုံ (၉၅) ရာခိုင္ႏႈန္းအထိ ၿဖိဳခ်ၿပီးျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔ (ဇန္နဝါရီ ၄ရက္)က ျမဝတီ-မဲေထာ္သေလး (KK Park) အပိုင္း (၃) နယ္ေျမအတြင္းရွိအြန္လိုင္း လိမ္လည္ေလာင္းကစားမႈမ်ား က်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ တရားမဝင္ (၁) ထပ္ အေဆာက္အအုံ (၅) လုံး၊ (၃) ထပ္အေဆာက္အအုံ အပိုင္း (၂) နယ္ေျမအတြင္းရွိ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ား (၈) လုံးႏွင့္ က်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ တရားမဝင္ (၂) ထပ္ အေဆာက္အအုံ (၅) လုံး၊ (၃) ထပ္အေဆာက္အအုံ (၁) လုံး၊ (၅) ထပ္အေဆာက္အအုံ (၂) လုံး၊ စုစုေပါင္း တရားမဝင္အေဆာက္အအုံ (၂၁) လုံးတို႔ကို ထပ္မံၿဖိဳခ်ဖ်က္ဆီး ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ KK Park နယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္အအုံ စုစုေပါင္း (၆၃၅) လုံးအနက္ (၅၈၄) လုံး (၉၂) ရာခိုင္ႏႈန္းကို စနစ္တက် ၿဖိဳခ်ဖ်က္ ဆီးၿပီး ျဖစ္ေၾကာင္း သိရွိရသည္။
ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ေ႐ႊကုကၠိဳလ္နယ္ေျမႏွင့္ KK Park နယ္ေျမမ်ားရွိတရားမဝင္ အေဆာက္အအုံမ်ားအတြင္းဝင္ေရာက္ရွင္းလင္း၍ တရားမဝင္အေဆာက္အအုံမ်ားအား စနစ္တက်ၿဖိဳခ် ဖ်က္ဆီးျခင္းမ်ားကို အဖြဲ႕စုံပါဝင္သည့္ပူးေပါင္းအဖြဲ႕ျဖင့္ ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။
ထို႔ျပင္ KK Park နယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္အအုံမ်ားအနက္ ယာဥ္ယႏၲရားမ်ားအသုံးျပဳ၍ ၿဖိဳခ်ဖ်က္ဆီးျခင္းမ်ား ေဆာင္႐ြက္ ၿပီးစီးခဲ့သည့္ တရားမဝင္အေဆာက္အအုံမ်ားကို အလုံးစုံပ်က္စီးေစရန္အတြက္ ေလအိုးမီးအိုးျဖင့္ ထပ္မံဖ်က္ဆီး ျခင္းမ်ားကိုလည္း ဒီဇင္ဘာ (၁၄) ရက္မွ စတင္ေဆာင္႐ြက္ခဲ့ရာ (ဇန္နဝါရီလ ၄ရက္)တြင္ (၂) ထပ္ အေဆာက္အအုံ (၅) လုံးကို ထပ္မံဖ်က္ဆီးႏိုင္ခဲ့သျဖင့္ စုစုေပါင္းတရားမဝင္အေဆာက္ အအုံ (၁၀၁) လုံးတို႔ကို ရာခိုင္ႏႈန္းျပည့္ ဖ်က္ဆီးၿပီးျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈက်ဴးလြန္မႈမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္ အျဖစ္ခံယူကာ ျမန္မာႏိုင္ ငံအတြင္း လုံးဝအေျခမျပဳႏိုင္ေရး ျပည္တြင္းအင္အားစုမ်ားအျပင္ အိမ္နီးခ်င္းႏိုင္ငံအစိုးရမ်ားႏွင့္လည္း ေပါင္းစပ္ညႇိႏႈိင္း၍ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.