ဒေသထွက် ကုန်စည်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ရောင်းဝယ်နိုင်မည့် Digital Platform တစ်ခုဖော်ဆောင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ စီစဉ်နေ

 303

သန့်ဇင် (NP News) - ဇန်နဝါရီ ၁ဝ

ဒေသထွက်ကုန်စည်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောင်းဝယ်နိုင်မည့် Digital Platform တစ်ခု ဖော်ဆောင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ စီစဉ်နေကြောင်း အောင်ပန်းကုန်စည်ရောင်းဝယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် အဆိုပါ Platform ပေါ်ဆောင်ရန်အတွက် ကနဦး ဆောင်ရွက်နေပြီး ယင်း Platform က ကြားခံ အနေ ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုကစပြီး တည်ထောင်နေဆဲကာလခေါ်တာပေါ့။ ဘယ်လိုလုပ်မှာလဲဆိုတာတော့ ရိုးရှင်းပါတယ်။ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ မြို့တိုင်း ရွာတိုင်းမှာ ကျွန်တော်တို့နဲ့ချိန်ဆက်ထားတဲ့ ရွာသူရွာသားတွေ ပြည်နယ်သူ၊ ပြည်နယ် သားတွေရှိမယ်။ ပြီးရင် ကျွန်တော်တို့ကုန်ကိုလည်း သူတို့ကိုပို့မယ်။ သူတို့ကုန်ကိုလည်းကျွန်တော်တို့ကို ဖြန့်မယ်ဒါ မျိုးပေါ့။ ပြီးတော့ ငွေရေးကြေးရေး တစ်ယောက်နဲ့တစ်ယောက် မြင်စရာမလိုဘဲနဲ့ အရောင်းအဝယ်လုပ်လို့ရအောင် လုပ်တဲ့နည်းကျွန်တော်တို့ လုပ်ထားတာရှိတယ်။ ဥပမာ ဒီ Group၊ ဒီ Platformထဲမှာ ဝင်ထား တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ဝယ်ရောင်းလုပ်ကြမယ်”ဟု အောင်ပန်းကုန်စည်ရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါလုပ်ငန်းသည် ဒေသတွင်းကုန်စည်များကို အခြေခံထားသည့်လုပ်ငန်းဖြစ်သည့်အတွက် မြို့နယ်နှင့် ကျေးလက်ဒေသများတွင်လည်း အရောင်းအဝယ်စင်တာများ တည်ဆောက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တစ်ပြည်လုံးအတိုင်းအတာနဲ့သွားနေမှာ ။ နောက်ပိုင်းကျရင် ပုံမှန်ဆိုရင် ဝယ်လိုက်ပြီဆိုရင် ဒီပစ္စည်းက ရောင်းချတဲ့လူက ကျွန်တော်တို့ရဲ့ အနီးဆုံး Center မှာလာပို့ပေးရမှာ။ အဲဒီကမှ လက်ခံတဲ့လူဆီကို ကျွန်တော်တို့က သွားပို့ပေးမှာ။ သယ်ယူပို့ဆောင်ရေးပါ တာဝန် ယူပေးမှာ။ လက်ရှိမှာ နယ်မြေအနေအထားအရ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တည်ဆောက်လို့မရသေးဘူး။ လိုအပ်တဲ့ ငွေအရင်းအနီး ပမာဏကလည်း Limit ရှိသေးတယ်။ အခုက တိုင်းပြည်မကောင်း သေးတဲ့အချိန်မှာ လုပ်လို့ရတဲ့ Digital အခြေခံအဆောက်အအုံကို အရင်တည်ဆောက် ထားတာ” ဟု ၎င်းက ပြောသည်။
ထို့နောက် အဆင့်ဆင့်မြင့်တင်ဆောင်ရွက်ပြီးပါကာ (၂၀၃၀) ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ အထိ ဖြန့်ကျက်နိုင်မည်ဖြစ်ပြီး (၂၀၃၅) ခုနှစ်တွင် အချိန်တိုအတွင်း ရောင်းသူ၊ဝယ်သူများထံ ပစ္စည်းအရောက်ပို့ နိုင်သည် အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ Targetက ၂၀၃၀ မှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ဖြန့်ကျက်နေပြီးသားဖြစ်နေရမယ်ပေါ့။ ပြီးတော့ ၂၀၃၅ ဆိုရင် မြန်မာပြည်အတွင်း မည်သည့်နေရာက မှာမှာ၊ မှာပြီး (၇၂) နာရီအတွင်း အရောက်ပို့နိုင်ရမယ့် ဝန်ဆောင်မှုကိုလုပ်မယ်။ အဲဒီလိုနည်းလမ်း တွေနဲ့ ပေါ့ဗျာ။ အရာအားလုံးကတော့ အိပ်မက်သေးသေးလေး ကစရတာပဲ။ လူတွေက ဖြစ်နိုင်ပါ့မလား။ လိမ်နေတာလားပေါ့တွေး ကြတာပဲ။ ရုပ်လုံးပေါ် လာပြီဆိုရင် သူတို့က မြင်သွားလိမ့်မယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ေဒသထြက္ ကုန္စည္မ်ားကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ေရာင္းဝယ္ႏိုင္မည့္ Digital Platform တစ္ခုေဖာ္ေဆာင္ရန္ ပုဂၢလိက လုပ္ငန္းရွင္မ်ား စီစဥ္ေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁ဝ
ေဒသထြက္ကုန္စည္မ်ားကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေရာင္းဝယ္ႏိုင္မည့္ Digital Platform တစ္ခု ေဖာ္ေဆာင္ရန္ ပုဂၢလိကလုပ္ငန္းရွင္မ်ား စီစဥ္ေနေၾကာင္း ေအာင္ပန္းကုန္စည္ေရာင္းဝယ္ေရးမွ တာဝန္ရွိသူ တစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ အဆိုပါ Platform ေပၚေဆာင္ရန္အတြက္ ကနဦး ေဆာင္႐ြက္ေနၿပီး ယင္း Platform က ၾကားခံ အေန ျဖင့္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ၎က ဆိုသည္။
“အခုကစၿပီး တည္ေထာင္ေနဆဲကာလေခၚတာေပါ့။ ဘယ္လိုလုပ္မွာလဲဆိုတာေတာ့ ႐ိုးရွင္းပါတယ္။ ျပည္နယ္နဲ႔ တိုင္းအသီးသီးမွာ ၿမိဳ႕တိုင္း ႐ြာတိုင္းမွာ ကြၽန္ေတာ္တို႔နဲ႔ခ်ိန္ဆက္ထားတဲ့ ႐ြာသူ႐ြာသားေတြ ျပည္နယ္သူ၊ ျပည္နယ္ သားေတြရွိမယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔ကုန္ကိုလည္း သူတို႔ကိုပို႔မယ္။ သူတို႔ကုန္ကိုလည္းကြၽန္ေတာ္တို႔ကို ျဖန႔္မယ္ဒါ မ်ိဳးေပါ့။ ၿပီးေတာ့ ေငြေရးေၾကးေရး တစ္ေယာက္နဲ႔တစ္ေယာက္ ျမင္စရာမလိုဘဲနဲ႔ အေရာင္းအဝယ္လုပ္လို႔ရေအာင္ လုပ္တဲ့နည္းကြၽန္ေတာ္တို႔ လုပ္ထားတာရွိတယ္။ ဥပမာ ဒီ Group၊ ဒီ Platformထဲမွာ ဝင္ထား တယ္ဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ဝယ္ေရာင္းလုပ္ၾကမယ္”ဟု ေအာင္ပန္းကုန္စည္ေရာင္းဝယ္ေရးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အဆိုပါလုပ္ငန္းသည္ ေဒသတြင္းကုန္စည္မ်ားကို အေျခခံထားသည့္လုပ္ငန္းျဖစ္သည့္အတြက္ ၿမိဳ႕နယ္ႏွင့္ ေက်းလက္ေဒသမ်ားတြင္လည္း အေရာင္းအဝယ္စင္တာမ်ား တည္ေဆာက္လုပ္ကိုင္သြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
“တစ္ျပည္လုံးအတိုင္းအတာနဲ႔သြားေနမွာ ။ ေနာက္ပိုင္းက်ရင္ ပုံမွန္ဆိုရင္ ဝယ္လိုက္ၿပီဆိုရင္ ဒီပစၥည္းက ေရာင္းခ်တဲ့လူက ကြၽန္ေတာ္တို႔ရဲ႕ အနီးဆုံး Center မွာလာပို႔ေပးရမွာ။ အဲဒီကမွ လက္ခံတဲ့လူဆီကို ကြၽန္ေတာ္တို႔က သြားပို႔ေပးမွာ။ သယ္ယူပို႔ေဆာင္ေရးပါ တာဝန္ ယူေပးမွာ။ လက္ရွိမွာ နယ္ေျမအေနအထားအရ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ တည္ေဆာက္လို႔မရေသးဘူး။ လိုအပ္တဲ့ ေငြအရင္းအနီး ပမာဏကလည္း Limit ရွိေသးတယ္။ အခုက တိုင္းျပည္မေကာင္း ေသးတဲ့အခ်ိန္မွာ လုပ္လို႔ရတဲ့ Digital အေျခခံအေဆာက္အအုံကို အရင္တည္ေဆာက္ ထားတာ” ဟု ၎က ေျပာသည္။
ထို႔ေနာက္ အဆင့္ဆင့္ျမင့္တင္ေဆာင္႐ြက္ၿပီးပါကာ (၂၀၃၀) ျပည့္ႏွစ္တြင္ ျမန္မာတစ္ႏိုင္ငံလုံးအတိုင္းအတာ အထိ ျဖန႔္က်က္ႏိုင္မည္ျဖစ္ၿပီး (၂၀၃၅) ခုႏွစ္တြင္ အခ်ိန္တိုအတြင္း ေရာင္းသူ၊ဝယ္သူမ်ားထံ ပစၥည္းအေရာက္ပို႔ ႏိုင္သည္ အထိ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
“ကြၽန္ေတာ္တို႔ Targetက ၂၀၃၀ မွာ တစ္ျပည္လုံးအတိုင္းအတာနဲ႔ ျဖန႔္က်က္ေနၿပီးသားျဖစ္ေနရမယ္ေပါ့။ ၿပီးေတာ့ ၂၀၃၅ ဆိုရင္ ျမန္မာျပည္အတြင္း မည္သည့္ေနရာက မွာမွာ၊ မွာၿပီး (၇၂) နာရီအတြင္း အေရာက္ပို႔ႏိုင္ရမယ့္ ဝန္ေဆာင္မႈကိုလုပ္မယ္။ အဲဒီလိုနည္းလမ္း ေတြနဲ႔ ေပါ့ဗ်ာ။ အရာအားလုံးကေတာ့ အိပ္မက္ေသးေသးေလး ကစရတာပဲ။ လူေတြက ျဖစ္ႏိုင္ပါ့မလား။ လိမ္ေနတာလားေပါ့ေတြး ၾကတာပဲ။ ႐ုပ္လုံးေပၚ လာၿပီဆိုရင္ သူတို႔က ျမင္သြားလိမ့္မယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.