ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားယာယီသမ္မတအဖြစ် လူမှုကွန်ရက်တွင် ပုံမှားရိုက်ဖော်ပြ

 421

ALynn (NP news)- ဇန်နဝါရီ ၁၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုအား ဖမ်းဆီးခဲ့သည့် စစ်ဆင်ရေးအပြီး ရက်အနည်းငယ်အကြာ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၁ ရက်) တွင် ၎င်းကိုယ်ကိုယ် "ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ" အဖြစ် သရုပ်ဖော်ထားသည့် ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်တွင် တင်ခဲ့သည်။
၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ထရမ့်သည် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ အဆိုပါ ဗင်နီဇွဲလားနိုင်ငံ၏ ယာယီခေါင်းဆောင်အဖြစ် ၎င်းကိုယ်ကိုယ် တင်စားဖော်ပြခဲ့ခြင်း ဖြစ်သည်။ သို့သော် အသုံးပြုသူများ ကိုယ်တိုင်အချက်အလက်များ ထည့်သွင်းခြင်းနှင့် ပြင်ဆင်ခြင်းများပြုလုပ်နိုင်သော အွန်လိုင်းစွယ်စုံကျမ်း ဝီကီပီးဒီးယားရှိ ထရမ့်၏ ကိုယ်ရေးအကျဉ်းတွင်မူ ထိုကဲ့သို့သော ရာထူးသတ်မှတ်ချက်မျိုး ဖော်ပြထားခြင်း မရှိပေ။
အမေရိကန်သည် ဇန်နဝါရီလ(၃)ရက်တွင် ဗင်နီဇွဲလား၌ စစ်ဆင်ရေးတစ်ခု ဆင်နွှဲခဲ့ပြီး မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူ ဆီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် လက်နက်ဆိုင်ရာစွဲချက်များဖြင့် နယူးယောက်တရားရုံးတစ်ခုတွင် တရားစွဲဆိုမည်ဖြစ်သည်။ ထရမ့်က ၎င်း၏အစိုးရသည် အသွင်ကူးပြောင်းရေးကာလအတွင်း ဗင်နီဇွဲလားနိုင်ငံ နှင့် ရေနံသယံဇာတများကို စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မာဒူရို ဖမ်းဆီးခံရပြီးနောက် ဒုတိယသမ္မတ ဒဲလ်ဆီ ရော်ဒရီဂွက်ဇ်သည် ကြားဖြတ်သမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့သည်။ ရော်ဒရီဂွက်ဇ်သည် မာဒူရိုနှင့် ၎င်း၏ ဇနီး ဆီလီယာ ဖလောရက်စ်တို့ ဖမ်းဆီးခံ ရမှုအပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့သော်လည်း ထရမ့်အစိုးရအဖွဲ့သည် ရော်ဒရီဂွက်ဇ်ကို ထောက်ခံပေး ထားသည်။ သို့သော် သူမအနေဖြင့် အမေရိကန်၏ တောင်းဆိုချက်များကို လိုက်လျောခြင်းမရှိပါက "မာဒူရိုထက်ပင် ပိုမိုကြီးမားသော ပေးဆပ်မှုမျိုးကို ရင်ဆိုင်ရလိမ့်မည်" ဟု ခြိမ်းခြောက်ခံထားရကြောင်း သိရသည်။
ယခုကာလတစ်လျှောက်တွင် ဗင်နီဇွဲလားအစိုးရသစ်သည် ထရမ့်အစိုးရအဖွဲ့နှင့် ဆက်လက် ချိတ်ဆက်ဆောင်ရွက်နေပြီး အမေရိကန်သံရုံး လုပ်ငန်းစဉ်များ ပြန်လည် စတင်နိုင်ခြေကို အကဲဖြတ်ရန်အတွက် အမေရိကန်သံတမန်ရေးနှင့် လုံခြုံရေးအဖွဲ့တစ်ဖွဲ့သည် ကာရာကတ်စ်မြို့သို့ သွားရောက်ခဲ့သည်။

ေဒၚနယ္ထရမ့္က ဗင္နီဇြဲလားယာယီသမၼတအျဖစ္ လူမႈကြန္ရက္တြင္ ပုံမွား႐ိုက္ေဖာ္ျပ
ALynn (NP news)- ဇန္နဝါရီ ၁၃
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ဗင္နီဇြဲလားသမၼတ နီကိုးလပ္စ္ မာဒူ႐ိုအား ဖမ္းဆီးခဲ့သည့္ စစ္ဆင္ေရးအၿပီး ရက္အနည္းငယ္အၾကာ တနဂၤေႏြေန႔ (ဇန္နဝါရီ ၁၁ ရက္) တြင္ ၎ကိုယ္ကိုယ္ "ဗင္နီဇြဲလားႏိုင္ငံ၏ ယာယီသမၼတ" အျဖစ္ သ႐ုပ္ေဖာ္ထားသည့္ ဓာတ္ပုံတစ္ပုံကို လူမႈကြန္ရက္တြင္ တင္ခဲ့သည္။
၎၏ Truth Social လူမႈကြန္ရက္စာမ်က္ႏွာတြင္ ထရမ့္သည္ (၂၀၂၆) ခုႏွစ္၊ ဇန္နဝါရီလမွ စတင္၍ အဆိုပါ ဗင္နီဇြဲလားႏိုင္ငံ၏ ယာယီေခါင္းေဆာင္အျဖစ္ ၎ကိုယ္ကိုယ္ တင္စားေဖာ္ျပခဲ့ျခင္း ျဖစ္သည္။ သို႔ေသာ္ အသုံးျပဳသူမ်ား ကိုယ္တိုင္အခ်က္အလက္မ်ား ထည့္သြင္းျခင္းႏွင့္ ျပင္ဆင္ျခင္းမ်ားျပဳလုပ္ႏိုင္ေသာ အြန္လိုင္းစြယ္စုံက်မ္း ဝီကီပီးဒီးယားရွိ ထရမ့္၏ ကိုယ္ေရးအက်ဥ္းတြင္မူ ထိုကဲ့သို႔ေသာ ရာထူးသတ္မွတ္ခ်က္မ်ိဳး ေဖာ္ျပထားျခင္း မရွိေပ။
အေမရိကန္သည္ ဇန္နဝါရီလ(၃)ရက္တြင္ ဗင္နီဇြဲလား၌ စစ္ဆင္ေရးတစ္ခု ဆင္ႏႊဲခဲ့ၿပီး မာဒူ႐ိုႏွင့္ ၎၏ဇနီးျဖစ္သူ ဆီလီယာ ဖေလာရက္စ္တို႔ကို ဖမ္းဆီးခဲ့သည္။ ၎တို႔ကို မူးယစ္ေဆးဝါးႏွင့္ လက္နက္ဆိုင္ရာစြဲခ်က္မ်ားျဖင့္ နယူးေယာက္တရား႐ုံးတစ္ခုတြင္ တရားစြဲဆိုမည္ျဖစ္သည္။ ထရမ့္က ၎၏အစိုးရသည္ အသြင္ကူးေျပာင္းေရးကာလအတြင္း ဗင္နီဇြဲလားႏိုင္ငံ ႏွင့္ ေရနံသယံဇာတမ်ားကို စီမံခန႔္ခြဲသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
မာဒူ႐ို ဖမ္းဆီးခံရၿပီးေနာက္ ဒုတိယသမၼတ ဒဲလ္ဆီ ေရာ္ဒရီဂြက္ဇ္သည္ ၾကားျဖတ္သမၼတအျဖစ္ က်မ္းသစၥာဆိုခဲ့သည္။ ေရာ္ဒရီဂြက္ဇ္သည္ မာဒူ႐ိုႏွင့္ ၎၏ ဇနီး ဆီလီယာ ဖေလာရက္စ္တို႔ ဖမ္းဆီးခံ ရမႈအေပၚ ျပင္းထန္စြာ ရႈတ္ခ်ခဲ့ေသာ္လည္း ထရမ့္အစိုးရအဖြဲ႕သည္ ေရာ္ဒရီဂြက္ဇ္ကို ေထာက္ခံေပး ထားသည္။ သို႔ေသာ္ သူမအေနျဖင့္ အေမရိကန္၏ ေတာင္းဆိုခ်က္မ်ားကို လိုက္ေလ်ာျခင္းမရွိပါက "မာဒူ႐ိုထက္ပင္ ပိုမိုႀကီးမားေသာ ေပးဆပ္မႈမ်ိဳးကို ရင္ဆိုင္ရလိမ့္မည္" ဟု ၿခိမ္းေျခာက္ခံထားရေၾကာင္း သိရသည္။
ယခုကာလတစ္ေလွ်ာက္တြင္ ဗင္နီဇြဲလားအစိုးရသစ္သည္ ထရမ့္အစိုးရအဖြဲ႕ႏွင့္ ဆက္လက္ ခ်ိတ္ဆက္ေဆာင္႐ြက္ေနၿပီး အေမရိကန္သံ႐ုံး လုပ္ငန္းစဥ္မ်ား ျပန္လည္ စတင္ႏိုင္ေျခကို အကဲျဖတ္ရန္အတြက္ အေမရိကန္သံတမန္ေရးႏွင့္ လုံၿခဳံေရးအဖြဲ႕တစ္ဖြဲ႕သည္ ကာရာကတ္စ္ၿမိဳ႕သို႔ သြားေရာက္ခဲ့သည္။

Related news

© 2021. All rights reserved.