ဂရင်းလန်းကျွန်းကို တစ်နည်းနည်းနဲ့ သိမ်းယူသွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

115
Pika (NP News) - ဇန်နဝါရီ ၁၃
အမေရိကန်က ဂရင်းလန်းကျွန်းကို တစ်နည်းနည်းနဲ့ သိမ်းယူသွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အမေရိကန်က ဂရင်းလန်းကျွန်းကို သိမ်းယူတာမျိုး မလုပ်ဆောင်ဘူးဆိုရင် ရုရှားနဲ့ တရုတ် တို့က ဂရင်းလန်းကျွန်းကို သိမ်းယူသွားလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။
အာတိတ်ဒေသမှာ ရုရှားနဲ့တရုတ်တို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာမှုနဲ့အတူ ဂရင်းလန်းကျွန်းကို ထိန်းချုပ် တာက အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါ တယ်။ ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ကသာ ဂရင်းလန်းကျွန်းကို မသိမ်းယူဘူးဆိုရင် ရုရှား ဒါမှမဟုတ် တရုတ်က သိမ်းယူသွားပါလိမ့်မယ်။ အဲဒါမျိုးကို ကျွန်တော်ဖြစ်ခွင့်ပြုမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဂရင်းလန်းကျွန်းနဲ့သဘောတူညီချက်တစ်ခုကို ပွင့်ပွင့်လင်းလင်းပြုလုပ်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ဒီလိုမျိုးတွေသာ လုပ်ခဲ့မယ်ဆိုရင် တစ်နည်းနည်းနဲ့တော့ ဂရင်းလန်းကို ကျွန်တော်တို့ ရပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂရင္းလန္းကြၽန္းကို တစ္နည္းနည္းနဲ႔ သိမ္းယူသြားမယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇန္နဝါရီ ၁၃
အေမရိကန္က ဂရင္းလန္းကြၽန္းကို တစ္နည္းနည္းနဲ႔ သိမ္းယူသြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အေမရိကန္က ဂရင္းလန္းကြၽန္းကို သိမ္းယူတာမ်ိဳး မလုပ္ေဆာင္ဘူးဆိုရင္ ႐ုရွားနဲ႔ တ႐ုတ္ တို႔က ဂရင္းလန္းကြၽန္းကို သိမ္းယူသြားလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါတယ္။
အာတိတ္ေဒသမွာ ႐ုရွားနဲ႔တ႐ုတ္တို႔ရဲ႕စစ္ေရးလႈပ္ရွားမႈေတြ ျမင့္တက္လာမႈနဲ႔အတူ ဂရင္းလန္းကြၽန္းကို ထိန္းခ်ဳပ္ တာက အေမရိကန္ရဲ႕အမ်ိဳးသားလုံၿခဳံေရးအတြက္ အေရးႀကီးတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါ တယ္။ ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္တို႔ကသာ ဂရင္းလန္းကြၽန္းကို မသိမ္းယူဘူးဆိုရင္ ႐ုရွား ဒါမွမဟုတ္ တ႐ုတ္က သိမ္းယူသြားပါလိမ့္မယ္။ အဲဒါမ်ိဳးကို ကြၽန္ေတာ္ျဖစ္ခြင့္ျပဳမွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဂရင္းလန္းကြၽန္းနဲ႔သေဘာတူညီခ်က္တစ္ခုကို ပြင့္ပြင့္လင္းလင္းျပဳလုပ္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ဒီလိုမ်ိဳးေတြသာ လုပ္ခဲ့မယ္ဆိုရင္ တစ္နည္းနည္းနဲ႔ေတာ့ ဂရင္းလန္းကို ကြၽန္ေတာ္တို႔ ရပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။