ဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုကြောင့် အနည်းဆုံးလူ(၂ဝဝဝ)ဦးလောက် သေဆုံးခဲ့တယ်လို့ အီရန်သတင်းထုတ်ပြန်

202
Pika (NP News) - ဇန်နဝါရီ ၁၅
လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအဝင် အနည်းဆုံးလူ(၂ဝဝဝ)လောက် သေဆုံးခဲ့တယ်လို့ အီရန်အရာရှိတွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အီရန်မှာ သီတင်းပတ်(၂)ပတ်ကြာအောင် ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ဖြိုခွင်းမှုတွေလုပ်ဆောင်ခဲ့တာကြောင့် သေဆုံးသူဦးရေ မြင့်တက်လာတာကို အီရန်အာဏာပိုင်တွေက ပထမဆုံးအကြိမ် ဝန်ခံပြောဆိုခဲ့တာလည်းဖြစ်ပါ တယ်။ ဒါ့ပြင် ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရဲ့နောက်ကွယ်မှာ အကြမ်းဖက်သမားတွေ ရှိနေ တယ်လို့လည်း အီရန်အရာရှိတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နေထိုင်မှုစရိတ်အကျပ်အတည်းကြောင့်ဖြစ်ပေါ်လာတဲ့ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်တုန်းက အီရန်နိုင်ငံ တီဟီရန်မြို့မှာ ဆိုင်ရှင်တစ်ဦးက သပိတ်မှောက်ဆန္ဒပြရာကနေ စတင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အီရန်အာဏာပိုင်တွေက ပြည်ပဝင်ရောက်စွက်ဖက်မှုတွေကို တားဆီးဖို့အတွက် အင်တာနက်ကွန်ရက်တွေကို ပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့ပြီး ပြင်းထန်တဲ့ကန့်သတ်ချက်တွေ ချမှတ်ခဲ့တယ်လို့လည်းသိရပါတယ်။
Zawgyi Version:
ဆႏၵျပပြဲေတြကို ၿဖိဳခြင္းမႈေၾကာင့္ အနည္းဆုံးလူ(၂ဝဝဝ)ဦးေလာက္ ေသဆုံးခဲ့တယ္လို႔ အီရန္သတင္းထုတ္ျပန္
Pika (NP News) - ဇန္နဝါရီ ၁၅
လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြအပါအဝင္ အနည္းဆုံးလူ(၂ဝဝဝ)ေလာက္ ေသဆုံးခဲ့တယ္လို႔ အီရန္အရာရွိေတြက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အီရန္မွာ သီတင္းပတ္(၂)ပတ္ၾကာေအာင္ ဆႏၵျပပြဲေတြျဖစ္ပြားခဲ့ၿပီးေနာက္ ၿဖိဳခြင္းမႈေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ ေသဆုံးသူဦးေရ ျမင့္တက္လာတာကို အီရန္အာဏာပိုင္ေတြက ပထမဆုံးအႀကိမ္ ဝန္ခံေျပာဆိုခဲ့တာလည္းျဖစ္ပါ တယ္။ ဒါ့ျပင္ ဆႏၵျပသူေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ေသဆုံးမႈရဲ႕ေနာက္ကြယ္မွာ အၾကမ္းဖက္သမားေတြ ရွိေန တယ္လို႔လည္း အီရန္အရာရွိေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေနထိုင္မႈစရိတ္အက်ပ္အတည္းေၾကာင့္ျဖစ္ေပၚလာတဲ့ဆႏၵျပပြဲေတြဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၈)ရက္တုန္းက အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕မွာ ဆိုင္ရွင္တစ္ဦးက သပိတ္ေမွာက္ဆႏၵျပရာကေန စတင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အီရန္အာဏာပိုင္ေတြက ျပည္ပဝင္ေရာက္စြက္ဖက္မႈေတြကို တားဆီးဖို႔အတြက္ အင္တာနက္ကြန္ရက္ေတြကို ပိတ္ဆို႔မႈေတြလုပ္ေဆာင္ခဲ့ၿပီး ျပင္းထန္တဲ့ကန႔္သတ္ခ်က္ေတြ ခ်မွတ္ခဲ့တယ္လို႔လည္းသိရပါတယ္။