အမေရိကန်အစား ဒိန်းမတ်ကိုပဲ ရွေးချယ်သွားမယ်လို့ ဂရင်းလန်းဝန်ကြီးချုပ်ပြော

127

Pika (NP News) - ဇန်နဝါရီ ၁၅
ဂရင်းလန်းကျွန်းက အမေရိကန်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်မယ့်အစား ဒိန်းမတ်နိုင်ငံရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်ရှိနေဖို့ကိုပဲ ရွေးချယ်သွားမယ်လို့ ဂရင်းလန်းဝန်ကြီးချုပ် Jens-Frederik Nielsen က ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။ ဂရင်းလန်းကျွန်းကို တစ်နည်းနည်းနဲ့ သိမ်းယူသွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောဆိုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ဂရင်းလန်းဝန်ကြီးချုပ် Jens-Frederik Nielsen က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
Jens-Frederik Nielsen “လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ ပထဝီဝင်နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေ ရပါတယ်။ အမေရိကန်နဲ့ဒိန်းမတ်ကြား ရွေးချယ်မှုတွေ လုပ်ဆောင်ခဲ့ရမယ်ဆိုရင် ဒိန်းမတ်ကိုပဲ ကျွန်တော်တို့ ရွေးချယ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဂရင်းလန်းကျွန်းက တစ်ယောက်ယောက်က ဝယ်ယူပြီး ပိုင်ဆိုင်ခွင့်ရှိတဲ့အရာမျိုးမဟုတ်ဘူးလို့လည်း Jens-Frederik Nielsen က ပြောကြားခဲ့ပါတယ်။ Jens-Frederik Nielsen က “ဂရင်းလန်းကျွန်းက အမေရိကန်ရဲ့ ပိုင်ဆိုင်မှုကို မလိုလားဘူးဆိုတာ လူတိုင်းသိထားဖို့ လိုအပ်ပါတယ်။ ဂရင်းလန်းကျွန်းက အမေရိကန်ရဲ့အစိတ် အပိုင်းတစ်ခုအဖြစ် မဖြစ်လိုပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္အစား ဒိန္းမတ္ကိုပဲ ေ႐ြးခ်ယ္သြားမယ္လို႔ ဂရင္းလန္းဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဇန္နဝါရီ ၁၅
ဂရင္းလန္းကြၽန္းက အေမရိကန္ရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္မယ့္အစား ဒိန္းမတ္ႏိုင္ငံရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ဆက္ရွိေနဖို႔ကိုပဲ ေ႐ြးခ်ယ္သြားမယ္လို႔ ဂရင္းလန္းဝန္ႀကီးခ်ဳပ္ Jens-Frederik Nielsen က ထုတ္ေဖာ္ေျပာဆိုခဲ့ပါ တယ္။ ဂရင္းလန္းကြၽန္းကို တစ္နည္းနည္းနဲ႔ သိမ္းယူသြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ ေျပာဆိုခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ ဂရင္းလန္းဝန္ႀကီးခ်ဳပ္ Jens-Frederik Nielsen က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Jens-Frederik Nielsen “လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔ဟာ ပထဝီဝင္ႏိုင္ငံေရးအက်ပ္အတည္းကို ရင္ဆိုင္ေန ရပါတယ္။ အေမရိကန္နဲ႔ဒိန္းမတ္ၾကား ေ႐ြးခ်ယ္မႈေတြ လုပ္ေဆာင္ခဲ့ရမယ္ဆိုရင္ ဒိန္းမတ္ကိုပဲ ကြၽန္ေတာ္တို႔ ေ႐ြးခ်ယ္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဂရင္းလန္းကြၽန္းက တစ္ေယာက္ေယာက္က ဝယ္ယူၿပီး ပိုင္ဆိုင္ခြင့္ရွိတဲ့အရာမ်ိဳးမဟုတ္ဘူးလို႔လည္း Jens-Frederik Nielsen က ေျပာၾကားခဲ့ပါတယ္။ Jens-Frederik Nielsen က “ဂရင္းလန္းကြၽန္းက အေမရိကန္ရဲ႕ ပိုင္ဆိုင္မႈကို မလိုလားဘူးဆိုတာ လူတိုင္းသိထားဖို႔ လိုအပ္ပါတယ္။ ဂရင္းလန္းကြၽန္းက အေမရိကန္ရဲ႕အစိတ္ အပိုင္းတစ္ခုအျဖစ္ မျဖစ္လိုပါဘူး” လို႔ ေျပာခဲ့ပါတယ္။