အီရန်က ဆန္ဒပြသူတွေကို ကြိုးပေးကွပ်မျက်ခဲ့မယ်ဆိုရင် ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

65

Pika (NP News) - ဇန်နဝါရီ ၁၅
အီရန်အာဏာပိုင်တွေက အစိုးရကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ ဆန္ဒပြသူတွေကို ကြိုးပေးကွပ်မျက် ခဲ့မယ်ဆိုရင် အမေရိကန်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “အီရန်ကသာ ကြိုးပေးကွပ်မျက်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက်က ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားမှာပါ။ အီရန်က ဘယ်လိုတွေဆက်လုပ်သွားမလဲဆိုတာ ကျွန်တော်တို့စောင့်ကြည့်သွားရမှာပါ” လို့ ပြောခဲ့ပါတယ်။
အီရန်က ကြိုးပေးကွပ်မျက်မှုတွေ လုပ်ဆောင်နိုင်ခြေရှိတာနဲ့ပတ်သက်ပြီး သတင်းထောက်ရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က ယခုလိုတုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “အီရန်နိုင်ငံအတွင်းမှာ သေဆုံးသူတွေမြင့်တက်လာတာကို ကျွန်တော်ကြားနေရပါတယ်။ ဒီနောက်ပိုင်းမှာ ကိန်းဂဏန်းတွေက တစ်ဖြည်းဖြည်းပိုများလာတာကို ကြားနေရပါတယ်” လို့ ပြောခဲ့ပါတယ်။
အီရန်က ဆန္ဒပြသူတွေကို ထပ်သတ်ပစ်ခဲ့မယ်ဆိုရင် အမေရိကန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုထပ်မံပြောဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
အီရန္က ဆႏၵျပသူေတြကို ႀကိဳးေပးကြပ္မ်က္ခဲ့မယ္ဆိုရင္ ျပင္းျပင္းထန္ထန္တုံ႔ျပန္သြားမယ္လို႔ ေဒၚနယ္ထရမ့္ ၿခိမ္းေျခာက္
Pika (NP News) - ဇန္နဝါရီ ၁၅
အီရန္အာဏာပိုင္ေတြက အစိုးရကိုဆန႔္က်င္တဲ့ဆႏၵျပပြဲေတြကို ၿဖိဳခြင္းရာမွာ ဆႏၵျပသူေတြကို ႀကိဳးေပးကြပ္မ်က္ ခဲ့မယ္ဆိုရင္ အေမရိကန္က ျပင္းျပင္းထန္ထန္ တုံ႔ျပန္မႈေတြလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “အီရန္ကသာ ႀကိဳးေပးကြပ္မ်က္မႈေတြလုပ္ေဆာင္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔ဘက္က ျပင္းထန္တဲ့အေရးယူေဆာင္႐ြက္မႈေတြကို လုပ္ေဆာင္သြားမွာပါ။ အီရန္က ဘယ္လိုေတြဆက္လုပ္သြားမလဲဆိုတာ ကြၽန္ေတာ္တို႔ေစာင့္ၾကည့္သြားရမွာပါ” လို႔ ေျပာခဲ့ပါတယ္။
အီရန္က ႀကိဳးေပးကြပ္မ်က္မႈေတြ လုပ္ေဆာင္ႏိုင္ေျခရွိတာနဲ႔ပတ္သက္ၿပီး သတင္းေထာက္ရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က ယခုလိုတုံ႔ျပန္ေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “အီရန္ႏိုင္ငံအတြင္းမွာ ေသဆုံးသူေတြျမင့္တက္လာတာကို ကြၽန္ေတာ္ၾကားေနရပါတယ္။ ဒီေနာက္ပိုင္းမွာ ကိန္းဂဏန္းေတြက တစ္ျဖည္းျဖည္းပိုမ်ားလာတာကို ၾကားေနရပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အီရန္က ဆႏၵျပသူေတြကို ထပ္သတ္ပစ္ခဲ့မယ္ဆိုရင္ အေမရိကန္က စစ္ေရးအရ ဝင္ေရာက္စြက္ဖက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုထပ္မံေျပာဆိုခဲ့တာျဖစ္ပါတယ္။