ရုရှား၏ ကုန်သွယ်ရေးမိတ်ဖက်များအပေါ် ကုန်သွယ်ခွန်(၅၀ဝ) ရာခိုင်နှုန်းကောက်ခံမည့်အစီအစဉ်ကို အမေရိကန်သမ္မတ ထောက်ခံ

41

ဂျန်ဇက် (NP News) - ဇန်နဝါရီလ ၁၅
ရုရှား၏ ကုန်သွယ်ရေးမိတ်ဖက်များအပေါ် ပိတ်ဆို့မှုချမှတ်ရန် စီစဉ်နေသည့်လွှတ်တော်၏ ဥပ ဒေမူကြမ်းကိုထောက်ခံကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။ အ မေရိကန် ရီပတ်ဘလီကန်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော လင်ဆေး ဂရာဟမ်က ဥပ ဒေမူကြမ်းထဲတွင် ရုရှားနိုင်ငံထံမှ ရေနံနှင့် ဓာတ်ငွေ့ ဝယ်ယူသောနိုင်ငံများကို အခွန် (၅၀ဝ) ရာခိုင်နှုန်း ကောက်ခံရန် စီစဉ်ထားကြောင်းပြောသည်။
အမေရိကန်သမ္မတက " ရုရှားရဲ့ကုန်သွယ် ရေးမိတ်ဖက်နိုင်ငံများအပေါ် ပိတ်ဆို့မှုချမှတ်မယ့် လွှတ်တော်ရဲ့ဥပဒေမူကြမ်းကို ထောက်ခံတယ်။ ကျွန် တော်တို့ဟာ ရုရှားနိုင်ငံအပေါ် ကြီးမားတဲ့ပိတ်ဆို့မှု ချမှတ်လိုက်တာမျိုးလည်းဖြစ်တယ်။ ရုရှားနိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆိုးရွားနေပေမယ့် ယူကရိန်း ထက်တော့ သာလွန်နေသေးတယ်"ဟုပြောသည်။
အမေရိကန်သမ္မတသည် ရုရှားနှင့် ယူက ရိန်း နိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်ရန် ကြားဝင်စေ့စပ်နေသော်လည်း အောင်မြင်မှုမရဘဲ ရှိ နေခြင်းအပေါ် စိတ်ဆိုးဒေသဖြစ်နေကြောင်း ပြော သည်။ အမေရိကန်သမ္မတသည် ပြီးခဲ့သည့်နိုဝင်ဘာ လတွင် ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်ရန်အတွက် အပစ်ခတ်ရပ်စဲရေး အ တွက် အဆိုပြုချက်များကမ်းလှမ်းခဲ့ပြီး အဆိုပြုချက် များထဲတွင် ယူကရိန်းနှင့် ဥရောပတိုက်ရှိ ယူကရိန်းကို အားပေးထာက်ခံသည့် နိုင်ငံများက ငြင်းဆန်ပယ်ချခဲ့ ကြောင်းသိရသည်။ အမေရိကန်သမ္မတ အဆိုပြုခဲ့ သည့်ငြိမ်းချမ်းရေးလမ်းပြမြေပုံသည် ရုရှားနိုင်ငံကို အခွင့်ရေး ပိုမိုပေးထားကြောင်း ယူကရိန်းနှင့် ဥရောပ ရှိ ယူကရိန်းကို အားပေးထောက်ခံသည့် နိုင်ငံများက ပြောသည်။
ရုရှားနှင့်ယူကရိန်းနိုင်ငံကြား စစ်ပွဲဖြစ်လာ ခဲ့ပြီးနောက်ပိုင်းအမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံ များသည် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအမျိုးမျိုးချမှတ် ခဲ့ရာ ရုရှားသည် ရေနံနှင့်ဓာတ်ငွေ့ကိုအဓိက အား ထားခဲ့ရကြောင်းသိရသည်။ ရုရှားနိုင်ငံမှ ထွက်ရှိနေ သည့်ရေနံနှင့်ဓာတ်ငွေ့များကို တရုတ်နှင့် အိန္ဒိယ အပါအဝင် ရုရှား၏မိတ်ဖက်နိုင်ငံများက အဓိကထား ဝယ်ယူနေကြောင်းသိရသည်။

Zawgyi Version:
႐ုရွား၏ ကုန္သြယ္ေရးမိတ္ဖက္မ်ားအေပၚ ကုန္သြယ္ခြန္(၅၀ဝ) ရာခိုင္ႏႈန္းေကာက္ခံမည့္အစီအစဥ္ကို အေမရိကန္သမၼတ ေထာက္ခံ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီလ ၁၅
႐ုရွား၏ ကုန္သြယ္ေရးမိတ္ဖက္မ်ားအေပၚ ပိတ္ဆို႔မႈခ်မွတ္ရန္ စီစဥ္ေနသည့္လႊတ္ေတာ္၏ ဥပ ေဒမူၾကမ္းကိုေထာက္ခံေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အ ေမရိကန္ ရီပတ္ဘလီကန္ပါတီ၏ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္ေသာ လင္ေဆး ဂရာဟမ္က ဥပ ေဒမူၾကမ္းထဲတြင္ ႐ုရွားႏိုင္ငံထံမွ ေရနံႏွင့္ ဓာတ္ေငြ႕ ဝယ္ယူေသာႏိုင္ငံမ်ားကို အခြန္ (၅၀ဝ) ရာခိုင္ႏႈန္း ေကာက္ခံရန္ စီစဥ္ထားေၾကာင္းေျပာသည္။
အေမရိကန္သမၼတက " ႐ုရွားရဲ႕ကုန္သြယ္ ေရးမိတ္ဖက္ႏိုင္ငံမ်ားအေပၚ ပိတ္ဆို႔မႈခ်မွတ္မယ့္ လႊတ္ေတာ္ရဲ႕ဥပေဒမူၾကမ္းကို ေထာက္ခံတယ္။ ကြၽန္ ေတာ္တို႔ဟာ ႐ုရွားႏိုင္ငံအေပၚ ႀကီးမားတဲ့ပိတ္ဆို႔မႈ ခ်မွတ္လိုက္တာမ်ိဳးလည္းျဖစ္တယ္။ ႐ုရွားႏိုင္ငံရဲ႕ စီးပြားေရးဟာ လက္ရွိမွာ ဆိုး႐ြားေနေပမယ့္ ယူကရိန္း ထက္ေတာ့ သာလြန္ေနေသးတယ္"ဟုေျပာသည္။
အေမရိကန္သမၼတသည္ ႐ုရွားႏွင့္ ယူက ရိန္း ႏိုင္ငံၾကားျဖစ္ပြားေနသည့္ စစ္ပြဲအဆုံးသတ္ရန္ ၾကားဝင္ေစ့စပ္ေနေသာ္လည္း ေအာင္ျမင္မႈမရဘဲ ရွိ ေနျခင္းအေပၚ စိတ္ဆိုးေဒသျဖစ္ေနေၾကာင္း ေျပာ သည္။ အေမရိကန္သမၼတသည္ ၿပီးခဲ့သည့္ႏိုဝင္ဘာ လတြင္ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနသည့္ စစ္ပြဲအဆုံးသတ္ရန္အတြက္ အပစ္ခတ္ရပ္စဲေရး အ တြက္ အဆိုျပဳခ်က္မ်ားကမ္းလွမ္းခဲ့ၿပီး အဆိုျပဳခ်က္ မ်ားထဲတြင္ ယူကရိန္းႏွင့္ ဥေရာပတိုက္ရွိ ယူကရိန္းကို အားေပးထာက္ခံသည့္ ႏိုင္ငံမ်ားက ျငင္းဆန္ပယ္ခ်ခဲ့ ေၾကာင္းသိရသည္။ အေမရိကန္သမၼတ အဆိုျပဳခဲ့ သည့္ၿငိမ္းခ်မ္းေရးလမ္းျပေျမပုံသည္ ႐ုရွားႏိုင္ငံကို အခြင့္ေရး ပိုမိုေပးထားေၾကာင္း ယူကရိန္းႏွင့္ ဥေရာပ ရွိ ယူကရိန္းကို အားေပးေထာက္ခံသည့္ ႏိုင္ငံမ်ားက ေျပာသည္။
႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကား စစ္ပြဲျဖစ္လာ ခဲ့ၿပီးေနာက္ပိုင္းအေမရိကန္ႏွင့္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ မ်ားသည္ ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔မႈအမ်ိဳးမ်ိဳးခ်မွတ္ ခဲ့ရာ ႐ုရွားသည္ ေရနံႏွင့္ဓာတ္ေငြ႕ကိုအဓိက အား ထားခဲ့ရေၾကာင္းသိရသည္။ ႐ုရွားႏိုင္ငံမွ ထြက္ရွိေန သည့္ေရနံႏွင့္ဓာတ္ေငြ႕မ်ားကို တ႐ုတ္ႏွင့္ အိႏၵိယ အပါအဝင္ ႐ုရွား၏မိတ္ဖက္ႏိုင္ငံမ်ားက အဓိကထား ဝယ္ယူေနေၾကာင္းသိရသည္။