ဆန်အိတ်များ အိမ်အရောက်ပို့ဆောင်ရာတွင် ဇန်နဝါရီလအတွက် ရွှေဘိုပေါ်ဆန်းနှင့် ဧည့်မထ ဈေးအနည်းငယ်တက်

134

စော(NP News)- ဇန်ဝါရီ ၁၅
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်း၍ ဆန် ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် အိမ်အရောက်ပို့စနစ်ဖြင့် တင်ပို့ရောင်းချလျက်ရှိပြီး ဇန်နဝါရီလအတွက် ရွှေဘိုပေါ်ဆန်းနှင့် ဧည့်မထ ဆန်အိတ်များ ဈေးအနည်းငယ်တက်လာကြောင်း သိရသည်။
ထိုသို့ရောင်းချရန်အတွက် နိုဝင်ဘာလ (၂၆)ရက်က စတင်အော်ဒါကောက်ယူခဲ့ရာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည် ဆန်ဟောင်းတစ်အိတ်လျှင် (၁၈၀ဝဝဝ) ကျပ်နှင့် ကျပ်နှင့် ဧည့်မထ (၁၅)မှတ်(၂၄)ပြည်တစ်အိတ်လျှင် (၅၀ဝဝဝ)ကျပ်တို့ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သို့သော် ဇန်ဝါရီလအတွက် ရွှေဘိုပေါ်ဆန်း (၂၄)ပြည် ဆန်ဟောင်းတစ်အိတ်လျှင် (၁၈၂ဝဝဝ) ကျပ်ဖြစ်ပြီး ရွှေဘိုပေါ်ဆန်း (၂၄)ပြည် ဆန်သစ်တစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်နှင့် ဧရာဝတီ ပေါ် ဆန်း(ကြားပျံ) (၂၄)ပြည် ဆန်သစ်တစ်အိတ်လျှင် (၁၃၀ဝဝဝ)ကျပ်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ဧရာဝတီပေါ်ဆန်း(နယ်စုံ) (၂၄)ပြည် ဆန်သစ်တစ်အိတ်လျှင် (၁၁၂၀ဝဝ)ကျပ်၊ ရက် (၉၀) (၂၄)ပြည် တစ်အိတ်လျှင် (၇၅၀ဝဝ)ကျပ်နှင့် ဧည့်မထ (၁၅)မှတ်(၂၄)ပြည်တစ်အိတ်လျှင် (၅၂ဝဝဝ)ကျပ်တို့ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
ဆန်များဝယ်ယူရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဖုန်းနံပါတ်များဖြစ်သော ဝ၉-၄၀ဝ၀၆၇၂၄၀၊ ဝ၉-၄၀ဝ၀၆၇၂၅၀၊ ဝ၉-၄၀ဝ၀၆၇၂၆၀ သို့ ရုံးချိန်အတွင်းဆက်သွယ်နိုင်ပြီး မှာယူလိုသည့် ဆန်အမျိုးအစား၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို SMS or Viber Message ပေးပို့ရ မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပေးပို့ပြီးနောက် ဝယ်ယူသူထံသို့ အဆိုပါဖုန်းနံပါတ်များမှ ချက်ချင်းပြန်လည်ဆက်သွယ် မည်ဖြစ်၍ ယင်းဖုန်းနံပါတ်မှပြောသည့် KBZ pay နံပါတ်ကိုသာ ငွေကြိုပေးသွင်းရမည်ဖြစ်ပြီး ငွေသွင်း ပြီးစီးကြောင်းကို Viber သို့ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ငွေပေးသွင်းသည့်နေ့မှစ၍ ရုံး ဖွင့်ရက် (၃)ရက်အတွင်း ပေးပို့ထားသည့်လိပ်စာများ အတိုင်း ဆန်များကို Delivery အခမဲ့ဖြင့် ပို့ဆောင် ပေးမည်ဖြစ်သော်လည်း အထပ်မြင့်သို့ပို့ဆောင်ရပါက ထိုက်သင့်သည့်ဝန်ဆောင်ခ ထပ်မံပေးရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်တိုင်ရာရောက်စနစ်အပြင် ကားဖြင့် ရပ်ကွက်များသို့လှည့်လည်၍ အိတ်အသေး (10 Kg, 5 Kg)များ လိုက်လံရောင်းချပေးမှုများ လည်းရှိနေကြောင်းသိရသည်။

Zawgyi Version:
ဆန္အိတ္မ်ား အိမ္အေရာက္ပို႔ေဆာင္ရာတြင္ ဇန္နဝါရီလအတြက္ ေ႐ႊဘိုေပၚဆန္းႏွင့္ ဧည့္မထ ေဈးအနည္းငယ္တက္
ေစာ(NP News)- ဇန္ဝါရီ ၁၅
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ႏွင့္ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းတို႔ ပူးေပါင္း၍ ဆန္ ေဈးႏႈန္းမ်ား တည္ၿငိမ္မွန္ကန္ေစေရးအတြက္ အိမ္အေရာက္ပို႔စနစ္ျဖင့္ တင္ပို႔ေရာင္းခ်လ်က္ရွိၿပီး ဇန္နဝါရီလအတြက္ ေ႐ႊဘိုေပၚဆန္းႏွင့္ ဧည့္မထ ဆန္အိတ္မ်ား ေဈးအနည္းငယ္တက္လာေၾကာင္း သိရသည္။
ထိုသို႔ေရာင္းခ်ရန္အတြက္ ႏိုဝင္ဘာလ (၂၆)ရက္က စတင္ေအာ္ဒါေကာက္ယူခဲ့ရာ ေ႐ႊဘိုေပၚဆန္း (၂၄)ျပည္ ဆန္ေဟာင္းတစ္အိတ္လွ်င္ (၁၈၀ဝဝဝ) က်ပ္ႏွင့္ က်ပ္ႏွင့္ ဧည့္မထ (၁၅)မွတ္(၂၄)ျပည္တစ္အိတ္လွ်င္ (၅၀ဝဝဝ)က်ပ္တို႔ျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ ဇန္ဝါရီလအတြက္ ေ႐ႊဘိုေပၚဆန္း (၂၄)ျပည္ ဆန္ေဟာင္းတစ္အိတ္လွ်င္ (၁၈၂ဝဝဝ) က်ပ္ျဖစ္ၿပီး ေ႐ႊဘိုေပၚဆန္း (၂၄)ျပည္ ဆန္သစ္တစ္အိတ္လွ်င္ (၁၅၅၀၀၀)က်ပ္ႏွင့္ ဧရာဝတီ ေပၚ ဆန္း(ၾကားပ်ံ) (၂၄)ျပည္ ဆန္သစ္တစ္အိတ္လွ်င္ (၁၃၀ဝဝဝ)က်ပ္ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ ဧရာဝတီေပၚဆန္း(နယ္စုံ) (၂၄)ျပည္ ဆန္သစ္တစ္အိတ္လွ်င္ (၁၁၂၀ဝဝ)က်ပ္၊ ရက္ (၉၀) (၂၄)ျပည္ တစ္အိတ္လွ်င္ (၇၅၀ဝဝ)က်ပ္ႏွင့္ ဧည့္မထ (၁၅)မွတ္(၂၄)ျပည္တစ္အိတ္လွ်င္ (၅၂ဝဝဝ)က်ပ္တို႔ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္းသိရသည္။
ဆန္မ်ားဝယ္ယူရန္အတြက္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ ဝ၉-၄၀ဝ၀၆၇၂၄၀၊ ဝ၉-၄၀ဝ၀၆၇၂၅၀၊ ဝ၉-၄၀ဝ၀၆၇၂၆၀ သို႔ ႐ုံးခ်ိန္အတြင္းဆက္သြယ္ႏိုင္ၿပီး မွာယူလိုသည့္ ဆန္အမ်ိဳးအစား၊ ေနရပ္လိပ္စာ၊ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္တို႔ကို SMS or Viber Message ေပးပို႔ရ မည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေပးပို႔ၿပီးေနာက္ ဝယ္ယူသူထံသို႔ အဆိုပါဖုန္းနံပါတ္မ်ားမွ ခ်က္ခ်င္းျပန္လည္ဆက္သြယ္ မည္ျဖစ္၍ ယင္းဖုန္းနံပါတ္မွေျပာသည့္ KBZ pay နံပါတ္ကိုသာ ေငြႀကိဳေပးသြင္းရမည္ျဖစ္ၿပီး ေငြသြင္း ၿပီးစီးေၾကာင္းကို Viber သို႔ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ေငြေပးသြင္းသည့္ေန႔မွစ၍ ႐ုံး ဖြင့္ရက္ (၃)ရက္အတြင္း ေပးပို႔ထားသည့္လိပ္စာမ်ား အတိုင္း ဆန္မ်ားကို Delivery အခမဲ့ျဖင့္ ပို႔ေဆာင္ ေပးမည္ျဖစ္ေသာ္လည္း အထပ္ျမင့္သို႔ပို႔ေဆာင္ရပါက ထိုက္သင့္သည့္ဝန္ေဆာင္ခ ထပ္မံေပးရမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အိမ္တိုင္ရာေရာက္စနစ္အျပင္ ကားျဖင့္ ရပ္ကြက္မ်ားသို႔လွည့္လည္၍ အိတ္အေသး (10 Kg, 5 Kg)မ်ား လိုက္လံေရာင္းခ်ေပးမႈမ်ား လည္းရွိေနေၾကာင္းသိရသည္။