မြသလွန်စတီတော်မြတ်ကြီးသို့လာရောက်သည့် ဘုရာဖူးများ နားနေနိုင်ရန် တည်ဆောက်လျက်ရှိသည့် ဗုဒ္ဓဇယန္တီဗိမာန်တော်ကြီး (၈၅)ရာခိုင်နှုန်းခန့်ပြီးစီး

 456

ထိုက်စံ (NP News) - ဇန်နဝါရီ ၁၅

မကွေးမြို့၊ မြသလွန်စတီတော်မြတ်ကြီးသို့လာရောက်သည့် ဘုရာဖူးများ နားနေနိုင်ရန် တည်ဆောက်လျက်ရှိသည့် ဗုဒ္ဓဇယန္တီဗိမာန်တော်ကြီး (၈၅)ရာခိုင်နှုန်းခန့်ပြီးစီးဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓဇယန္တီဗိမာန်တော်ကြီး အား ပြည်သူများလှူသည့် အလှူငွေ သိန်း(၂၄၀၀၀)ကျော်ဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ဩဝါဒဆရာတော်ကြီးများ၏ လမ်းညွှန်မှုနှင့်အညီ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
“ဘုရားဖူးပြည်သူလူထု နားနေနိုင်ရန် အတွက် နှစ်ထပ်အဆောက်အဉီးဖြစ်ပါတယ် ခင်ဗျာ။ (၈၅)ရာခိုင်နှုန်းလောက်ပြီးစီးပါပြီ ခင်ဗျ။ ဒီထဲမှာ ထီးတော်ပါမယ်။ ဘုရားသုံးဆူပါမယ်။ နောက်ပြီးတော့ ဓါတ်တော်ထည့်ဖို့ ပါမယ်ပေါ့နော်။ ဟိုးအောက်ဆုံးအထပ်ကတော့ ဒီသာသနိက အဆောက်အဦးဖြစ်တဲ့အတွက် ရိုးရိုးလူနေဖို့ဘဲ ရှိတာပေါ့နော်။ ဒါကတော့ ထီးတော်ထားဖို့ အခန်းရယ်။ ဘုရားသုံးဆူစံမြန်းဖို့ကို ဘုရားခန်းရယ်ပေါ့။ ဒါကတော့ ဓါတ်တော်ခန်းရယ်ဆိုပြီး အခန်း (၃)ခန်း စီမံပြီးထည့်ထားတာပေါ့နော်။ ဘုရားဖူးတွေ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်အောင်လို့ အောက်ထက်မှာလည်း ဒီ ဂရိုက်နက်ကျောက်ပြားတွေခင်းပြီး ဒီ စတီးလက်ရန်းတွေနဲ့ Toilet တွေက အစ အကုန်လုံးလေလုံမိုးလုံ ဖူးမြော်နိုင်အောင်လို့ နှစ်ထပ်ပေါ့နော်။ အဲဒီလိုမျိုးစီစဉ်ထားပါတယ်။ လေးလေးတို့ဘုရားကိုလာရောက် ဖူးမြော်ဖို့ဖိတ်ခေါ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်တွင် မြသလွန်စေတီတော်မြတ်အတွင်း တန်ဆောင်းတော်များနှင့် ဗိမာန် တော်နှစ်ခုအား တည်ဆောက်ထားပြီး ယခုတွင် အခန်း (၃)ခန်းပါရှိသည့် အလျား (၉၆)ပေ ၊ အနံ ပေ(၃၀) ရှိသည့် ဗုဒ္ဓဇယန္တီ ဗိမာန်တော်ကြီးအား ထပ်မံတည်ဆောက်နေသည့် အတွက် ဘုရားဖူးပြည်သူများ နေရာပိုမိုကျယ်ဝန်းစွာ နှင့် အဆင်ပြေစွာ နားခိုနိုင်ကြောင်းသိရသည်။

Zawgyi Version:
ျမသလြန္စတီေတာ္ျမတ္ႀကီးသို႔လာေရာက္သည့္ ဘုရာဖူးမ်ား နားေနႏိုင္ရန္ တည္ေဆာက္လ်က္ရွိသည့္ ဗုဒၶဇယႏၲီဗိမာန္ေတာ္ႀကီး (၈၅)ရာခိုင္ႏႈန္းခန႔္ၿပီးစီး
ထိုက္စံ (NP News) - ဇန္နဝါရီ ၁၅
မေကြးၿမိဳ႕၊ ျမသလြန္စတီေတာ္ျမတ္ႀကီးသို႔လာေရာက္သည့္ ဘုရာဖူးမ်ား နားေနႏိုင္ရန္ တည္ေဆာက္လ်က္ရွိသည့္ ဗုဒၶဇယႏၲီဗိမာန္ေတာ္ႀကီး (၈၅)ရာခိုင္ႏႈန္းခန႔္ၿပီးစီးျဖစ္ေၾကာင္း သိရသည္။
ဗုဒၶဇယႏၲီဗိမာန္ေတာ္ႀကီး အား ျပည္သူမ်ားလႉသည့္ အလႉေငြ သိန္း(၂၄၀၀၀)ေက်ာ္ျဖင့္ မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ ႏွင့္ ဩဝါဒဆရာေတာ္ႀကီးမ်ား၏ လမ္းၫႊန္မႈႏွင့္အညီ တည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။
“ဘုရားဖူးျပည္သူလူထု နားေနႏိုင္ရန္ အတြက္ ႏွစ္ထပ္အေဆာက္အဉီးျဖစ္ပါတယ္ ခင္ဗ်ာ။ (၈၅)ရာခိုင္ႏႈန္းေလာက္ၿပီးစီးပါၿပီ ခင္ဗ်။ ဒီထဲမွာ ထီးေတာ္ပါမယ္။ ဘုရားသုံးဆူပါမယ္။ ေနာက္ၿပီးေတာ့ ဓါတ္ေတာ္ထည့္ဖို႔ ပါမယ္ေပါ့ေနာ္။ ဟိုးေအာက္ဆုံးအထပ္ကေတာ့ ဒီသာသနိက အေဆာက္အဦးျဖစ္တဲ့အတြက္ ႐ိုး႐ိုးလူေနဖို႔ဘဲ ရွိတာေပါ့ေနာ္။ ဒါကေတာ့ ထီးေတာ္ထားဖို႔ အခန္းရယ္။ ဘုရားသုံးဆူစံျမန္းဖို႔ကို ဘုရားခန္းရယ္ေပါ့။ ဒါကေတာ့ ဓါတ္ေတာ္ခန္းရယ္ဆိုၿပီး အခန္း (၃)ခန္း စီမံၿပီးထည့္ထားတာေပါ့ေနာ္။ ဘုရားဖူးေတြ စိတ္ေအးခ်မ္းသာစြာ ဖူးေျမာ္ႏိုင္ေအာင္လို႔ ေအာက္ထက္မွာလည္း ဒီ ဂ႐ိုက္နက္ေက်ာက္ျပားေတြခင္းၿပီး ဒီ စတီးလက္ရန္းေတြနဲ႔ Toilet ေတြက အစ အကုန္လုံးေလလုံမိုးလုံ ဖူးေျမာ္ႏိုင္ေအာင္လို႔ ႏွစ္ထပ္ေပါ့ေနာ္။ အဲဒီလိုမ်ိဳးစီစဥ္ထားပါတယ္။ ေလးေလးတို႔ဘုရားကိုလာေရာက္ ဖူးေျမာ္ဖို႔ဖိတ္ေခၚပါတယ္” ဟု တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ယခင္တြင္ ျမသလြန္ေစတီေတာ္ျမတ္အတြင္း တန္ေဆာင္းေတာ္မ်ားႏွင့္ ဗိမာန္ ေတာ္ႏွစ္ခုအား တည္ေဆာက္ထားၿပီး ယခုတြင္ အခန္း (၃)ခန္းပါရွိသည့္ အလ်ား (၉၆)ေပ ၊ အနံ ေပ(၃၀) ရွိသည့္ ဗုဒၶဇယႏၲီ ဗိမာန္ေတာ္ႀကီးအား ထပ္မံတည္ေဆာက္ေနသည့္ အတြက္ ဘုရားဖူးျပည္သူမ်ား ေနရာပိုမိုက်ယ္ဝန္းစြာ ႏွင့္ အဆင္ေျပစြာ နားခိုႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.