သီပေါမြို့နယ်၊ နမ့်လန်ဒေသ နှင့် မိုင်းရယ်မြို့အနီး မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ

 190

မိုးနတ် (NP News) - ဇန်နဝါရီ ၁၅

သီပေါမြို့နယ်၊ နမ့်လန်ဒေသ နှင့် မိုင်းရယ်မြို့အနီး မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင် ရောင်းဝယ်မှုတားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက်စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်၊ ၁ဝ ရက် နှင့် ၁၁ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ် နှင့် မိုင်းရယ်မြို့နယ်များအတွင်း အွန်လိုင်းလိမ် လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တွင် ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၃ ခုသည် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

လုံခြုံရေးပူးပေါင်းအဖွဲ့များက အဆိုပါ သိမ်းဆည်းရမိမှုများနှင့်ဆက်စပ်၍ လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းနှင့် နယ်မြေ ရှင်းလင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၏ အနောက်မြောက်ဘက် ၃၄ ကီလိုမီတာခန့်အကွာ၊ နားလင်းကျေးရွာ၏ အရှေ့မြောက် ဘက် ၁၄ ကီလိုမီတာခန့်အကွာ ယခင်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးအဓိက ထုတ်လုပ်သည့်နေရာ၏မြောက်ဘက် ၂ ဒသမ ၅ ကီလိုမီတာခန့်အကွာ၌ မသင်္ကာဖွယ်ရာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်အဆောက်အအုံများ သွားရောက်ရှင်းလင်းခဲ့ရာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုရသည့် ဆက်စပ်ပစ္စည်းများဖြစ်သော အမျိုးအစားစိစစ်ဆဲ အက်ဆစ်များထည့်ထားသည့် ပုံးပြာ ၃၅၀၀ လုံး နှင့်သံပေပါ ၅၀၇ လုံး၊ ဂတ်စ်အိုး ၂၄၃ လုံး၊ မီးစက် ၂ လုံး၊ ဆေးပြားရိုက်စက် ၉ လုံး၊ မသင်္ကာဖွယ်ရာ Happy Water ထုတ်လုပ်သည် ဟုယူဆရသော စက်ရုံဂိုထောင် ၁ လုံး၊ ဆေးပြားအခြောက်ခံဗန်း ၅၀ ခု၊ လူနေတဲ ၁၂ လုံး၊ အက်စစ်ပုံးထားသည့် ဂိုဒေါင် ၇ လုံး၊ ဖန်ပေါင်းချောင်များဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် တဲ ၁ လုံး၊ ပစ္စည်းထည့် ဂိုထောင် ၃ လုံး၊ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ကုန်ကြမ်းများထားရှိသည့် ဂိုဒေါင် ၂ လုံး နှင့် ရိက္ခာ ဂိုထောင် ၂ လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများကို ပညာရှင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဒေသတစ်ဝိုက်လည်း မသင်္ကာဖွယ် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများရှိနိုင်သေးသဖြင့် နယ်မြေဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိသည့်အပြင် ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ် ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သတင်းများရရှိပါကလည်း တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန်လိုအပ်ကြောင်းနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးဖြစ်စဉ်များ တွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သီေပါၿမိဳ႕နယ္၊ နမ့္လန္ေဒသ ႏွင့္ မိုင္းရယ္ၿမိဳ႕အနီး မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ပစၥည္းမ်ား ထပ္မံသိမ္းဆည္းရမိ
မိုးနတ္ (NP News) - ဇန္နဝါရီ ၁၅

သီေပါၿမိဳ႕နယ္၊ နမ့္လန္ေဒသ ႏွင့္ မိုင္းရယ္ၿမိဳ႕အနီး မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ပစၥည္းမ်ား ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းစဥ္မ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ခံယူ၍ ႏိုင္ငံတစ္ဝန္းမူးယစ္ေဆးဝါးထုတ္လုပ္မႈႏွင့္ တရားမဝင္ ေရာင္းဝယ္မႈတားဆီးကာကြယ္ႏွိမ္နင္းေရးလုပ္ငန္းမ်ားကို အင္တိုက္အားတိုက္စဥ္ဆက္ မျပတ္ေဆာင္႐ြက္လ်က္ရွိရာ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီ ၉ ရက္၊ ၁ဝ ရက္ ႏွင့္ ၁၁ ရက္တို႔တြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္ ႏွင့္ မိုင္းရယ္ၿမိဳ႕နယ္မ်ားအတြင္း အြန္လိုင္းလိမ္ လည္ေလာင္းကစားမႈျပဳလုပ္ရာတြင္ အသုံးျပဳသည့္ပစၥည္းမ်ားႏွင့္ မူးယစ္ေဆးဝါးခ်က္ လုပ္ရာတြင္ အသုံးျပဳသည့္ ပစၥည္းကိရိယာမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္းႏွင့္ ဇန္နဝါရီ ၁၀ ရက္ႏွင့္ ၁၁ ရက္တြင္ ေဖာ္ထုတ္သိမ္းဆည္းရမိခဲ့သည့္ မူးယစ္ေဆးဝါးခ်က္လုပ္သည့္ ေနရာ ၃ ခုသည္ မူးယစ္ေဆးဝါးထုတ္လုပ္သည့္ ပင္ရင္းေနရာမ်ားျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။

လုံၿခဳံေရးပူးေပါင္းအဖြဲ႕မ်ားက အဆိုပါ သိမ္းဆည္းရမိမႈမ်ားႏွင့္ဆက္စပ္၍ ေလေၾကာင္းကင္းေထာက္ျခင္းႏွင့္ ေျမျပင္သတင္းစုံစမ္းေဖာ္ထုတ္ျခင္းႏွင့္ နယ္ေျမ ရွင္းလင္းျခင္းတို႔ကို ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီ ၁၅ ရက္ ယေန႔ မြန္းလြဲ ၂ နာရီ ၃၀ မိနစ္ခန႔္တြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုင္းရယ္ၿမိဳ႕၏ အေနာက္ေျမာက္ဘက္ ၃၄ ကီလိုမီတာခန႔္အကြာ၊ နားလင္းေက်း႐ြာ၏ အေရွ႕ေျမာက္ ဘက္ ၁၄ ကီလိုမီတာခန႔္အကြာ ယခင္သိမ္းဆည္းရမိခဲ့သည့္ မူးယစ္ေဆးဝါးအဓိက ထုတ္လုပ္သည့္ေနရာ၏ေျမာက္ဘက္ ၂ ဒသမ ၅ ကီလိုမီတာခန႔္အကြာ၌ မသကၤာဖြယ္ရာ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္အေဆာက္အအုံမ်ား သြားေရာက္ရွင္းလင္းခဲ့ရာ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳရသည့္ ဆက္စပ္ပစၥည္းမ်ားျဖစ္ေသာ အမ်ိဳးအစားစိစစ္ဆဲ အက္ဆစ္မ်ားထည့္ထားသည့္ ပုံးျပာ ၃၅၀၀ လုံး ႏွင့္သံေပပါ ၅၀၇ လုံး၊ ဂတ္စ္အိုး ၂၄၃ လုံး၊ မီးစက္ ၂ လုံး၊ ေဆးျပား႐ိုက္စက္ ၉ လုံး၊ မသကၤာဖြယ္ရာ Happy Water ထုတ္လုပ္သည္ ဟုယူဆရေသာ စက္႐ုံဂိုေထာင္ ၁ လုံး၊ ေဆးျပားအေျခာက္ခံဗန္း ၅၀ ခု၊ လူေနတဲ ၁၂ လုံး၊ အက္စစ္ပုံးထားသည့္ ဂိုေဒါင္ ၇ လုံး၊ ဖန္ေပါင္းေခ်ာင္မ်ားျဖင့္ မူးယစ္ေဆးဝါးထုတ္လုပ္သည့္ တဲ ၁ လုံး၊ ပစၥည္းထည့္ ဂိုေထာင္ ၃ လုံး၊ မူးယစ္ေဆးဝါး ထုတ္လုပ္သည့္ ကုန္ၾကမ္းမ်ားထားရွိသည့္ ဂိုေဒါင္ ၂ လုံး ႏွင့္ ရိကၡာ ဂိုေထာင္ ၂ လုံးတို႔ကို ထပ္မံေတြ႕ရွိ သိမ္းဆည္းရမိခဲ့သည္။

အဆိုပါ သိမ္းဆည္းရမိ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္အသုံးျပဳသည့္ ပစၥည္းမ်ားကို ပညာရွင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕ျဖင့္ အေသးစိတ္ဆက္လက္စစ္ေဆး၍ သက္ဆိုင္ရာဌာနမ်ားသို႔ လႊဲေျပာင္းအပ္ႏွံျခင္း၊ စနစ္တက်မီးရႈိ႕ေဖာက္ခြဲဖ်က္ဆီးျခင္းမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး အဆိုပါေဒသတစ္ဝိုက္လည္း မသကၤာဖြယ္ မူးယစ္ေဆးဝါးခ်က္လုပ္သည့္ ေနရာမ်ားရွိႏိုင္ေသးသျဖင့္ နယ္ေျမေဖာ္ထုတ္ရွင္းလင္းျခင္းမ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ႏိုင္ငံေတာ္၏ဂုဏ္သိကၡာကို ထိခိုက္က်ဆင္းေစၿပီး လူသားမ်ိဳးႏြယ္တစ္ခုလုံးကို လူၫြန႔္တုံးပ်က္စီးေစသည့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးႏွင့္ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို ျပည္သူလူထုႏွင့္ ပူးေပါင္း၍ စဥ္ဆက္မျပတ္ေဆာင္ ႐ြက္လ်က္ရွိသည့္အျပင္ ကုလသမဂၢ အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံမ်ား၊ မဲေခါင္ေဒသတြင္းႏိုင္ငံမ်ား၊ ဘင္းမ္စတက္အဖြဲ႕ဝင္ႏိုင္ငံမ်ား၊ ႏိုင္ငံတကာမူးယစ္ ေဆးဝါးထိန္းခ်ဳပ္ေရးဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္လည္း ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မူးယစ္ေဆးဝါးႏွင့္ပတ္သက္သည့္ သတင္းမ်ားရရွိပါကလည္း တာဝန္ရွိသူမ်ားထံ အခ်ိန္မီသတင္းေပးပို႔ၾကရန္လိုအပ္ေၾကာင္းႏွင့္ ဖမ္းဆီးရမိမူးယစ္ေဆးဝါးျဖစ္စဥ္မ်ား တြင္ အဓိကပါဝင္ပတ္သက္လ်က္ရွိသည့္ မည္သည့္အဖြဲ႕အစည္းကိုမဆို ထိေရာက္ ျပင္းထန္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.