ခြိမ်းခြောက်ပြီးနောက် ကိုလံဘီယာသမ္မတအား ဒေါ်နယ်ထရမ့်က အလည်အပတ် ဖိတ်ကြား

84

Pika (NP News) - ဇန်နဝါရီလ ၁၆
ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုကို အမေရိကန်သို့ လာရောက်လည်ပတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖိတ်ကြားခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်က ဂူစတာဗိုပက်ထရိုကို မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းသူအဖြစ် စွပ်စွဲပြောဆိုခဲ့ပြီး စစ်ရေးအရ အရေးယူဆောင်ရွက်မှုများလုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ တွင် ယခုကဲ့သို့ဖိတ်ကြားမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဂူစတာ ဗိုပက်ထရိုကို အနေအစားဆင်ခြင်ရန် ဒေါ်နယ်ထရမ့်က သတိပေးခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့် နှင့် ဂူစတာဗို ပက်ထရိုတို့ကြားတွင် ဖုန်းခေါ်ဆိုမှု တစ်ခုကိုလုပ်ဆောင်ခဲ့ပြီးနောက် လာမည့်အနာဂတ်တွင် ဂူစတာဗို ပက်ထရိုနှင့် တွေ့ဆုံရန် စီစဉ်နေသည်ဟု ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် မူးယစ်ဆေးဝါးဆိုင် ရာ သဘောထားအမြင်ကွဲလွဲမှုများနှင့်ပတ်သက် သည့်အခြေအနေများကိုရှင်းပြရန် ဂူစတာဗိုပက်ထရို က ၎င်းကို ဖုန်းခေါ်ဆိုခဲ့သည်ဟု ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်က "ဂူစတာ ဗိုပက်ထရိုရဲ့ဖုန်းခေါ်ဆိုမှုနဲ့သဘောထားတွေကို ကျွန်တော်အသိအမှတ်ပြုပါတယ်။ လာမယ့်အနာ ဂတ်မှာ ဂူစတာဗိုပက်ထရိုနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံ နိုင်ဖို့မျှော်လင့်ပါတယ်" ဟု ပြောခဲ့သည်။
ဒေါ်နယ်ထရမ့်၏ခြိမ်းခြောက်မှုများ ထွက်ပေါ်လာခဲ့ ပြီးနောက် အမေရိကန်က တိုက်ခိုက်မှုများလုပ်ဆောင် ခဲ့မည်ဆိုပါက ကိုလံဘီယာကလည်း လက်နက်ကိုင်စွဲ ကာ တော်လှန်တိုက်ခိုက်သွားမည်ဟု ဂူစတာဗိုပက် ထရိုက ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။
ဂူစတာဗိုပက်ထရိုက "ကျွန်တော်က စစ်သားတစ်ယောက်မဟုတ်ပေမယ့် စစ်ပွဲအကြောင်းနဲ့ လျှို့ဝှက်ချက်တွေကို တော့ သိပါတယ်။ (၁၉၈၉) ခုနှစ် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုချိန်တည်းက လက်နက်ကို ထပ်မထိတော့ဘူးလို့ ကျွန်တော်ကျိန်ဆိုခဲ့ပေမယ့် အမိမြေအတွက်ဆိုရင်တော့ ကျွန်တော်လက်နက်ပြန်ပြီး ကိုင်သွားမှာပါ" ဟု ပြောခဲ့သည်။

Zawgyi Version:
ၿခိမ္းေျခာက္ၿပီးေနာက္ ကိုလံဘီယာသမၼတအား ေဒၚနယ္ထရမ့္က အလည္အပတ္ ဖိတ္ၾကား
Pika (NP News) - ဇန္နဝါရီလ ၁၆
ကိုလံဘီယာသမၼတ ဂူစတာဗိုပက္ထ႐ိုကို အေမရိကန္သို႔ လာေရာက္လည္ပတ္ရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဖိတ္ၾကားခဲ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္က ဂူစတာဗိုပက္ထ႐ိုကို မူးယစ္ေဆးဝါး ေမွာင္ခိုကူးသန္းသူအျဖစ္ စြပ္စြဲေျပာဆိုခဲ့ၿပီး စစ္ေရးအရ အေရးယူေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္သြားမည္ဟု ၿခိမ္းေျခာက္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာ တြင္ ယခုကဲ့သို႔ဖိတ္ၾကားမႈမ်ား ထြက္ေပၚလာျခင္း ျဖစ္သည္။
အေမရိကန္တပ္ဖြဲ႕မ်ားက ဗင္နီဇြဲလား သမၼတ နီကိုးလပ္စ္မာဒူ႐ိုကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးေနာက္ ဂူစတာ ဗိုပက္ထ႐ိုကို အေနအစားဆင္ျခင္ရန္ ေဒၚနယ္ထရမ့္က သတိေပးခဲ့ျခင္းျဖစ္သည္။ ေဒၚနယ္ထရမ့္ ႏွင့္ ဂူစတာဗို ပက္ထ႐ိုတို႔ၾကားတြင္ ဖုန္းေခၚဆိုမႈ တစ္ခုကိုလုပ္ေဆာင္ခဲ့ၿပီးေနာက္ လာမည့္အနာဂတ္တြင္ ဂူစတာဗို ပက္ထ႐ိုႏွင့္ ေတြ႕ဆုံရန္ စီစဥ္ေနသည္ဟု ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ မူးယစ္ေဆးဝါးဆိုင္ ရာ သေဘာထားအျမင္ကြဲလြဲမႈမ်ားႏွင့္ပတ္သက္ သည့္အေျခအေနမ်ားကိုရွင္းျပရန္ ဂူစတာဗိုပက္ထ႐ို က ၎ကို ဖုန္းေခၚဆိုခဲ့သည္ဟု ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့သည္။
ေဒၚနယ္ထရမ့္က "ဂူစတာ ဗိုပက္ထ႐ိုရဲ႕ဖုန္းေခၚဆိုမႈနဲ႔သေဘာထားေတြကို ကြၽန္ေတာ္အသိအမွတ္ျပဳပါတယ္။ လာမယ့္အနာ ဂတ္မွာ ဂူစတာဗိုပက္ထ႐ိုနဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံ ႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္" ဟု ေျပာခဲ့သည္။
ေဒၚနယ္ထရမ့္၏ၿခိမ္းေျခာက္မႈမ်ား ထြက္ေပၚလာခဲ့ ၿပီးေနာက္ အေမရိကန္က တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ ခဲ့မည္ဆိုပါက ကိုလံဘီယာကလည္း လက္နက္ကိုင္စြဲ ကာ ေတာ္လွန္တိုက္ခိုက္သြားမည္ဟု ဂူစတာဗိုပက္ ထ႐ိုက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ဂူစတာဗိုပက္ထ႐ိုက "ကြၽန္ေတာ္က စစ္သားတစ္ေယာက္မဟုတ္ေပမယ့္ စစ္ပြဲအေၾကာင္းနဲ႔ လွ်ိဳ႕ဝွက္ခ်က္ေတြကို ေတာ့ သိပါတယ္။ (၁၉၈၉) ခုႏွစ္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္ဆိုခ်ိန္တည္းက လက္နက္ကို ထပ္မထိေတာ့ဘူးလို႔ ကြၽန္ေတာ္က်ိန္ဆိုခဲ့ေပမယ့္ အမိေျမအတြက္ဆိုရင္ေတာ့ ကြၽန္ေတာ္လက္နက္ျပန္ၿပီး ကိုင္သြားမွာပါ" ဟု ေျပာခဲ့သည္။